ပတ်စ်ပို့ ပြုလုပ်ခွင့် အားလုံးကို ယနေ့ကစပြီး ယာယီရပ်ဆိုင်းလိုက်ပြီ
ဇန်နဝါရီ ၁၇ အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအပါအဝင် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ပြုလုပ်ခွင့်အားလုံးကို ယနေ့ကစပြီး ယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနဲ့စပ်လျဉ်းပြီး ယနေ့ ဇန်နဝါရီလ ၁၇ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းကြောင်း ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများကို အသိပေးအကြောင်းကြားလာတာဖြစ်ပါတယ်။ ယခင်က သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ရပ်ဆိုင်းကာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုပြီးအလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို Green Channel ဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း လက်ရှိအချိန်မှာတော့ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်အား ယနေ့မှစပြီး ယာယီရပ်ဆိုင်းလိုက်တာကြောင့် Green Channel ဖြင့် Passport ပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများကိုလည်း ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ...