Posts

Showing posts from March 1, 2022

အနုပညာရှင်တချို့လွတ်မယ်

Image
​ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနဲ့ မဝင်းမင်းသန်းတို့ကို ဒီနေ့လွှတ်ပေးမယ်လို့ဗိုလ်ချုပ် ဇော်မင်းထွန်းပြော  ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်း၊ ပိုင်တံခွန်၊ မဝင်းမင်းသန်းနဲ့ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာဝိုင်းတို့ကို ဒီနေ့မတ်လ ၂ မှာ လွှတ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။  ဘာအထိမ်းအမှတ်မှမရှိဘဲ ဒီတိုင်းလွှတ်ပေးတာဖြစ်ပြီး  ဘာကြောင့် လွှတ်တယ်ဆိုတာ အသေးစိတ်မပြောဘဲလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။  ဒီနေ့လွှတ်ပေးမယ့်သူတွေထဲမှာမလေးရှားနိုင်ငံသားတစ်ဦးလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။  အခုလွှတ်ပေးမယ့်အထဲမှာ အဆိုတော်ပိုပိုနဲ့ ရဲတိုက်တို့ပါဝင်ခြင်းမရှိတာကိုတွေ့ရပါတယ်။  အဆိုတော်ပိုပိုဟာလည်း ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ် စစ်ကောင်စီကချမှတ်ထားပြီး သရုပ်ဆောင်ရဲတိုက်ကလည်း နောက်ထပ်အမှုတစ်ခုနဲ့ထပ်မံရင်ဆိုင်နေရတာဖြစ်ပါတယ်။  ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-60389755 ဓာတ်ပုံများ-Soc

နယ်စပ်ကုန်သွယ်မှုဝါဒပြောင်းလဲခြင်း”

Image
     ပြီးခဲ့တဲ့သောကြာနေ့(၂၅-၂-၂၀၂၂)ရက်နေ့ကနယ်စပ်ကုန်သွယ်ရေးစနစ်စတင်ပြောင်းလဲခဲ့ပြီးကုန်သည်များ အခက်အခဲတွေ့ရှိနေရကြောင်း ၊ တစ်ဘက်နိုင်ငံမှ ပြည်တွင်းသို့ပစ္စည်းတင်ပို့လိုပါက မြဝတီဘဏ်နှင့်မြန်မာ့စီးပွာရေးဘဏ်တို့တွင် နိုင်ငံခြားဘဏ်အကောင့်စာရင်းဖွင့်ရမည်ဖြစ်ပြီး စာရင်းဖွင့်ရသည့်အခါတွင်လဲ ဥပမာ.. တရုပ်ယွမ် ၁ ယွမ်ပြင်ပပေါက်စျေး၃၁၀ ကျပ်ရှိရင် ဘဏ်မှလက်ခံငွေစျေးသတ်မှတ်ချက်အရ ၂၈၀ကျပ်ဖြင့်ဖွင့်ပေးကြောင်း ၊ တင်ပို့သည့်ပစ္စည်းအမျိုးအမည်အရေအတွက်အားလုံးကိုလဲ ဘဏ်မှဖြတ်ပေးသည့်စျေးနှုန်းအတိုင်းပစ္စည်းတန်ဘိုးသတ်မှတ်ကြောင်း။            အကယ်၍ ပစ္စည်းတင်ပို့ရန်လျောက်ထားလာပါက လျှောက်ထားသည့်ကုမ္ပဏီအနေဖြင့် ပစ္စည်းဝယ်ယူထားသည့် ဘောက်ချာ နှင့် သတ်မှတ်ထားသည့် ဘဏ်မှငွေ လွဲပြေစာများကိုပြသရမည်ဖြစ်ကြောင်း Import တင်သွင်းလိုသည့် ပစ္စည်းများကိုလဲ ၎င်းကဲ့သို့ဝယ်ယူဘောက်ချာနှင့် ဘဏ်ငွေလွဲပြေစာများတင်ပြကြရကြောင်း (မှတ်ချက်-အောက်ငွေလွဲ့နှင့်မရ)။           အထက်ပါမူဝါဒပြောင်းလဲသတ်မှတ်ချက်များကြောင့် တစ်ဘက်နိုင်ငံမှ ပစ္စည်းဝယ်ယူရာတွင် အောက်လွဲဖြင့်ငွေကြိုလွဲမှ ကုန်ဝယ်ဘောက်ချာရကြကြောင်း၊ ငွေကြိုတင်မလွဲဘဲ တစ်ဘက်မှမည်သည့်ပစ္စည်းမျာ

အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွင် ဗုဒ္ဓဘာသာဘုန်းကြီးအချို့ သင်္ကန်းဝတ်ဖြင့် လက်နက်ကိုင်

Image
​ https://t.me/TachileikNewsAgency/22185  * * * *  * စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်အတွင်း အာဏာသိမ်းတပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် လက်နက်ကိုင်ထားသည့် ဗုဒ္ဓဘာသာဘုန်းကြီးအချို့ကို အာဏာသိမ်းတပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာတွင်း ဝင်လာသည့် မှတ်တမ်းများ လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းနေသည့် အာဏာသိမ်းစစ်တပ်က လက်အောက်ခံ ပြည်သူ့စစ်များကို နေရာအနှံ့အပြားတွင် တတ်နိုင်သမျှ အင်အားစု၍ ဖွဲ့စည်းနေသည်ကို တွေ့ရသည်။ #TachileikNewsAgency

အယ်ရို ဖလုတ် လေကြောင်း လိုင်း ဒေါ်သန်း ထောင် နဲ့ ချီ ဆုံးရှုံး မှု တွေဖြစ်

Image
​ ♦ရုရှားနိုင်ငံနဲ့ လူထု တွေ ယူကရိန်းနိုင်ငံ က အစိုးရနဲ့ လူထုတွေ လောက်နီးပါး ဒုက္ခ ကြုံတွေ့ရလိမ့်မယ်! သင်ပြုသည့်ကံပဲ့တင်သံ သင့်ထံပြန်လာပြီ "ပူတင်🧐 -------------------------------- အယ်ရို ဖလုတ် လေကြောင်း လိုင်း ဒေါ်သန်း ထောင် နဲ့ ချီ ဆုံးရှုံး မှု တွေဖြစ် ဘဏ်လုပ်ငန်း တွေ ဘီလျှံ နဲ့ ချီ အငွေ့ပျံ  Aeroflot ဆိုတာရုရှားနိုင်ငံရဲ့အကြီးဆုံးလေကြောင်း  လိုင်း တစ်ခု ဖြစ်ပါတယ် ၁၉၂၃ ခုနှစ်ကတည်း က စတင် ခဲ့လို့ကမ္ဘာ့သက်တမ်းအရှည်ဆုံး လေကြောင်း လိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကုမ္ပဏီကပိုင်ဆိုင် တဲ့လေယာဉ်အစီးပေါင်းထောင် ချီရှိကာနိုင်ငံပေါင်း ၁၀၀ ကျော်ကိုတိုက်ရိုက် လေ ကြောင်း လိုင်း တွေ ရှိပါတယ်။ ရုရှား ရဲ့ ယူကရိန်း ကို ကျူးကျော် စစ်ကြောင့်  အမေရိကန် ဥရောပ ကနေဒါ နဲ့ သြစတေးလျှ တို့ က အယ်ရိဖလုတ်လေကြောင်း လိုင်း သူတို့ နိုင်ငံအပေါ် ဖြတ် ပျံသန်း ခွင့် နဲ့ ခရီး စဉ် တွေကို ပိတ်ပင် လိုက် တာမှာ အယ်ရိုဖလုတ်အတွက်ဒေါ်လာ သန်း ထောင် နဲ့ချီပြီး ဆုံးရှုံး ပါတယ်။ ခရီး သည် တင် ၀န်ဆောင် မှု သာမကဘဲ ကုန်စည် ပို့ဆောင် တဲ့ ဝန်ဆောင် မှု က နေ ရ တဲ့ ၀င်ငွေ က ပိုများ တဲ့ အတွက် အယ်ရို ဖလုတ် အတွက် အတော်. ကို အထိနာတာ ပါ။  နယူးယောက

