Posts

Showing posts from February 25, 2022

တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရမှု လေတပ်အရာရှိနှင့်စစ်သားများ အဖမ်းခံရ

Image
​ မှော်ဘီလေတပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဗုံးခွဲခံရမှု လေတပ်အရာရှိနှင့်စစ်သားများ အဖမ်းခံရပြီး ရေကြည်အိုင်တွင် စစ်ဆေးခံနေရ  ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆  ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှ Yak 130 တိုက်လေယာဉ် ၂ စီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညပိုင်း ဗုံးခွဲခံရမှုနှင့်ပတ်သက်ပြီး လေတပ် အရာရှိ နှင့်စစ်သားများ အဖမ်းခံရပြီး ရေကြည်အိုင်တွင် အစစ်ဆေးခံနေရကြောင်း  တပ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောသည်။  ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀   အချိန် People’s Force ပြည်သူ့ အင်အားစု (Yangon) က  မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထား ရှိနေ ရာ ကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားကြောင်း သတင်း ထုတ် ပြန်ခဲ့ပြီး လေတပ်သတင်းရင်းမြစ်ကမူ တိုက်လေယာဉ် ၂ စီးလုံး ပြောပလောက် အောင် မထိခိုက်ခဲ့ဟုဆိုသည်။  လက်ရှိတွင် မှော်ဘီလေတပ်စခန်းမှ လေတပ်အရာရှိဗိုလ်ကြီးများ အပါအဝင် မသင်္ကာသော လေတပ် စစ်သားများ၊ မိုဘိုင်းလ်ဖုန်းများကို ယူဆောင် စစ် ဆေးပြီး  လူမှုကွန်ရက်တွင် NUG ပေ့

ပူတင်နဲ့ ရုရှားခရိုနီခေတ်ပျက်သူဌေးတွေ ခေါင်းချင်းဆိုင်

Image
​ Burma News Network. ၂၄ ဖေဖေါ်ဝါရီ ၂၀၂၂။ အနောက်နိုင်ငံတွေရဲ့ စီးပွါးရေးပိတ်ဆို့မှုတွေအပေါ် တုန့်ပြန်ဖို့ ရုရှားသမ္မတပူတင်နဲ့ ရုရှားဘီလျံနာတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဆွေးနွေးပွဲအပြည့်အစုံကို ထုတ်လွှင့်ပြသခြင်းမရှိပေမယ့် ရုရှားမီဒီယာတွေဖေါ်ပြချက်အရဆိုရင် အခု ပိတ်ဆို့မှုတွေဟာ ၂၀၁၄ ခုနှစ် ခရိုင်မီးယားက်ို သိမ်းပိုက်ပြီးချိန်က ပိတ်ဆို့မှုတွေလိုမဟုတ်ပဲ ရုရှားရဲ့ စီးပွါးရေးလည်ပတ်မှုတွေကို အကြီးအကျယ်ထိခိုက်နိုင်တာမို့ သယ်ယူပို့ဆောင်ရေး နည်းပညာ ဘဏ်လုပ်ငန်း ပို့ကုန် သွင်းကုန်တွေနဲ့ပတ်သက်လို့ တရုတ်နဲ့ အမြန်ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားဘီလျံနာတွေက တင်ပြခဲ့တယ်ဆိုပါတယ်။  လက်ရှိ အမေရိကန်နဲ့ အနောက်နိုင်ငံတွေပိတ်ဆို့မှုအရ ရုရှားမှာ စစ်လေယာဉ်၊ သင်္ဘော၊ ကွန်ပြုတာနဲ့ဆက်စပ်တဲ့အရာအားလုံးကို ပြန်လည်ပြုပြင်ထိမ်းသိမ်းရေးလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုပါတယ်။ သွင်းကုန် ပို့ကုန်လုပ်ငန်းတွေအတွက် သယ်ယူပို့ဆောင်ဖို့လည်း အကျပ်အတည်းရှိသွားပြီလို့ ရုရှား စီးပွါးရေးသတင်းတွေက ထောက်ပြပါတယ်။ ဒေါ်လာ ယူရို စတာလင်ပေါင် ဂျပန်ယန်း ငွေတွေနဲ့ ဘဏ်တွေကတဆင့် ငွေကြေးလှဲလှယ်ဖို့လည်း မဖြစ်နိုင်တော့ဘူးဆိုပါတယ်။  ရုရှားက ဖန်တီးအသိအမှတ်ပ

