Skip to main content

မြန်မာစစ်ခေါင်းဆောင်တွေကို ICC က အရေးယူဖို့ အထူးအကြံပေးကောင်စီတိုက်တွန်း



VOA

မြန်မာစစ်ကောင်စီရဲ့ အပြစ်ကျူးလွန်မှုတွေကနေ ကင်းလွတ်ခွင့်ရနေမှုကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အဆုံးသတ်နိုင်သလို ရပ်ဆိုင်းသွားအောင်လည်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မနေ့က ဒီဇင်ဘာလ ၁၅ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ 
၂၀၂၂ တနှစ်ပတ်လုံး မြန်မာစစ်တပ်က လူ့အခွင့်ရေးချိုးဖေါက် သတ်ဖြတ်မှုတွေ ဆက်လက် ကျူးလွန်နေတာဖြစ်ပြီး ဒါကို တာဝန်ခံတာဝန်ယူမှုရှိအောင် လုပ်မပေးနိုင်သရွေ့ ဆက်လက်ကျူးလွန်နေမှာ ဖြစ်ကြောင်း ပြောပါတယ်။ 

ဒီနှစ်ထဲ မြန်မာ့လူ့အခွင့်ရေးအခြေနေဟာ ပိုဆိုးလာနေပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်စွာ ဆက်လက် သတ်ဖြတ်နေတာကြောင့် ဒါတွေကို ICC နိုင်ငံတကာခုံရုံးမှာ တရားမျှတမှုရအောင် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ တတ်နိုင်တာအားလုံး လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee က တိုက်တွန်းထားပါတယ်။ 

မြန်မာစစ်ကောင်စီကတော့ အကြမ်းဖက်မှုတွေကို အတိုက်အခံ အင်အားစုတွေဖက်က ကျုးလွန်နေတာဖြစ်ကြောင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကာကွယ်ပြောဆိုလေ့ရှိပါတယ်။ 

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ၂၀၀၂ ခုနှစ်က စပြီး ICC က ဆောင်ရွက်နေတာဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို သူတို့ကျူးလွန်တဲ့ genocide လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ ချက်ချင်းအရေးယူလာအောင် လုပ်ဆောင်ဖို့ နိုင်ငံတကာ အသိုင်းဝိုင်းမှာ တာဝန်ရှိကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ 

ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ကနေ အတင်းအကြပ် ပြန်ပို့တာနဲ့ ပတ်သက်ပြီး ကျူးလွန်မှုတွေအတွက် ၂၀၁၉ မှာ ICC က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပေမယ့် စုံစမ်းမှုမှာ အကန့်အသတ်ရှိခဲ့ကြောင်းနဲ့ ဒါကို ပြည့်ပြည့်စုံစုံ ဆက်လက် စုံစမ်းမှု မလုပ်ရသေးကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတလွှား တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကြုံနေရာကနေ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက် ပိုဆိုးဝါးလာတာတွေနဲ့ ပတ်သက်ပြီး ICC ကစုံစမ်းဖို့ လိုနေသလို ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အပေါ် တာဝန်ခံ တာဝန်ယူမှုရှိလာအောင် မလုပ်နိုင်သေးကြောင်းလည်း ဝေဖန်ထားပါတယ်။

Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

U.N. ကအာဏာသိမ်းမှုမအောင်မြင်စေရန်အတတ်နိုင်ဆုံး လုပ်ဆောင်မည်