Posts

Showing posts from March, 2022

​ရဲကြေးနန်း၊ ရုံးစာများ ပေါက်ကြားနေ၍ ပြည်ထဲရေးဝန်ကြီးထံ တိုက်ရိုက်ဖုန်းဆက်ကြရန် လျှို့ဝှက်ညွှန်ကြားစာ ထပ်မံပေါက်ကြား

Image
ရန်ကုန်၊ ဧပြီ ၁  ခေတ်သစ်မီဒီယာ အကြမ်းဖက်စစ်ကောင်စီက ရဲကြေးနန်း၊ ရုံးစာများ ပေါက်ကြားနေ၍ ပြည်ထဲ ရေးဝန်ကြီးထံ တိုက်ရိုက်ဖုန်းဆက်ကြရန် ညွှန်ကြားထားသော လျှို့ဝှက်ကြေး နန်း စာ ထပ်မံပေါက်ကြားကြောင်း Myanmar Police CDM Channel က သတင်းထုတ်ပြန်သည်။  ရုံးစာများ၊ အရေးကြီးသတင်းများ၊ ထူးခြားဖြစ်စဉ်များ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပေါက်ကြားလျက်ရှိနေရာ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးမှ သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသဖြင့် တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးများအား ထူးခြားဖြစ်စဉ်နှင့် အရေးကြီးသတင်းများပေးပို့ရာတွင် ပြည်ထဲရေးဝန်ကြီး၏ဖုန်းနံပါတ်သို့လည်းကောင်း၊ ၎င်း၏ PSO ဖုန်းနံပါတ်သို့လည်းကောင်း တိုက်ရိုက်ဖုန်းဆက်ကြရန်ညွှန်ကြားလျက်ရှိသည့် လျှို့ဝှက်ကြေးနန်းစာ တစ်စောင် ထုတ်ပြန်ထားကြောင်း သိရှိရသည်။  အဆိုပါ စာတွင် ညွှန်ကြားစာများ ထပ်မံ မပေါက်ကြားစေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးက ညွှန်ကြားထားကြောင်း၊ ဝန်ကြီး၏ ညွှန်ကြားချက်ကို ရတဖမှူးများက လိုက်နာဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်များကို ဖုန်း 067-412222၊ ဖက်စ် 067-412444 သို့ နေ့စဉ် ၀၅ နာရီ အရောက် မပျက်မကွက်တင်ပြရန်နှင့် ညွှန်ကြာ

ဘိုင်ဒင်အစိုးရ စဉ်းစားနေတဲ့ ရေနံစည် သန်းပေါင်း ၁၈၀

Image
​ ဘိုင်ဒင်အစိုးရဟာ လောင်စာဆီစျေးနှုန်း မြင့်တက်လာခြင်းကို ဖြေရှင်းနိုင်ရန်အတွက် အမေရိကန်နိုင်ငံ အရေးပေါ်အခြေအနေမှာ သုံးစွဲရန်အတွက် မထုတ်လုပ်ပဲ ထားရှိတဲ့ အရန်ရေနံတွေကို ထုတ်သုံးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရတယ်။ အမေရိကန်နိုင်ငံဟာ ရေနံသိုက်တွေရှိပေမယ့် ကိုယ်တိုင် ထုတ်လုပ်ခြင်းမရှိပဲ အခြားနိုင်ငံများကနေသာ ဝယ်ယူသုံးစွဲပြီး၊ အရန်အတွက်လည်း ဝယ်ယူသိုလှောင်ထားကာ စွမ်းအင် အရေးပေါ် အခြေအနေမှ အဆင့်ဆင့် သိုလှောင်ထားသော ရေနံတွေကို ထုတ်သုံးဖို့ စွမ်းအင်ကာကွယ်ရေး ဗျူဟာရှိပါတယ်။ ယခုကတော့ အဆမတန်မြင့်တက်လာတဲ့ လောင်စာဆီစျေးနှုန်း ပြဿနာကို ဖြေရှင်းနိုင်ဖို့ အရန်ရေနံသိုလှောင်ထားသည့် ၄ နေရာမှ ရေနံစည်ပေါင်း သန်း ၁၈၀ ကို လ အနည်းငယ်အတွင်း ထုတ်ယူသုံးစွဲဖို့ရာ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဘိုင်ဒင်အစိုးရ စဉ်းစားနေတဲ့ ရေနံစည် သန်းပေါင်း ၁၈၀ ထုတ်လုပ်ရန်ပမာဏဟာ တစ်ကမ္ဘာလုံး စွမ်းအင်သုံးစွဲမှု ၂ ရက်တာကို ကောင်းကောင်းလုံလောက်စေတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ . ဒါဟာ အမေရိကန်နိုင်ငံ အရန်ရေနံကနေ ထုတ်ယူသုံးစွဲဖို့ ၆ လ အတွင်း တတိယအကြိမ် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နှစ် ၅၀ အတွင်းမှာ အများဆုံး ထုတ်ယူဖို့ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုလည်

​ရန်ကုန်မြို့ထဲက ငွေစက္ကူအတုရောင်းချသူနှင့် တွေ့ဆုံခြင်း

Image
ရိုဇာ “လှည်းတန်းစင်တာထဲမှာတောင် တစ်ထောင်တန်အတုနဲ့ ငါ ကီးချိန်းတောင် ဝယ်လိုက်သေးတယ်”ဟု ငွေစက္ကူအတုရောင်းဝယ်သူဖြစ်သည့် ကိုစိုးနိုင်က အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေသည်။ ကိုစိုးနိုင်ဟာ အွန်လိုင်းပေါ်မှာ ငွေစက္ကူအတုရောင်းချနေသူတစ်ဦးဖြစ်ပြီး သူ့နှင့်တွေ့ဖို့အတွက် Dayli ဆိုတဲ့ ဖေ့ဘွတ်စ်အကောင့်ကနေတစ်ဆင့် ယခုသတင်းထောက်ကိုချိတ်ဆက်ပေးခဲ့တာဖြစ်သည်။ ငွေအတုများဝယ်လိုသောကြောင့် နမူနာကြည့်ချင်၍ အနည်းငယ်ဝယ်ချင်ကြောင်းပြောကာ ငွေအတုရောင်းသည့်သူနှင့် တွေ့ဖို့ ဖြစ်လာခဲ့သည်။ ငွေစက္ကူအတုကို လာယူတဲ့အခါ စာအုပ်ထဲတွင်ညှပ်ပေးရန် ပြောသော်လည်း ရောင်းသည့်သူကတော့ စိုးရိမ်စိတ်မရှိဘဲ "ငွေစက္ကူအတုတွေ အများကြီးပိုက်ပြီး လျှောက်သွား ရောင်းနေတာ ဘာမှမဖြစ်ဘူး၊ ကြောက်စရာမလိုဘူး"ဟူ၍တောင် ပြန်တုံ့ပြန်ခဲ့သည်။ ရန်ကုန်မြို့ လူစည်ကားရာ လှည်းတန်းစင်တာအရှေ့ဝင်ပေါက်တွင် ငွေစက္ကူအတုရောင်းသည့် ကိုစိုးနိုင်ကို အင်္ကျီအဝါရောင်၊ အားကစားဘေးလွယ်အိတ်အမည်းတစ်လုံးကို ပိုက်ပြီး လူအများနှင့်ရောထိုင်နေတာတွေ့ရသည် ။ သူ့မျက်လုံးများက ကျီးကြည့်ကြောင်ကြည့် ကြည့်နေသော်လည်း ငွေစက္ကူအတုလာဝယ်သည့်သူကို သံသယဖြစ်ဟန်၊ ကြောက်ဟန်မရှိသည်ကိုတွေ့ရသည်။ သူ

မန္တလေး၊ ဇွဲထက်ရွှေဆိုင်ပေါက်ကွဲမှုဖြစ်

Image
​ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ လမ်း (၃၀)နဲ့ (၈၄)လမ်းထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင်အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။  ဒီကနေ့မတ်လ (၃၀)ရက်၊ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေများတယ်လို့ ဆိုပါတယ်။  “ကျွန်တော်တို့ရောက်တော့ ဆိုင်တံခါးကိုပိတ်ထားလိုက်ပြီ၊ အဲ့ဒီထဲကနေမှ ထိခိုက်မိသူတွေက ထွက်လာကျတာ။ ကျွန်တော်တို့ကတော့ နှစ်ဦးကူညီပေးလိုက်ရတယ်၊ အရေးပေါ်ပို့ပေးထားတယ်။ ဒဏ်ရာကတော့ မပြင်းထန်ပါဘူး။”လို့ ကူညီပေးခဲ့ရတဲ့ လူမှုကူညီရေးအသင်းက ဘီဘီစီကို ပြောပါတယ်။  ဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိစာရင်းအတိအကျတော့ ဘီဘီစီဘက်က အတည်မပြုနိုင်ခဲ့ပါဘူး။ လက်ရှိအခင်းဖြစ်ပွားရာနေရာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ စစ်ဆေးမှုလုပ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်အပြီး မိနစ်ပိုင်းအတွင်း ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း ၁ဝ၇လမ်းနဲ့ ၁ဝ၈လမ်းကြားမှာရှိတဲ့ ဇွဲထက်ရွှေဆိုင်နောက်ထပ်ဆိုင်ခွဲတခုမှာပါ ပေါက်ကွဲမှုတခု ထပ်ဖြစ်ခဲ့တယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။  ဒီဖြစ်စဉ်ဟာ ဇွဲထက်ဆိုင်ရှေ့မှာဖြစ်ခဲ့တာဖြစ်ပြီး မန္တလေးဆိုင်ခွဲအကုန်လုံးကို ယာယီပိတ်ထားပြီလို့ ဇွဲထက်ရွှေဆ

​အငြင်းပွားစရာဖြစ်နေတဲ့ ကချင်သူဌေးကြီးရဲ့ မြစ်ဆုံရွှေတူးဖော်မှု

Image
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Frontier Myanmar ပါဆောင်းပါး (ဘာသာပြန်) FEBRUARY 11, 2022 By EMILY FISBHEIN, JAW TU HKAWNG,  NU NU LUSAN and JAUMAN NAW ကချင်ပြည်နယ် မလိခမြစ်ထဲ စတင် ရွှေတူးခဲ့တဲ့ (၂၀၁၃) ခုနှစ်မှာ ဆွတ်မိုင်ရဲ့ အသက်က (၁၈) နှစ် ရှိပါပြီ။ သူက မီးစက်၊ ရေစုပ်စက်၊ တူရွင်းစသဖြင့် တပိုင်တနိုင် ပစ္စည်းတွေကို သုံးပြီး ရွှေတူးနေပါတယ်။ ဒေသခံတွေ ဒီအတိုင်း ရွှေတူးလာတာ ဟိုးအရင်တည်းကပါ။ ဒါပေမယ့် အရမ်း ပင်ပန်းပြီး အကျိုးအမြတ်လည်း သိပ်မရကြပါဘူး လို့ သူက ပြောပြပါတယ်။ သူက မြစ်ကြီးနားမြို့နယ်ထဲမှာ ရှိတဲ့ တန်ဖရဲရွာဇာတိဖြစ်ပြီး မလိခနဲ့ မေခမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံရဲ့ အနောက်ဘက်ကပ်ရပ်မှာ တည်ရှိပါတယ်။ မြစ်ဆုံကနေ မြန်မာနိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ဧရာဝတီ စီးဆင်းလာပါတယ်။ မြန်မာလို မြစ်ဆုံလို့ ခေါ်ကြပြီး ကချင်လို မလိအင်မိုင်ဇွပ်လို့ သိကြတဲ့ အဲဒီဒေသက (၂၀၁၁) ခုနှစ်အတွင်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ မြစ်ဆုံဒေသမှာ တည်ဆောက်မယ့် အမေရိကန်ဒေါ်လာ (၃.၆) ဘီလျံတန် ရေအားလျှပ်စစ် စီမံကိန်းကို အဲဒီအချိန်တုန်းက သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းခဲ့တာမို့ပါ။ အဲဒီမတိုင်ခင် (၂) နှစ်အလိုမှာ မြစ်ဆုံဆည် စီမံကိန်းကို တရုတ်အစိ

စစ်ကားပေါ်မှ စက် သေနတ်ဖြင့် ကလေးငယ် ၂ ဦးကို ပစ်သတ်

Image
​ ဘီးလင်းရွှေရောင်ပြရွာအနီး တိုက်ပွဲမဖြစ်ဘဲ  စစ်တပ်က စစ်ကားပေါ်မှ စက် သေနတ်ဖြင့်  ကလေးငယ် ၂ ဦးကို ပစ်သတ်ပြီး အရပ်သားများကိုပါ စိတ်ကြိုက် ပစ်ခတ်သတ်ဖြတ်နေသည့် ဗီဒီယို၊ မြင်မြင်သမျှ ပစ်သတ်ရန်နှင့်ရွာမီးရှို့ရန် စစ်သားများ ကြွေးကြော်ဆဲဆို (ရုပ်/သံ) ရန်ကုန်၊ မတ် ၃၀  ခေတ်သစ်မီဒီယာ မွန်ပြည်နယ်၊ သထုံနှင့်ဘီးလင်းအကြား၊ ရွှေရောင်ပြကျေးရွာအနီးတွင် ယမန် နေ့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စစ်ကားများဖြင့် ချီတက်ရာ လမ်းတလျှေက် အရပ်သားကားများကို စစ်ကားပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၂ ဦးသေဆုံးပြီး အရပ်သားတချို့ ဒဏ်ရာရရှိခဲ့သည်။  ယခုဖော်ပြပါ ဗီဒီယိုဖိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စစ်ကားပေါ်မှ စက်သေနတ်ဖြင့် အရပ်သားကားများကို ဦးတည်ပစ်ခတ်နေသည်ကို မြင်တွေ့ရပြီး ယင်းဗီဒီယိုဖိုင်ကို စစ်တပ်ဘက်က ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်းဗီဒီယိုတွင် စစ်သားများက မြင်မြင်သမျှကို ပစ်ခတ်သတ်ဖြတ်ရန် ၊ ရွာကို မီးရှို့ရန် ဆဲဆို ပြောဆိုနေသည်ကို မြင်တွေ့ရသည်။ စစ်တပ်က ပစ်သတ်လိုက်သော အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနှင့် အသက် ၉ နှစ်အရွယ် မောင်ညီညီဇော်တို့သည် သုံးဘီးယာဉ်

