Posts

Showing posts from March 10, 2023

စန္ဒာမင်းပြောတဲ့ နိုင်ငံရေးကမှားနေတယ်

Image
NUG ကပြည်ပဖိအားရဖို့လဲလုပ်တယ်၊ ပြည်တွင်းမှာ လဲအထူးသဖြင့်စစ်ကိုင်းကိုအဓိကထားဖို့နေတယ်၊ ကျန်တဲ့နေရာတွေလဲဖို့သင့်သလောက်ဖို့ပါတယ်၊ ဖို့တဲ့ဂရုမှာယုံကြည်စွာဖြင့်မိမိကိုထည့်သွင်းထားလို့ သိရပါတယ်၊ကြာတော့ရိုးလာပြီးနိုတီတက်တိုင်း မကြည့်ဖြစ်တော့ဖူး၊  ပထမအချက်အနေနဲ့ ပြည်တွင်းတော်လှန်ရေးအောင်ဖို့ NUGဟာလွတ်မြောက်နယ်မြေမှာရှိနေရမှာဖြစ်လို့ရှိနေ ရပါတယ် အချို့ကအထဲမှာ အချို့က မဲဆောက် ချင်းမိုင် အချို့က ယူအက်စ် ကနေဒါ သူတို့က အစထဲက ယူအက်စ်  ကနေဒါကပါ NUGကိုဝင်ပြီးအားဖြည့်ပေးနေတာပါ ဝန်ကြီးချူပ်မန်းဝင်းခိုင်သန်းဆိုရင်မြန်မာပြည်ထဲမှာပဲနေပါ တယ် ဘယ်မှကိုမသွားတာ၊☺️ အခုအချိန်အထိ တတိယနိုင်ငံတွေသွားပြီးသံတမန်ရေးရာတွေ ကြိုးပမ်းနေကြပေ မယ့် သိက္ခာမဲ့စွာ ခုန်ချတာဘယ်သူမှမလုပ်ကြပါဖူး၊ စန္ဒာမင်းပြောစကားတွေဟာလက်ရှိနိုင်ငံရေးတော်လှန် ရေးနဲ့အရမ်းအလှမ်းဝေးလှပါတယ်၊ သူပြောနေတဲ့ အဓိပ္ပါယ်က NUGလုပ်ရပ်ကမအောင်မြင်နိူင်ဖူး၊သူ့လုပ် ရပ်ကသာမှန်တယ်လို့ လမ်းကြောင်းနေသလိုဖြစ်နေတယ် အဖမ်းမခံပဲလုပ်တဲ့နိုင်ငံရေးနဲ့ အဖမ်းခံလုပ်တဲ့နိုင်ငံရေး ဘယ်ဟာကသင့်လျှော်လဲဆိုတာမှာ ဘယ်သူကဖမ်းတာ လဲဆိုတာစဉ်းစားရမယ့်ကိစ္စပါ လူကလူကိုဖမ်းတာလား ခွေးကလူကိုဖမ်းတာလား

ခွေးတွေကိုက်နေပြီ

Image

၅၀ကျော်အထိအပြုံးမပျက်အံကြိတ်လျက်ရွှီး

Image

အပြစ်မဲ့သူ တစ်ယောက်ကို ဒုက္ခပေးခဲ့တဲ့ဟန်ငြိမ်းဦး

Image
ကျွန်တော် မြင်တာတော့ အိုင်ရင်းကို ဖြိုသလို ပန်ဆယ်လိုကို အပြီးဖြိုဖို့ ကြံတာပဲ။ ဒါပေမယ့် အိုင်ရင်းနဲ့ ပန်ဆယ်လို မတူတာက နောက်က ရပ်တည်ပေးတဲ့ ပရိသတ် အနေအထားပဲ။ အိုင်ရင်းက  အစောကြီး ကတည်းက ပြောတာဆိုတာတွေ ဘောင်သိပ် မဝင်တော့လို့ popularity က ထိုးကျနေတာ။ သူနဲ့ ပေါင်းနေတဲ့ တတိယ အုပ်စု လိုလို ဘာလိုလို သူတွေ ကလည်း တယောက်မှ လူထု ယုံကြည် လေးစား ခံရတဲ့သူ မရှိဘူး။ ဒီကြားထဲ ဟန်ငြိမ်းဦးက အောက်ဖဲတွေနဲ့ ဝင်ညှောင့်တဲ့ အချိန် သူ့ဘက်က ကင်းရှင်းကြောင်း ဘာမှ သက်သေ မပြနိုင်တော့ ဂွမ်းသွားတာ။ ပန်ဆယ်လို ဆိုင်ဖွင့်တော့လည်း အကွက်ရပြီဟ ဆိုပြီး စခတွေက လှော်တာပဲ။ ဒါပေမယ့် နဂိုကတည်းက သူ့ကြည့်မရတဲ့ သူတွေက လွဲရင် တခြားသူတွေက ပါမလာဘူးဗျ။ မပါဘူး ဆိုတာကလည်း အချက် နှစ်ချက် ရှိတယ်။ ဟိုက ဘာလုပ်လုပ် ပွင့်ပွင့်လင်းလင်း ချပြပြီးမှ ရှင်းအောင် လုပ်တာ။ ပြီးတော့ သူ့ဘက်မှာ လူထု ယုံကြည် လေးစားတဲ့ မိတ်ဖက်တွေလည်း အများကြီး ရှိတယ်။ ဘယ်လိုမှ မထင်ရတဲ့ သူတွေ ကတောင် သူ့ကိုတော့ မကြိုက်ပေမယ့် ဒီလို စွပ်စွဲတာ မှားနေကြောင်း ဝင်ပြောကြတယ်။ အဲဒီတော့ စခတွေ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးပေါ့။ ပန်ဆယ်လိုက မပြိုဘဲ အင်အား ပိုကောင်းအောင် လုပ်ပေး လိုက်သလိ

စစ်ခွေးတွေ အမျိုးသားလူငယ်တွေကို ထမိန်ခြုံ နှိပ်စက်

Image
ရန်ကုန်မှာ စစ်ကောင်စီက လူငယ်တွေကို ဖမ်းဆီးငွေညှစ်၊ အမျိုးသားလူငယ်တွေကို ထမိန်ခြုံ နှိပ်စက်   မဲခေါင်၊ မတ် ၁၀   ရန်ကုန်တိုင်း၊ မြို့နယ်အချို့မှာ နေအိမ်ရှေ့၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင် ထိုင်နေတဲ့ လူငယ်တွေကို စစ်တပ်က ဖမ်းဆီးပြီး သက်ဆိုင်ရာ မြို့နယ် ရဲစခန်းတွေကို ခေါ်ဆောင် စစ်ဆေး ငွေညှစ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၉ ရက်နေ့၊ ည ၉ နာရီခွဲခန့်က တာမွေမြို့နယ်၊ ကျောက်မြောင်း၊ သီတာလမ်း၊ ဦးရှင်ကြီးအနီး လမ်းဘေးမှာ ဘီယာ ထိုင်သောက်နေတဲ့ လူငယ် ၃ ဦးကို စစ်ကားတစ်စီးက လာရောက် ဖမ်းဆီး သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လှိုင်မြို့နယ် မာလာမြိုင်မှာလည်း လူငယ်တွေကို စစ်ကားနဲ့ လာဖမ်းသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ "၉ ရက်နေ့ ည ၇ နာရီလောက်မှာ မာလာမြိုင် (၈) လမ်းထိပ်မှာ အရှေ့ပေငါးဆယ်လမ်းမှာ ဖမ်းတယ်။ လမ်းသွားလမ်းလာတွေ ရိုက်ပြီး တင်ခေါ်တာ။ အဲ့လိုဖမ်းရင် စစ်ကားနဲ့လာပြီး ဖမ်းတာ များတယ်။ လမ်းသွားတဲ့အခါ ဖုန်းထဲမှာ ရှိတဲ့ဟာတွေ ဖျက်ပြီး သွားတာ အကောင်းဆုံးပဲ။ လူငယ်ဆိုရင် ယောကျ်ား၊ မိန်းကလေး အကုန်ဖမ်းတာ" လို့ သူကပြောပါတယ်။ အလားတူ မတ်လ ၈ ရက်၊ ညနေ ၆ နာရီ ဝန်းကျင်က ကြည့်မြင်တို

လက်နက်ခဲယမ်း ဝယ်ယူမှုနှင့် အခြားသော ကိစ္စရပ်များအတွက် အရေးပေါ် သုံးစွဲမှုများကြောင့် တပ်ရိက္ခာ လျော့ချခဲ့ရခြင်းဖြစ်ဟု MOD အတွင်းဝန်ပြော

Image
Author လင်းခိုင် Published on Mar 09, 2023   လက်နက်ခဲယမ်းဝယ်ယူမှုနှင့် အခြားသော ကိစ္စရပ်များအတွက် အရေးပေါ် သုံးစွဲမှုများကြောင့် တပ်ရိက္ခာ လျော့ချခဲ့ရခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က CJ Platform သို့ ပြောကြားသည်။ “အခြားသော ခေါင်းစဉ်များနဲ့ ထောက်ပံ့မှုတွေ လုပ်မှာဖြစ်တယ်။ ဒါကယာယီပေါ့နော်၊ လက်နက်ခဲယမ်း ဝယ်ယူမှုနဲ့ အခြားသော ကိစ္စရပ်တွေမှာ အရေးပေါ် သုံးစွဲမှုတွေရှိတဲ့အတွက်ကြောင့်မို့လို့ အနည်းငယ်လျော့ချတဲ့ သဘောဖြစ်ပြီးတော့၊ ပြန်ပြီးတော့ အပြည့်အဝ ပေးသွားမှာ ဖြစ်သလို၊ အခြားသော လိုအပ်ချက်တွေကို ထောက်ပံ့နိုင်ဖို့ ကိစ္စလည်း ပိုပြီးဆောင်ရွက်ဖို့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေ ပိုပြီးအားကောင်းအောင် ပြင်ဆင်ဆောင်ရွက်တဲ့ အချိန်မို့လို့ ယာယီဖြစ်တဲ့ ကိစ္စဖြစ်ပြီးတော့ ပိုပြီးအားကောင်းအောင် ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” ဟု ဦးနိုင်ထူးအောင်က ပြောကြားသည်။ ထိုကဲ့သို့ တပ်ရိက္ခာအား လျော့ချရာတွင်လည်း အနည်းငယ်သာလျော့ချခြင်းဖြစ်ပြီး၊ အခြားသော ခေါင်းစဉ်ဖြင့် ထောက်ပံ့မှုများ ပြုလုပ်သွ

အမေစုနာမည်သုံးပြီးတော်လှန်ရေးမှာမပါဖို့စည်းရုံးနေ

Image
 ဘောမမီဒီယာက စန္ဒာမင်းကိုစင်တင်ပွဲထုတ်လာပြီ စမ်းစမ်းမော် us လက်ရှိ လှိုင်သာယာ လယ်ကွက်တွင်တဲထိုးနေရသည့် မိသားစုမှ ဖြစ် လှိုင်သာယာတွင် ဆန်တိုး ထုတ်ချင်း ဆန်ပေးသူ ပုံစံမကျခြင်းကို အော်ဟစ်ဆန့်ကျင် ရိုင်းပြခြင်းကြောင့် ကိုယ်ဝန်နှင့်ထောင်ကျ နိုင်ငံရေးပုဒ်မ နှင့်ထောင်ကျခြင်းမဟုတ် ဆင်းရဲငတ်ပြတ်လွန်းသဖြင့် ဆန်တိုးပြီး ဆန်ဆိုင်၏မတရားမှုကိုဆန့်ကျင်ရင်း ထောင်ကျသဖြင့် နိုင်ငံရေးသမားများက စောင့်ရှောက်ပေးကမ်းကြ ထောင်ထဲတွင် ခလေးမွေး သားဖြစ်သူကို မြန်မာ အောင်ဆန်းအိုးဝေ ဟုအမည်ပေး ထောင်ကထွက်ချိန်မှ NLD ပါတီကိုရောက်လာသူ မည့်သည့်နိုင်ငံရေးအခြေခံမှ မရှိပဲ စရိုက် အရိုင်းစိုင်း လမ်းဘေးအဆင့် ဖြစ်Cwc nug crph လိုအပ်ချက် အားနည်းချက်တွေအများကြီး သိပါတယ် ..ဒါပေမဲ့ တော်လှန်ရေး ကာလ ...ဖြစ်တယ် San Maw ကတော်လှန်ရေးကို ထိခိုက်စေမှာတွေ ရေးတင်တယ် သူသိတဲ့သမိုင်း အဖြစ်တွေမဟုတ်ဘူး သူ့ကို ကေကျူ့ အဖွဲ့ဝင် တင်မောင်ဦး ရေးပေးနေတာတွေဒေါ်မေဝင်းမြင့်  ကိုလှည့်ချပြန်ပြီ မသာမ စစ်ဘောမ နေတာအခု က တိုးလွင်တို့ဘက်က ထရပ်တည်ပြီး cwc nug ကို ကစ်လာတာ သူက ဘာနိုင်ငံရေးသမားမှမဟုတ်ဘူး ဆန်တိုးရန်ဖြစ်ရင်းထောင်ကျတာ ...ဆန်တိုးတဲ့ပြည်သူအများဖက်က ရ