Posts

Showing posts from January 1, 2023

မဆလအာဏာရှင် ဦးနေဝင်း အပါအဝင် ဂုဏ်ထူးဆောင်ဘွဲ့ရသူများအတွက် စစ်ခေါင်းဆောင် ဆုချီးမြှင့်

Image
DVB (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ဒု-စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့  မဆလ အာဏာရှင် ဦးနေဝင်းတို့ အပါအဝင် လူပုဂ္ဂိုလ်တွေကို  ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ချီးမြှင့် လိုက်ပါတယ်။ တိုင်းပြည်စီးပွားရေးကျဆင်းပြီး ပြည်သူလူထု ဆင်းရဲကျပ်တည်းနေချိန်မှာ စစ်ခေါင်းဆောင်ဟာ သူ့အပေါ် ထောက်ခံမှုရဖို့အတွက်   အမေရိကန်  ဒေါ်လာ သန်း ၃၃ သန်းကျော်ပမာဏနဲ့ ညီမျှတဲ့ ပြည်သူ့ဘဏ္ဍာငွေ ကျပ်   ၇ ဘီလီယံကျော်အသုံးပြုပြီး ကိုယ့်ကိုယ့်ကိုယ် အပါအဝင် စစ်အုပ်စုနဲ့ ပနံသင့်သူတွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေါပေါများများပေးအပ်နေတဲ့အပေါ် အများပြည်သူရဲ့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ Photo-DSINFO http://burmese.dvb.no/archives/g571391 #DVB #News #စစ်ခေါင်းဆောင် #အာဏာရှင်

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

Image
လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရတဲ့ အခြေအနေလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းပြောကြား ================ ဇန်နဝါရီ၁  မိုးကြိုးသတင်း လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရတဲ့ အခြေအနေလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ၁ရက်နေ့မှာ ပညာရေးဒုဝန်ကြီးက နှစ်သစ်ကူး သုံးသပ်ချက်မှာထည့်သွင်းဆိုပါတယ်။ "နှစ်ဟောင်းရဲ့ကောင်းမွန်တဲ့ကိစ္စတွေကိုပြောပါဆိုရင်တော့ နှစ်သစ်နဲ့ အနီးစပ်ဆုံးကိစ္စဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးနဲ့ပတ်သပ်တဲ့ ဆုံးဖြတ်ချက်အမှတ် UN Resolution 2669 (2022) ကို စပြောရမှာ ဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်မှာ စစ်ကောင်စီက မလိုက်နာရင်ဘာလုပ်မယ်ဆိုတဲ့ အရေးယူတဲ့ အမိန့်အာဏာ မပါသေးပေမယ့် ဒီဆုံးဖြတ်ချက်က လိုက်ကိုလိုက်နာရမယ့် ဆုံးဖြတ်ချက်ဖြစ် ပါ တယ်။ကုလသမဂ္ဂအထွေအထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က မလိုက်နာလည်း အာဏာရှင်တွေ အတွက် ဘာမှမဖြစ်ဘူးဆိုတဲ့သဘောရှိတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကတော့ မလိုက်နာ လို့မရပါဘူး။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က ချည်နှောင် မှုရှိပါတယ်။ မလိုက်နာရင် အရေးယူဆောင်

ပုသိမ်မြို့မှာလုပ်တဲ့ တပ်ထောက်ခံပွဲ ၁ ဦး ၅ ထောင်ပဲရလို့ တပ်ထောက်ခံသူများ မကျေမနပ်ဖြစ်နေ

Image
ဧရာဝတီတိုင်းမ် ဇန်နဝါရီလ ၁ ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ထောက်ခံပွဲနဲ့ ကုလဆုံးဖြတ်ချက် ကန့်ကွက်ပွဲပြုလုပ်ခဲ့ရာမှာ လိုက်ပါလာတဲ့သူတွေကို ၅ ထောင်ပဲပေးတာကြောင့် တပ်ထောက်ခံသူအချင်းချင်း အကြာမှာ ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။  တပ်ထောက်ခံပွဲပြုလုပ်ဖို့အတွက် ပုသိမ်မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ ရပ်ကွက်ရုံးက သန့်ရှင်းရေးလာဝိုင်းလုပ်ပေး ကာ သတင်းပေးလုပ်နေသူတွေနဲ့ ကျေးရွာတွေက နားမလည်းတဲ့သူတွေကို နေ့စားခပေးမယ်ဆိုပြီး ကြံ့ခိုင်ရေး ပါတီထိပ်ပိုင်တွေက ခေါ်ယူခဲ့တာလို့ တပ်ထောက်ခံပွဲလုပ်တဲ့သူတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။  “ ခေါ်တုန်းက တစ်ယောက် ၁ သောင်းပေးမယ်ဆိုလို့ လိုက်သွားတာ ရပ်ကွက်က အုပ်ကြီးကပြောတာ ဟိုရောက်တော့ ၅ ထောင်ပဲရတယ် လမ်းစရိတ်တောင် ၁ ထောင်ပေးရတယ်ဗျ ထင်တာတော့ တစ်ယောက်ယောက်က ဖြတ်ယူထားတာလို့ ထင်တယ်”လို့ တပ်ထောက်ခံပွဲလိုက်ပါခဲ့သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။  တပ်ထောက်ခံပွဲပြုလုပ်ဖို့အတွက် ရပ်ကွက်ကျေးရွာအလိုက် စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးတာဝန် ရှိသူတွေက လိုက်လံစုဆောင်းပေးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။  ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်းနဲ့ စစ်ကောင်စီ