Posts

Showing posts from April 12, 2023

မြန်မာပြည်က စစ်အာဏာရှင်တွေကို မကြာခင်အရေးယူနိုင်တော့မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြော

Image
ဧပြီ ၁၂၊ ၂၀၂၃ မြန်မာပြည်က စစ်အာဏာရှင်တွေ ကျူးလွန်နေတဲ့ပြစ်မှုတွေကို နိုင်ငံတကာက အရေးယူနိုင်တော့မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရုံးကနေ ဧပြီ ၁၁ ရက်နေ့ က သတင်းထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၁ ရက်နေ့မှာ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းကနေ ဗုံးကျဲ ပြီး စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ‌ကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူရာချီသေဆုံးရတဲ့ကိစ္စအတွက် ဝမ်းနည်းတုန်လှုပ်ရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကထုတ်ပြန်ပါတယ်။ ပြည်သူကိုကာကွယ်ပေးရမယ့် အစားခုလို တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာဖြစ်ပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ နောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သွေးကြွတွေက လူ့အခွင့်အရေးကိုချိုးဖောက်တာ၊ စစ်ရာဇဝတ်မှုတွေကျူးလွန်တာနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုတွေကျူးလွန်နေတာကို သက်သေတွေအများကြီးရှိနေတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ဒီလိုကျူးလွန်မှုတွေလုပ်ဆောင်နေတဲ့ စစ်ခေါင်းဆောင်တွေကို မကြာခင်အရေးယူနိုင်မယ့် နေ့ရက်ကိုရောက်ရှိလာတော့မယ်လို့ ယုံကြည်ထားတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်

ဗိုလ်ကြီးသန်းတိုး အောင် နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်နေသော Yak-130 တိုက် လေယာဉ်က ပစ်ခတ်ခဲ့

Image
ကန့်ဘလူ မှ ပြည်သူ ၁၀၀ ကျော်သေဆုံးမှုတွင် ပိုင်းလော့ ဗိုလ်ကြီးသန်းတိုး အောင် နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်နေသော Yak-130 တိုက် လေယာဉ်က ပစ်ခတ်ခဲ့၊ Yak-130 တိုက်လေယာဉ် အုပ်မှူး ဗိုလ်မှူး ရဲဇောနိုင် က ကြီးကြပ်ခဲ့ ရန်ကုန်၊ ဧပြီ ၁၂ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ပြည်သူ ၁၀၀ ကျော် သေ ဆုံးခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီလေတပ်မှ ပိုင်းလော့ ဗိုလ်ကြီး သန်းတိုးအောင်နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်သော Yak-130 လေယာဉ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။  ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တံတားဦးလေတပ် YAK-130 အမျိုး အစားလေယာဉ်ဖြစ်ပြီး ပေါင် ၅၀၀  ဗုံး ၂ လုံးကို ကျဲချခဲ့ကြောင်း၊ ယင်းနောက်  Mi35 ရဟတ်ယာဉ် ဖြင့် ထပ်မံ ပစ်ခတ်ရာ အဆိုပါ ရဟတ် ယာဉ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း သိရှိရသည်။  တံတာဦးလေတပ်မှ Yak -130 လေယာဉ်အုပ်မှူး  ဗိုလ်မှူးရဲဇော်နိုင်က ကြီးကြပ်၍  ဗိုလ်ကြီးသန်းတိုးအောင်နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့ မောင်းနှင် သော Yak-130 တိုက်လေယာဉ်က ပြည်သူ ၁၀၀ ကျော် သေဆုံးစေရန် ဗုံးကျဲချခဲ့ ခြင်းဖြစ်ကြောင်း သိရ