VOA Burmese သတင်းခန်းတွင် တာဝန်ထမ်းဆောင်နေသော မြန်မာအမျိုးသမီးတစ်ဦးက စတင်တိုင်ကြားခဲ့ပြီးနောက် ကနဦးစုံစမ်းစစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကာ ယခုအခါ အသေးစိတ် စစ်ဆေးမှုများပြုလုပ်ရန် ဦးသန်းလွင်ထွန်းကို လုပ်ငန်းခွင်မှ တားမြစ်ထားသည်။ Myanmar Now Published on Nov 19, 2022 VOA မြန်မာပိုင်းအကြီးအကဲ ဦးသန်းလွင်ထွန်း (ဓာတ်ပုံ - USAGM) အမေရိကန်ရှိ နိုင်ငံပိုင်သတင်းဌာန Voice of America (VOA) ၏ မြန်မာပိုင်းဌာန VOA Burmese ကို ကြီးကြပ်သူ ဦးသန်းလွင်ထွန်းသည် မြို့တော် ဝါရှင်တန်ဒီစီရှိ လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သောအပြုအမှုများ ကာလကြာရှည်ပြုမူခဲ့ သည်ဆိုသော တိုင်ကြားချက်ဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု သိရှိရသည်။ VOA Burmese သတင်းခန်းတွင် တာဝန်ထမ်းဆောင်နေသော မြန်မာအမျိုးသမီးတစ်ဦးက လွန်ခဲ့ သည့်သုံးလခန့်တွင် ဌာနတွင်း စတင်တိုင်ကြားခဲ့ကြောင်း၊ ထိုအမျိုးသမီးကို ကနဦး စုံစမ်းစစ်ဆေး မေးမြန်းမှုများပြုလုပ်ပြီးနောက် အသေးစိတ်စစ်ဆေးမှုများပြုလုပ်ရန် ဦးသန်းလွင်ထွန်းကို ယနေ့မှ စ၍ လုပ်ငန်းတာဝန်များနှင့် မပတ်သက်စေဘဲ ခွင့်ယူရန် အမိန့်ထုတ်ထားကြောင်း ...