Posts

Showing posts from March 3, 2022

ဓါတ်ငွေ့ဖိုးမပေးနိုင်လို့တစ်ရက်ကိုလျှပ်စစ်မီး ခြောက်နာရီဘဲရမည်

Image
​ 4 Mar 2022 By MPA /007 နေပြည်တော်မှအပကျန်တစ်နိုင်ငံလုံးနွေရာသီတလျှောက်ပျဉ်းမျှတစ်ရက်ကိုခြောက်နာရီဘဲပေးနိုင်​မယ်လို့စစ်ကောင်စီလက်အောက်ခံနေပြည်တော်လျှပ်စစ်ရုံးကသိရသည်။  “နေပြည်တော်ကပေါင်းလောင်းတိုက်ရိုက်လိုင််းရှိလို့ခံသာနေတာ။ ကျန်တာတွေကတစ်နိုင်ငံလုံးမှာရန်ကုန်ကသဘာဝဓါတ်ငွေ့သုံးစက်တွေနဲ့လျှပ်စစ်ထုတ်ပြီးပေးနေရတာ။အခုဓါတ်ငွေဖိုးမပေးနိုင်တော့တစ်နိုင်ငံလုံးပျှဉ်းမျှခြောက်နာရီဘဲရတော့မယ်”ဟုပြောသည်။  ရေအားလျှပ်စစ်ဟာနွေရာသီမှာထုတ်လုပ်မှုကျဆင်းသွားတဲ့အပြင်ဓါတ်ငွေထုတ်လုပ်မှုဟာဒေါ်လာနဲ့ကုန်ကျတာကြောင့်စစ်ကောင်စီကငွေမတက်နိုင်တော့ဘူးဟုဆိုသည်။  “အာဏာသိမ်းပြီးမိုးကုန်ကတည်းကမီးပျက်​နေတာ။ အခုရန်ကုန်မှာလဲမီးလာချိန်စုစုပေါင်းလေးငါးခြောက်နာရီပါဘဲ။မီးတောင်မှန်အောင်မပေးနိုင်ဘဲစစ်ကောင်စီကစီးပွါးရေးတိုးတက်အောင်လုပ်မယ်ပြောသေး။ ဒီပုံစံဆိုစားဝတ်နေရေးအရမ်းကြပ်တည်းဦးမှာ”ဟုရန်ကုန်မြို့ခံစီးပွါးရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။  မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်ရန်ကုန်ကလျှပ်စစ်သုံးစွဲမှုအများဆုံးမှာရန်ကုန်တိုင်းဖြစ်ပြီးတစ်နိုင်ငံလုံးကုန်ထုတ်လုပ်မှုနဲဝန်ဆောင်မှု၇၅ရာခိုင်နှုန်းဝန်းကျင်ရှိသည်။  လျှပ်စစ်မီးပျက်တောက်မှု၊ဒေါ်လာငွေလဲ

ဗိုလ်မှူးထင်လင်းဖေ ရေကြည်အိုင်စစ်ကြောရေးတွင် ဖမ်းဆီးခံထားရ

Image
​ လူမှုကွန်ရက်တွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို ဝေဖန်သူ မှော်ဘီလေတပ်မှ ဗိုလ်မှူးထင်လင်းဖေ ရေကြည်အိုင်စစ်ကြောရေးတွင် ဖမ်းဆီးခံထားရ ရန်ကုန်၊ မတ် ၄ ခေတ်သစ်မီဒီယာ ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညပိုင်း ဗုံးခွဲခံရမှုနှင့်ပတ်သက်ပြီး လေတပ် အရာရှိ နှင့်စစ်သားများကို  ရေကြည်အိုင်တွင် ခေါ်ယူစစ်ဆေးစဉ် စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီကို လူမှုကွန်ရက်တွင် ဝေဖန်ပို့စ်တင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရ၍ ဗိုလ်မှူးထင်လင်းဖေကို ဖမ်းဆီးထားကြောင်း သိရှိရသည်။  မှော်ဘီလေတပ်စခန်းမှ ဖမ်းဆီးစစ်ဆေးခံရသော လေတပ်အရာရှိ၊ စစ်သား အများအပြား ပြန်လည် လွတ် မြောက် လာသော်လည်း ဗိုလ်မှူးထင်လင်းဖေမှာ ယနေ့အချိန်အထိ လွတ်မြောက်ခြင်းမရှိဘဲ ဆက်လက် ဖမ်းဆီးခံထားရကြောင်း ရေကြည်အိုင် စစ်ကြောရေးမှ တပ်ရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။  " ဗိုလ်မှူး ထင်‌လင်းဖေက  လက်ရှိစစ်တပ်အာဏာသိမ်းတဲ့ဖြစ်စဉ်ကိုလဲသဘောမကျတဲ့အုပ်စုထဲမှာပါပြီးတော့ လေတပ်ဆွယ်မှူးနဲ့လဲ အဆင်မပြေတဲ့သူဖြစ်တယ်။ သူက ဦးပိုင်နဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ Facebook မှာ စစ်တပ်ကို တိုက်ခိုက်ထားတဲ့ စာတွေ တင်ခဲ့သူလည်းဖြစ်ပါတယ်။ သူက မှော

ရုရှားနျူထက် စက္ကန့်ပိုင်းပိုမြန်တာ US နျူတွေပါ

Image
​ အာဏာရှင်ဆိုတာ သူ့ထောင်ချောက်ထဲမှာ သူပြန်ပိတ်နေလေ့ရှိတယ်ဆိုတာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ချိန်မှာ ဗလာမီဒီယာပူတင်ရဲ့ ဖြစ်ရပ်က ထင်ရှားနေတယ်.... ယူကရိန်းကို ၈ရက်ကြာတဲ့အထိ မသိမ်းနိုင်သေးဘူး...  စစ်ရေးကျွမ်းကျင်သူတွေ၊ သုတေသီတွေက ရုရှားရဲ့ စစ်အင်အားအရ ၉၆နာရီအတွင်း သိမ်းနိုင်မယ်လို့  သုံးသပ်ထားကြပေမယ့် ခုချိန်ထိ ဆိပ်ကမ်းမြို့တမြို့သာ  ထိန်းချုပ်ထားနိုင်ပြီး ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါရာကိဗ် မှာ ယူကရိန်းက အပြင်းအထန် ခုခံစစ် ဆင်နွဲထားနိုင် ဆဲပါ...ရုရှားရဲ့တပ်အင်အားဟာ ယူကရိန်းထဲ ကျွံဝင် လေလေ စစ်ပွဲကို ဖြတ်ရခက်လေလေပဲ... စစ်ပွဲကြာလာလေ စစ်အသုံးစရိတ်က ကြောက်ခမန်းလိလိ တက်လာပြီး ရက်ကြာညောင်းလာရင် စစ်ပွဲအသုံးစရိတ် ထက် တိုက်ခိုက်လိုစိတ်မဲ့လာပြီး အီသွားရင် ရုရှားဟာ ဗုန်းဗုန်းလဲကျသွားမယ်ဆိုတာပဲ.... စစ်ရေးကျွမ်းကျင်သူတွေ၊ အမေရိကန်စစ်ဘက်အရာရှိ တွေ ခေါင်းကိုက်နေတာ ရှိတယ်...အင်အားကောင်းလှတဲ့ ရုရှားလေတပ်အုပ်စုတွေ ၁ရက် ၂ရက်သာ လေကြောင်း ထိုးစစ်ဆင်နွဲပြီး အားပျော့လာတယ်... မြေပြင်ကနေ  တာတို တာလတ်ပစ် missilesဒုံးတွေနဲ့သာ မြို့ကြီး တွေကို တိုက်ခိုက်နေပြီး သံချပ်ကာတပ်မတွေသာ အရှေ့ အနောက် ပင်ဆာထိုးစစ်ဆင်နွဲနေတာဖ

