Posts

Showing posts from March 26, 2022

တယ်လီနောမြန်မာကို စစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်ဖူးသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်

Image
​ တယ်လီနောမြန်မာကို ပိုင်ရှင်သစ်များ စတင်ကိုင်တွယ်တော့မည် သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော မိုဘိုင်းအော်ပရေတာကို ပိုင်ဆိုင်ခွင့်ရသည့် ကုမ္ပဏီတွင် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏သားကို ဒုအမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ထားသည်။​  အောင်နိုင် Published on Mar 26, 2022 Myanmar Now  တယ်လီနောမြန်မာကို စစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်ဖူးသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဖြစ်သည်။  တယ်လီနောမြန်မာကို စစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်ဖူးသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဖြစ်သည်။  တယ်လီနောမြန်မာကို အပြီးသတ်လွှဲပြောင်း ရောင်းချပြီးပြီဖြစ်ရာ ပိုင်ရှင်သစ်များဖြစ်သည့် လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ဖက်စပ်ထူထောင်သည့် Investcom ကုမ္ပဏီတို့က စတင်ကိုင်တွယ်တော့မည်ဖြစ်သည်။ သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော မိုဘိုင်းအော်ပရေတာကို ပိုင်ဆိုင်ခွင့်ရ Investcom ကုမ္ပဏီတွင် စစ်တပ်အဆက်အနွယ် ရွှေဗျိုင်းဖြူကုမ္ပဏီက ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဖြစ်သည်။