#မိုက်ကယ်ကျော်မြင့်အား_ငွေပေးစေခိုင်းပြီး #ကြံ့ဖွတ်ပါတီတစ်ခုလုံးကို_ဒေါက်တက်ဖြုတ်ခိုင်း(ရုပ်သံ)
လက်ရှိ ကြံ့ဖွတ်ပါတီဥက္ကဌ ခင်ရီ၏တူမဖြစ်သူ ဒေါ်စောဥမ္မာနှင့်၊ မြေးဖြစ်သူ လဝန်းကြည်ဖြူ တို့အုပ်စုဟာ ငွေကြေး သိန်းပေါင်း ၅၀,၀၀၀ ကျော်အား အုပ်စုဖွဲ့ လိမ်လည်ခဲ့ကြသူများဖြစ်ပြီး၊ ခင်ရီတာဝန်ထမ်းဆောင်ခဲ့သည့် လ.ဝ.က အဖွဲ့အစည်းကပင် လဝန်းကြည်ဖြူအား နိုင်ငံသားမှတ်ပုံတင် အမည်မတူသည့်ကဒ်ပြား ၂ခု ထုတ်ပေးခဲ့ကြောင်း မိုက်ကယ်ကျော်မြင့် မှ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ကြံ့ဖွတ်ပါတီတစ်ခုလုံးကို ဒေါက်တက်ဖြုတ်သွားခဲ့ပါတယ်။ ဖော်ပြပါရှိသော သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ နေလည် ၁၂ နာရီလောက်က Yangon Star City Hotal မှာ ပြုလုပ်ခဲ့တာပါ။ ပွဲအပြီး ရက်ပိုင်းအကြာမှာပဲ မိုက်ကယ်ကျော်မြင့်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာပေါ်ကနေပြီး “ပြည်သူတွေ စိတ်ဆင်းရဲဒုက္ခရောက်စေမည့် ပြဿနာများကို ကာကွယ်ဖြေရှင်းပေးသွားမည်။ သို့သော်... ငါ့တူမ/ငါ့မြေး/ငါ့ဆွေမျိုးတို့၏ လိ-မ်လည် yokeမာမှုကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်လျှင်မူကား ငါနှင့်လားလားမှမဆိုင်။ ပုံ.. ဥက္ကဌကြီးလောင်ကီး” ဆိုပြီး ကြံ့ဖွတ်ဥက္ကဌခင်ရီကို လှောင်ပြောင်သည့်ပို့စ်များ ရေးသားခဲ့ပါသေးတယ်။ ၎င်းပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသည် ...