ကမ္ဘာတည်သရွေ့ ဥဒါန်းမကျေသင့်သူများ

Image
အရှေ့ဥရောပတွင် စစ်ပွဲကြီး ဖြစ်ပွားလာသည် မှာ တပတ်ခန့်သာ ရှိသေးသော်လည်း နိုင်ငံတွင်း စက်သုံးစီများ ခုန်တက်သွားမှု နှင့် အတူ အထွေထွေ ကြပ်တည်းမှု ကြီးက စတင်လာပြီ ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်လာနေသော အကျပ်အတည်းကို ဖြေရှင်းရမည်ထက် ဖြစ်လာသမျှ ကို ယူကရိန်း စစ်ပွဲ အပေါ် ထိုးချ၍ ရပြီဟု စစ်အာဏာသိမ်း အဖွဲ့ ၏ စိတ်ထဲတွင် ကြိတ်၍ ဝမ်းသာနေလောက်ပြီလည်း ဖြစ်သည်။ သို့သော် ၎င်းတို့ စတက်လာစကပင် စစ်တပ်ကို လစာ အလုံအလောက်ပေးနိုင်ရန် ဆိုကာ ငွေသားများ ထိန်းချုပ်သိမ်းယူခဲ့ခြင်းကြောင့် ကျပ်ငွေ အပေါ်အယုံအကြည် မဲ့လာပြီး တန်ဖိုးထိုးကျသွားခဲ့ရသည်၊ ထိုအချိန်မှစ၍ ပြည်ပမှ ဝယ်ယူ တင်သွင်းနေရသော လောင်စာဆီ၊ စားသုံးဆီ၊ ဓါတ်မြေဩဇာ အစရှိသည့် မရှိမဖြစ် အရေးပါသော ကုန်စည် များ ၏ ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက် လာခဲ့ရသည်။ လက်ရှိ ဖြစ်ပေါ်လာသော နိုင်ငံတကာ အခြေအနေများကြောင့် ပို၍ပင် ဆိုးလာဖို့သာ ရှိနေသည်။ ဓါတ်ဆီ ဈေးသည် အာဏာမသိမ်းခင်က ၇၀၀၊ သိမ်းပြီး မကြာမီမှာပင် ၁,၆၀၀၊ အခု ၂,၀၀၀ အထိ ဖြစ်လာနေသည်။ ထိုသို့ အခြေအနေများ ဆိုးဝါးလာနေ၍ မငတ်ယုံတမယ် ရုန်းကန်နေကြရသော လူထုကြီးမှာလည်း အေးအေးသက်သာ ငတ်နေခွင့် မရကြပြန်၊  ၎င်းတို့ လက်ပါးစေ တပ်များ၏ အနိုင်

အကြွေးမဆပ်သည့် Sanction ရုရှားအပေါ် ပါကစ္စတန် ကျင့်သုံးမည်ဟုဆို

Image
​ ကရာချိ၊ မတ် ၃ ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု အမျိုးမျိုး ပြုလုပ်နေကြရာ ပါကစ္စတန်နိုင်ငံကလည်း ရုရှား နိုင်ငံအား မိမိတို့ပြန်လည်ပေးဆပ်ရန်ရှိသည့် အကြွေးများကို ပြန်မဆပ်တော့သည့် ပိတ်ဆို့မှု ပြုလုပ်သွားမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် အမီရာ ခန်းကပြောသည်။ ရုရှား-ယူကရိန်း အရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် အမီရာခန်းက ထိုသို့ပြော ကြားလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ သတင်းထောက် များက ပါကစ္စတန်နိုင်ငံအနေနှင့် ရုရှားနိုင်ငံအပေါ် မည်သို့ အရေးယူပိတ်ဆို့မှု ဆောင်ရွက် မည်လဲဟု မေးမြန်းခြင်းကို သူထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။  ပါကစ္စတန်နိုင်ငံ အနေဖြင့် ရုရှားကို ပြန်လည်ပေးဆပ်ရန် ကန် ဒေါ်လာ ၁ ဘီလျံကျော် ပမာဏရှိပြီး၊ ယင်းတို့ကို ပြန်လည်ပေးဆပ်တော့မည်မဟုတ်ဟုသူက ဆိုသည်။ #Ref:  Pakistan Imposes Economic Sanctions On Russia, Refuses To Repay Loans