​ရဲနဲ့စစ်သား တွေ အညံခံပြီး စခန်းမစွန့်ခွာဖို့ကို စစ်ကောင်စီ ညွှန်ကြား

Image
​ ရဲနဲ့စစ်သား တွေ အညံခံပြီး စခန်းမစွန့်ခွာဖို့ကို စစ်ကောင်စီ ညွှန်ကြား၊ အညံ့မခံဘဲ အသေခံတိုက်ခိုင်းတဲ့သဘောလို့ ဆို ရန်ကုန် | မတ် ၃၀ ခေတ်သစ်မီဒီယာ အာဏာသိမ်းစစ်ကောင်စီလက်အောက် ရဲစခန်း၊ ရဲကင်းတွေက တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေရဲ့ စခန်းသိမ်းတိုက်ခိုက်မှုတွေကြုံရပါက လက်နက်ချအညံခံတာတွေ၊ စခန်းကိုစွန့်ခွာထွက်ပြေးတာတွေ မလုပ်ကြဖို့ ညွှန်ကြားထားတဲ့ စစ်ကောင်စီကြေးနန်းစာတစ်စောင်ကို Myanmar Police CDM Channel က ထုတ်ပြန်ပါတယ်။  ရဲစခန်း၊ ရဲကင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက ကြိုတင်စည်းရုံးသိမ်းသွင်းတာတွေလုပ်ဆောင်နေတယ်လို့လည်း အဆိုပါ စစ်ကောင်စီကြေးနန်းညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေနဲ့ပူးပေါင်းပြီး တပ်တွင်းသတင်းပေးတာတွေ၊ အလစ်အငိုက်တိုက်ခိုက်ခံရရင် လက်နက်ချအညံခံတာနဲ့ စခန်းစွန့်ခွာတာတွေလုပ်နေတယ်လို့လည်း အဆိုပါကြေးနန်းက ဆိုပါတယ်။ တပ်တွင်းစည်းလုံးမှုမပြိုကွဲဖို့နဲ့ တပ်ဖွဲ့ဝင်တွေ NUG၊ PDF အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာတွေမလုပ်စေဖို့အတွက် ကြပ်မတ်‌

BeeXprss, ကြံ့ခိုင်ရေးပါတီနဲ့ UMG, Openmind တို့ရဲ့ ဆက်နွယ်မှု

Image
​ 28 MAR, 2022 UMG ရဲ့ နာမည်ကြီး လုပ်ငန်းအများစုတွေထဲမှာ ရန်ကုန် ရှုခင်းသာမှာရှိတဲ့ Yangon Waterboom, နောက် ‘တောင်သူရွှေခတ်’ မြေသြဇာထုတ်လုပ်တာ၊ myDoctor လို နည်းပညာနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ အပြင် Volvo, Hitachi, SDLG နဲ့ Sunward တို့လို စက်ကြီးတွေ တင်သွင်းဖြန့်ချိတာလည်း ရှိပါသေးတယ်။ ‘၇၇ နှစ်မြောက် တပ်မတော်နေ့’ လို့ စာရေးပြီး မြန်မာနိုင်ငံအလံ နောက်ခံနဲ့ စစ်သားတချို့ အလေးပြုနေပုံ၊ သေနတ်ကိုင်ထားပုံတွေပါတဲ့ ဓာတ်ပုံတစ်ပုံကို ရန်ကုန်အခြေစိုက် ပါဆယ်ဝန်ဆောင် ကုမ္ပဏီတစ်ခုက Facebook ပေါ် တင်ခဲ့လို့ အင်တာနက် အသုံးပြုသူများ အကြား ဂယက် ထ သွားခဲ့ပါတယ်။  အဲ့ဒီနောက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ရာကနေ “မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းနဲ့မျှ ပတ်သတ်ဆက်နွယ်ခြင်း မရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ပိတ်ရက်များအား ပုံမှန်တင်နေကျဖြစ်ပါသဖြင့် ချစ်လှစွာသော Customer များအား အထင်လွှဲမှားစေသည့် post အား မှားယွင်းပေါ့ဆစွာ တင်ခဲ့မှုကြောင့် BeeXprss မှအနူးအညွှတ် တောင်းပန်အပ်ပါကြောင်း” ဆိုပြီး နာရီပိုင်းအကြာမှာ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။  ဒါပေမယ့်  စစ်တပ်က အာဏာသိမ်းထားချိန်၊ ပြည်သူအများစုက စစ်ကောင်စီကို ရွံမုန်းနေချိန်မှာ  တပ်မတေ

တယ်လီနောမြန်မာကို စစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်ဖူးသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်

Image
​ တယ်လီနောမြန်မာကို ပိုင်ရှင်သစ်များ စတင်ကိုင်တွယ်တော့မည် သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော မိုဘိုင်းအော်ပရေတာကို ပိုင်ဆိုင်ခွင့်ရသည့် ကုမ္ပဏီတွင် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏သားကို ဒုအမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ထားသည်။​  အောင်နိုင် Published on Mar 26, 2022 Myanmar Now  တယ်လီနောမြန်မာကို စစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်ဖူးသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဖြစ်သည်။  တယ်လီနောမြန်မာကို စစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်ဖူးသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဖြစ်သည်။  တယ်လီနောမြန်မာကို အပြီးသတ်လွှဲပြောင်း ရောင်းချပြီးပြီဖြစ်ရာ ပိုင်ရှင်သစ်များဖြစ်သည့် လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ဖက်စပ်ထူထောင်သည့် Investcom ကုမ္ပဏီတို့က စတင်ကိုင်တွယ်တော့မည်ဖြစ်သည်။ သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော မိုဘိုင်းအော်ပရေတာကို ပိုင်ဆိုင်ခွင့်ရ Investcom ကုမ္ပဏီတွင် စစ်တပ်အဆက်အနွယ် ရွှေဗျိုင်းဖြူကုမ္ပဏီက ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဖြစ်သည်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

