Posts

Showing posts from March 8, 2022

ကြမ္မာရဟတ် တပတ်လည်လာပြီ *******************************

Image
​ ၂၄ နာရီ လုံးလုံး လျှပ်စစ်ဓါတ်အားများ ဖြတ်တောက်ရမည့် အခြေအနေဖြစ် လာသဖြင့် ရန်ကုန်ရှိ စက်ရုံ အတော်များများ ရပ်ဆိုင်းပြစ်ရတော့မည် အခြေ ဆိုက်လာနေပြီဟု သတင်းများက ဆိုသည်။ ရခိုင် ကမ်းလွန်ရှိ ရွှေ ဓါတ်ငွေ့တွင်းသစ်များမှ သဘာဝ ဓါတ်ငွေ့ကို သွယ်တန်းရန် ရေအောက် ပိုက်လိုင်းများကို လက်ရှိ ရွှေဓါတ်ငွေ့ ပိုက်လိုင်းများ နှင့် ချိတ်ဆက်နိုင်ရန် မတ်လ ၁၈ ရက် နေ့အထိ ဖြတ်တောက် မည်ဟု စစ်ကောင်စီ၏ စွမ်းအင်ဌာန က ကြေညာခဲ့သော်လည်း ထိုသို့ သော လုပ်ငန်းကြီးကို တိုတောင်းလှသော ကာလအတွင်း ပြီးစီးနိူင်မည် ဆိုသည်ကား မည်သူမျှ အယုံအကြည် ရှိကြမည်လည်း မဟုတ်ပေ။ ထိုပိုက်လိုင်းများသည် တရုတ်ပြည်သို့ ဓါတ်ငွေ့များ တင်ပို့နိုင်ရန် အတွက် ဖြစ်ကြောင်း ထင် ကြေးပေးမှုများ ထွက်ပေါ်လာနေသည်။ ‌တရုတ်ပြည် နှင့် ဘင်္ဂလားပင်လယ်အော်အကြား ဆက်သွယ်ထားသော "ရွှေကံလုံ" ဓါတ်ငွေ့ပိုက်လိုင်းနှင့် ဆက်သွယ်ရန် ဖြစ်သည်ဟု ဆိုသည်။ ၂၀၂၂ နှစ်ဆန်းပိုင်းမှစ၍ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်မှု အနေအထားသည် တနေ့လျှင် ၂.၂ ဂီဂါဝပ်သာ ရှိတော့သည်ဟု စွမ်းအင်ဌာနက ဆိုသည်။ နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခတ်မှု များလည်း စတင် သက်ရောက် လာနေပြီ ဖြစ်သည်။ ပြည်သူများ အထူးသဖြင့်

​"ဂက်စ်ဆီစျေး...ထပ်တက်မည်တဲ့ဗျို့"

Image
ရုရှားဆီက. သွင်းတဲ့အန်နာဂျီထွက်ကုန်( ဂက်စ်ဆီ။ ကျောက်မီးသွေး။ ဂက်စ်) ကို.. အမေရိကားတင်သွင်းတာပိတ်လိုက်ပါပြီ..။ တခြားနေတိုးနိုင်ငံတွေ.. မပိတ်.. ဆန်ရှင်မလုပ်သေးပါ..။ အဲဒါကြောင့်.. ပြည်တွင်းဆီစျေးထပ်တက်ပါမယ်... ဆိုပါတယ်..။ အမေရိကားအတွက်.. အားလုံးတင်သွင်းဂက်စ်ဆီရဲ့.. ၈% မို့..  မထောင်းသာလှပေမယ့်.. ကမ္ဘာအတွက်.. ထိပါမယ်..။ အမေရိကားက.. အဲဒီကုန်ကြမ်းကနေ.. ကုန်ချောတွေပြန်ထုတ်ရောင်းတာ.. ရှိတာမို့ပါ..။  ဘိုင်ဒင်အုပ်ချုပ်ရေးက.. တပြိုင်ထဲ.. မူလအရင်က.. တားမြစ်..ဆန်ရှင်လုပ်ထားတဲ့.. အီရန်နဲ့.. ဗင်နီဇွဲလားနိုင်ငံတွေကိုလည်း.. စကားပြောနေပါတယ်..။ ကမ္ဘာ့ဆီထုတ်.. လိုအပ်တဲ့ကွက်လပ်ကို.. ဖြည့်ထုတ်ပေးဖို့ပါ..။ အိုပက်ကလည်း.. တိုးမထုတ်တာမို့တဲ့..။  အိုပက် - အာရပ်ဆီသူဌေးကြီးတွေ.. ပိုက်ဆံတွေကဲ့ယူနေ..။ ရီပါ့ဗလစ်ကန်ပါတီခေါင်း‌ဆောင်တွေ.. အခုသတင်းစာရှင်းလင်းပွဲလုပ်ပါတယ်..။ ရုရှားဆီပိတ်တာ.. အိုကေ..။ အီရန်နဲ့.. ဗင်နွီဲလားကို.. ချည်းကပ်.. ဆန်ရှင်လျှော့ပေးတာ.. မလုပ်သင့်လို့ဆိုပါတယ်..။ အဲဒီအစား.. ပြည်တွင်းမှာ.. တိုးထုတ်ပါတဲ့..။ ကီးစတုန်းပိုက်လိုင်းကို.. ပြန်ဖွင့်ပါတဲ့...။ ကနေဒါ.. ကီးစတုန်းပိုက်လိုင်းက.. ထုတ်ပေးမယ့်ဆီပမာဏက..

​၆ ကျပ် ၊ ၃ ကျပ် ၊ ၁၀ ကျပ် သတ်မှတ်အဖိုးအခထက်ပိုတောင်းကတိုင်ကြားနိုင်

Image
======== နိုင်ငံသားစိစစ်ရေးကတ်ပြား သတ်မှတ်အဖိုးအခဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလျောက်ထားပါက ၆ ကျပ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ် လျောက်ထားပါက ၃ ကျပ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး/ပျက်ဆီးမိတ္တူ လျောက်ထားပါက ၁၀ ကျပ်။ သတ်မှတ်အဖိုးခထက်ပိုကတိုင်ကြားနိုင် (စံတော်ချိန်ကမေးမြန်းသည်ကို လဝက ကပြန်လည် ဖြေကြားထားချက်ပါ)

ဗုံးခွဲခံရတဲ့ ​Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ

Image
​ Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ ၇.၁၀.၂၀၂၁နေ့တွင်ရန်ကုန်တိုင်း,မရမ်းကုန်းမြို့နယ်,ကန်ရိပ်သာလမ်းရှိ Brave Bar အမည်ခံ Clubအား စစ်ကောင်စီတပ်မှ ည ၁၁:၄၅ နာရီတွင် ဝင်ရောက်ဖမ်းဆီးရာ Brave Bar Clubတွင် အရက်,မူးယစ်တေဆေးဝါးများသုံးစွဲပြီးပျော်ပါးနေတဲ့ အမျိုးသား အမျိုးသမီး ဝန်ထမ်းအပါအဝင် စုစုပေါင်း လူ၂၀၀ဝန်းကျင်ခန့်ဖမ်းဆီးခံရတယ်လို့ ကနဦးသိရှိရပါတယ်။ ဒါပေမယ့် ယနေ့ မနက် ၉:၀၀ နာရီဝန်းကျင်တွင် အဆိုပါ Brave Bar Clubအတွင်းဖမ်းဆီးခံရတဲ့ ဧည့်သည်များ,clubရှိမန်နေဂျာ,ဝန်ထမ်းအားလုံး အန္တရာယ်ကင်းစွာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းခိုင်မာစွာကြားသိရပါတယ်။ ညတုန်းက စစ်ကောင်စီတပ်ကဖမ်းခံရတဲ့သူအားလုံး လွတ်မြောက်သွားကြောင်း မည်သူ့ကိုမှဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း သိရှိရပါတယ်။ Brave Bar ကို အခုလို ည၁၀ နာရီကစပြီး မနက်၄နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်ဘယ်လိုပုံစံနဲ့ဖွင့်ထားတာလဲ ဆိုတဲ့အချက်ကအရေးကြီးပါတယ်။ Bar ဖြစ်ဖြစ်Clubဖြစ်ဖြစ်တိတ်တဆိတ်မသိအောင် ခိုးပြီးလျှို့ဝှက်ဖွင့်လို့အဆင်ပြေတဲ့လုပ်ငန်းမျိုးမဟုတ်ပါဘူး။ဒါဆိုအခုလို ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်Bar တို့ clubတို့