လိုင်းပေါ်မှာ ဒီလိုပျံ့နေတယ်

Image
​ လိုင်းပေါ်မှာလေ ... ဟို NUG ဝန်ကြီးက ဟိုလိုပြောတယ်။ ဟို EAO ခေါင်းဆောင်က ဟိုလိုပြောတယ် တော်လှန်ရေးက အောင်တော့မှာ ဘယ်နိုင်ငံက ဘယ်လိုကူတော့မှာ  စတာတွေ ခဏခဏ တွေ့။ ကျနော်တို့လည်း အဟုတ်ကြီးမှတ်ပြီး လိုက်ဝမ်းတွေသာ။ ပြီးတော့ အဲ့ဒီ နာမည်တပ်ခံရတဲ့ ကာယကံရှင် ဝန်ကြီးတွေ၊‌  ခေါင်းဆောင်တွေကို ပြေးမေး၊ လိုင်းပေါ်မှာ ဒီလိုပျံ့နေတယ်  ဟုတ်လား ခင်ဗျာ ... ဆိုတော့ မဟုတ်ဘူး၊ မပြောဘူးတွေချည်း ပြန်ရ။ တခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်။ ကိုယ့်ဖာကိုယ် ထင်ရာဖြန့်ရင်လည်း လူကြီးတွေ နာမည် မတပ်ပဲ  ဖြန့်ကြပါလားဗျာ။ အိပ်မက်အရ ... တို့ အထက်ပုဂ္ဂိုလ်ကြီးက ပေးတယ် ... တို့ပေါ့။ ခုတော့  ... အလကား နေရင်းထိုင်ရင်း တာဝန်ရှိသူတွေလဲ အပြောအဆိုခံရ ကျနော်တို့လဲ ဟက်ကော့ကြီးဖြစ် ဟုတ်လဲ မဟုတ်ဘူး။ (သွန်းနေစိုး)

​အနုမြူဗုံးတစ်လုံးရဲ့ပေါက်ကွဲမူနှုန်းအပူချိန်

Image
ဇော်သန်းဦး မနေ့က တင်ထားတဲ့ပို့စ်မှာ ဟိုက်ဒရိုဂျင်အနုမြူဗုံးပေါက်ကွဲရင် အကာအကွယ်မရှိဘူးလားလို့ မေးတဲ့သူရှိတယ် ။ သံအလုံပိတ်ထားတဲ့အထဲမှာကော အကာအကွယ်ယူလို့မရနိုင်ဘူးလားပေါ့။ ဆိုတော့ ရေဆူမှတ်ကို အများသိကြပါတယ်။ ၁၀၀ ဒီဂရီစင်တီဂရိတ်မှာ ရေဆူပြီးအငွေ့ပျံတယ်။ အဲဒီဆူနေတဲ့ရေထဲ ကလေးတစ်ယောက်လက်ထည့်လိုက်ရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်ပါ။ ဒါပေမဲ့ ဒီ ၁၀၀ဒီဂရီစင်တီဂရိတ်က သိပ်ကြီးမားလှတဲ့ အပူချိန်မဟုတ်သေးပါဘူး။ ၁၅၀၀ ဒီဂရီစင်တီဂရိတ် အပူချိန်ဆိုရင် သံအရည်ပျော်ပါတယ်။ အဲဒီသံရည်ပူထဲ လူကိုထည့်လိုက်ရင် ဘာဖြစ်သွားမလဲ။ အပူချိန် ၂၅၀၀ ဒီဂရီစင်တီဂရိတ်ဆိုရင် သံကအငွေ့တောင်ပျံပါတော့တယ်။ အဲဒီထဲကို လူထည့်လိုက်ရင် ဘာဖြစ်သွားမလဲ။ ဒီ ၂၅၀၀ ဒီဂရီစင်တီဂရိတ်အပူချိန်ကလည်း ကြီးမားတယ်လို့ မဆိုသာသေးဘူး။ ဟိုက်ဒရိုဂျင် အနုမြူဗုံးတစ်လုံး ဖောက်ခွဲလို့ ထွက်ပေါ်လာတဲ့အပူချိန်က ဒီဂရီသန်း ၁၀၀ လောက်ရှိပါတယ်။ သံအငွေ့ပျံဖို့တောင် ၂၅၀၀ ဒီဂရီစင်တီဂရိတ်ပဲလိုတာ သန်း ၁၀၀နဲ့ နှိုင်းဆာကြည့်ရင် နည်းနည်းလေးပဲပေါ့။ ဒီအခုအပူချိန်က နေမှာရှိတဲ့အပူချိန်နဲ့ သွားတူပါတယ်။ နေက လူနဲ့ ဘယ်လောက်ဝေးသလဲဆိုရင် မိုင်ပေါင်း ၉သန်းလောက်ဝေးပါတယ်။ ဒါတောင် မွန်းတည့်နေရဲ့အပူချိန