စစ်ဘေးရှောင် အမျိုးသမီးသားအမိ(၃)ယောက်ကို မီးရှို့သတ်ပစ်ခဲ့

Image
​ { English Below }  စစ်ကောင်စီတပ်သည် စစ်ဘေးရှောင် အမျိုးသမီးသားအမိ(၃)ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွား ပြီး မီးရှို့သတ်ပစ်ခဲ့ 25 Feb 2022 By MPA စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဘေးရှောင် အမျိုးသမီးသားအမိ(၃)ယောက်ကို ဖေဖော်ဝါရီ လ(၂၃)က်နေ့က ဖမ်းဆီးခေါ်ဆောင်ခဲ့သွားပြီး ယနေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် တဲနှင့်အတူ မီးရှို့သတ်ထားခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တဲနှင့်အတူ မီးရှို့ထားခဲ့သည့် သားအမိ(၃)ယောက် မှာ ကလေးမြို့နယ်၊ ချောင်းခွရွာမှ နူးလျန်(ခ) ဒေါ်ခိုင်ခိုင်ထွေး၊ အသက် (၄၀)နှစ်ခန့် ၊ အသက် (၁၅)နှစ်၊(၁၆)နှစ်အရွယ်ခန့် သမီး မငွန်ဇထျန်း (Ngun Za Thian)နှင့်မထန်းနွန်ကျွဲ (Thian Nun Cawi)တို့ဖြစ်သည်။ `` အမျိုးသမီးတွေကိုပဲ ရွေးပြီးဖမ်းခေါ်သွားကတည်း က စိတ်ပူနေခဲ့ကြတာ။ မပြောရက်လို့သာ။ သူတို့ကို အဓမ္မစော်ကားပြီး ရက်ရက်စက်စက် မီးရှို့သတ်ခဲ့တာ ပဲဖြစ်မယ်။ ယုတ်မာလိုက်ကြတာ ´´ဟု ချောင်းခွရွာသူ တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ(၂၄)ရက်နေ့၊ နံနက်(၁၁)နာရီခွဲ ခန့်တွင် PDF များ၏ အကူအညီဖြင့် နူးလျန် သား အမိ(၃)ယောက်၏ မီးရှို့ခံထားရသော ရုပ်ကြွင်း အရိုးများကို သွားကောက်ခဲ့ကြကြောင်း၊ မီးရှို့ထားခဲ့ သည့်န

ကမ္ဘာ့ယန္တရားကြီး ဘယ်လောက် ကမောက်ကမ ဆန်နေသလဲဆိုတာ

Image
​ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေချိန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း သူက ဥက္ကဋ္ဌပါ။ ကုလအတွင်းရေးမှူးချုပ်က ဥက္ကဋ္ဌ ရုရှားဘေးမှာထိုင်ပြီး ရုရှားတပ်တွေ ဆုတ်ပါဆိုပြီးပြောရတယ်။ Thank You Mr.President လို့လည်း ပြောရသေးတယ်။ ဒီ‌လို အဆင့်မြင့် ကဏ္ဍ ကြီးတွေထဲတောင် ကမောက်ကမဖြစ်နေမှတော့ ICJ မှာ စစ်ကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရပြီး စစ်ကောင်စီ ‌လုပ်သမျှ ပြောသမျှ မြန်မာဘက်က လျှောက်လှဲချက်၊ မြန်မာဘက်က တုန့်ပြန်ချက်ဆိုပြီး သိမ်းကျုံး ပြောခံနေရတာ မဆန်းတော့ပါဘူး။  credit:-Aung Kyaw Sint