Image
▪️ပြည်သူလူထုဘက် ရပ်တည်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် အချိန်တန်နေပြီဖြစ်ပြီး လက်ကမ်းကြိုနေသော ပြည်သူများရှိနေသည်ကို ပြောလိုကြောင်း ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း ​ပြော —People’s Spring ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်နေသည့် လုပ်ရပ်များကြောင့် စစ်တပ်က ဂုဏ်သိက္ခာမရှိတော့သည်ကို လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းက သိရှိနေပြီဖြစ်ကြောင်း CDM တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်လာသည့် ခမရ (၃၅၁)တပ်ရင်မှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဗိုလ်ကြီး ညီသုတနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီးအဆင့်မှာ လက်ရှိအချိန်အထိ ထောင်နှင့်ချီသော ပြည်သူလူထုဘက်ကူးပြောင်းရပ်တည်လာသည့် တပ်မတော်သားများအနက် ရာထူးအကြီးဆုံးဖြစ်ပြီး အနည်းဆုံး ၂ ဦး ရှိနေပြီဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းအနေဖြင့် ပြည်သူ့လူထုဘက် ကူးပြောင်းရပ်တည်လာခြင်း၏ အဓိက တွန်းအားမှာ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့်ဖြစ်သည်ဟု ဆိုသည်

မင်းအောင်လှိုင်၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်း နှင့် စိုးထွဋ်အသံဖိုင်ပေါက်ကြားမှု ဒုဝန်ကြီးမှစ၍ ဌာနဆိုင်ရာ ညွှန်ချုပ်များအထိ စစ်ဆေးခံရ၊ စစ်ကိုင်းတိုင်းမှ ထွေ/အုပ်အရာရှိတစ်ဦး ဖမ်းဆီးခံထားရ

Image
​ ရန်ကုန်၊ မတ် ၂၀  မင်းအောင်လှိုင်က နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သော အလွတ်သဘော လျှို့ဝှက်အစည်းအဝေး ပြောဆိုမှုများ မှတ်တမ်း ပေါက်ကြားသည့်အတွက် စစ်ကိုင်းတိုင်းမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတစ်ဦး ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။  ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မင်းအောင်လှိုင်၏ လျှို့ဝှက်အစည်းအဝေး ပြောဆိုမှု မှတ်တမ်းများကို ရန်ကုန်ခေတ်သစ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မှတ်တမ်းဖိုင်များအားလုံး ဖော်ထုတ်တင်ပြခဲ့ရာ ယင်းဖော် ထုတ်တင်ပြမှုအတွက် ရန်ကုန်တိုင်းအစိုးရ ၊ E-government ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့်နေပြည်တော် စစ်ကောင်စီရုံးမှ ဝန်ထမ်းတချို့ ၁ ပတ်ကျော်ကြာ ခေါ်ယူ စစ်ဆေးခံရကြောင်း၊ ယင်းနောက် စစ်ကိုင်းတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။  "မအလနဲ့ တိုင်းကောင်စီဥက္ကဋ္ဌတွေရဲ့ အစည်းအဝေး မှတ်တမ်း ခေတ်သစ်ကိုပို့ပေးလို့ လိုင်းပေါ်တက်လာတယ်ဆိုပြီး စစ်ကိုင်းတိုင်းထွေ/အုပ်အရာရှိတစ်ဦး အဖမ်းခံရပါတယ်" ဟု စစ်ကိုင်းတိုင်းမှ အရာရှိတစ်ဦးက ပြောသည်။  ထို့ပြင် ဇန်နဝါရီလ ၂၅ ရက်နေ့ နေပြည်တော်တွင် အသံတိတ်သပိတ်တားဆီးရေး ပြည်ထဲရ

မီတာမဆောင်CDMထဲဗိုလ်မှူးကြီးတွေပါလာပါပြီ 👏👏👏👏👏👏👏👏👏👏👏👏👏👏👏

Image

မြန်မာတို့၏ ဒီမိုကရေစီ တိုက်ပွဲ အောင်မြင်နိုင်၊ ကမ္ဘာတဝှမ်းမှ ပံ့ပိုးမှုသာ လိုအပ်