ဗိုလ်ချုပ်ရွာဟုအမည်တွင်သောဆိတ်ငြိမ်ရပ်ကွက်

Image
​ မခိုးဘူးဆိုသောပါတီအဘများနှင့် မြန်မာ့စစ်ဗိုလ်ချုပ်တို့၏ဗိုလ်ချုပ်ရွာဟုအမည်တွင်သောဆိတ်ငြိမ်ရပ်ကွက်.. ----------------------------------------------------------------------- မကြာခင်သမ္မတသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့် ဦးသိန်းစိန်သည် လွန်ခဲ့သောရက်ပိုင်းအတွင်းက ပြင်ဦးလွင်မြို့ရှိ သူ၏စံအိမ်တော်တွင်လာရောက်အနားယူခဲ့သည်။ဒီဇင်ဘာ၃၀ရက်နေ့က စတင်ရောက်ရှိခဲ့ပြီး ပြင်ဦးလွင်ရှိသူ၏စံအိမ်တော်၌ပင် နှစ်သစ်ကူးခဲ့သည်ဟုယူဆရသည်။ မြန်မာပြည်သူ့ကျွန်လက်အောက်ကျရောက်ချိန်ကတည်းက အုပ်စိုးသူမင်းဧကရာဇ်တို့၏ စိတ်ကြိုက်မြို့တစ်ခုဖြစ်ခဲ့သော ပြင်ဦးလွင်တွင်မြန်မာ့တပ်မတော်ခေါင်းဆောင်ဟောင်းများသည်လည်း ၎င်းတို့ပိုင်ဆိုင်သည့် စံအိမ်တော်များ၌တပ်မတော်လုံခြုံရေးအပြည့်အ၀ယူကာရံဖန်ရံခါလာရောက် အပန်းဖြေတက်ကြသည်။ ပြင်ဦးလွင်မြို့၏တောင်ဘက် မဆိုသလောက်အကွာအဝေးတွင်ရှိသောတောင်ကမူများတွင် ဗိုလ်ချုပ်ဟောင်းများ အပန်းဖြေနားနေသည်ဟုယူဆရသော ပုံစံတူစံအိမ်များကခမ်းနားထည်ဝါစွာမင်းမူနေသည်။ စံအိမ်တော်များရှိရာ မြေဧကရာချီ၍ကျယ်၀န်းသောထိုနေရာကို စစ်၀တ်စုံ၀တ်ဆင်ထားသူတို့က ဂိတ်ပေါက်များတွင် အလှည့်ကျ စောင့်ကြပ်နေကြသည်။ အနီးပတ်၀န်းကျင်ရှိရွာသားများက ထိုနေရာကိ

“လျှပ်စစ် မီးတွေ တဖြည်းဖြည်း ပိုပို ဖြတ်လာခြင်းရဲ့ နောက်ကွယ်”

