Posts

Showing posts from January 15, 2023

UNHCR ဘယ်လိုလျှောက်ကြမလဲ

Image
ဒီဆောင်းပါးမှာ UNHCR ဘယ်လိုလျှောက်ရလဲ ပြောပြပေးမှာပါ မြန်မာပြည်တွင်းမှာမွန်းကြပ်နေသူ တယောက်အနေနဲ့ကောက်ရိုးတပင်ဆိုပေမယ့် အားနည်း အားသာချက်တွေရှိတာကိုလဲသိထားသင့်ပါတယ် ပထမဆောင်းပါးက ငွေကြေးတတ်နိုင်သူတွေကဗီဇာ လျှောက်ဟိုနိုင်ငံရောက်မှ အဆိုင်လင်ခံကြတာပါ အခုတင်ပြမယ့် UNHCR လျှောက်ထားရာမှာလဲ မြန်မာငွေသိန်း၁၅၀-၂၀၀လောက်လက်ထဲရှိထားသင့် ပါတယ်၊ မဲဆောက် ချင်းမိုင် ဘန်ကောက် အဆင်ပြေ တဲ့နေရာနေနိုင်ပေမယ့်မဲဆောက်မှာကပိုအဆင်ပြေပါတယ် လာနေသူများလို့အခန်းခတွေတောင်စျေးတက်လာပါတယ် သွားနေစရာ ပိုက်ဆံမရှိသေးရင်တော့ ထိုင်းမှာ အလုပ်သွား လုပ်ရင်းလျှောက်ထားနိုင်ပါတယ်၊အလုပ်ကိစ္စတော့ဒီဆောင်း ပါးမှာမပါပါဖူး UNHCR ကိစ္စပဲဆက်ပြောပါမယ်၊ မဲဆောက်ကိုကမ်းကူးခ ဘတ်၃၀၀၀လောက်ကုန်ပါတယ် စာအုပ်နဲ့အပေါ်လမ်းကလာလို့လဲရပါတယ်၊ အင်တာဗျူးလုပ်ဖို့ဒုတိယနိုင်ငံမှာရှိနေရမယ့်သဘောပါ ပြည်တွင်းကလှမ်းလျှောက်လို့ရမရ စုံစမ်းဆဲပါ မဲဆောက်ကိုရောက်ရင် နေစရာကစျေးနုန်းအမျိူးမျိုး ရှိပါတယ် အဲကွန်းမပါတဲ့ Share room တွေဆိုရင်  ဘန်ကောက်မှာတောင် ဘတ်၃၀၀၀လောက်နဲ့ ရတယ်လို့ဆံပင်ညှပ်ဆိုင်က မြန်မာမိန်းကလေးတယောက် ကပြောပြဖူးပါတယ်၊ မဲဆောက်မှာလဲဘယ်လောက်တန်အခန်းနဲ့နေချင်လဲအ

ချက် မိတ်

Image
ခေတ်သစ် သတင်း အဆိုအရ စစ်အာဏာသိမ်း အဖွဲ့၏ ပြည်ထဲရေး တာဝန်ခံ စိုးထွဋ် မှ အမျိုးသား ညီညွတ်ရေး အစိုးရ တပ်မတော် PDF အား ချေမှုန်းရန် ထိတ်တန်းလျို့ဝှက် အစည်း‌အဝေးကို ဒီဇင်ဘာ ၂၃ ရက်နေ့က ခေါ်ယူပြီး brainstorming လုပ်ကြသော်လည်း လူတဦးချင်းစီထံ SMS မက်ဆေ့ခ်ျ ပို့ရန် မှ စ၍ တ‌ယောက် တပေါက် နှင့် လက်တွေ့ အကောင်အထည် ဖေါ်နိုင်စွမ်း မရှိသည့် ပေါက်ပန်းဈေး အကြံညဏ်များ ပြောဆိုရင်းဖြင့်သာ အဆုံးသတ်သွားခဲ့ရသည် ဟု သိရသည်။ ၎င်းတို့ ထိုသို့ တိုင်ပတ်နေချိန်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ဘဏ္ဍာရေး ဝန်ကြီး ဦးတင်ထွန်းနိုင်မှ မိမိတို့ အစိုးရမှ စစ်အာဏာရှင်များ အား ဖြုတ်ချရန် လုံးပမ်းနေသည့် တော်လှန်ရေးကြီး အတွက် ရံပုံငွေ ဒေါ်လာ သန်း ၁၀၀ ကျော် စုဆောင်းနိုင်ခဲ့ပြီဟု ဂုဏ်ယူ ဝင့်ကြွားစွာ ထုတ်ဖေါ်ပြောဆိုလိုက်သည့် သတင်းကို ကမ္ဘာ ဘဏ္ဍာရေး သတင်းဌာန ဖြစ်သည့် Bloomberg တွင် ဖေါ်ပြလာခဲ့သည်။ ထိုအထဲမှ ၄၅% သည် အထူး ငွေတိုက် စာချုပ်များ ရောင်းရငွေများ ဖြစ်ပြီး၊ စစ် အာဏာရှင်များ ပိုင်ဆိုင်ထားသည့် အဖိုးတန် အိမ်ခြံမြေများကို လေလံတင် ရောင်းချရငွေများလည်း ပါဝင်သည်။ ရရှိသည့် ငွေများကို ကဏ္ဍပေါင်းစုံတွင် အသုံးပြုမည်ဟု လည်း ဆိုသည်။ နောက်ပို

