Posts

Showing posts from December 15, 2022

မြန်မာစစ်ခေါင်းဆောင်တွေကို ICC က အရေးယူဖို့ အထူးအကြံပေးကောင်စီတိုက်တွန်း

Image
VOA မြန်မာစစ်ကောင်စီရဲ့ အပြစ်ကျူးလွန်မှုတွေကနေ ကင်းလွတ်ခွင့်ရနေမှုကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အဆုံးသတ်နိုင်သလို ရပ်ဆိုင်းသွားအောင်လည်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မနေ့က ဒီဇင်ဘာလ ၁၅ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။  ၂၀၂၂ တနှစ်ပတ်လုံး မြန်မာစစ်တပ်က လူ့အခွင့်ရေးချိုးဖေါက် သတ်ဖြတ်မှုတွေ ဆက်လက် ကျူးလွန်နေတာဖြစ်ပြီး ဒါကို တာဝန်ခံတာဝန်ယူမှုရှိအောင် လုပ်မပေးနိုင်သရွေ့ ဆက်လက်ကျူးလွန်နေမှာ ဖြစ်ကြောင်း ပြောပါတယ်။   ဒီနှစ်ထဲ မြန်မာ့လူ့အခွင့်ရေးအခြေနေဟာ ပိုဆိုးလာနေပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်စွာ ဆက်လက် သတ်ဖြတ်နေတာကြောင့် ဒါတွေကို ICC နိုင်ငံတကာခုံရုံးမှာ တရားမျှတမှုရအောင် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ တတ်နိုင်တာအားလုံး လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee က တိုက်တွန်းထားပါတယ်။  မြန်မာစစ်ကောင်စီကတော့ အကြမ်းဖက်မှုတွေကို အတိုက်အခံ အင်အားစုတွေဖက်က ကျုးလွန်နေတာဖြစ်ကြောင်း လူ့အခွင့်အရေး ချိုးဖောက်မှ

တပ်တွင်းသူပုန်များ

Image
ကျွန်တော်တို့CDMစစ်သားတွေ အရင်ကစကားဝိုင်းတွေ၊social mediaတွေမှာ ပြောခဲ့တဲ့စကားတစ်ခုပေါ့ တနေ့နေ့ တချိန်ချိန်ကျရင် တပ်တွင်းပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်၊ပြိုကွဲမှုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ပြောခဲ့ကြပါတယ်။ပြီးတော့ ကျွန်တော်DSA အပတ်စဥ်(၆၄) ကျောင်းဆင်းပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောကြားတဲ့မိန့်ခွန်းတွေကို နားထောင်ကြည့်ပြီးတော့ ပညာတွေလည်းရလိုက်တယ်။(အရမ်းတွေရယ်ရတာ😁)ကျွန်တော် နားထောင်ကြည့်ပြီး ကျွန်တော်တို့ကိုကြီး ကိုထက်မြတ်နဲ့ဆွေးနွေးဖြစ်တယ်၊စကားတွေပြောကြတယ်ပေါ့။ကိုထက်မြတ်ကနေ စပြီးကျွန်တော့်ကို "ရေခဲ...မင်းအဲ့ဒီvideoကိုကြည့်ပြီး ဘာတွေတွေ့လဲ..." ဆိုပြီးမေးခဲ့တယ်။ကျွန်တော်လဲပြောတာပေါ့...ကျွန်တော်တွေးမိတဲ့အကြောင်းတွေ၊ပြီးတော့...မအလက ဘားမှမသိသေးတဲ့ ကျောင်းဆင်းမယ့် ဗိုလ်လောင်းတွေကို မတရားစည်းရုံးရေးတွေဆင်းပြီး ဝါဒမှိုင်းတွေ ဖြန့်နေတယ်ဆိုပြီး ပြန်ဖြေလိုက်တယ်။ကိုထက်မြတ် ကလဲ "အေးဟုတ်တယ်...မင်းအဲ့သူပြောတဲ့ စကားတွေကို နားထောင်ကြည့်ယုံနဲ့ အထဲထဲမှာ ဘယ်လောက်ထိ ပွဲပျက်နေလဲ၊သူတို့ဘယ်လောက်ထိ စည်းရုံးမှုပြိုကွဲနေလဲ ကြောက်နေလဲဆိုတာ သိနိုင်တယ်.." ဆိုပြီးပြောခဲ့ပါတယ်။ ဒီနေ့မှာတော

ဆရာမွေးလိုက်၊ ဒကာမွေးလိုက်နဲ့ စစ်ကောင်စီသစ္စာခံ သံဃာတော်များ

Image
(Reuters ပါဆောင်းပါး ဘာသာပြန်) ~~~~~~~~~~~~~~~~~~~~~~ December 8, 2022 By Thu Thu Aung, Poppy Mcpherson မြန်မာနိုင်ငံအလယ်ပိုင်းက ဘုန်းတော်ကြီးကျောင်းဝင်းတခုထဲမှာ သံဃာတော်တပါးဖြစ်တဲ့ ဦးဝါသဝက သူ့နောက်လိုက် လက်နက်ကိုင်တွေကို “ဘာ စိတ်ဓါတ်လဲ” ဆိုပြီး ရှေ့က တိုင်ပေးလိုက်ပါတယ်။ ရိုင်ဖယ်သေနတ်ကိုယ်စီ လွယ်ထားတဲ့ နောက်လိုက်တွေက “သံမဏိစိတ်ဓါတ်၊ သံမဏိစိတ်ဓါတ်” ဆိုပြီး သံပြိုင်ကြွေးကြော်ကြပါတယ်။ သူတို့တွေက ပြီးခဲ့တဲ့နှစ်ထဲ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ သစ္စာခံတွေ ဖြစ်ကြပြီး ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ချေမှုန်းပစ်ဖို့ ကြိုးစားနေကြတာပါ။ အဲဒီဗီဒီယိုကို စစ်တပ်နဲ့ ဆက်စပ်နေတဲ့ အွန်လိုင်းမီဒီယာတခုမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ မြန်မာနိုင်ငံမှာ အရင်က စိတ်ကူးဖူးခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ စစ်တပ်နဲ့ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေ ဘယ်လောက်ထိ ရင်းနှီးတဲ့ မဟာမိတ်တွေ ဖြစ်နေကြပြီလဲဆိုတာ မီးမောင်းထိုးပြနေပါတယ်။ တကယ်တော့ သံဃာတော်တွေဟာ အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်တည်ပြီး စစ်အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်လာခဲ့ကြတာပါ။ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လူ

စစ်ကောင်စီတပ်ဖွဲ့တွေ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာနေကြောင်း ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ပြောကြား

Image
Updated 12:53 PM Dec 15, 2022 ■ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အားစွမ်းရည်ချိနဲ့နေပြီဖြစ်တဲ့အတွက် ရေရှည်ရပ်တည်နိုင်တော့မှာမဟုတ်ဘူးလို့ KIC ကချင်လွတ်မြောက်ရေး ကောင်စီ ဒုဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂစ်တာတစ်လက်ကို ကြိုးမညှိဘဲ တီးခတ်နေသူနဲ့ အလားသဏ္ဍာန်တူတယ်လို့လည်း သူကပြောပါတယ်။  တစ်ဆက်တည်းမှာပဲ အနန့်ပါဗုံးကြဲမှုဟာ ကချင်လူမျိုးတွေရဲ့ နှလုံးသားကို သံမှိုနဲ့ နှက်လိုက်တာဖြစ်ကြောင်း၊ သူတို့ KIO နဲ့  NUG အပြည့်အဝ  ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လူငယ် တော်လှန်ရေးသမားတွေဟာ အလွန်ရဲရင့်ပြီး ဆုံးဖြတ်ချက်ခိုင်မာကြောင်းနဲ့ တော်လှန်ရေးမုချ အောင်မြင်မှာဖြစ်ကြောင်း စသဖြင့်လည်း ပြောဆိုခဲ့ပါတယ်။  ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။ _______________ “အင်တာဗျူးကောက်နုတ်ချက်များ” မေး။   ။  ဗိုလ်ချုပ်ကြီး တော်လှန်ရေးသမားဘဝ စတင်တာဟာ ဘယ်ခုနှစ် ဘယ်ကာလလောက်ကတည်းကလဲ ခင်ဗျ။ ဖြေ။   ။ ၁၉၈၇ နှစ်ဆန်းပိုင်းမှာ KIO ထဲကို ရောက်လာတာပေါ့နော်။ ဒါတော့ လက်တွေ့ဝင်လာတဲ့ တော်လှန်ရေးအစဆိုရင်တော့ ၁၉၈၇ နှစ်ဆန်းပိုင

"စစ်မကြေညာရုံကလွဲလို့ အဆင်သင့်ဖြစ်တဲ့ အနေအထားလား"