ယူကရိန်း နှင့် မြန်မာနိုင်ငံပြည်သူများရဲ့ သဘောထားကိုလေးစားကြဖို့ ပြင်သစ်နိုင်ငံသံရုံးကဆန္ဒထုတ်ဖော်

Image
​ နိုင်ငံတကာရောက်မြန်မာမိတ်ဆွေများမင်္ဂလာပါ။  ယူကရိန်း နှင့် မြန်မာနိုင်ငံပြည်သူများရဲ့ သဘောထားကိုလေးစားကြဖို့ ပြင်သစ်နိုင်ငံသံရုံးကဆန္ဒထုတ်ဖော်ခဲ့သလို ၊ EU ကလည်းပြောခဲ့ပါတယ်။  ယူကရိန်းပြည်သူတွေဟာ ပြည်ပ အာဏာရူး၊ နယ်မြေနယ်ချဲ့သမားကြောင့် မိမိတို့အခွင့်အရေးတွေဆုံးရှုံးတဲ့အပြင် ဒုက္ခရောက်ကြရ၊ သေကြေပျက်စီးရသလို ၊ မြန်မာပြည်သူတွေဟာလည်း အဏာရူး၊ အာဏာနယ်ချဲ့ကြောင့် လူသားအခွင့်အရေးတွေဆုံးရှုံးရတယ်၊ ဒုက္ခရောက်ကြ၊ သေကြေပျက်စီးရပါတယ်။  အခုဆိုရင် ကမ္ဘာ့နိုင်ငံတွေဟာ ရုရှကို စီးပွါးရေး ဝိုင်းဝန်းပိတ်ဆို့တဲ့အပြင် ၊ နိုင်ငံတကာဘဏ်စနစ် SWIFT ကပါ ထုတ်ပယ်ခြင်းခံရတဲ့အတွက် ကျောကော့အောင်ခံနေရပါပြီ။ ယူကရိန်းမြို့တော် Kiev ကို ရုရှသိမ်းနိုင်ရင်တောင်မှ ကြာရှည်ထိမ်းနိုင်ဖို့ မလွယ်ပါဘူး။ ဒီစစ်ပွဲ ရုရှရှုံးမှာပါ။ ပူတင်လို ကံကြမ္မာဆိုးမျိုး မင်းအောင်လှိုင် နှင့် အပေါင်းအပါတစ်စုလည်းကြုံတွေ့သင့်ပါတယ်။ မြန်မာနိုင်ငံကို SWIFT ကနေ ထုတ်ပယ်ဖို့ တောင်းဆိုရပါမယ်။  ဒါအပြင် ယူကရိန်းနိုင်ငံသားတွေရဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အတွက် နိုင်ငံတကာမှ လက်နက်ထောက်ပံ့ကူညီပေးသလို ၊ မြန်မာပြည်သူတွေရဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ခွင့်အ

