ပတ်စ်ပို့ ပြုလုပ်ခွင့် အားလုံးကို ယနေ့ကစပြီး ယာယီရပ်ဆိုင်းလိုက်ပြီ

ဇန်နဝါရီ ၁၇

အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအပါအဝင် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ပြုလုပ်ခွင့်အားလုံးကို ယနေ့ကစပြီး ယာယီရပ်ဆိုင်းထားမှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနဲ့စပ်လျဉ်းပြီး ယနေ့ ဇန်နဝါရီလ ၁၇ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းကြောင်း ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများကို အသိပေးအကြောင်းကြားလာတာဖြစ်ပါတယ်။

ယခင်က သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ရပ်ဆိုင်းကာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုပြီးအလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို Green Channel ဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း လက်ရှိအချိန်မှာတော့ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်အား ယနေ့မှစပြီး ယာယီရပ်ဆိုင်းလိုက်တာကြောင့် Green Channel ဖြင့် Passport ပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများကိုလည်း ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ရပ်ဆိုင်းခဲ့ကာ MoU စနစ်ဖြင့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများနဲ့ ဗုဒ္ဓဂါယာဘုရားဖူးမည့်သူများအတွက် သီးခြားပြုလုပ်ပေးခဲ့သော်လည်း ယခုအခါမှာ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်တာလည်းဖြစ်သည်၊
https://www.myanmaplatform.com/a/67527.html


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်