Posts

Showing posts from May 14, 2023

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

Image
KNA| May 15,2023./နွေဦးဝေ မနေ့က ကျင်းပပြီးစီးသွားတဲ့ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ အသက်၄၂နှစ် ဟားဗတ်ကျောင်းဆင်း ပီတာလင်ဂျာရိုရန်ရတ် ဦးဆောင်တဲ့ Move Forward ပါတီက အမတ်နေရာ ၅၀၀မှာ လောလောဆယ် ၁၅၂ နေရာအထိ အနိုင်ရရှိ‌ထားပါတယ်။  ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ပေတုံတန်ရှင်နာ၀ပ်ရဲ့ ဖွေထိုင်းပါတီက လက်ရှိ ၁၄၈ နေရာနဲ့ ဒုတိယ၊ စစ်တပ်ကျောထောက်နောက်ခံပြု လက်ရှိ ၀န်ကြီးချုပ် ပရာယွတ်က အမတ်နေရာ ၄၀ နဲ့ အဆင့် ၄ နေရာ အသီးသီး ရပ်တည်နေပါတယ်။ ထိုင်းနိုင်ငံရေးမှာ စစ်တပ်ကြီးစိုးမှုကို ဆန့်ကျင်တဲ့ ဖွေထိုင်းပါတီနဲ့ Move For ward ရှေ့သို့ချီ ပါတီတို့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့ရမယ်လို့ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရို ရန်ရတ်က ပြောပါတယ်။   လက်ရှိအခြေအနေအရ သူတို့နှစ်ပါတီပေါင်းပြီး ညွှန့်‌ပေါင်းအစိုးရ ဖွဲ့ဖို့‌ဖြစ်လာပေမယ့် ၊ဝန်ကြီးချုပ်နေရာရဖို့ အတွက်ကတော့ အောက်လွှတ်တော်အမတ် ၅၀၀အပြင်၊ထိုင်းစစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ကလဲ မဲပေးရမှာဖြစ်ပါတယ် ဒါကြောင့် စစ်တပ်ကခန့်ထားတဲ့ အထက်လွှတ်တော်က အမတ်တွေရဲ့ မဲထည့်မတွက်ဘဲ ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းနိုင်ဖို့ အောက်လွှတ်တော် မဲ အနည်းဆုံး ၃၇၆မဲရဖ