Image
အထက်ပါ ခေါင်းစဉ် ဖြင့် အိန္ဒိယ အခြေစိုက် The Wire အွန်လိုင်း ဂျာနယ်တွင် မြန်မာတို့၏ ခုခံတွန်းလှန်စစ်ကို မျက်ခြေမပြတ် လေ့လာနေသည့် သုတေသီ မက်သယူး အာနိုး ရေးသားထားသည်ကို ပြန်လည် တင်ပြသည်။ မြန်မာ စစ်တပ်၏ အင်အားသည် အမှန် ရှိသည်ထက် အလွန်အကျွံ ခန့်မှန်းနေကြခြင်းသာ ဖြစ်ပြီး လက်ရှိ ပဋိပက္ခ ၏ အသွင် လက္ခဏာကိုသာ တမျိုးသားလုံး၏ အရေးတော်ပုံကြီး အဖြစ် ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့မည်ဆိုလျှင် စစ်အင်အား ချိန်ခွင်လျှာသည် တော်လှန်ရေး အင်အားစု များဖက် အလေးသာ လာမည်သာ ဖြစ်သည်ဟု အစချီထားသည်။ ထို့အတွက် မြန်မာတို့၏ တော်လှန်ရေး သည် နိုင်ခြေရှိနေပြီ ဖြစ်၍ ကမ္ဘာတဝှမ်းမှ ပံ့ပိုးပေးဖို့သာ လိုအပ်သည်၊ လုပ်သင့်လုပ်ထိုက်သော အရာလည်း ဖြစ်သည်။ စစ်တပ်သည် အာဏာသိမ်းပြီးသည်မှာ တနှစ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း ယခုထိ နိုင်ငံကို ကျစ်လစ်အောင် စုစည်း အုပ်ချုပ်နိုင်ခြင်း မရှိသေးပေ၊ ထို့အတွက်လည်း ဂမူးရှူးထိုးဖြင့် နေတဒူဝ သတ်ဖြတ်နေသည်နှင့်အမျှ တော်လှန်ရေး အင်အားစုများလည်း နိုင်ငံ အနှံ့တွင် အင်အားကောင်းလာနေပြီ ဖြစ်သည်။ လေ့လာသူများက မြန်မာစစ်တပ်သည် အင်အား သုံးသိန်းခွဲ ခန့် ရှိသည်ဟု ပေါ့ပေါ့တန်တန် ခန့်မှန်းခဲ့မှု နှင့် အတူ အလွယ်တကူ အနိုင

​◾ ဒဂုံတက္ကသိုလ်ကျောင်းသားနှစ်ဦးကို စစ်ခုံရုံးက ထောင်ဒဏ်တသက်နဲ့ သေဒဏ်ချမှတ်

Image
ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာနမှ ကျောင်းသူတဦးဖြစ်သူ မဆောင်းလေပြေ (ခ) ဇူဇူး နှင့် မြန်မာမှုဌာနမှ ကိုနိုင်အောင်(ခ)Snake တို့ ၂ ဦးကို အကြမ်းဖက်စစ်အုပ်စုရဲ့စစ်ခုံရုံးက မတ်လ ၁၇ ရက်နေ့မှာ ထောင်ဒဏ်တသက်နဲ့ သေဒဏ်တွေအသီးသီးချမှတ်လိုက်ကြောင်း သိရပါတယ်။ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ လူငယ်တွေဟာ လှိုင်သာယာ က ၈ ဦး၊ဒဂုံဆိပ်ကမ်းမြို့သစ်က ၃ ဦးနဲ့ မြောက်ဥက္ကလာပ က ၄ ဦး ဖြစ်ပြီး လှိုင်သာယာက လူငယ် ၃ ဦးနဲ့ မြောက်ဥက္ကလာပက ၄ ဦး စုစုပေါင်း ၇ ဦးတို့ဟာ သေဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ကာ ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာနမှ  မဆောင်းလေပြေ(ခ)ဇူးဇူး နှင့် မြန်မာမှုဌာနမှ ကိုနိုင်အောင်(ခ)Snakeလည်းပါဝင်ပါတယ်။  အဲ့ဒီလူငယ်တွေဟာ  မြောက်ဥက္ကလာပအဝိုင်းမှာ အထက် တန်းပြဆရာမတဦးကို သေနတ်နဲ့ပစ်သတ်တာနဲ့ လှိုင်သာယာမြို့နယ်ထဲက ရာအိမ်မှူးကို ပစ်သတ်တဲ့အမှုတွေနဲ့ဆက်စပ်လို့ ကျူးလွန်ခဲ့တယ်ဟု စွပ်စွဲကာ သေဒဏ်ချမှတ်တာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ရန်ကုန်မြို့က စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ မြို့တွေမှာ စစ်ကောင်စီက ၄င်းတို့ထုတ်ပြန်ထားတဲ့ ပြစ်မှု ၂၃ မျိုးကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေတာဖြစ်ပြီး အဲ့ဒီပြစ်မှုတွေကို အမြင့်ဆုံးပြစ်ဒဏ်များဖြင့်သာ ချမှတ်

ကျောက်ကြီးမြို့ ခမရ (၃၅၁) တပ်ရင်းမှူး စစ်တပ်ကိုစွန့်ခွာထွက်ပြေး၊ တိုက်ပွဲတွင်ကျဆုံးသည်ဟု စစ်ကောင်စီ သတင်းလွှင့်

