ပုသိမ်မြို့မှာလုပ်တဲ့ တပ်ထောက်ခံပွဲ ၁ ဦး ၅ ထောင်ပဲရလို့ တပ်ထောက်ခံသူများ မကျေမနပ်ဖြစ်နေ

ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ထောက်ခံပွဲနဲ့ ကုလဆုံးဖြတ်ချက် ကန့်ကွက်ပွဲပြုလုပ်ခဲ့ရာမှာ လိုက်ပါလာတဲ့သူတွေကို ၅ ထောင်ပဲပေးတာကြောင့် တပ်ထောက်ခံသူအချင်းချင်း အကြာမှာ ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။ 

တပ်ထောက်ခံပွဲပြုလုပ်ဖို့အတွက် ပုသိမ်မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ ရပ်ကွက်ရုံးက သန့်ရှင်းရေးလာဝိုင်းလုပ်ပေး ကာ သတင်းပေးလုပ်နေသူတွေနဲ့ ကျေးရွာတွေက နားမလည်းတဲ့သူတွေကို နေ့စားခပေးမယ်ဆိုပြီး ကြံ့ခိုင်ရေး ပါတီထိပ်ပိုင်တွေက ခေါ်ယူခဲ့တာလို့ တပ်ထောက်ခံပွဲလုပ်တဲ့သူတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။ 

“ ခေါ်တုန်းက တစ်ယောက် ၁ သောင်းပေးမယ်ဆိုလို့ လိုက်သွားတာ ရပ်ကွက်က အုပ်ကြီးကပြောတာ ဟိုရောက်တော့ ၅ ထောင်ပဲရတယ် လမ်းစရိတ်တောင် ၁ ထောင်ပေးရတယ်ဗျ ထင်တာတော့ တစ်ယောက်ယောက်က ဖြတ်ယူထားတာလို့ ထင်တယ်”လို့ တပ်ထောက်ခံပွဲလိုက်ပါခဲ့သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။ 

တပ်ထောက်ခံပွဲပြုလုပ်ဖို့အတွက် ရပ်ကွက်ကျေးရွာအလိုက် စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးတာဝန် ရှိသူတွေက လိုက်လံစုဆောင်းပေးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်းနဲ့ စစ်ကောင်စီကိုထောက်ခံကြောင်း ပြုလုပ်တဲ့ပွဲတွေကို ဧရာဝတီတိုင်းက ပုသိမ်မြို့အပါဝင် ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးစတဲ့မြို့ကြီးတွေမှာ နေ့စားခပေးပြီး ပြုလုပ်ခဲ့တာလို့ တပ်ထောက်ခံသူအသိုင်းဝိုင်းက စုံစမ်းသိရှိရပါတယ်။





Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်