အဆိုင်လင်ခံမည့်သူများသိထားသင့်သည့်အချက်များ

Image
မရေးချင်ပေမယ့်လဲရေးတော့မယ် ကနေဒါ ယူအက်စ်အေ အပါအဝင် အဆိုင်လင်ခံလို့ရတဲ့နိုင်ငံတွေကို အလည်၊ကျောင်း၊ မိသားစု ဗီဇာ အခြားစာအုပ်၊သင်္ဘောခုန်ချ အမျိုး မျိုးနဲ့သွားရောက်သူတွေရှိပါတယ် ဒီအထဲမှာ အဆိုင်လင်ခံသူအချို့ ရှိပါတယ်၊နိုင်ငံအတွင်းရောက်ရှိ ပြီးမှရှေ့နေငှါးပြီးဆောင်ရွက်ကြ တာပါ၊ မလာခင်ထဲက အစီအစဉ်ရှိသူ တွေကို ဒီနေရာမှာအကြံပေးချင် တာက ကိုယ်ရေးအချက်အလက် Biography ကိုကြိုရေးထားပါ၊ ပြန်ရင် အဖမ်းခံရမယ် အthat ခံရမယ်တခုခုပါအောင်ရေးရပါ မယ်၊ ဓါတ်ပုံ၊မှတ်တမ်းတွေတင် ရပါတယ်၊ကိုယ့်အီးမေးလ်ကိုယ် ပြန်ပို့ပြီးfolderတခုမှာ hideလုပ် ထားပြီးယူလာလို့ရပါတယ်၊ မည်သည့်ဗီဇာဖြင့်လာသည်ဖြစ် စေ နိုင်ငံအဝင် လူဝင်မှုဌာန Immigration မှာ  “ I would like to apply for Refugee status.” “I can not go back home” လို့ပြောလိုက်ရင်ရပါပြီ အကြောင်းပြချက်တောင်းရင် အီးမေးလ်ထဲမှာသိမ်းထားတဲ့ Bioနဲ့အထောက်အထားတွေ ပေးလိုက်ပါ၊ အသေးစိတ်ရ ယူခြင်းမရှိပါဖူး၊ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းများကိုနောက် ပိုင်းမှာရှေ့နေနဲ့တိုင်ပင်ပြီး ဆောင်ရွက်ရပါတယ်၊ ရှေ့နေခကိုLegal aid  မှတဆင့်လျောက်ထားလို့ရပါတယ် လေဆိပ်မှာတခါထဲလုပ်တာက အထဲရောက်မှလုပ်တာထက်ပို Strong ဖြစ်ပ

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU ဆုံးဖြတ်

Image
■ စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီက ဆုံးဖြတ်ထားတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဇန်နဝါရီလ ၁၅ ရက်မှာ RFA ကို ပြောပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့အနေနဲ့ အထွေထွေရွေးကောက်ပွဲကို အကြားအလပ်မရှိကျင်းပဖို့ ကြိုးပမ်းနေတယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ပြောဆိုထားပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေက နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ KNU အနေနဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ရွေးကောက်ပွဲပြုလုပ်ခွင့်ပေးမှာ မဟုတ်သလို ရွေးကောက်ပွဲလုပ်ငန်းစဉ်မှန်သမျှကို ဆန့်ကျင်သွားမယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။ ဒီရွေးကောက်ပွဲကနေ စစ်ကောင်စီက သူ့ရဲ့ တရားဝင်မှုကို ရှာဖွေဖို့ကြိုးစားမှာဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးအသက်သွင်းဖို့ကြိုးစားတာကို KNU က လက်ခံမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်သွားမလဲဆိုတာကိုတော့ အသေးစိတ်ထုတ်မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။ KNU ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိ

စစ်ကောင်စီရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းမှုကို တရုတ်က လက်မခံခဲ့

Image
စစ်ကောင်စီရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းမှုကို တရုတ်က လက်မခံခဲ့ ဧရာဝတီတိုင်းမ် ဇန်နဝါရီလ ၁၅ ရက် မြန်မာနိုင်ငံမှာပြုလုပ်တဲ့ ဒေသတွင်းအစည်းအဝေးတစ်ခုတက်ရောက်ဖို့ တရုတ်ဝန်ကြီးချုပ် လီခချန်ကို ဖိတ်ကြားပေမယ့် ပေကျင်းက ငြင်းဆန်လိုက်တာဟာ နေပြည်တော်က စစ်အာဏာရှင်တွေအတွက် အရှိုက်ထိခဲ့ တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။ စစ်ကောင်စီက အတိုက်အခံတွေကို နှိပ်ကွက်ကာ နိုင်ငံတကာမှာ တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေမှုကြောင့် နိုင်ငံတကာရဲ့ အထီးကျန်မှု ခံနေရချိန် လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲ (LMC) ကို တက်ရောက်ဖို့ စစ်ကောင်စီရဲ့ဖိတ်ကြားချက်ကို တရုတ်နိုင်ငံက အကြောင်းမပြန်ခဲ့တာပါ။ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးမြှင့်တင်ဖို့ တရုတ်နိုင်ငံက ဉီးဆောင်ပြီး ထူ ထောင်ခဲ့တဲ့ LMC ဟာ မဲခေါင်မြစ်တစ်လျောက်ရှိ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့ ဖွဲ့ စည်းထားတာပါ။ တိဘက်ကုန်းပြင်မြင့်မှမြစ်ဖျားခံကာ တရုတ်နိုင်ငံတွင်းမှ ဖြတ်သန်းစီးဆင်းတဲ့ မဲခေါင်မြစ်ကို လန်ချန်မြစ် လို့ လူသိများပါတယ်။ ၂၀၂၂ ခုနှစ်မှာ LMC အလှည့်ကျဥက္ကဌ မြန်မာန

စစ်ကောင်စီ၏ ၈ နာရီနီးပါးကြာမြင့်သော သွေးရူးသွေး တန်း လျှို့ဝှက် အစည်း အဝေး၄၅မျက်နှာမှတ်တမ်း

Image
စစ်ကောင်စီ၏ ၈ နာရီနီးပါးကြာမြင့်သော သွေးရူးသွေး တန်း  လျှို့ဝှက် အစည်း အဝေးက NUG ၊ CRPH နှင့် PDF ကို ချေမှုန်းမယ်တဲ့လား  ----------------------------------------------------- ▪️အစည်းအဝေး ဆွေးနွေးချက် အပြည့်အစုံ ထုတ်ပြန်ခြင်း By ရန်ကုန်ခေတ်သစ် အကြမ်းဖက် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်၍ ဒီဇင်ဘာ လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ည ၈ နာရီ ၁၅ မိနစ်အထိ   ၈ နာရီနီးပါး ကြာ မြင့်သော သွေးရူးသွေး တန်း  လျှို့ဝှက် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းအစည်း အဝေးတွင်  NUG ၊ CRPH နှင့် PDF ကို ချေမှုန်းရေး ဆွေးနွေးခဲ့ကြသည်။  ယင်းအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၊ ဒုဝန်ကြီးများ၊ ကာကွယ် ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့  အပါအဝင် ဌာနဆိုင်ရာမှ ထိပ်တန်း အရာရှိ ၅၅ ဦးတက် ရောက်ခဲ့ကြသည်။  ယင်းအစည်းအဝေးတွင် လက်ရှိအခြေအနေများအရ NUG ၊ CRPH ၊ PDF တို့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ရန် စစ်ကောင်စီ ၏ ကြိုးပမ်းမှု မအောင်မမြင် သည့်အနေအထားကို စိုးထွဋ်က ဆွေးနွေးသွားသည်။  ရူးကြောင်ကြောင် အကြံပြုချက်များနှင့် ဆွေးနွေးချက်များ ================================ နိုင်ငံတကာနှင့