စစ်ကြောရေးမှာ ပြည်သူကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ရာဇ ဝတ်ကောင်၊ ဒုစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် တိုးရီကို ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ရာထူးတိုးပေး
By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်အာဏာသိမ်းမှု အောင်မြင်စေဖို့ အဓိက ကူညီထောက်ပံ့နေတဲ့ စစ်ခေါင်းဆောင်တွေထဲမှာ ပြည်သူကို ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ကြောရေး ကိစ္စတွေကို ဦးဆောင်တဲ့သူ ၂ ဦးရှိပါတယ်။ အဲဒီသူ ၂ ဦးကတော့ စစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် စရဖ ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး(ဗကသ-၇၇) နဲ့ ဗိုလ်ချုပ်တိုးရီတို့ပဲဖြစ်ပါတယ်။ သူတို့ ၂ ဦးက ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တဲ့ စစ်ကြောရေးတွေကို အဓိက ကိုင်တွယ်ရသူတွေဖြစ်ပါတယ်။ စစ်ကြောရေးမှာ ပြည်သူကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇ ဝတ်ကောင်၊ ဒုစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် တိုးရီကို ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရာထူးတိုးပေးလိုက်ပါတယ်။ အရင်ဆုံးတော့ စစ်ရာဇဝတ်ကောင် တိုးရီ ဘယ်သူလဲ။ သူက ဘာကြောင့် ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်နေပါသလဲ။ တိုးရီဟာ ၁၉၈၂ ခုနှစ်မှာ ၁၀ တန်းအောင်မြင်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သိပ္ပံဘွဲ့ကို ရူပဗေဒအထူးပြုဘာသာရပ်နဲ့ ဘွဲ့ရခဲ့တယ်။ အတန်းဖော်အားလုံးနီးပါး မဟာသိပ္ပံဂုဏ်ထူ...