Image
​ On “လျှပ်စစ် မီးတွေ တဖြည်းဖြည်း ပိုပို ဖြတ်လာခြင်းရဲ့ နောက်ကွယ်” “လျှပ်စစ် မီးတွေ တဖြည်းဖြည်း ပိုပို ဖြတ်လာခြင်းရဲ့ နောက်ကွယ်”ခပ်တိုတိုရေးပါမယ်။ လျှပ်စစ် မီးတွေကို တဖြည်းဖြည်း ဖြတ်လာပီး..တစ်နေ့ကို ရှစ်နာရီလောက်သာ သုံးစွဲခွင့် မျိုးလုပ်လာပါတယ်.. ယခင်ကတည်းက လျှပ်စစ်ကေဘယ်လ်ကြိုး under ground မြှုပ်နှံမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စကစ အတွက်သီးသန့် ဓာတ်အားလိုင်းအားသာ ပြုပြင်လုပ်ဆောင်ပြီး ကျန်သောလျှပ်စစ် ဓာတ်အားများကို ထိုင်းနဲ့ အိန္ဒယ တို့အားတိုး၍ ရောင်းချပြီး ရလာသော ဒေါ်လာနဲ့ လေယာဥ်ဆီနဲ့စက်သုံးဆီကို ယခု စင်ကာပူနဲ့ တရုတ်တို့ကနေ ပြန်လည်ဝယ်ယူတင်သွင်းနေပါတယ်..ဒါကြောင့် မီးဖြတ်ပါတယ်။ မီးဖြတ်​ လိုက်တဲ့အတွက် အင်တာနက် နဲ့ ဝိုင်ဖိုင်များအသုံးပြုနေမှု လုပ်ငန်းများ အားလုံးရပ်ဆိုင်းပါတယ်။ဆီစျေးပြန်ကျတယ်လို့ ထင်နေကြပေမဲ့ အမှန်တကယ်က ပြည်တွင်းသွားလာမှုတွေကို ကန့်သတ်ထားပြီး ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှု ၄၀ % သာ ရှိလာတာမို့ ပြည်တွင်းစက်သုံးဆီ အဝယ်နည်းပါးလို့ စျေးအနည်းငယ် ပြန်ကျသယောင်ဖြစ်သွားတာပါ။ ရန်ကုန်တိုင်း ၄၈ မြို့နယ်စာ ယခင် သုံးစွဲနေသော လျှပ်စစ်ဝပ်အားကို ထက်ဝက်လျှော့ချပြီး ကျန်သော ထက်ဝက်ကို ရ

ဗိုလ်ရှုခံပွဲအပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပျက်မှု အခြေအနေ အလွန်ဆိုးဝါးလာ

Image
​ မင်းအောင်လှိုင်ကို အလေးပြုရသည့် ငွေကျပ်ဘီလီယံချီ သုံးစွဲခဲ့သော ဗိုလ်ရှုခံပွဲအပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပျက်မှု အခြေအနေ အလွန်ဆိုးဝါးလာ ရန်ကုန်၊ မတ် ၃  နေပြည်တော်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အလေးပြုရသည့် ငွေကျပ်ဘီလီယံချီ သုံးစွဲခဲ့သော ဗိုလ်ရှုခံပွဲအပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပျက်မှု အခြေအနေ အလွန်ဆိုးဝါးလာကြောင်း ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများမှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။  "မီးက လာချင်သလိုလာတယ်။ ပျက်ချင်သလို ပျက်တယ်။ ပုံမှန်လည်း မဟုတ်ဘူး။ ပျက်တဲ့အချိန်က ပိုများတယ်။ တချို့ရက်တွေဆိုရင် မနက်ကတည်းက ပျက်တယ်။ ညနေ ၆ နာရီမှာ ပြန်လာတယ်။ ၇ ခွဲကျတော့ ပြန်ပျက်သွားတယ်။ အဲဒါ တစ်ညလုံးပဲ။ ည ၁၁ ခွဲလောက်မှာ ပြန်လာတယ်။ မမှန်းတတ်တော့ဘူး။ ပူက ပူ ။ မီးကပျက်ဆိုတော့ အရမ်းဒုက္ခရောက်နေတယ်။ မီးလာရင် ရေတင်ရတယ်။ အဝီစိရေမို့ပဲ တော်တော့တယ်" ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမှ ပြည်သူတစ်ဦးက ပြောသည်။  ရန်ကုန်မြို့လယ် အထပ်မြင့်တိုက်များတွင် မီးပျက်ချိန်ကြာမြင့်လာမှုကြောင့် ရေတင်မရ ခြင်း ပြဿနာများ ကြုံတွေ့နေရသည်ဟုဆိုသည်။  "ဂျိုးဖြူရေက အချိန်နဲ့ပေးတ