မြန်မာအတွက် ဘိုင်ဒန်က ‌ဆွေးနွေးမယ်

Image
​ တကွက်တည်း တပေါက်တည်း  ကျနော်စဉ်းစားနေတာက နုကြည်ငြိမ်သလောက် စခတွေ အသည်းသန်စစ်ပြင်နေတယ် ပိုဆိုးတာက ရုရှားအရေးဖြစ်နေချိန် အာဆန်ခေါ် မြန်မာအတွက် ဘိုင်ဒန်က ‌ဆွေးနွေးအုံးမယ်ဆိုတယ်  ထိုထက်ထူးတာက အာဆန်က မြန်မာ့အရေး မစွမ်းဆောင်နိုင်တော့ဘူးလို့ ၀န်ခံကြေငြာချက် ထုတ်ပြောထားတယ် ဒီမှာတင် ဘိုင်ဒန်က ရှေ့မှာ ချိ့နရော အာဆန်ရော လုပ်ကြည့် မရရင် သူ၀င်တော့မှာဆိုတဲ့ အချက်ပြထားတယ်  အဲ့မှာတင် ပြင်သစ်က NUG ကို အသိမှတ်ပြုကြောင်းနဲ့ ချက်အပါ န်ိုင်ငံစုံကို လှည့်သွား စည်းရုံးနေတဲ့ နုကြည်၀န်ရဲ့ စွမ်းဆောင်မှုက ရလဒ်ကောင်းတွေ ရနေတယ်  အဲ့မှာတင် ရုရှားအရေးကြောင့် ချိနရော ရုရှားရော တိုင်ပတ် မြန်မာ့အရေး ကပ်မရချိန် US ရဲ့ NDAA က ၂လပိုင်းကုန် အထက်လွတ်တော် တင်ပြရတော့မှာ  ဒီတော့ US အချိန်ပေးရုံမဟုတ် ဖြုတ်ချချင်တဲ့ UN ကပါ မြန်မာရော ယူကရိန်းအရေးရော မစွမ်းဆောင်နိုင်တော့ အဲ့မှာတင် Burma act ပြဌာန်းပြီး ဘိုင်ဒန်က ခုယူကရိန်းအရေးမှာ ပူတင်ရော အရှေ့အာရှဘက်မှာ မအလရော နှစ်ကောင်စားလိုက်ရင်ဖြင့်  ဘီးကျဲကြီး နောက်သက်တမ်း အလိုလိုကို ထိုင်ခုံပေါ်ဆက်ထိုင်ပြီး ပါဝါထူထောင်နိုင်ပြီဆိူတာ အကြောင်းက US ရဲ့ ဩဇာအာဏာနဲ့ ယုံကြည်မှုကို သူတို့ပြန်တည်ဆော

စုစုပေါင်း (၈၄) ဘီလျံအထိပြုတ်သွားပါပြီ

Image
​ ရုရှားဘီလျံနာသူဌေးကြီးတွေ အတော်အထိနာနေပါတယ်။ ယူကရိန်းကိုကျူးကျော်စစ်စတဲ့နေ့မှာပဲ ဘီလျံနာ (၂၁) ယောက်ဆီကနေ ဒေါ်လာ (၃၉) ဘီလျံပြုတ်သွားခဲ့ပါတယ်။ အခုအထိသိရသလောက် စုစုပေါင်း (၈၄) ဘီလျံအထိပြုတ်သွားပါပြီ။ ထိပ်တန်းသူဌေးကြီးတွေဘယ်လောက်ထိနေသလဲဆိုတာ ပုံထဲကစာရင်းထဲမှာကြည့်ပါ။ အထိဆုံးကတော့ ရုရှားရေနံသူဌေးကြီး Alekperov ပါ။ ဒေါ်လာ ၁၄ ဘီလျံဆုံးရှုံးထားပါတယ်။ သူ့ချမ်းသာမှုရဲ့ ၆၀ ရာနှုန်းကျော်ဆုံးရှုံးထားတာပါ။ ရက်ကြာလာရင် သူဘယ်လောက်အထိမွဲမလဲဆိုတာမသိရသေးပါ။ စတော့အိတ်ချိန်းမှာအပိတ်ဆို့ခံရတာနဲ့ ထိသွားတာပါပဲ။ အချို့ဘီလျံနာတွေဟာ ချမ်းသာမှုလျော့ကျသွားတဲ့အတွက် ကမ္ဘာ့ဘီလျံနာစာရင်းကနေ ပယ်ဖျက်ခံနေရပါပြီ။ Richard Myo Thant

