Posts

Showing posts from December 12, 2022

စမိုင်းလ်တို့ဇနီးမောင်နှံဟာဖရဲသီးလား

Image
စမိုင်းလ်တို့ဇနီးမောင်နှံဟာဒေါ်အောင်ဆန်းစုကြည်အိမ် ကိုသွားခဲ့သလိုနယ်သာလန်အထိလဲထောက်ခံ ပွဲကိုသွားခဲ့တယ် သူ့အမျိူးသားဟာ   ဆက်သွယ်ရေးဝန်ကြီးတူ ဖြစ်ပြီး   အဝေးခေါ်ငွေဖြည့်ကဒ်တွေရောင်းခွင့် ရခဲ့ပြီးတနိုင်ငံလုံးကဖုန်းခေါ်ခတွေနဲ့သန်းရာချီ တန်အိမ်ဝယ်ပြီးယူအက်စ်မှာနေသူပါ ဇီးသီးဗန်းမှောက်ချိန်မှာတဖက်ကအမေစုကို ချစ်တယ်ဆိုတာဟုတ်မဟုတ်ကတော့စောင့်ကြည့် ရမှာပဲဖြစ်ပါတယ်။

သန်းရွှေကို မြန်မာနိုင်ငံရဲ့အကြီးဆုံး ဖရဲသီးပုပ်မိသားစုခေါင်းကိုင်လို့ သုံးနှုန်း

Image
လက်ရှိအာဏာသိမ်းမှုအပေါ် အကြီးအကျယ်ထောက်ခံမှုပြုနေတဲ့ ဦးနေဝင်းမြေး အေးနေဝင်းရဲ့telegram accountမှာရေးသားထားတဲ့စာပိုဒ်လေးတစ်ခုက အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ် ။  စာဖတ်သူကြီးကာချုပ်ဟောင်းဦးသန်းရွှေကို မြန်မာနိုင်ငံရဲ့အကြီးဆုံး ဖရဲသီးပုပ်မိသားစုခေါင်းကိုင်လို့ သုံးနှုန်းထားတာကိုတွေ့ရတာပါပဲ။  အေးနေဝင်းဟာ ဦးသန်းရွှေလက်ချက်နဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ်၁၂နှစ်ကျခံရဘူးသူဖြစ်သလို သူ့အဖိုးဦးနေဝင်းဟလည်း ဦးသန်းရွှေမှနေအိမ်အကျယ်ချုပ်ချဖို့လုပ်ခဲ့တဲ့အထိခံခဲ့ရဘူးသူပါ။  မြန်မာစစ်တပ်သမိုင်းဟာ တစ်ပါတ်ပြန်လည်ပြီးလားမေးခွန်းထုတ်စရာပါပဲ။  ဦးသနိးရွှေကာချုပ်ဖြစ်လာမယ့်လမ်းစအဖြစ် ဒုကာချုပ်နေရာပေးခဲ့သူဟာ ဦးနေဝင်းပါ။ အဲ့ကျေးဇူးအတွက် ဦးသန်းရွှေက ဦးနေဝင်းမြေးတွေကိူထောင်ချပြီး ကျေးဇူးဆပ်ခဲ့ဘူးပါတယ်။  အခုအချိန်မှာ အေးနေဝင်းအနေနဲ့ ဦးသန်းရွှေကိုဖရဲသီးပုပ်မိသားစုခေါင်းကိုင်လို့သုံးနှုန်းခြင်းဟာ ဘယ်သူ့အားကိုးနဲ့ပြောသလဲဆိုတဲ့လားရာကိုတွက်ဆကြည့်မယ်ဆိုရင် ဦးသန်းရွှေလည်း ဦးနေဝင်းလမ်းစဉ်လိုက်နေရပြီလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ ဖရဲသီးဆိုတာ အပြင်မှာစိမ်းပေမဲ့ အထဲမှာနီနေတဲ့သူတွေကိုသမုတ်တဲ့စကားလုံးအဖြစ်လည်းသုံးပါတယ်။ တကယ်ပဲ ဦးသန်

လေတပ် နှစ်ပတ်လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း

Image
ရုရှားတိုက်လေယာဉ်သစ် SU-30 များကို မင်းအောင်လှိုင် စိတ်မချဖြစ်နေပြီး လေတပ်  နှစ်ပတ် လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း  ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ခေတ်သစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံမှ ဝယ်ယူထားသော တိုက်လေယာဉ်သစ် SU-30 များကို စိတ်မချဖြစ်နေပြီး မိတ္တီလာလေတပ်တွင် ကျင်းပမည့် ၇၅ နှစ်မြောက် စိန်ရတု လေ တပ်နှစ်ပတ်လည်ပွဲတွင် SU-30 တိုက်လေယာဉ်သစ်များကို ရုရှားလေယာဉ်မှူးများဖြင့်သာ ဦး  ဆောင် မောင်းနှင်ခိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။  ဒီဇင်ဘာလ ၁၅ ရက်နေ့ မန္တလေးတိုင်း၊ မိတ္တီလာ၊ ရှမ်းတဲလေတပ်တွင် ၇၅ နှစ်မြောက် စိန်ရတု လေတပ်နှစ်ပတ် လည် အခမ်းအနားတွင် ရုရှား SU-30 တိုက်လေယာဉ်အားလုံး အလှပြ ပျံသန်း မည်ဖြစ်ပြီး ရုရှားတိုက်လေယာဉ်မှူးများက ဦးဆောင်မောင်းနှင်ကြမည်ဖြစ်ကြောင်း၊  မြန်မာ စစ်လေယာဉ်မှူးများက အကူလေယာဉ်မှူးများအဖြစ်သာ လိုက်ပါ မောင်းနှင်ကြမည်ဖြစ်ကြောင်း လေတပ်သတင်းရင်းမြစ်က ပြောသည်။  "ဒီဇင်ဘာ ၁၅ ရက်နေ့ လေတပ်နှစ်ပတ်လည်မှာ ရုရှား Su-30 တိုက်လေယာဉ်တွေ သရုပ်ပြပျံသန်းကြမှာဖြစ်ပါတယ်။  ရုရှားလေယာဉ်မှူးတွေက အဓိက လေယာဉ်မှူးတွေအဖြစ် တာဝ

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက် ထားရှိ

Image
ကုလသမဂ္ဂ   အထွေထွေညီလာခံ Credential  ကော်မတီက   သံအမတ်ကြီး   ဦးကျော်မိုးထွန်းကို   မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ်   ဆက်လက်ထားရှိပြီး   ကိုယ်စားပြုမှုအရေးကို   ဆိုင်းငံ့ထားမည်ဟု   ကုလသမဂ္ဂက   ရရှိတဲ့ သတင်းက   အတည်ပြုပါတယ်။ တနလာ်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုမှု သတ်မှတ်တဲ့ Credential ကော်မတီ အစည်းအဝေးကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို နေမြဲအတိုင်း နောက်ထပ်သက်တမ်း တနှစ်ထားရှိဖို့ သဘောတူ ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။   ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုမှု အရေးကိုလည်း ဆိုင်းငံ့မထားကြဖို့ ကော်မတီဝင်တွေက သဘောတူခဲ့ကြပါတယ်။  ဗွီအိုအေ ကနေ ဦးကျော်မိုးထွန်း ကို Credential ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် မတိုင်ခင်တရက် က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ယူကရိန်း ကို ကူညီနေသလို မြန်မာပြည်သူတွေကိုလည်း ကူညီဖို့ ကုလသမဂ္ဂမှာ ပြောကြားခဲ့သလို ၊ ယူကရိန်းအရေး နဲ့ ပတ်သက်ပြီးလည်း ကုလသမဂ္ဂမှာ ထောက်ခံပြောကြားခဲ့ကြောင်း ပြောပါတယ်။  ဒါအပြင် Credential ကော်မတီမှာ ပါဝင်တဲ့ နိုင်ငံအများစုရဲ့ ထောက်ခံမှုကို ရရှိလိမ့်မယ်လို့လည်း သူအနေနဲ့ ယုံကြည်ကြောင်း ပြောပါတယ်။  Credential ကော်မတီမှာ ကုလသမဂ္ဂ လုံခြုံရ

နဖူးပေါ် လက်တင်သင့်ပြီ (လှစိုးဝေ)

Image
မင်းအောင်လှိုင်၏ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့မှုသည် သူ ဖြစ်စေချင်သည်နှင့် ပြောင်းပြန်ရလဒ်များ ထွက်ပေါ်လာခဲ့လေပြီ ဖြစ်သည်။ နိုင်ငံအနှံ့လည်း ၎င်း၏လက်ဝေခံ တပ်များက နှိပ်စက်လုယူ သတ်ဖြတ်မှု ပြုခြင်းများ နှင့် နပမ်းလုံးနေရချိန်တွင် ရာဇဝတ် မှုများ ထူပြောလာနေသည် ဆိုသည်အား အိမ်နီးချင်း စင်္ကာပူ နိုင်ငံထုတ် စထရိတ်တိုင်းမ် သတင်းစာ ကြီး မှ နေ့ခင်းကြောင်တောင် ရန်ကုန် မြို့လယ်ရှိ ဘတ်စ်ကား တစီး ပေါ်တွင် လူအုပ်စု နှင့် တက်၍ လုယက်မှု ဖြစ်ပွားလာခဲ့မှုအား အသေးစိတ် ဖေါ်ပြလာခဲ့သည်ကပင် ၎င်းတို့ အတွက် ရှက်ဖွယ်လိလိ ဖြစ်လာရသည်။ အဆိုပါ သတင်းစာကြီးမှ နိုဝင်ဘာလ အတွင်း နေ့လည်ခင်းတွင် မအေး ဆိုသူ အမျိုးသမီးသည် မင်္ဂလာ ဈေးမှ ဝယ်ခြမ်းပြီး လူများ ပြည့်ကျပ်နေသော ဘတ်စ်ကားပေါ် တက်စီးပြီး အိမ်ပြန်လာခဲ့သည်ဟု ဆိုသည်။ လမ်းတွင် လူငယ် အရွယ် ဆယ်ဦးခန့် ကားပေါ် တိုးဝှေ့တက်လာပြီး ကားပေါ်ရောက်သည်နှင့် ဓါးများကို ထုတ်ကာ ခရီး သည်များ ဆီမှ ငွေများ လုယက်သွားသည်။ လူတဦး မှ ဝင်ရောက် ကာကွယ်ရန် ကြိုးစားခဲ့သဖြင့် လုယက်သူ များက ဝိုင်းရိုက်သွားခဲ့ကြောင်း ပါရှိသည်။ ထိုသတင်း သည် သာမန် အဆင့်မျှသာ ဖြစ်သော်လည်း စစ်အာဏာသိမ်း အဖွဲ့ လက်အေ

စစ်ကောင်စီက ကာကွယ်ရေးနှင့် ပြည်ထဲရေးဌာနတို့အတွက် ဒေါ်လာ ၂ ဘီလျံကျော်အထိ သုံးစွဲရန် လျာထား

Image
စစ်ကောင်စီလက်ထက် ကြွေးမြီနှင့် စစ်အသုံးစရိတ်တိုးလာ ပြည်တွင်းပြည်ပကြွေးမြီ စုစုပေါင်း ဒေါ်လာ ၂၈ ဘီလျံအထိရှိနေသော်လည်း စစ်ကောင်စီက ကာကွယ်ရေးနှင့် ပြည်ထဲရေးဌာနတို့အတွက် အသုံးစရိတ် နှစ်ဆကျော်တိုးကာ ဒေါ်လာ ၂ ဘီလျံကျော်အထိ သုံးစွဲရန် လျာထားသည်။​ ထူးအောင် Published on  Dec 7, 2022  Myanmar now ၂၀၁၈ ခုနှစ်အတွင်းက ဧရာဝတီတိုင်းတွင် ပြုလုပ်သည့် ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - EPA/EFE)  အာဏာသိမ်းပြီးနောက်ပိုင်း စစ်အသုံးစရိတ်နှင့် ပြည်တွင်းပြည်ပကြွေးမြီများ တိုးလာကြောင်း ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်သည့် စစ်ကောင်စီ၏ ၂၀၂၂ - ၂၃ ဘဏ္ဍာနှစ် ဘတ်ဂျက်လျာထားမှု ကိန်းဂဏန်းများအရ သိရသည်။ အာဏာမသိမ်းမီကပင် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှေးကွေးကာ ပြည်ပချေးငွေ ပြန်လည်ပေးဆပ်နိုင်မှု လျော့ကျခဲ့ရာ စစ်ကောင်စီလက်ထက်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများထွက်ခွာခြင်းနှင့်အတူ တိုင်းပြည်စီးပွားရေး ယုတ်လျော့ကျဆင်းနေခြင်းကြောင့် ပြည်ပကြွေးမြီကိစ္စ ဆက်လက်ထိခိုက်နေမည်ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းထားချိန် ကမောက်ကမအခြေအနေများကြောင့် တိုင်းပြည်စီးပွားရေးအခြေအနေနှ

ကနေဒါက ဇော်မင်းထွန်းအပါအဝင် စစ်ကောင်စီနဲ့ပတ်သက်သူ ၁၂ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူ

Image
လူ့အခွင့်အရေးနေ့အကြိုမှာပဲ ကနေဒါက ဇော်မင်းထွန်းအပါအဝင် စစ်ကောင်စီနဲ့ပတ်သက်သူ ၁၂ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူကြောင်း ကြေညာ မဲခေါင်၊ ဒီဇင်ဘာ ၁၁ ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့အလျှောက် ဒီနေ့မတိုင်ခင် တစ်ရက်အလိုမှာ ပဲ ကနေဒါနိုင်ငံဟာ မြန်မာစစ်ကောင်စီနဲ့ပတ်သက်သူ ၁၂ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။  ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲနေသလို ပြည်သူတွေအပေါ်မှာလည်း လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ရုရှားက ယခုနဲ့ယခင် စစ်တပ်အကြီးအကဲ ၃၃ ယောက်နဲ့ အဖွဲ့အစည်း ၆ ခု၊ အီရန်မှာ စနစ်တကျနဲ့ လူ့အခွင့်အရေးချိုး ဖောက်၊ ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်နေမှုနဲ့ ၂၂ ယောက်၊ စုစုပေါင်း ၆၇ ယောက်နဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီ ၉ ခုကို ပိတ်ဆို့အရေးယူကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လနီဂျိုလီက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။  မယ်လနီဂျိုလီက "ထပ်ပြီးအရေးယူစရာတွေ လာပါဦးမယ်။ ကနေဒါနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် မားမားမတ်မတ်ရပ်တည်မှုကို ဘယ်တော့မှ မေ့လျော့မှာ မဟုတ်ဘူး" လို့ ပြောသွားခဲ့တယ်။  မြန်မာနိုင်ငံက စစ်ကောင်စီနဲ့ပတ်သက်သူတွေကို အရေးယူရတာက သေဒဏ်ကို

နိုင်ငံရေးသေကြောင်းကြံစည်မှု

Image
ခုရက်ထဲ ဒေါ်အောင်ဆန်းစုကြည် ဆီ ကို လာမယ့်နှစ် မအလလုပ်မယ့် ရွေးကောက်ပွဲဝင်ဘို့ ပါတီဝင်တချို့က သွားစည်းရုံးကြတယ် ဆိုတဲ့သတင်း ရုတ်ရုတ်သဲသဲဖြစ်လာတယ်။ ကာယကံရှင်တွေ က ရက်စ် အော် နိုး ပြည်သူကို ပြောမှရမယ်။ ဘာလို့လဲ ဆိုတော့ ဒါ နိုင်ငံရေးဆူဆိုဒ် မို့ပဲ။ အချင်းချင်းတွေ ဆိုတော့ စာရေးရတာ စိတ်မသက်သာဘူး။ ဒါပေမယ့် ရေးသင့်တဲ့အခါ နည်းနည်းတော့ ရေးရတာပဲ။ ၉၀ ရွေးကောက်ပွဲက စပြီး NLD ကို အမျိုးမျိုး ဖြိုခွဲတာ ကြုံခဲ့ဖူးပါတယ် ။ မှတ်မိသလောက် နဝတ က ၉၀ ရွေးကောက်ပွဲ အပြီး NLD ထဲက အနိုင်ရ အမတ်၆ ယောက်လောက်ဖဲ့ထုတ်နိုင်ခဲ့တယ် ထင်တယ်။ ရင်းရင်းနှီးနှီး မှတ်မိနေသူက မင်္ဂလာဒုံ မြို့နယ်က အမတ် ကိုကြည်ဝင်း။ သူက ဦးသန့် အရေးအခင်းကတည်းက ဘွဲ့နှင်းသဘင် ဘက်အခြမ်းက သပိတ်ကော်မီတီ ဥက္ကဌတယောက်ဆိုတော့ ၁၉၇၄ ကတည်းက သိခဲ့ဖူးတာ ။ ထောင်ကျချင်း သိကြတာမျိုး။ ၁၉၉၀ တဝိုက် မှာ သူ ကြက်ခြံလုပ် ကြက်ဥ တွေရောင်း -စီးပွါးရေး လုပ်နေတော့ သူငယ်ချင်း ကိုအောင်ထိုက်က သူ့ စိတ်တိုင်းကျ ဆိုင်တွေ အားလုံးအတွက် သူ့ဆီက ကြက်ဥ တွေ အကုန် လုံး ပင်တိုင်ဝယ် ဖြုန်းပေးတာ။ စိတ်တိုင်းကျ ဆိုင်အားလုံးရဲ့တဦးတည်းဖေါက်သည် ပေါ့။ ဘော်ဒါချင်း ကြည့်ကြတဲ့ သဘော ပဲ ။ ဆိုင်