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

DVB TV News. 3 March, 2022. ဝါရှင်တန်မှာ အခုလအတွင်းကျင်းပမယ့် အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်ကြားမှာ မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ကြားမယ်လို့ သိရပါတယ်။  သမ္မတ ဂျိုးဘိုင်ဒင်ဟာ မတ် ၂၈ နဲ့ ၂၉ ရက်တို့မှာ အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အထူးထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပဖို့ စီစဉ်ထားတာပါ။ နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ မြန်မာကိုယ်စားလှယ်တယောက်ကိုသာ အစည်းအဝေးတက်ဖို့ ဖိတ်ကြားမှာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဦးဆောင်မှုကို လိုက်နာမှာ ဖြစ်ကြောင်း အမေရိကန်ဘက်က ပြောတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးနယ်က မဟုတ်တဲ့ ကိုယ်စားလှယ်တွေကို အာဆီယံအဆင့်မြင့် အစည်းအဝေးပွဲတွေမှာဖိတ်ကြားဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ထောက်ခံပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးတာဝန်ယူထားသူမဟုတ်တဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားဖို့လည်း ဆုံးဖြတ်ထားကြောင်းနဲ့ စစ်အုပ်စုက အာဆီယံရဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်အရ အဓိပ္ပါယ်ရှိတဲ့ တိုးတက

​စစ်ကောင်စီ ထောက်လှမ်းရေးကြောင့် ထောက်ပို့အဖွဲ့ ၁၀ ဖွဲ့ကျော် ရပ်နား

ဂျာမုန်း စစ်ကောင်စီ ထောက်လှမ်းရေးကြောင့် ထောက်ပို့အဖွဲ့ ၁၀ ဖွဲ့ကျော်သည် ယမန်နေ့ မတ်လ ၂ ရက်နေ့မှ စတင်၍ ထောက်ပို့ လုပ်ငန်းများကို ယာယီ ရပ်နားကြောင်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ အသီးသီးမှ ထုတ်ပြန်သည်။ To Comrades - ရဲဘော်များသို့အဖွဲ့၊ ANTS- ပုရွက်ဆိတ်များ၊ Yell Baw- ရဲဘော်၊ Wings of Urban Revolution ၊ Dogs Fighter၊ လှူကြမယ်+ဒီကကြည့် ၊ မြတ်နိုးရင်းလှူ ၊ မူမနေနဲ့ လာလှူ၊  နိုင်ချင်ရင်လှူ ၊ဝယ်ရင်းလှူနိုင် စာအုပ်ဆိုင်၊  Bees Fundraising Team၊ Book Raffle Fundraising Program စသည့်အဖွဲ့များအပါအဝင် ၁၀ ဖွဲ့ကျော် ရပ်နားထားကြခြင်း ဖြစ်သည်။ “အနုပညာရှင်တွေ ပြန်လွှတ်တယ် ဆိုတဲ့သတင်းကို အကာအကွယ် ယူပြီး ရန်သူစစ်တပ်ဟာ ကျွန်တော်တို့ ညီနောင်တွေကို အင်အားသုံး ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော် တို့ ညီနောင်တွေဟာ ပြည်တွင်းမှာ ကုတ်ကတ်နေပြီး တော်လှန်ရေးအပေါ် သစ္စာ ရှိနေကြတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်နိုင်စွမ်းဟာ သာမန်လူငယ် တစ်ယောက် လုပ်နိုင်စွမ်းထက် ပိုပြီး များနေပါတယ်။ ဒီလိုလူငယ်တွေ ကျွန်တော်တို့ အဆုံးရှုံး မခံချင်ပါဘူး။ ဒီအတွက် ကျွန်တော်တို့ ညီနောင်မဟာမိတ် အဖွဲ့အစည်း တချို့ဟာ လုပ်ငန်းစဉ်တွေ

