ရန်ကုန်မြို့ထဲက ငွေစက္ကူအတုရောင်းချသူနှင့် တွေ့ဆုံခြင်း
ရိုဇာ “လှည်းတန်းစင်တာထဲမှာတောင် တစ်ထောင်တန်အတုနဲ့ ငါ ကီးချိန်းတောင် ဝယ်လိုက်သေးတယ်”ဟု ငွေစက္ကူအတုရောင်းဝယ်သူဖြစ်သည့် ကိုစိုးနိုင်က အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေသည်။ ကိုစိုးနိုင်ဟာ အွန်လိုင်းပေါ်မှာ ငွေစက္ကူအတုရောင်းချနေသူတစ်ဦးဖြစ်ပြီး သူ့နှင့်တွေ့ဖို့အတွက် Dayli ဆိုတဲ့ ဖေ့ဘွတ်စ်အကောင့်ကနေတစ်ဆင့် ယခုသတင်းထောက်ကိုချိတ်ဆက်ပေးခဲ့တာဖြစ်သည်။ ငွေအတုများဝယ်လိုသောကြောင့် နမူနာကြည့်ချင်၍ အနည်းငယ်ဝယ်ချင်ကြောင်းပြောကာ ငွေအတုရောင်းသည့်သူနှင့် တွေ့ဖို့ ဖြစ်လာခဲ့သည်။ ငွေစက္ကူအတုကို လာယူတဲ့အခါ စာအုပ်ထဲတွင်ညှပ်ပေးရန် ပြောသော်လည်း ရောင်းသည့်သူကတော့ စိုးရိမ်စိတ်မရှိဘဲ "ငွေစက္ကူအတုတွေ အများကြီးပိုက်ပြီး လျှောက်သွား ရောင်းနေတာ ဘာမှမဖြစ်ဘူး၊ ကြောက်စရာမလိုဘူး"ဟူ၍တောင် ပြန်တုံ့ပြန်ခဲ့သည်။ ရန်ကုန်မြို့ လူစည်ကားရာ လှည်းတန်းစင်တာအရှေ့ဝင်ပေါက်တွင် ငွေစက္ကူအတုရောင်းသည့် ကိုစိုးနိုင်ကို အင်္ကျီအဝါရောင်၊ အားကစားဘေးလွယ်အိတ်အမည်းတစ်လုံးကို ပိုက်ပြီး လူအများနှင့်ရောထိုင်နေတာတွေ့ရသည် ။ သူ့မျက်လုံးများက ကျီးကြည့်ကြောင်ကြည့် ကြည့်နေသော်လည်း ငွေစက္ကူအတုလာဝယ်သည့်သူကို သံသယဖြစ်ဟန်၊ ကြောက်ဟန်မရှိသည်ကိုတွေ့ရသည်။ သူ...