ရုရှားကို နိုင်ငံတကာငွေလွှဲစံနစ်ကနေ ဖယ်ထုတ်ဖို့ အကြောင်းပြချက်ရသွား

Image
​ နိုင်ငံတကာအရေးအခင်းတွေဟာ အပေါ်ယံမြင်ရတာထက် နက်နဲပေမယ့် တကယ်တမ်းမှာ ယူကရိန်းလူငယ် သမ္မတဟာ အယုံလွယ်ခဲ့တယ်ထင်မိတယ်။  ဘိုင်ဒင်အစိုးရဟာ ယူကရိန်းကို ကူညီပါတယ်။ ဒါပေမယ့် သူ့ကူညီမှုဟာ ယူကရိန်းလိုအပ်နေတဲ့အရာ မဟုတ်ဘဲ သူက ရုရှားကို ကမ္ဘာ့ပါဝါ အဆင့်တခုကနေ လျှော့ချဖို့ လုပ်တာနဲ့တူနေတယ်။ ရုရှားဟာ ယူကရိန်းကို ဝင်တိုက်တဲ့ အတွက် နိုင်ငံတကာ စာမျက်နှာမှာ သိုးမဲဘဝရောက်သွားပါတယ်​။  ဒီစစ်ပွဲဟာ တချိန်က ကိုးရီးယားစစ်ပွဲမှာ တရုတ်ဝင်စွက်ဖက်ခဲ့တာနဲ့ ဆင်တူနေပါတယ်။ ကိုးရီးယားကျွန်းဆွယ်စစ်ပွဲမှာ တရုတ်က ဝင်တိုက်ပြီး ပထမ အဆင့်တွေမှာ အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ထောက်ပို့ ပြဿနာတွေကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ် ။ အခု ပြဿနာက ယူကရိန်းကို ဝင်တိုက်တဲ့ အတွက်ရုရှားကို နိုင်ငံတကာငွေလွှဲစံနစ်ကနေ ဖယ်ထုတ်ဖို့ အကြောင်းပြချက်ရသွားစေပြီး ရုရှားအနေနဲ့ ရေရှည်မှာ အထိနာနိုင်တဲ့ အခြေအနေပါ။ ယူကရိန်းကတော့ ကြေမွပျက်စီးသွားနိုင်တယ်။ ယူကရိန်း သမ္မတက အခု Neutrality ကို ထုတ်ပြောလာတဲ့ အတွက် အရှေ့ဥရောပနိုင်ငံတွေမှာ အမေရိကန်နဲ့ အနောက်ဥရောပ ပါဝါတွေအပေါ် ယုံစားရမှုဟာ ကျဆင်းလာမလားတွေးမိတယ်။  NATO နဲ့ အမေရိကန်ရဲ့ အရွေ့ဟာ အာ

ကိယက်ဗ်မြို့တော်ကို ကာကွယ်ဖို့၊ အရန်တပ်ဖွဲ့ဝင် ကို လက်နက်တွေဝေ

Image
​ ယူကရိန်းစစ်ယာဉ်တန်းတွေ ကိယက်ဗ်မြို့တော်ကို ကာကွယ်ဖို့၊ အရန်တပ်ဖွဲ့ဝင် ပြည်သူတွေကို လက်နက်တွေဝေ  မြို့တော်ဆီကို ရောက်လာနေတဲ့ ရုရှားတပ်ကိုကာကွယ်ဖို့အတွက် ယူကရိန်း စစ်ယာဉ်တန်းတွေ ကိယက်ဗ်မြို့တော်ထဲကို ဝင်နေပြီလို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါ တယ်။  မြို့တော်ဝန် ဗစ်တာလီ ကလစ်ကလည်း အစောပိုင်းမှာ "မြို့အနေနဲ့ ခုခံရေးစစ်နွှဲပြီ" လို့ ပြောခဲ့ပါတယ်။  ယူကရိန်းအာဏာပိုင်တွေက ပြည်သူတွေကို မိုလိုတော့ဗ် ဓာတ်ဆီဗုံးတွေလုပ်ထားဖို့၊ လက်နက်ကိုင်ကြဖို့ တွေအပါအဝင် ရုရှားတပ်တွေကို ခုခံဖို့ လုပ်နိုင်တာ အားလုံးကို လုပ်ပါလို့ နှိုးဆော်ထားပါတယ်။  ကိယက်ဗ်က အရန်တပ်ဖွဲ့ဝင် ပြည်သူတွေအတွက် မောင်းပြန် သေနတ်ပေါင်း အလက် ၁၈,၀၀၀ ကို အစိုးရက ထုတ်ပေးထားပါတယ်။  မိုလိုတော့ဗ် ဓာတ်ဆီဗုံး လုပ်နည်း အဆင့်ဆင့် ဖော်ပြထားတဲ့ စာကိုလည်း  ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက သူတို့ရဲ့လူမှုမီဒီယာမှာ ပို့စ် တင်ထားပါတယ်။  ပုံ - မူရင်း - AFP via Getty Images https://www.bbc.com/burmese/world

