Posts

Showing posts from October 27, 2021

မွှင်းငါးပွဲလေးဆယ်

Image
 ကောလင်းတွင် စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို နှစ်နေရာခွဲ၍ တစ်ပြိုင်နက်တည်း ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၄၀ ခန့်သေဆုံး ရန်ကုန်၊ အောက်တိုဘာ ၂၈  ခေတ်သစ်မီဒီယာ စစ်ကိုင်းတိုင်းကောလင်းမြို့နယ်တွင် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၂ နာရီအချိန် စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို နှစ်နေရာခွဲ၍ တစ်ပြိုင်နက်တည်း ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၄၀ ခန့်သေဆုံးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။   အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း၊ ကျောက်ပြင်သာရွာနှင့် ကချင်ကုန်းရွာကြားရှိ စစ်ကောင်စီတပ်သား ၂၀ ဦးခန့် နေရာယူထားသော နေရာနှင့် နောက်ချန် စစ်ကောင်စီ အင်အား ၈၀ ခန့် နားနေသော သော နေရာ ၂ ခုကို  ကောလင်း PDF က လက် နက်ကြီးများဖြင့် တစ်ချိန်တည်း ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၄၀ ခန့် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်သား ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရှိရသည်။  စစ်ကောင်စီတပ်၏ သေဆုံးအလောင်းများကို မီးရှို့သဂြိုလ်ပေးခဲ့ကြောင်း ကောလင်းPDFက သတင်းထုတ်ပြန်သည်။