Posts

Showing posts from March 28, 2023

ငွေညှစ်နေသော ယာဉ်ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦးဒဏ်ရာရ

Image
တာမွေတွင် လိုင်းကြေးတောင်း ငွေညှစ်နေသော ယာဉ်ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦးဒဏ်ရာရ ၊ အလုံမြို့နယ်တွင် ဗုံးပေါက်ကွဲ ရန်ကုန်၊ မတ် ၂၈ ခေတ်သစ် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် လိုင်းကြေးတောင်း ငွေညှစ်နေသော ယာဉ် ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသ ပြည် သူများနှင့် စစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။  မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်  ရန်ကုန်တိုင်း၊ တာမွေ မြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဝင်းဘရားသား မှန်အလူမီနီယံဆိုင်​ရှေ့တွင် ယာဉ်များကို စစ်ဆေးပြီး ငွေကြေးတောင်းခံ နေသော ယာဉ်ထိန်းရဲအဖွဲ့ကို တာမွေ ခုံးကျော်တံတားပေါ်မှ ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲ ၁ ဦး ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။  "ဗုံးပေါက်ပြီးတော့ အဲဒီနားမှာ ကားတွေကို လိုက်စစ်တာရှိတယ်။ ဗုံးသံကလည်း ကျယ်တယ်။ တံတားဘက်အခြမ်းတော့ ခဏလေး ပိတ်ဆို့ပြီး ရှင်းလင်းတာတွေ လုပ်တယ်။ ခဏကြာတော့ ပြန်ဖွင့်သွားပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။  ထို့ပြင် မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် အလုံလမ်းဘေး ရထား သံလမ်းတွ