ရေတိုရုရှားနည်းဗျူဟာနှင့် ရေရှည် အမေရိကန်မဟာဗျူဟာ

​ အမေရိကန်သမ္မတဘိုင်ဒင်က နေတိုးအဖွဲ့တွေယူကရိန်းထဲဝင်ပြီးတော့ စစ်မတိုက်ဘူး၊ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေ ထိရဲရင်ထိကြည့်လို့ပြောပြီး ရုရှားတွေ အချိန်တိုအတွင်း တဒင်္ဂရတဲ့ စစ်ရေးအသားစီးရမှုဟာ ယူကရိန်းတွေရဲ့ ရေရှည် CDM နဲ့တွေ့မယ်လို့ ပြောလိုက်ပါတယ်။  ဆိုလိုတာကတော့ ရုရှားအပေါ် နိုင်ငံတကာပိတ်ဆို့မှု တွေ အမျိုးမျိုးလုပ်စဉ် ယူကရိန်းကို အကူအညီဆက်ပေးနေပြီး ရေရှည်ရုရှားအင်အားချိနဲ့အောင် လုပ်သွားမဲ့ အနောက်ရဲ့ မဟာဗျူဟာကို ခင်းပြလိုက်ပါတယ်။  တချိန်တည်းပူတင်ကလည်း မိန့်ခွင်းထွက်ပြောရင်း ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို မထိပါးလိုဘူး ယူကရိန်းတပ်တွေလက်နက်မြန်မြန်ချ၊ လက်ရှိအစိုးရကို ဖြုတ်ချ အစိုးရအသစ်တင် ရုရှားနဲ့ နှစ်ကိုယ့်တစိတ်နေဆိုတဲ့ message ပေးပါတယ်။  ရုရှားတွေ အာဖဂန်နစ္စတန်မှာ ဆုတ်ခွာခဲ့ရတာကို နမူနာယူပြီး ပူတင်အနေနဲ့ ယူကရိန်းကို ရေရှည်ထိန်းမထားလိုပဲ အချိန်တိုအတွင်းစစ်ရေးအသာစီးမှု ရယူကာ လက်ရှိယူကရိန်းအစိုးရကိုဖြုတ်ချပြီး ရုပ်သေးအစိုးရတင်ကာ ယူကရိန်းစစ်ပွဲကို အမြန်ပြီးစီးချင်တဲ့ ဆန္ဒရှိပုံရပါတယ်။ တင်းမာသွားတဲ့ အနောက်ဥရောပနိုင်ငံတွေကို သူ့ရဲ့ စွမ်းအင်အပေါ်အမှီအခိုပြုနေရတဲ့ အသာစီးရမှုကို အသုံးပြုပြ

ရုရှား-ယူကရိန်းအခက် မြန်မာအချက်

Image
​ #Crd.  နာဇီဂျာမနီ ဒုတိယကမ္ဘာစစ်ကို စတင်ချိန် ပိုလန်နိုင်ငံကို စသိမ်းတာ ၂၇ရက်ကြာပါတယ်... ဝါဆော ဂျူးဂတ်တိုစခန်းကို တိုက်ရတာ ၄၂ရက်ကြာပြီးမှ ရခဲ့တယ်... ဂျူးတွေလည်း ထောင်လမောင်း သေကြေပေါ့... ပိုလန်ဂျူး ၃သောင်းကျော်သေပါတယ်... တင့်ကားတွေ အမြှောက်ကြီးတွေအပြင် လေယာဥ်တွေ နဲ့ပါ ရက်ရက်စက်စက် နင်းချေခဲ့တယ်...စစ်ဦးဘီလူးဆို တဲ့အတိုင်း... မနေ့ ဖေဖော်ဝါရီ၂၄ရက်က ရုရှားဟာ အိမ်နီးချင်း ယူကရိန်း နိုင်ငံအပေါ် အကြောင်းပြချက်ရေရေရာရာမရှိပဲ ဝင်ရောက် တိုက်ခိုက်ကျူးကျော်ခဲ့တယ်...တာတို တာလတ်ပစ် missiles တွေ၊ သံချပ်ကာတပ်မကြီးတွေအပြင် Fighter Jet Bomber လေယာဥ်တွေနဲ့ ကီးယက်ဗ်မြို့ကို ဝင် တိုက်ခိုက်ခဲ့တယ်...  ဗြောင် ကျူးကျော်တာပါ...ဒွန်းဘက်စ်နဲ့လူးဟန်စ့်ကို State အဖြစ် အသိအမှတ်ပြုလက်မှတ်ထိုးပြီး ငြိမ်းချမ်း ရေးခေါင်းစဥ်နဲ့ စစ်အင်အားစေလွှတ်ပြီး ခေါင်းစဥ်ပြ ပေမယ့် တကယ်တမ်း ယူကရိန်းအသားတစ်ကြီးကို  မြိုချင်တာ ဖုံးမရ ဖိမရပေါ်လာတယ်... ရုရှားဟာ ယူကရိန်းကို သိမ်းလိုက်နိုင်ရင်ဆိုပေမယ့် နောက်ဆက်တွဲဆိုးကျိုးအရ ခံနိုင်ရည်ရှိဖို့က မလွယ် လှဘူး... တရုတ်ကလည်း စီးပွားရေးအနေအထားအရ ကျင့်သုံးတဲ့ပေါ်လစီအရ ရုရှားလို နိုင်ငံကြီးကို အဘက်ဘ