ရုရှားရဲ့ ဗီတိုအာဏာကို ရုပ်သိမ်းဖို့ ပြင်ဆင်

Image
​ " ကုလလုံခြုံရေးကောင်စီမှာ ရုရှားရဲ့ ဗီတိုအာဏာကို ရုပ်သိမ်းဖို့ ပြင်ဆင်နေကြပြီ " ရုရှားရဲ့  ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးစွဲခွင့် ရုပ်သိမ်းနိုင်ဖို့အတွက် စည်းရုံးလှုပ်ရှားမှု့ကို ရီပတ်ဘလင်ကန်အမတ်တွေကနေ စတင်လိုက်ပါတယ်။ တန်နဆီပြည်နယ်က အထက်လွှတ်တော်အမတ် ဘလက်ဘမ်းနဲ့ နယူးယောက် အထူးသံတမန် ကလော်ဒီရာတို့က ဦးဆောင်စည်းရုံးပြီး သမ္မတဘိုင်ဒန်ထံကို တင်ပြခဲ့တာပါ။ ဘိုင်ဒန်ရဲ့ ခွင့်ပြုချက်နဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေကို စည်းရုံးလှုံ့ဆော်မှာပါ။ ဒီတောင်းဆိုမှု့ဟာ ယူကရိန်းအရေးကို လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပြီး ပယ်ချခံခဲ့ရာကနေ စတင်ပါတယ်။ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ရုရှားကို အရေးယူပေးဖို့ ဆွေးနွေးရာမှာ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ရုရှားသံအမတ်ကိုယ်တိုင်က ကန့်ကွက်လိုက်တဲ့အတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မကျေနပ်စရာတွေ ဖြစ်လာခဲ့တာပါ။ အဖွဲ့ဝင်နိုင်ငံတွေဆီကနေ ရုရှားကို ဗီတိုအာဏာနဲ့ မထိုက်တန်ဘူးလို့ ဝေဖန်နေကြပါတယ်။  " ရုရှားဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံကို အရှက်မရှိ တရားမဝင်နဲ့ မနှစ်မြို့ဖွယ်ရာ တိုက်ခိုက်မှု့တွေအတွက် တာဝန်မခံနိုင်လို့ လုံခြုံရေးကောင်စီမှာ သူရဲ့

