ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ
အေးခဲထားသို စားသောက်ကုန်လုပ်ငန်းတွေ ရပ်ဆိုင်း #အေးခဲစားသောက်ကုန်လုပ်ငန်း #MilitaryCoupInMyanmar #DeltaNewsAgency ရန်ကုန်မြို့တော်အတွင်း အေးခဲထားသိုရတဲ့ စားသောက်ကုန်လုပ်ငန်းတွေဟာ ရပ်ဆိုင်းနေပြီလို့ သိရပါတယ်။ ရေခဲမုန့်၊ ရေခဲချောင်း၊ အဖျော်ယမကာ၊ ငါးပုစွန်အေးခဲလုပ်ငန်းစတာတွေဟာ လျှပ်စစ်မီးမရခြင်းနဲ့ လောင်စာဆီ ဈေးကြီးတာကြောင့် ရပ်ဆိုင်းနေကြပြီလို့ လှိုင်မြို့နယ်၊ဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်က ပြောပါတယ်။ ‘ကျွန်မဆိုင်တွေကို အအေးနဲ့ပတ်သက်တာ ဘယ်သူမှလည်းလာမပို့တော့ဘူး။ ကျွန်မတို့လည်း မီးစက်ဆီဖိုး မတတ်နိုင်လို့ လာပို့လည်း မရောင်းတော့ဘူး။ မင်းအောင်လှိုင်လက်ထက် မီးပျက်တာ မဆလခေတ်ထက်ဆိုးနေပြီ’ လို့ သူက ပြောပါတယ်။ ရန်ကုန်မြို့တော်အတွင်း စံချိန်တင်မီးပျက်နေသလို ရန်ကုန်စက်မှုဇုန်တွေထဲ လျှပ်စစ်မီးလာတဲ့အချိန်တွေမှာလည်း ဝပ်အားမပြည့်တဲ့အတွက် အအေးခန်းစက်ရုံတွေ ရပ်နားထားရကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အအေးခန်းစက်ရုံအရာရှိတစ်ဦးက ပြောပါတယ်။ ‘ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ။ ရေခဲစက်တွေကျတော့ ငါးပုစွန် ရေခဲရိုက်တာတွေနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ မဖြစ်မနေသုံးနေရတော့ ဆက်လည...