​ရန်ကုန်မြို့တွင် တော်လှန် လူငယ်များချီတက် ဆန္ဒပြ

Image
​ ရန်ကုန်မြို့ လယ်ခေါင်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ခေတ်သစ် ရန်ကုန်မြို့ လယ်ခေါင်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် "သူရဲကောင်းဝါဒ ဆန့်ကျင်ကြ  ပြည်သူသာလျှင် အဓိက" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ Photo - Nway Oo

ရုရှား၏ ယူကရိန်းအပေါ် တိုက်ခိုက်မှု NUG အစိုးရ ရှုတ်ချ၊

Image
​ ရုရှား၏ ယူကရိန်းအပေါ် တိုက်ခိုက်မှု NUG အစိုးရ ရှုတ်ချ၊ ယူကရိန်း ပြည်သူ များနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅  အမျိုးသားညီညွတ်ရေးအစိုးရNUG အနေဖြင့် ယူကရိန်းနှင့် ၎င်း၏ပြည်သူ များအပေါ် ဆင်နွှဲလာသည့် စစ်ပွဲကို ရှုတ်ချလိုက်ပြီး  ယင်းလုပ်ရပ်များသည် ကုလ သမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။  ယူကရိန်းနိုင်ငံအပေါ် ကြောက်မက်ဖွယ်ရာ ပြင်းထန်သော တိုက်ခိုက်မှုမျာ းသည် လေကြောင်း၊ ကုန်းမြေနှင့် ရေကြောင်းတို့မှ လုပ်ဆောင်နေပြီး အဆိုပါ တိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထောင် နှင့် ချီသော အရပ်သားများကို ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာစေခဲ့ပြီဖြစ်ကြောင်း၊ ယူကရိန်း၏ နယ်နမိတ်တည်တံ့ခိုင်မြဲမှု၊ လွတ်လပ်မှုနှင့် အချုပ် အခြာအာဏာ တို့ကို လေးစားရန် မြန်မာက တောင်းဆိုကြောင်း NUG အစိုးရက ထုတ် ပြန် သည်။   အချုပ်အခြာပိုင် နိုင်ငံတခု ကိုကျူးကျော်ခြင်းသည် ကုလသမဂ္ဂ ပဋိညာဥ်ပါ ပြဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်ပြီး (၂၁) ရာစု ကမ္ဘာ အတွက် ကောင် းမွန်သည့် နမူနာ တရပ်မဟုတ်ကြောင်း၊ ထို့အပြင် ကမ္ဘာငြိမ်းချမ်းရေး

SWIFT Code ကိုလက်နက်သဖွယ် အသုံးပြုဖို့အကြံပေး

Image
​ တစ်နိုင်ငံနဲ့ တနိုင်ငံ Wire Transfer လို့ခေါ်တဲ့ ပိုက်ဆံ လွှဲကြတဲ့ အခါမှာ ဘယ်နိုင်ငံကို လွှဲမှာလဲ ဆိုတာပေါ်မူတည်ပြီး နုင်ငံအလိုက် SWIFT Code သတ်မှတ်ထားပါတယ်.. အခု ရုရှားကို Sanction Impose လုပ်ဖို့အရေး SWIFT Code ကိုလက်နက်သဖွယ် အသုံးပြုဖို့ ငွေရေးကြေးရေး ကျွမ်းကျင်သူတွေက အကြံပေးပေမယ့် သမ္မတ ဗိုက်တန်က လိုရင်ထုတ်သုံးမယ်ဆိုပြီး အရံအနေနဲ့ထားပါတယ်.. ချက်ခြင်းထုတ်မသုံးရခြင်း အကြောင်းအရင်းက အဲဒီရွေးချယ်မှု့ဟာ ငွေရေးကြေးရေး လောကမှာ  နျူကလီးယားလက်နက်ထုတ်သုံးသလိုဘဲ..ပြင်းထန်းလွန်းလို့တဲ့.. ဘယ်လိုပြင်းထန်သလဲဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးက ရုရှားကို သွားမယ့်ပိုက်ဆံတွေအားလုံးကို ဖြတ်တောက်လိုက်တဲ့အတွက် ရုရှားရဲ့ အဓိက ဝင်ငွေတွေဖြစ်တဲ့ တကမ္ဘာလုံးက Oil and Gas ရောင်းရငွေတွေ မဝင်တော့ဘဲ ရုရှားကို ကမ္ဘာ့ငွေကြေးစနစ်က ဖယ်ထုတ်ပစ်လိုက်သလိုဖြစ်မှာကြောင့်ပါ..  အခုလောလောဆယ်တော့ ရေနံဈေးတွေ တက်လာပြီး အိုပက်နိုင်ငံတွေကို ဂရက်ရိုက်ပါပြီ.. US မှာလည်း တက်လာပါတယ်. နောက်ဆို လမ်းလျှောက်ပြီး အလုပ်တက်ကြရမယ် ထင်တယ်. ဘာဖြစ်လည်း ပျော်ပျော်ပါးပါးပေါ့. credit Wynn Bo Han https://www.nbcnews.com/news/world/swift-banking-system-us

စစ်ကောင်စီ ယုတ်မာနေပါပြီ

Image
​ ၂၄-၂-၂၀၂၂ ရက်နေ့တွင် လေယာဉ်ပေါ်မှ ကြဲချလာသော ဗုံးတစ်လုံးမှာ မကွဲပဲ    ကျွန်းတောရွာ အနီး အိမ်တစ်တစ်အိမ် တွင် ကျခဲ့ပါတယ် #KNDFBO1                                              သတင်းနှင့်ပြန်ကြားရေး နန်းမယ်ခုံကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် နေအိမ် ၁၇ လုံး ပျက်စီးပြီး KDF ရဲဘော် ၁ ဦးကျဆုံး၊ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ယနေ့ မြေပြင်တိုက်ပွဲတွင် စစ်သား ၁၀ ဦးထက်မနည်း သေဆုံး၊  ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅ ခေတ်သစ်မီဒီယာ ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အနီးဝန်းကျင်သို့ အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ နံနက် ၁၁ နာရီမှ စတင်ကာ လေကြောင်းဖြင့် အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့ပြီး ကျေးရွာများရှိ နေအိမ် ၁၇ လုံးပျက်စီးကြောင်း၊  KDF ရဲဘော် ၁ ဦး ကျ ဆုံးကာ ပြည်သူ ၁ ဦး ခြေထောက်ကျိုး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။ "ကျွန်းတော မှာ အိမ် ၁၀ လုံး၊ ဒေါကမီးမှာ ၄ လုံး၊ သာယာရွာမှာ ၃ လုံး၊ KDF ရဲဘော် ၁ ယောက် ကျတယ်၊ ပြည်သူ ၁ ယောက် ခြေထောက်ထိပြီး ၂ ချောင်း လုံး အရိုးကျိုးတယ်" ဟု KNDF တပ်ရင်း ၁ သတင်းပြန်ကြားရေးက ရန်ကုန် ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် တ