ရုရှားအင်ပါယာအိပ်မက်

​ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ပတ်သက်ပြီး လေ့လာသူ တွေကသုံးသပ်မှုတွေလုပ်ကြသလို ကမ္ဘာ့အတွေးအခေါ် နယ် ပယ်ကရှေ့ဆောင်တွေကလည်း ရေးသားသုံးသပ်နေကြတာ တွေကို ဖတ်ရတယ်။ ဒီ သုံးသပ်ချက်တွေထဲမှာ  ဒီနေ့ Guardian မှာရေးတဲ့ Yuval Noah Harari (Homo Sapiens  စာရေးဆရာ) ရဲ့ သုံးသပ်ချက်ကို သဘောကျမိတယ်။ သူ့ရဲ့ သုံးသပ်ချက်ထဲက တ ချို့ကို ကောက်နှုတ်တင်ပြပါရစေ။ # ပူတင်ဟာ ယူကရိန်းကျူးကျော်စစ်ကို ဆင်နွှဲရာမှာ တိုက်ပွဲ တွေတော့ နိုင်ကောင်းနိုင်လိမ့်မယ်။ ဒါပေမဲ့စစ်ပွဲကြီးတခုလုံး ကတော့ ရှုံးနေတယ်။ # ပူတင်ဟာ ဒီစစ်ပွဲကို တိုက်ဖို့ အဘက်ဘက်က ကြိုတင်ပြင် ဆင်ခဲ့တယ်။ ဒါပေမဲ့ သူမစဥ်းစားမိတဲ့ အချက်တချက်ရှိနေတယ်။ အဲ့ဒါက ပြည်သူတွေရဲ့ အညံ့မခံ ခုခံနေမှုပဲ။ # နိုင်ငံတနိုင်ငံကို သိမ်းပိုက်ရတာ လွယ်ကောင်းလွယ်လိမ့် မယ်။ ဒါပေမဲ့ နိုင်ငံတနိုင်ငံကိုထိန်းချုပ်ဖို့ကတော့မလွယ်ဘူး ပူတင်အနေနဲ့ ယူကရိန်းကို စစ်နိုင်လို့ သိမ်းပိုက်ပြီး ရုပ်သေး အစိုးရတင်နိုင်ရင်တောင် ပြည်သူတွေရဲ့ ခုခံဆန့်ကျင်မှုကို ရင်ဆိုင်သွားရလိမ့်မယ်။ # ယူကရိန်းတ‌ယောက်ကို သတ်တိုင်း ကျူးကျော်သူတွေကို မုန်းတဲ့ အမုန်းက နက်ရှိုင်းလာလိမ့်မယ်။ အမုန်းဟာ ရုပ်အ ဆိုးဆုံး ခံစားချက်ပဲ။ ဒ
Image
​ ရုရှားတို့ ယူကရိန်းအား ကျုးကျော် ခဲ့မှုသည် စီစဉ်ထားသည့် အတိုင်း ဖြစ်မလာခဲ့ပေ၊ ယူကရိန်း၏ ဒုတိယ အကြီးဆုံး မြို့တော် ဖြစ်သော ကာကစ်ဗ်အား ရုရှားတို့ တိုက်ခိုက်လာမှု ကို ယူကရိန်းတို့ တွန်းလှန်နိုင်ခဲ့ပုံ ရသည်။ တောင်ပိုင်းတွင် ဗလာဒီမာ ပူတင်၏ တပ်များက နယ်မြေများကို သိမ်းပိုက် နိုင်ခဲ့ခြင်းသည် မြို့များကို ရှောင်ရှား နိုင်ခဲ့၍ပင် ဖြစ်သည်။ ကီယက် မြို့တဝိုက်တွင်တော့ ယူကရိန်း တပ်များက ရုရှားထိုးစစ်ကို ကြံကြံ့ခံထားနိုင်ခဲ့သည်။  ပူတင် သည်  သူ၏ မိန့်ခွန်းများထဲတွင် ဆေးသမား နာဇီတဦး အဖြစ် အမြဲလို ပုံဖေါ် ပြောဆိုခဲ့သော ယူကရိန်း သမ္မတ ဇယ်လင်စကီးသည် ၎င်းအပြောနှင့် တခြားစီ ရဲရဲတောက် အာခံရဲသည့် ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြန်သည်။ ဇယ်လင်စကီးသည် နိုင်ငံ အကြီးအကဲ တဦး ပီသစွာမျိုးချစ် စိတ် အပြည့်ရှိယုံမက သတ္တိ ဗျတ္တိ ပြည့်စုံစွာဖြင့် နိုင်ငံကို ဦးဆောင်နိုင်ခဲ့သူ ဖြစ်သည်။ စစ်ပွဲ ဖြစ်လာသည်မှာ ရက်သတ္တပတ်ပင် မပြည့်သေးပေ၊ ရုရှား သမ္မတ က ကိယက် အပါအဝင် အခြားမြို့ကြီးများကို ဝိုင်းရံထားရန်  အရံတပ်များကို ဆင့်ခေါ်နိုင်ပေသေးသည်၊ နှစ်ဖက်စလုံးရှိ စစ်သားများ နှင့် အရပ်သားများ အတုံးအရုံး သေဆုံးရဖို့ ရှိနေသည်။ လက်ရှိ စစ်ပွဲတွင် ပူတင