မြန်မာအရေး အာဆီယံဖြေရှင်းနေမှု ပိုဆိုးအောင် မလုပ်ဖို့ အိန္ဒိယကို အင်ဒို နိုင်ငံခြားရေးဝန်ကြီး သတိပေး

Image
ဒီနှစ်ကုန်ပြီးရင် ၂၀၂၃ ခုနှစ်အာဆီယံအလှည့်ကျဥက္ကဌ ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီနဲ့ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စ တွေဆွေးနွေးသွားတဲ့ အိန္ဒိယကို မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သီးခြားလမ်းကြောင်းနဲ့ ညှိုနှိုင်းတာမျိုး မလုပ်ဖို့နဲ့ ဒီလိုလုပ်ခြင်းဟာ အရင်ကတည်းက အကျိုးသက်ရောက်မှုမရှိခဲ့တဲ့ အာဆီယံရဲ့ မြန်မာ့အရေး လမ်းညွှန်ချက်ငါးရပ်ကို ပိုပြီး အကျိုးသက်ရောက်မှု ထပ်နည်းသွားစေလိမ့်မယ်လို့ သတိပေးစကား ပြောကြားသွားပါတယ်။  မဆူဒီက အာဆီယံဟာ မြန်မာပါဝင်တဲ့အဖွဲ့အစည်းဖြစ်လို့ အိန္ဒိယနဲ့ တခြားသောနိုင်ငံတွေက အာဆီယံရဲ့ မြန်မာ့ အရေးပေါ်လစီကို လေးစားမှုရှိပြီး တခြားသော လမ်းကြောင်းတွေ၊ ဆွေးနွေးမှုတွေမလုပ်သင့်ကြောင်း မီဒီယာတွေ ကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဗီနေးကွာတရာ ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ လာရောက်ခဲ့ပြီး စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံလို့ နှစ်နိုင်ငံ နယ်ခြားစည်းလုံခြုံရေးကိစ္စ၊ အိန္ဒိယနိုင်ငံသားတွေ မြန်မာနိုင်င

NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဒုဝန်ကြီး

Image
ဒီနေ့ PVTV မှာလာသွားတဲ့ ကိုယ်တွေ ရဲ့ဒုဝန်ကြီးက David Gum Awng တဲ့။ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန(International Cooperation)က ဒုဝန်ကြီးပါ။ စာလည်း အရမ်းတော်— အမေရိကန်က ဘွဲ့ နှစ်ခုတောင် ယူထားတာ။ အမေရိကန်နိုင်ငံ၊ Massachusetts မှာရှိတဲ့ Brandeis University က Sustainable International Development in Sustainable International Development in Arts ဆိုတဲ့ဘွဲ့ တစ်ဘွဲ့။ အမေရိကန်နိုင်ငံ၊ Illinois မှာနောက်ထပ်တစ်ဘွဲ့— Social Studies (with a concentration in International Relations) တဲ့။ လူမှုတရားမျှတမှုဆိုင်ရာ အသိပညာပေးရေး (social justice-cum-educator) advocate အဖြစ်လုပ်နေတာ ၁၀ နှစ်ကျော်ပြီ။ ဂျပန် (JICA) နဲ့ တောင်ကိုရီးယား (KOICA) အစိုးရအကူအညီပေးရေးအေဂျင်စီတွေ၊ ODA (Overseas Development Assistance) ပရောဂျက်တွေမှာလည်းသူပါဝင်ခဲ့တယ်။နောက်ထပ် အများကြီးရှိသေး—  ဒီလို ပညာတတ်လူငယ်တွေ တကိုယ်ကောင်းမဆန်ဘဲ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဝင်ရုန်းကြတာ အားရစရာပါ။ မရွှေမိုး-ကိုရီးယား 𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 12𝒕𝒉,2022.