​ရန်ကုန်ရှိ Brave Bar ဗုံးခွဲတိုက်ခိုက်ခံရ

Image
—People's Spring ရန်ကုန်မြို့ ကန်ရိပ်သာလမ်းရှိ Brave Barကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အဆောက် အဦးနှင့် ကားအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF)မှ တာဝန်ရှိသူတစ်ဦးက People's Springသို့ ပြောသည်။ "ခရိုနီစိုးလှိုင်က အများအမြင်မှာ လူကြီးလူကောင်းယောင်ဆောင်ပြီး ရန်ကုန်မြို့ ရဲ့ မူးယစ် ဆေးဝါး လုပ်ငန်းစုထဲမှာ အဓိကပါဝင်သူဖြစ်ပါတယ်။ နောက်ပြီး ဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ ရောက်ရှိသော မိန်းကလေးများကို လိင်အမြတ် ထုတ်ခြင်းစတဲ့ လူမဆန်တဲ့ လုပ်ရပ်များကို ကျူးလွန်လျက်ရှိတာကြောင့် ကျွန်တော်တို့အဖွဲ့အနေနဲ့ တိုက်ခိုက်ခြင်းဖြစ်ပါတယ်။"ဟု JBF မှတာဝန်ရှိသူက ဆိုသည်။ ယနေ့(မတ်လ ၈ ရက်) ညနေ ၃နာရီခန့်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Barပိုင်ရှင်နှင့် ပတ်သက်သည့်အချက်အလက်များကို သေသေချာချာ အတည်ပြုပြီးမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ "တိုက်ခိုက်ရေး အင်အားစုများနဲ့ ပြည်သူများကိုလည်း ဒီလူယုတ်မာ ခရိုနီ စိုးလှိုင်နှင့် ၎င်း၏ ပိုင်ဆိုင်မှုများ ကို ပစ်မှတ်ထားတိုက်ခိုက်ကြဖို့ ပြောချင်ပါ တယ်"ဟု ၎င်းက တိုက်တွန်းသည်။ ယင်းတိုက်ခိုက်မှုကြ

ဟိုဘက်ရပ်ကွက်က ဖာတန်းမီးလောင်နေတဲ့ ပို့စ်

Image

​ရုရှားတပ်မတော်မှ နောက်ထပ်ဒုတ်ိယမြောက်ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦး ယူကရိန်းတွင်ထပ်မံချေမှုန်းခံရပြီးအသက်ထွက်

Image
🇷🇺 ရုရှားစစ်တပ်က ဗိုလ်မှူးချုပ် Vitaly Gerasimov အသက် (၄၄) နှစ် ဟာ ရုရှားနဲ့နယ်စပ် ယူကရိန်းနိုင်ငံ Kharkiv မြို့သိမ်းတိုက်ပွဲမှာ သုတ်သင်ချေမှုန်းခြင်းခံလိုက်ရပြီး သေဆုံးသွားတယ်လို့ ဒီကနေ့ထုတ် The Guardian သတင်းစားမှာထုတ်ပြန်ထားပါတယ် ။  အဆိုပါဗိုလ်ချုပ်ဟာ ဆီးရီးယားမှာတာဝန်ထမ်းဆောင်ဖူးခဲ့သူဖြစ်ပြီး ပူတင်းရဲ့ “ ခရိုင်းမီးယားပြန်ရခြင်း “ ဆိုတဲ့ သူကောင်းပြုခြင်းတုကိုရရှိထားတဲ့ဗိုလ်ချုပ်ပေါက်စလေးဖြစ်ပါတယ် ၊ သူဟာ ရုရှားဗဟိုစစ်တိုင်း ၄၁ တပ်မဟာရဲ့ လက်ထောက်စစ်ဦးစီးမှူး (41st Army of the Central Military District of Russia) ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပါတ်ကလည်း ရုရှားတပ်မတော်ရဲ့ အမှတ် ( ၇) လေကြောင်းရန်ကာကွယ်ရေးတပ်ရဲ့တပ်မဟာမှူး ၊ အနှတ် ( ၄၁ ) တပ်ပေါင်းစုရဲ့ (the 41st Combined Arms Army) လက်ထောက်စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် Andrei Sukhovetsky လည်းစနိုက်ပါထိမှန်သေဆုံးခဲ့ပါတယ်။ ယူကရိန်းမှာ ၁၂ ရက်ကျော်ကြာ ရုရှားရဲ့ကျူးကျော်စစ်ပွဲကာလမှာ ရုရှားဘက်က တိုက်ခိုက်ရေးစစ်သား (၁၁၀၀၀) ကျော်သေဆုံးပြီးဖြစ်ကြောင်း ယူကရိန်းဘက်ကထုတ်ပြန်ထားတာကိုသတင်းတွေမှာဖတ်ရပါတယ် ။  ဒါဟာစစ်ပွဲတစ်ပွဲမှာ အဆင့်မြင့်ကွန်မန်ဒါစစ်ခေါင်းဆောင်တွ

လေယဉ်ပျံသန်းအသုံးပြုမှုတွေ အများကြီးလျော့ကျလာမှာပါ.

Image
​ ⭐ပြည်သူ့ဏ္ဍာလေယဉ်ဆီတွေလေတပ်မှာခိုးထုတ်ရောင်းစားနေကြ.. ⭐လေတပ်ထဲမှာ စကစ အကြီးအကဲတွေစည်းရုံးတာလက်မခံသူအများကြီးရှိ.. ⭐ရုရှားလေယဉ်တွေအသုံးပြုရေး အခက်အခဲတွေ များစွာရှိ  CDM လေတပ် အရာရှိဗိုလ်ကြီးဇေသူအောင်နှင့် RFA အသံလွှင့်ဌာနမှဦးခင်‌မောင်စိုးနှင့် အင်တာဗျူး မေး(RFA ဦးခင်မောင်စိုး)။  ။ဗိုလ်ကြီးဇေသူအောင်ခင်ဗျားဘယ်တပ်ကဘယ်တုန်းကထွက်လာတာလဲခင်ဗျ.. ဖြေ(ဗကဇေသူအောင်)။   ။ကျွန်တော်ဗိုလ်ကြီးဇေသူအောင်ပါ လေ(၃၄၇၄) နေပြည်တော်လေတပ်စခန်းဌာနချုပ် အမှတ်(၄၅)အုပ်လေသူရဲဖြစ်ပါတယ် ပြင်ဦးလွင်မှာအရာရှိသင်တန်းတက်နေတုန်း CDM လုပ်တာဖြစ်ပါတယ်။ မေး(RFA)။   ။ဘာကြောင့်စစ်တပ်ကထွက်လာတာလဲခင်ဗျ.. ဖြေ(ဗကဇေသူအောင်)။   ။စနစ်ကိုမကြိုက်လို့ပါတပ်မှာကမကြိုက်တဲ့စနစ်တော်တော်များများရှိပါတယ် ကေါင်းတာလဲရှိမကေါင်းတာလည်းရှိဆိုပေမဲ့လက်ရှိအချိန်မှာတော့ မကေါင်တာတွေတော်တော်များနေပါတယ် တပ်တွေမှာဖရော်ဖက်ရှင်နယ်အ လုပ်မလုပ်ဘဲ မဆိုင်တာတွေဘဲအများကြီးလုပ်နေရတယ်..မညီမျှတဲ့စနစ်တွေ ရှိနေပြီး တပ်ထဲမှာအထက်လူကြီးတွေဟာရာထူးတွေအာဏာတွေအတွက်အလုပ်လုပ်နေကြပြီး ..အောက်ခြေလူများစုကတော့ ဂုဏ်သိက္ခာမရှိ..သေရင်တောင်ခွဲခြားခံရတယ်..နောက်ဆုံးဗျာကျွန်တော်တို့ရဲ့သားသမီးတ

Khit Thit သတင်းဌာန၏ မတ်၈ ရက်နေ့ နံနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် စမ်းသပ် ထုတ်လွှင့်

တော်လှန်အမျိုးသမီးများကို ဂုဏ်ပြုရင်း ရန်ကုန် သပိတ်အင်အားစုများပူးပေါင်း ဆန္ဒပြ

Image
​ စစ်အာဏာရှင် ချေမှုန်းရေးတွင် ပါဝင်နေသည့် တော်လှန်အမျိုးသမီးများကို ဂုဏ်ပြုရင်း ရန်ကုန် သပိတ်အင်အားစုများပူးပေါင်း ဆန္ဒပြ ရန်ကုန်၊ မတ် ၈ ခေတ်သစ်မီဒီယာ အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေးတွင် ကျရာအခန်းမှ ပါဝင်နေသည့် တော်လှန်တက်ကြွအမျိုးသမီးများကို လေးစားဂုဏ်ပြုသည့်အားဖြင့် ယနေ့ မတ်လ ၈ ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရန်ကုန်၌ သပိတ်စစ်ကြောင်းများ စုပေါင်းဆန္ဒပြကြသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို Women Alliance Burma က ဦးဆောင်ကာ ရေဘဝဲ (ပြည့်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Youth Association of Thingangyun (YAT) ၊ LGBT community Yangon ၊ လူငယ်များ သမဂ္ဂ (Youth Union) ၊ Revolution Force (RF) ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ၊ Labour Alliance အဖွဲ့ဝင် CTUM ၊ တော်လှန်သွေးမကုန်တောင်ဒဂုံ သပိတ်အင်အားစု တို့မှ ပူးပေါင်းဆန္ဒပြခဲ့သည်။ Photo - AAMIJ

ဆန္ဒပြပြည်သူများက “Save Ukarine, Save Myanmar “

Image
​ ဖားကန့်တွင် မင်း​အောင်လှိုင်နှင့်ရုရှားပူတင် စစ်အာဏာရှင် နှစ်ယောက်လုံး ဆန့်ကျင်​ရေး ချီတက်သပိတ်​မှောက် ရန်ကုန်၊ မတ် ၈ ခေတ်သစ်မီဒီယာ အင်တာနက်ဖြတ်တောက်ခံရမှု ၇ လ နီးပါးရှိလာပြီဖြစ်သည့်  ဖားကန့် မြို့တွင် ပြည်သူ ၃၀၀ ခန့်က ယ​​နေ့ မတ်လ ၈ ရက် နေ့တွင် Ukarine ပြည်သူများနှင့်အတူရပ်တည်ပြီး အာဏာရှင် ပူတင် ဆန့်ကျင်ပွဲ ၊ စစ်အာဏာရှင် မင်းအောင်လှိုင် ဆန့်ကျင်ပွဲနှင့် KIA PDF NUG ထောက်ခံပွဲ ပြုလုပ်ကြသည်။ ဆန္ဒပြပြည်သူများက “Save Ukarine, Save Myanmar “ “Stop Russia Save Ukarine “ “ Myanmar with Ukarine “ “ Murder Putin ,Killer Putin” ဆောင်ပုဒ်များကိုင် ဆောင်ကာ Ukarine ပြည်သူများနှင့် အတူရပ်တည်ကြောင်း ကြွေးကြော်ပြီး KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ စစ်အာဏာရှင်စနစ် လုံးဝအုပ်ချုပ်ခွင့်မရစေရ ၊ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပါက်ရေးဒို့အရေး ၊ ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးဒို့အရေး ၊ ပြန်လည်ရုံးကြွ သပိတ်စုံထ ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေ ဆိုးနဲ့ သေပါစေ ဟု ကြွေးကြော်ချီတက် ဆန္ဒပြကြသည်။

​ဒီးမော့ဆို ဒေါးငံခါး ၂ရပ်ကွက်ရှိ စာသင်ကျောင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် အင်အားပြင်းဗုံးများ ကျဲချ

Image
ရန်ကုန်၊ မတ် ၈ ခေတ်သစ်မီဒီယာ ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ရှိ  ဒေါးငံခါး ၂ရပ်ကွက် စာသင်ကျောင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၇ ရက်နေ့ ည ၇ နာရီ ကျော်ခန့်တွင် တိုက်လေယာဉ်ဖြင့် အင်အားပြင်း ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာသို့ ပြောဆိုသည်။  " ကျဲချတဲ့ဗုံးက အင်အား တော်တော်ပြင်းတယ်။ ဗုံးကျတဲ့ နေရာမှာ ကျင်းအကြီးကြီးတောင် ဖြစ်သွားတယ်။ ကျဲချတဲ့ ဗုံးနားမှာရှိတဲ့ စာသင်ကျောင်းလည်း တော်တော်ပျက်စီးသွားတယ်" ဟု တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောဆိုသည်။ ထိုသို့ တိုက်ခိုက်ခံရသော အနီးအနားရှိ ပြည်သူများ ထိခိုက်မှုရှိ ၊မရှိကို လက်ရှိချိန်ထိ အတည်မပြုနိုင်သေးဘဲ စစ်တပ်က တိုက်လေယာဉ်များဖြင့် အင်အားပြင်းဗုံးများ အသုံးပြုကာ ထပ်မံ တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။

တတိယအကြိမ် မြောက် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲ ဟာလည်း ဘာတစ်ခုမှ သဘောတူညီမှု မရရှိ

Image
​ 🟥✅ရုရှား-ယူကရိန်း တတိယ အကြိမ် မြောက် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲ စတင်နေပါပြီ။ 🔴ရုရှားဘက်က တောင်းဆိုထားတဲ့  အချက်တွေကတော့ 🟥စစ်ကို ရပ်စဲဖို့ဆိုရင်... (၁) ယူကရိန်းနဲ့ အခြေခံဥပဒေကို NATO+EU အုပ်စုတွေထဲ မဝင်ပါဘူးဆိုတဲ့ အာမခံချက်တွေကို ထည့်သွင်း ရေးဆွဲထားသင့်တယ်။ (၂) ခရိုင်းမီးယားကို ရုရှားရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် အသိအမှတ်ပြုရမယ်။ (၃) လူဟန့်စ်နဲ့ ဒိုးနက်စ်ကို လွတ်လပ်တဲ့ နိုင်ငံတွေ အဖြစ် အသိအမှတ်ပြုရမယ်။ ဒီအချက်တွေက ယူကရိန်းအနေနဲ့ လက်ခံဖို့ အင်မတန် ခက်ခဲတဲ့ အချက်တွေ ဖြစ်နေတာကြောင့် တတိယအကြိမ် မြောက် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲ  ဟာလည်း ဘာတစ်ခုမှ သဘောတူညီမှု မရရှိပဲ ပြီးဆုံးသွားလိမ့်မယ်လို့ ယူဆမိကြောင်းပါဗျာ။  The next round of negotiation has begun. The Kremlin has announced its demands for ending the war in 🇺🇦 -Ukraine must change its constitution to guarantee it won't  join any "blocs", i.e NATO+EU -Must recognise Crimea as part of 🇷🇺. -Must recognise the LNR and DNR as independent Credit - Military Cognizance _______________ Yang Aung 's Status