Image
​ ကိုကိုလေး/ ဧရာဝတီတိုင်းမ် မတ်လ ၁၉ ရက် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၅၁ တပ်ရင်းမှ တပ် ရင်းမှူး ရှေ့တန်းစစ်ဆင်ရေးထွက်နေရာမှ ဖေဖော်ဝါရီလအတွင်းကစစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေးနေကြောင်း ၄င်းနှင့်နီးစပ်သူတဦးထံကသိရသည်။ စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးနေသူ တပ်ရင်းမှူးမှာ ဒု-ဗိုလ်မှူးကြီး မျိုးမင်းထွန်း ဆိုသူဖြစ်ပြီး KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေရာမှ စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးသွားခြင်းဖြစ် သည်။  အဆိုပါဒု-ဗိုလ်မှူးကြီး မျိုးမင်းထွန်းမှာ ယခင်က ကော့သောင်းမြို့အခြေစိုက် ကမ်းရိုးတန်ဒေသတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ  ခမရ ၄၃၁ တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဖြစ်ပြီးဇန်နဝါရီလဆန်းပိုင်းတွင် ရာထူးတိုးဖြင့် ဒု-ဗိုလ် မှူးကြီးအဆင့်ရရှိကာ ကျောက်ကြီး ခမရ ၃၅၁ တပ်ရင်းသို့ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း သိရသည်။ '' သူက အရင်က ကော့သောင်း ၄၃၁ က ဒု-တပ်ရင်းမှူး။ အဲ့ဒီကနေ တပ်ရင်းမှူးဖြစ်ပြီး ကျောက်ကြီး ၃၅၁ ကိုပြောင်းသွားတာ ၁လပိုင်းထဲကမှ။ အဲ့ဒီတပ်ကနေ မှ KNU တပ်မဟာ ၃ နဲ့ ၅ ကြားမှာ စစ်ဆင်ရေးထွက်ရင်းအဲ့ဒီကနေမှ ထွက်သွားတာ'' ဟု ၄င်း ဒ

​မြန်မာ စစ်ဗိုလ်ချုပ်များကို ဩစတေးလျှ တွင် တရားစွဲ ရန် ပြင်ဆင်

Image
သွေးစွန်းနေသော မြန်မာ စစ်ဗိုလ်ချုပ် များအား အာဆီယံ မှ ဖနွမ်းပင်တွင် ကျင်းပသည့် ကာကွယ်ရေး စစ်ဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ခွင့် ပြုကာ ကြိုဆိုခဲ့ကြသော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရမှ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ၎င်းတို့ ဒီမောဆိုတွင် ကျူးလွန်ခဲ့ကြသော အရပ်သားများအား မီးရှို့သတ်ဖြတ်ခဲ့မှုကြီး အတွက် ဩစတေးသျှ တရားရုံးတွင် ရုံးတင် တရားစွဲဆိုရန် လိုအပ်သည်များကို အသေးစိတ် ပြင်ဆင်နေသည်ဟု လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက မတ်လ ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ဂျာမဏီ နှင့် ဗြိတိန် တို့တွင်လည်း အလားတူ တရားစွဲရန် ကြိုးပမ်းနေသည်ဟုလည်း ဆိုသည်။ ကုလသမဂ္ဂသည် စိုးရိမ်မကင်းကြောင်းသာ ထပ်တလဲလဲ ထုတ်ပြန်နေသော်လည်း ၎င်းတို့ ထမ်းဆောင်ရမည့် တာဝန်များကို ပျက်ကွက်လျက် ရှိနေဆဲ ဖြစ်သည်ဟု လည်း ထောက်ပြသွားသည်။ ကမ္ဘာလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွံ့ကြီးမှလည်း ကုလ လူ့အခွင့်အရေး ကောင်စီ အနေဖြင့် ၎င်းတို့ ဗုဒ္ဓဟူး‌ နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအတိုင်း မြန်မာ ထံ လက်နက်များ စီးဝင်နေမှုကို တားမြစ်ပေးရန်၊ ပါဝင် ပတ်သက်နေသော စစ်ဗိုလ်ချုပ် တဦးချင်းစီကို စီးပွားရေးအရ ဒဏ်ခတ်ရန် နှင့်

​''ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးကြမယ်'' လို့ ဒု-စစ်ခေါင်းဆောင် စိုးဝင်းပြော

Image
ဧရာဝတီတိုင်းမ် မတ်လ ၁၉ ရက် ရှမ်းပြည်နယ်၊ ကလောမြို့မှာရောက်ရှိနေတဲ့ ဒု-စစ် ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မနေ့နေ့လည်ပိုင်းမှာ ကလောတပ်နယ်က ၄င်းတို့လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေကို တွေ့ဆုံပြီးတော့ '' ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးကြ'' ဖို့  မှာကြားလိုက်ပါတယ်။ ဒါ့အပြင် ဒု-စစ်ခေါင်းဆောင်ကတပ်မတော်၏ လက်ရှိရင် ဆိုင်နေရသည့် စစ်ဆင်ရေးများတွင် တပ်မတော်ဘက်မှ ရှုံးနိမ့်နေသည့်အခြေအနေသဘောမျိုး မီဒီယာတွေမှာ ဝါ ဒဖြန့်ဖော်ပြ​နေပြီး တပ်မတော်ပြိုကွဲအောင်လုပ်နေလို့ စည်းလုံးညီညွတ်ကြဖို့ မှာကြားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာဖော်ပြပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်က နိုင်ငံဒေသအသီးသီးမှာ တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ၄င်းတိုက်ပွဲများမှာ အထိနာနေတာကြောင့် တိုက်ပွဲတိုင်းလိုလို လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတွေပေးနေရတာဖြစ်ပါတယ်။ ဒု-စစ်ခေါင်းဆောင်ရောက်ရှိနေတဲ့ ကလောမြို့ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးတာတွေပိုမိုလုပ်ဆောင်နေကာ စျေးဆိုင်တွေကိုလည်း ည ၆ နာရီနောက်ပိုင်းပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ #စိုးဝင်း #စစ်ကောင်စီ #က

​ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂)

Image
စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပထမဆုံး ရောက်လာသည့်အဖွဲ့မှာ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာကို လုံခြုံရေးယူထားသည့် စစ်တပ်ဖြစ်သည်။ ဒုတိယ ရောက်လာသည်မှာ ရန်ကုန်တိုင်း အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဖြစ်သည်။ တတိယ ရောက်လာသည့် အဖွဲ့မှာ ၁၉၉သို့ ဖုန်းဆက်သဖြင့် အနောက်ပိုင်းခရိုင် ရဲအထူးတပ်ဖွဲ့ ဖြစ်သည်။ သို့သော် တကယ် စစ်ဆေးရမည့် ရဲအဖွဲ့ ရောက်ရှိလာချိန်တွင် လူအများ ၀င်ထွက်ပြီး ဖြစ်သဖြင့် အခင်းဖြစ်သည့် နေရာမှ ခြေရာလက်ရာများ ပျက်နေပြီး စစ်ဆေးရန် ခက်ခဲနေပြီ ဖြစ်သည်။ ထိုမှုခင်းကို စုံစမ်းစစ်ဆေးခဲ့ရသူ တစ်ဦးက အမှုမှာမပေါ်တဲ့ အမှုနဲ့ မဖော်တဲ့အမှုဆိုပြီးရှိတယ်။ ဒီအမှုက မပေါ်တဲ့အမှု မဟုတ်ဘူး။ အထက်က လူကြီးတွေ မဖော်တဲ့အမှုဟုပြောပြခဲ့သည်။ Tomorrow ဂျာနယ် ယခင်အပတ်က ဖော်ထုတ်စုံစမ်းရေးသားသည့်  အချက်များနှင့် သူ့မျက်မြင် ဖြစ်ရပ်များ ကွဲလွဲမှုရှိကြောင်းလည်း အဆိုပါ အမည်မဖော်လိုသူ ရဲအရာရှိက ပြောပြခဲ့သည်။ သူက ပြောပြရာတွင် လိမ္မော်သီးရောင်းသူ ယောင်ဆောင်ပြီး သတ်သည်ဟု ယူဆချက်မှာ အခြာ းစစ်ဆေးသည့် နယ်မြေခံရဲအဖွဲ့၏ ယူဆချက်ဖြစ်သည်။ အမှန်မှာ အိမ်ရှင်နှင့် အကျွမ်းဝင်သူများက အိမ်သို့အလည်လာပြီး သတ်သွားခြင

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

Image
… ‘ကလင် … ကလင် … ကလင် ဟယ်လို … စခန်းမှူး ကိုမင်းမောင်လား … အခုပဲ ရဲချုပ်က ခင်ဗျားကို သူ့ရုံးခန်း လာခဲ့ပါလို့ ခေါ်နေတယ်’ ‘အေးဗျာ လာတာပေါ့’ ဟုပြောပြီး ကိုမင်းမောင်က တယ်လီဖုန်းပြန်ချပြီးနောက် သူ့ရဲ့ကုတ်အင်္ကျီထဲက စီးကရက်ဗူးကို ထုတ်၍ စီးကရက်တစ်လိပ်ကို မီးခြစ်ပေါ် ဆေးသားညီအောင် ခေါက်ပြီး မီးညှိဖွာရှိုက်လိုက်ပါတယ်။ ကိုမင်းမောင်က သူသောက်လက်စ စီးကရက်ကို သူ့ရဲ့နှုတ်ခမ်းမှာ တေ့ဖွာရှိုက်ပြီး လွမ်းမောခြင်းနဲ့အတူ ဆေးလိပ်မီးခိုတွေကို မှုတ်ထုတ်လိုက်တယ်။ အမှုမှာ နှစ်အတော်ပင် ကြာခဲ့လေပြီ။ မည်သူမျှ အမှုမှန် မဖော်နိုင်သေးပါ။ မဖော်နိုင်သေးသည်မဟုတ်၊ မဖော်ထုတ်ရဲသေးတာပါ။ အချိန်က ၂၀၀၈ ခုနှစ် မတ်လ ၃ ရက် ငါးလောင်းပြိုင်လူသတ်မှု ရန်ကုန်မြို့လည်ခေါင်တွင် ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။ ဖြစ်ပွားပုံမှာ ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်ကြသော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖော် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ဆိုသော သတင်းပင် ဖြစ်သည်။ ‘အင်း … အမှုကတော့ နက်နဲလာပြီ ကိုသန်းအောင်ရေ … ကျွန်တော်တို့ ဒလဘက်ကို သွားကြရအ