▪️စစ်ကောင်စီ လက်ကိုင်တုတ် ဒိန်းဒေါင်ရဲ့ လုပ်ရပ်များကို ဖော်ထုတ်ခြင်း

Image
ညစ်ညမ်းပြက်လုံးများနဲ့ လူသိများလာသူ လူပြက် ဒိန်းဒေါင် (ခ) တင်ဌေးဟာ အကြမ်းဖက် စစ်တပ် အာဏာလုမှု ဖြစ်စဉ် မတိုင်ခင် ကတည်းက စစ်တပ် ထောက်ခံသူ ဖြစ်ကြောင်း မကြာခဏ ဖော်ပြလေ့ ရှိသူ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရထံက အာဏာကို မတရား လုယူပြီးတဲ့အချိန်မှာလည်း စစ်တပ် လက်ကိုင်တုတ် အလိုတော်ရိ တစ်ယောက် အဖြစ်နဲ့ ပီပီပြင်ပြင် အသုံးချခံ နေတာကို အချက်အလက် တွေအရ သိရပါတယ်။ ▪️ ဒိန်းဒေါင်ကို ပေးထားတဲ့နေရာ စစ်ကောင်စီဟာ နယ်ပယ် အသီးသီးမှာ သူတို့ရဲ့ အလိုတော်ရိ အောက်ဆွဲတွေကို နေရာပေး အုပ်ချုပ်စေတဲ့ မူဝါဒအရ ယခင် လူရွှင်တော် အသင်းကို ဟာသပညာရှင်များ အစည်းအရုံး ဆိုပြီး ပြောင်းလဲ ဖွဲ့စည်းစေခဲ့ ပါတယ်။ အဲဒီ အဖွဲ့မှာ ဒိန်းဒေါင်ကို ဥက္ကဌ ရာထူးပေးခဲ့ပြီး လူရွှင်တော် တွေနဲ့ သဘင် လောကသားတွေ အပေါ် လွှမ်းမိုး ချုပ်ကိုင်ဖို့ ကြံစည်ခဲ့ပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ ဟာသနဲ့ သဘင် ပညာရှင် အများစုရဲ့ ဆင်းရဲ ချို့တဲ့မှုကို အခွင့်ကောင်း ယူပြီး ဒိန်းဒေါင်ကတဆင့် ငွေကြေးနဲ့ စည်းရုံးစေ ပါတယ်။ ဒိန်းဒေါင်ဟာ အကြမ်းဖက် စစ်တပ်က ဝါဒဖြန့် စည်းရုံးဖို့ ချပေးထားတဲ့ ငွေကြေးတွေကို စီမံခန့်ခွဲ ရတာကြောင့် တချို့ အမြင်မှာ လူရွှင်တ

မအလအမွှာညီမ

Image

​ခင်ရီအား ယခင် ကြံဖွတ်ဝန်ကြီး​ဟောင်းများဝန်းရံ

Image
ပဲခူးမြို့ ​တွေ့ဆုံ​ဆွေး​နွေးပွဲသို့ယခင်ကဝန်ကြီးများဖြစ်ကြ​သောဝန်ကြီး(ငြိမ်း) အောင်မင်း၊ ဝန်ကြီး(ငြိမ်း)ဥာဏ်ဝင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် (ဟောင်း)ဇော်မင်းတို့လာရောက်ဝန်းရံခဲ့သည်။

ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည် ဆိုသည့် BURMA ACT

Image
​ စစ်တပ်အား တာဝန်ခံစေရန် တစုတစည်းတည်း ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည် ဆိုသည့် BURMA ACT ********************** ပြီးခဲ့သည့် ကြာသပတေးနေ့က အမေရိကန် အောက်လွှတ်တော်တွင် ထောက်ခံမဲ ၃၅၀၊ ကန့်ကွက်မဲ ၈၀ နှင့် ပါတီကြီး နှစ်ရပ်ပေါင်း မှ အတည်ပြုပေးလိုက်သော NDAA ဆိုသည့် ၂၀၂၃ ခုနှစ် အမေရိကန် ကာကွယ်ရေး အသုံးစရိတ်  ဥပဒေတွင် BURMA ACT (Burma Unified through Rigorous Military Accountability) ဥပဒေ ပါ ပါဝင်လာခဲ့သည်။  အမေရိကန်ရှိ ဥပဒေအား ခေါ်ရ လွယ်အောင် Acronym ခေါ် အင်္ဂလိပ်စာလုံး အတိုကောက်များ ဖြင့် အမည်ပေး ရသည့် အဖွဲ့မှ စစ်တပ်အား တာဝန်ခံစေရန် တစုတစည်းတည်း ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည် ဟု အဓိပ္ပါယ်ရသည့် အတိုကောက် BURMA ဟု ထွက်ပေါ်လာစေရန် စကားလုံး ရွေးချယ်ပေးမှုက အံ့မခန်းပင် ဖြစ်သည်။  နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ် တွင် နိုင်ငံ၏ အမျိုးသား လုံခြုံရေး နှင့် အဓိက မသက်ဆိုင်သော်လည်း လိုအပ်သည်များကို တပါတည်း ထည့်သွင်းတတ်လေ့ရှိရာ မြန်မာနိုင်ငံအတွက် အောက်လွှတ်တော် အမတ်များ ဖြစ်သည့် စတိဗ် ချက်ဘော့၊ မိုက် လီဗင် နှင့် ဂရီဂိုရီ မိခ် တို့က ပူးတွဲ တင်သွင်းခဲ့ကြ၍ ပါရှိလာခဲ့သည်။ အမေရိကန် အတွက် အရှေ့တောင် အာရှ နိုင်ငံမ

ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

Image
​ မြန်မာနိုင်ငံမှာ နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးနဲ့ စစ်တပ်အတွက် ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက် ဒီဇင်ဘာ ၁၂ မြန်မာနိုင်ငံမှာ ရုရှားနည်းပညာနဲ့ နူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းနဲ့ စစ်တပ်အတွက် ရုရှား လက်နက်များ ဝယ်ယူမှု ဆိုင်ရာ ကိစ္စရပ်များမှာ အောင်သောင်းရဲ့ သားများ ပိုင်ဆိုင်တဲ့ IGE ကုမ္ပဏီက အဓိကပါဝင်ပတ်သက်နေကြောင်း IGE ကုမ္ပဏီသတင်းရင်းမြစ်နဲ့ စစ်တပ် သတင်းရင်းမြစ်များဆီက သိရပါတယ်။ အရင် စစ်ခေါင်းဆောင် သန်းရွှေလက်ထက် စက်မှု ၁ ဝန်ကြီး ဖြစ်ခဲ့တဲ့ အောင်သောင်းမှာ သား ၃ ဦးရှိပြီး စစ်တပ်ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ နေအောင်၊ ပြည်အောင်တို့က IGE ကုမ္ပဏီ အပါအဝင် စီးပွားရေး လုပ်ငန်းများစွာ ထူထောင်ကာ  လုပ်ကိုင် နေတာ ဖြစ်ပါတယ်။ IGE ကုမ္ပဏီဟာ စစ်တပ်နဲ့ သက်ဆိုင်တဲ့ စီမံကိန်းများ၊ စွမ်းအင် လုပ်ငန်း များကို အစဉ်အဆက် လုပ်ခွင့်ရရှိခဲ့ပြီး အခုနောက်ဆုံး နူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ စစ်တပ်အတွက် ရုရှားလက်နက်များ ဝယ် ယူမှုဆိုင်ရာ ကိစ္စရပ်များမှာ ပါဝင်ပတ်သက်လာတာ ဖြစ်ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံမှာ နူကလီး