ပါကစ္စတန်သို့ အကြမ်းဖက်စစ်တပ်အရာရှိအချို့ သွားရောက်မည်

Image
​ ဝယ်ယူထားသော စစ်လက်နက်များစစ်ဆေးရန်  —People's Spring အကြမ်းဖက်စစ်တပ်အရာရှိအချို့သည် ဝယ်ယူထားသောလက်နက်များမတင်ပို့မီစစ်ဆေးရန် ပါကစ္စတန်သို့သွားရောက်ရန် စီစဉ်ထားကြောင်း The Defense Post က ဖေဖော်ဝါရီ ၂၄ ရက်တွင်ဖော်ပြသည်။ အကြမ်းဖက်မြန်မာစစ်တပ်သည် ပါကစ္စတန်မြို့တော် အစ္စလမ်ဘတ်မှ ၆၀ မမ၊ ၈၁ မမ မော်တာများ၊ M-79 လောင်ချာများနှင့် လက်နက်ကြီးများကို ဝယ်ယူရန် စီစဉ်ထားကြောင်း Economic Times သတင်းဖော်ပြချက်အရ သိရသည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်သည် JF-17 တိုက်လေ ယာဉ်များအတွက် ဝေဟင်မှ မြေပြင်ပစ်ဒုံး ကျည်များကို ပါကစ္စတန်မှ ဝယ်ယူရန်ရှိနေကြောင်း Economic Times က ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၅ တွင် အကြမ်းဖက်စစ်တပ်သည် တရုတ်နှင့် ပါကစ္စတန်တို့ ပူးပေါင်းထုတ်လုပ် ထားသော ဘက်စုံသုံးတိုက်လေယာဉ် JF-17 အတွက် အရောင်း အဝယ်စာချုပ် ပထမဆုံးချုပ် ဆိုခဲ့သည်။ ထို့အပြင် တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ စက်တင်ဘာတွင် ပါကစ္စတန်စစ်ဘက်ရေးရာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လျှို့ဝှက်စွာလာရောက်ခဲ့ပြီး တိုက်လေယာဉ်များပြုပြင်ရေး၊ ထိန်းသိမ်းရေးနှင့် ရေတပ်ခဲယမ်းလက်နက်များတွင် စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့သည်။ ယင်

​ယူကရိန်းနဲ့ မြန်မာနိုင်ငံကို နှိုင်းယှဉ်ကြည့်ခြင်း။

Image
ယူကရိန်းနိုင်ငံ ယူကရိန်းအပါအဝင် အရှေ့ဥရောပသည် ရုရှားအုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသည်။ ၁၉၂၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ယူကရိန်းသည် ရုရှားတို့ကြီးစိုးသည့် ဆိုဗီယက်ယူနီယံထဲတွင် အုပ်ချုပ်ခံအဖြစ် နှစ်ပေါင်း ၆၉ နှစ်ကြာ နေခဲ့ရသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက် ၁၉၉၁ ခုနှစ်တွင် အရှေ့ဥရောပနိုင်ငံများသည် ရုရှားတို့ သံကွန်ခြာအောက်မှ လွတ်မြောက်ခဲ့ကြပြီး လွတ်လပ်သောနိုင်ငံများ ဖြစ်လာကြသည်။ ရုရှားပြီးလျှင် ယူကရိန်းသည် ဥရောပတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး ရုရှားနှင့် အိမ်နီးချင်းနိုင်ငံအဖြစ် နယ်စပ်အရှည် ၁၄၂၆.၀၇ မိုင် ရှည်လျားပြီး ကုန်းတွင်းမိုင် ၁၂၂၆.၆၁ မိုင်နှင့် ပင်လယ်မိုင် ၁၉၉ မိုင် ထိစပ်လျက်ရှိသည်။ ယူကရိန်းသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် Belarus, Moldova Poland, Slovakia, Hungary, Romania တို့နှင့် လည်း နယ်နမိတ်ချင်း ထိစပ်နေသည့်အတွက် ရုရှားအတွက် ပထဝီအနေအထားအရ အရေးကြီးသည့် နိုင်ငံဖြစ်နေပေသည်။ ရုရှားတို့က ဘယ်လာရုပ်စ်နှင့် ယူကရိန်းတို့သည် သီးခြားမဟုတ်ဘဲ သူတို့နိုင်ငံပိုင်အဖြစ် မှတ်ယူထားခဲ့ကြသည်။  စစ်အေးကာလ ဝါဆောစာချုပ်ဝင်နိုင်ငံများမှာ အယ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ချက်ကိုစလိုဗက်က