​ပူတင်က သူ့မိသားစုကို လျို့ဝှက် "မြေအောက်ဘန်ကာ" ထဲ ပုန်းခိုင်းထား

Image
news.com.au ဗလာဒီမာပူတင်က သူ့မိသားစုကို မကြာသေးခင်က ဆိုက်ဘေးရီးယားရှိ မြေအောက်မြိုတစ်ခုသို့ပြောင်းရွှေ့ဝှက်ထားကြောင်း ရုရှားပရော်ဖက်ဆာတစ်ဦးအပြောအရသိရသည်။   ဇိမ်ခံအဆင်မြင့်နည်းပညာများဖြင့်ဖွဲ့စည်းတည်ဆောက်ထားသော ဘန်ကာသည် အယ်လ်တိုင်တောင်တန်းများတွင်တည်ရှိပြီး နူကလီးယားဒဏ်ကိုပင်ခံနိုင်အောင် ဒီဇိုင်းဆွဲထားခဲ့သည်ဟု အသက် ၆၁ နှစ်အရွယ် နိုင်ငံရေးဆိုင်ရာသိပ္ပံပညာရှင် ဗလာရီ ဆိုလိုဗီး ပြောသည်။    ရုရှားက ယူကရိန်းမြို့တော် ကီယက်ဗ်နှင့် ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို အမြောက်ကျည်ဆံမိုးရွာနေချိန် ပူတင်သည် "Vaccum ဗုံး" များအသုံးပြုကာ အပြစ်မဲ့အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန်နေကြာင်း စွပ်စွဲချိန်များထွက်ပေါ်လာချိန်တွင် သူ့မိသားစုပုန်းရှောင်နေသည်ဆိုသောပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။  အဆိုပါပညာရှင်သည် အစောပိုင်းက ပူတင်သည် ကျန်းမာရေးပြဿနာရှိနေပြီး ရုရှားလူထုမသိအောင်ဖုံးအုပ်ထားကြောင်းနှင့် သူနှင့် သူ၏ ကာကွယ်ရေးဝန်ကြီး ဆာဂျေရွိုင်ဂုတို့ လျို့ဝှက်ကာ တိုင်းရင်းရိုးရာတစ်မျိုးဖြစ်သော ရှာမန်တို့၏ ယတြာချေဆုတောင်းခြင်းများပြုလုပ်ကြောင်း စွပ်စွဲထားဖူးသည်။  " သမ္မတပူတင်ရဲ့ မိသားစုဟာ နူကလီယာ

ရုရှားကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ် အဖွဲ့ နေပြည်တော်ရောက်

Image
​ ရုရှားကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ် စစ်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်၊ အီရန် လေယာဉ်ဆိုက်ရောက်ပြီး ငွေစက္ကူကုန်ကြမ်း ပါဝင်လာဟုဆို၊ ရုရှား IL 76 ကုန်တင်လေယာဉ် နေပြည်တော် လာရန်ရှိ ရန်ကုန်၊ မတ် ၃  ခေတ်သစ် ရုရှားနိုင်ငံ၏ ယူကရိန်း အပေါ် ကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ်နိုင်ငံမှ စစ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ နေပြည်တော်တွင် ရောက်ရှိနေပြီး ယနေ့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဘီလာရုစ် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်ရှိလာခြင်းဖြစ်‌ပြီး  စစ်ရေးဆိုင်ရာ ကိုယ်စားလှယ် ၁၀ ဦးမှ ၁၅ ဦးပါဝင်ကြောင်း ၊ ယနေ့ မတ်လ ၃ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။  အလားတူ အီရန်နိုင်ငံ မက်ရှ်ဟတ်လေဆိပ်မှ ထွက်ခွာလာသည့် Qeshm Fars လေကြောင်းလိုင်းပိုင် ကုန်တင်လေယာဉ်တစ်စင်းသည် ယမန်နေ့ နေပြည်တော် လေဆိပ်ရောက်ရှိကာ ကုန်သေတ္တာများချထားပေးကြောင်း၊ ယင်းကုန်သေတ္တာများတွင် ငွေစက္ကူရိုက်နှိပ်နိုင်သော စက္ကူများ၊ လက်နက်ခဲယမ်းများ ပါဝင်ဖွယ်ရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။  အလားတူ မတ်လ ၅ ရက်နေ့