Image
အမေရိကန်ရဲ့ NDAA သက်ရောက်မှုက ဘယ်လောက်အထိ သွားမလဲဆိုရင် စစ်မကြေညာရုံကလွဲလို့ ၊ ကြေညာဖို့ရာအတွက် အဆင်သင့်ဖြစ်တဲ့ အနေအထားအထိ ခင်းထားတဲ့လမ်းလို့မြင်ပါတယ်။ ဒီဥပဒေကို တကယ်တမ်း သမ္မတ လက်မှတ်ထိုးပြီးပြီဆိုရင် လိုအပ်လာရင် မနက်ဖြန်ကြေညာမယ်ဆိုရင်လည်း ကြေညာလို့တဲ့အနေအထားပါ။ ဒီလောက်အထိ အရှိန်ပြင်းတယ်လို့မြင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ( EAO) တွေအနေနဲ့လည်း သူတို့ ဂိတ်ထဲကနေ သင့်နေပါပြီ" #DVBTV #Interview #WhatsHappeningInMyanmar DVB TV - 14.12.2022 ရက်(၉၀)အတွင်းသတင်း အချက် အလက်တွေအား လုံးကို စစ်တမ်းကောက်ယူပြီး သမ္မထံသို့ ပို့ ရမယ်။(၆)လအတွင်းအမေရိ ကန်သမ္မတကဆုံးဖြတ်ရမယ့် Burma Act =========== နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိလွတ် ကို လွတ်ပေးရမယ် ဆိုတဲ့ Order   =========== "စစ်မကြေညာရုံကလွဲလို အားလုံး အဆင်သင့်ဖြစ်တဲ့ အနေအထားပါ ဒီဇင်ဘာလ ၁၅ ရက် "အမေရိကန်ရဲ့ NDAA သက်ရောက်မှုက ဘယ်လောက်အထိ သွားမလဲဆိုရင် စစ်မကြေညာရုံကလွဲလို ၊ ကြေညာဖိုရာအတွက် အဆင်သင့်ဖြစ်တဲ့ အနေအထားအထိ ခင်းထားတဲ့လမ်းလိုမြင်ပါတယ်။ ဒီဥပဒေကို တကယ်တမ်း သမ္မတ လက်မှတ်ထိုးပြီးပြီဆိုရင

အီးအေအိုနဲ့ပီဒက်လက်ချက်မမိပါ​စေနဲ့ဘုရား

Image

စစ်တွေ ကတွေ့ရတဲ့အလင်းတန်းဗွီဒီယို

Image
ယနေ့ည Dec-15  6:45PM Crd - သဲနုဖြူ

စစ်ကောင်စီ ခမရ ၄၀၅ တပ်၌ တပ်တွင်းပုန်ကန်မှုဖြစ်ပွား၊

Image
Breaking News တပ်အချင်းချင်း ပြန်ဝိုင်းပြီး တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ်အပါအဝင်အကြီးတန်းအရာရှိ ၃ ဦးကို စစ်တပ်က ဖမ်းဆီး ဧရာ၀တီတိုင်းမ် ဒီဇင်ဘာလ ၁၅ ရက် ကရင့်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ ထိမ်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊  ဖာပွန်ခရိုင်အတွင်း စစ်ဆင်ရေးဝင်ရောက်နေသော အမှတ် ၄၀၅ ခြေမြန်တပ်ရင်း (ခမရ - ၄၀၅) တပ်၌ ဒီဇင်ဘာ လ ၁၄ ရက်နေ့က တပ်တွင်းပုန်ကန်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ခမရ ၄၀၅ တပ်အား ၎င်း၏အထက်ကွပ်ကဲမှုဌာန ချုပ်ဖြစ်သည့် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် (စကခ-၈)၏ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးမှ တပ်မဟာ ၅ အတွင်းရှိ စစ်ကောင်စီခြေကုပ် မဲဝိုင်စခန်းသို့ သွားရောက်ရန် အမိန့်ပေးခဲ့သည်ကို မခရ ၄၀၅ တပ်ရင်းမှူးအပါအဝင် ထိပ်တန်းအရာရှိ ၃ ဦး က ငြင်းဆန်ကာ အမိန့်မနာခံဘဲ ဖီဆန်ခဲ့ကြကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ထိုသို့ အမိန့်မနာခံဘဲ အာဏာဖီဆန်သဖြင့် ခမရ ၄၀၅ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ် ဦး ဆောင်သော အင်အား ၇၀ ခန့်ရှိ ခမရ ၄၀၅ တပ်ကို အာဏာသိမ်းစစ်တပ်က အခြားသော အင်အား ၁၀၀ ကျော်ရှိသည့် တပ်ရင်းတစ်ခုဖြင့် ပြန်ဝိုင်းစေကာ ခမရ ၄၀၅ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး

သမ္မတဖြစ်ချင်နေတဲ့သောင်းလှိုင်သားရဲ့မျက်ရည်တစက်

Image

မန္တလေးမှ LGBT အရေးလှုပ်ရှားသူ နှစ်ရှည်ထောင်ဒဏ်ချခံရ

Image
အာဏာသိမ်းစစ်တပ်သည် ရဟန်းသံဃာများ၊ ဘာသာရေးခေါင်းဆောင်များနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများပါမကျန် ဆန့်ကျင်သူမှန်သမျှကို နည်းမျိုးစုံဖြင့် ဖမ်းဆီးနှိပ်စက်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသည်။  မြတ်သွယ် Published on  Dec 13, 202 စစ်ကောင်စီ၏ အငြိုးဖြင့် ထောင်ဒဏ် နှစ်ရှည်ချခံရသည့် စူးရှရှင်းသန့် မန္တလေးမြို့တွင် LGBT (လိင်စိတ်ခံယူမှုကွဲပြားသူ) အရေး လှုပ်ရှားသူများအနက် ထင်ရှားသည့် စူးရှရှင်းသန့်ကို စစ်ကောင်စီက မန္တလေးအိုးဘိုထောင်တွင်း အထူးတရားရုံးက ယမန်နေ့ (ဒီဇင်ဘာ ၁၂) တွင် ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂၂ နှစ် ထပ်မံချမှတ်လိုက်သည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နှင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုခုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပုဒ်မ ၅၀ (ည) တို့ဖြင့် နှစ်ရှည်ထောင်ဒဏ် ထပ်ချခံရသူ စူးရှရှင်းသန့်မှာ ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်း ထောင်သုံးနှစ် ချခံထားရပြီးဖြစ်သည်။  “ပေါင်းပြီးချလိုက်တာလို့ပဲ သိရတယ်။ အမှုအကြောင်းအသေးစိတ်တော့ မသိရသေးဘူး။ ၅၀၅(ခ) နဲ့က ဒီနှစ်အစောပိုင်းကတည်းက ၃ နှစ်ချထားတာပါ။ အခုအားလုံးပေါင်း ၂၅ နှစ်ပေါ့” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။ အသက် ၂၇ နှစ်အရွယ် စူးရှ

ကောင်းကင်ပြင်တွင် ထူးဆန်းသော အလင်းတန်းတစ်ခုရွေ့ လျားသွား

Image
Western News| ဒီဇင်ဘာ၊ ၁၅ ရက် ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၆နာရီ ၃၀မိနစ်နှင့် ၇ နာရီ ဝန်းကျင်လောက်တွင် ထူးဆန်းသည့် အလင်းတန်းတစ်ခုကို ရခိုင်ပြည်အနှံ့အပြင် မြန်မာပြည် တစ်ဝှမ်းမှ မြင်တွေ့ခဲ့ရပြီး အလင်းတန်းပေါ်ထွက်လာမှုမှ အလျားလိုက် အနေအထားဖြစ်ကာ အနောက်ဖက်တွင် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထူးဆန်းသည့် အလင်းတန်းကို ရခိုင်ပြည် မြို့နယ် အသီးသီးက အာကာပြင်တွင် တွေ့မြင်ခဲ့ရသည့်အပြင် အဆိုပါမြင်ကွင်းကို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် အပါအဝင် ပြည်နယ်၊ တိုင်းတချို့မှ တွေ့မြင်ရကြောင်း ဒေသခံတစ်ချို့ က Western  News ကို ပြောသည်။ "နေထွက်တဲ့အရပ်တဲ့ မျက်နှာချင်းဆိုင်မှာပေါ်လာတာမျိုးပေါ့။ အပြင်ကိုအမှတ်မထင်ထွက်ကြည့်ရင်းနဲ့တွေ့တာ။ အလင်းတန်းက တစ်စုတစ်စည်းတည်းအနေထားကနေပြန့်ကြဲသွားတယ်။ အလင်းတန်းရှေ့မှာ အရာဝတ္ထုတစ်ခုတော့တွေတော့ ဓာတ်မီးတောင့်လိုပဲ ခပ်ချွန်ချွန်လေး။ အဲ့လိုပေါ်လာတော့ ကိုယ့်ဒေသဓလေ့အတိုင်း အမျိုးမျိုးတော့ အတိတ်နိမိတ်ကောက်တာတွေ တောင်ရှိနေကြတယ်" အလင်းတန်းအားမြင်တွေ့ခဲ့သူတစ်ဦးကပြောသည်။ ယခုကဲ့သို့အလင်းတန်းဖြစ်ပေါ်မူကို နိုင်ငံတဝန်းမှ လူဦးရေအမြောက်အမြားမြင်တွ