ပတ်စ်ပို့ ပြုလုပ်ခွင့် အားလုံးကို ယနေ့ကစပြီး ယာယီရပ်ဆိုင်းလိုက်ပြီ

ဇန်နဝါရီ ၁၇

အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအပါအဝင် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ပြုလုပ်ခွင့်အားလုံးကို ယနေ့ကစပြီး ယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနဲ့စပ်လျဉ်းပြီး ယနေ့ ဇန်နဝါရီလ ၁၇ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းကြောင်း ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများကို အသိပေးအကြောင်းကြားလာတာဖြစ်ပါတယ်။

ယခင်က သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ရပ်ဆိုင်းကာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုပြီးအလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို Green Channel ဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း လက်ရှိအချိန်မှာတော့ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်အား ယနေ့မှစပြီး ယာယီရပ်ဆိုင်းလိုက်တာကြောင့် Green Channel ဖြင့် Passport ပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများကိုလည်း ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ရပ်ဆိုင်းခဲ့ကာ MoU စနစ်ဖြင့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများနဲ့ ဗုဒ္ဓဂါယာဘုရားဖူးမည့်သူများအတွက် သီးခြားပြုလုပ်ပေးခဲ့သော်လည်း ယခုအခါမှာ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်တာလည်းဖြစ်သည်၊
https://www.myanmaplatform.com/a/67527.html


Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော