ဧရာ၀တီတိုင်းက ရဲတပ်ဖွဲ့၀င် ၄၀ ဦးကို ရခိုင်နဲ့ စစ်ကိုင်းကို ရွှေ့ပြောင်း
ဧရာဝတီတိုင်းမ် မတ်လ ၂၂ ရက် ဧရာ၀တီတိုင်းအတွင်းက မြို့နယ်ရဲစခန်းတွေက ရဲတပ်ဖွဲ့၀င် ၄၀ ဦးကို မတ်လ (၁၈)ရက်နေ့က ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ရင်းနဲ့ စစ်ကိုင်းတိုင်းဘက်ကို ပြောင်းရွှေ့လိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ အသိုင်းအ၀န်းကသိရပါတယ်။ ခုလိုမျိုး တစ်တိုင်းလုံးမှာ ပြောင်းရွှေ့ရတဲ့ ရဲ ၄၀ ဦးဟာ ပြောင်းရွှေ့စာရင်းမှာမပါဝင်ဘဲ ငွေကြေးမပေး နိုင်လို့ ငွေပေးနိုင်တဲ့သာတွေအစား ရွှေ့ပြောင်းခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ "တစ်တိုင်းလုံးအယောက် ၄၀ မြို့နယ်စခန်းတွေက နာမည်နဲ့ စာရင်းထွက်တာတစ်ချို့ကြတော့ ပိုက်ဆံပေးပြီး လူချိန်းလိုက်တာတွေ ရှိတယ် အရင်ကတိုင်းမှာ အနေကြာသူတွေချိန်းတာ၊ ခုကငွေမပေးနိုင်ရင် နာမည်ပါမှာပဲ"လို့ တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ဧရာ၀တီတိုင်းကနေ အခြားဒေသတွေကိုမပြောင်းရရေးအတွက် ငွေကြေးလာဘ်ထိုးရပြီး တော်လှန်ရေးအင်အားစုများနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသများကိုမပါစေရေးအတွက် ငွေကျပ်သိန်း ၅၀ နီးပါး လာဘ်ငွေပေးရတယ်လို့ ဆိုပါတယ်။ ယခုပြောင်းရွှေ့ခံရသူ အများစုဟာမြို့နယ်တွေမှာ စစ်ကောင်စီကို အဓိက ငွေရှာပေးနေတဲ့ နယ်ထိန်း၊ ဒန စတဲ့ရဲတပ်ဖွဲ့၀င်အမျ...