Posts

Showing posts from December 26, 2022

ဟန်ငြိမ်းဉီးကရိုးသားပြီးပန်ဆယ်လိုကလူသတ်ခိုင်းတယ်ဆိုတဲ့မအိုင်းရင်း(အောက်မှာဖတ်ပါ)

Image
  https://youtu.be/Xup2K3Cw97w   ဖိုင်   ပွင့်ပွင့်လင်းလင်းပြောရရင် အိုင်းရင်းကိစ္စကို ကျွန်မ လွန်ခဲ့တဲ့နှစ်ရက်တည်းက ရပ်ဖို့ စဉ်းစားပါတယ်။ ကျွန်မမှာ ဒီလကုန် တော်လှန်ရေးအစီအစဉ်တွေ ကြိုတင်စီစဉ်ဖို့တွေနဲ့ ထပ်အချိန်မပေးချင်တော့ဘူး။ လူတွေလည်း အာရုံနောက်နေမယ်ဆိုတာရယ်၊ လုံလောက်နေပြီဆိုတာရယ် ကျွန်မသိလို့ ရပ်ဖို့စဉ်းစားပေမယ့် ဒီမိန်းမရဲ့ အလိမ်အညာတွေက ရပ်တန့်မသွားခဲ့ဘူး။ ကျွန်မတို့က ပွဲတစ်ခုကို မစရင်လည်း မစဘူး၊ စမယ်ဆိုရင်လည်း ဆုံးအောင်ကရပါမယ်။ မဟုတ်ရင် ပြည်သူတွေ ဝေဝါးနိုင်ပါတယ်။  အခု ကျွန်မဆီကို အိုင်းရင်းရဲ့ ဒီအသံဖိုင် ရောက်လာပါတယ်။ အိုင်းရင်းရဲ့ အလှူရှင်ဟောင်းတစ်ဦးဆီက ပို့လာတာပါ။ အိုင်းရင်းနဲ့ ယောက်ျားနှစ်ယောက်ပြောနေတဲ့ အသံပါ။ ကျွန်မက လူသုံးယောက်ကို သတ်ခိုင်းတယ်။ ဖော်မယ်ဆိုတဲ့ကိစ္စပါ။  အောင်အောင်ကျော်(စစ်ဦးဇီးချုပ်ဆိုတဲ့ကောင်) ဇီးရိုး (မြတ်အောင်ဆိုတဲ့ကောင်)၊ CDM ဆရာဝန် (တွေးကြည့်တာ ကျော်သူရလို့ထင်တယ်) ဒီသုံးယောက်ကို သတ်ခိုင်းပါတယ်တဲ့။ အကုန်ဖော်မယ်တဲ့။  ကဲ…. စိတ်ဝင်စားစရာကောင်းတာက ကျွန်မက ဒီသုံးယောက်ကို သတ်မယ်ဆိုရင် သူ့ကို သတ်ခိုင်းစရာ အကြောင်းရှိလား။ အိုင်းရင်းနဲ့ ကျွန်မက လွန်ခဲ့တဲ့ ၁၂လပိုင်းက
  https://youtube.com/shorts/GK5tYAKNwZs?feature=share PDF Support For Keyboard Fighters 3 နာရီ     ·   မြိုင်တွင် စျေးဝယ်ထွက်လာသော စစ်သား ၇ ဦးကို PDF တပ်များက လမ်းမှ စောင့်ကြို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး(ရုပ်/သံ) ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း စျေးဝယ်ထွက်လာသော စစ်သား ၇ ဦးကို PDF တပ်များက လမ်းမှ   စောင့်ကြို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၁၁ မိနစ်အချိန် မြိုင်မြို့နယ် ကိုင်းတောမ ရေစက်ဝင်း (ကိုင်းတောမ မှ စက်မှု ၂ သို့ အဓိက ရေပေးနေသောရေစက်) အတွင်းမှ စစ်သား ၇ ဦးသည် စျေးဝယ်ရန်အတွက် အပြင်သို့ လမ်းလျှောက်ထွက်လာစဥ် PDF မဟာမိတ်တပ်များက လမ်းမှ စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း၊ အခြား စစ်သား ၂ ဦးလည်း ဒဏ်ရာ

အမေစုကိုမျက်ကွယ်ပြုသွားသူတွေ ဘယ်နှစ်ယောက်ပါလဲ

Image
https://youtu.be/7H595j_wvsY    

ငွေနဲ့မိန်းမကိစ္စ အတွက် ဘာမဆိုလုပ်ရဲသူ အစွန်းရောက် ရှေ့နေအေးပိုင်

Image
ဥပဒေပညာကို တလွဲအသုံးချ တိုင်းပြည် ဖျက်ဆီးရေး ဦးဆောင်ခဲ့သူ အမျိုးသားရေး အစွန်းရောက် ရှေ့နေအေးပိုင်(သို့မဟုတ်)  ငွေနဲ့မိန်းမကိစ္စ အတွက် ဘာမဆိုလုပ်ရဲသူ By ဟိဏ်းဝေယံ ခေတ်သစ်မီဒီယာ ဦးသိန်းစိန်အစိုးရခေတ်၊ NLD အစိုးရ ခေတ်မှာ လုပ်ခဲ့တဲ့ တပ်ထောက်ခံပွဲ၊ အမျိုးသားရေးနဲ့မဘသ ပွဲတိုင်းမှာ မပါမဖြစ် ပါဝင်နေတဲ့ ရှေ့နေတစ်ဦးကတော့ အေးပိုင်ဖြစ်ပါတယ်။ ဥပဒေပညာနဲ့ အသက် မွေးသူ ရှေ့နေတစ်ဦးဖြစ်ပေမယ့် လည်း ငွေရလွယ်တဲ့အတွက် အမျိုးသားရေးလောကထဲကို  ဒိုင်ဗင်ထိုး ဝင်လာခဲ့သူလည်းဖြစ်ပါတယ်။  ဥပဒေပညာဆည်းပူးခဲ့တယ်ဆိုပေမယ့် ဟောပြောပွဲတွေမှာ သူ့ရဲ့ ဟောပြောမှုတွေက တကယ့်ကို အဆင့်အတန်းမရှိတဲ့ ဟောပြောမှုတွေသာဖြစ်ပါတယ်။ လမ်းဘေးစရိုက်ဆန်ဆန် NLD အပေါ်ကို ပုတ်ခတ်ပြီး စစ်တပ်အကြိုက် အမျိုးသားရေးသမားတွေ အကြိုက် ငွေရှာသူတစ်ဦးဆိုရင်လည်းမမှားနိုင်ပါဘူး။  ရှေ့နေလောကမှာတော့ သူလိုက်တဲ့ အမှုမှန်သမျှ ရှုံးတာပါပဲ။ ရှေ့နေ လောက အသက်မွေးလို့ မရတော့ မဘသနဲ့ အမျိုးသားရေး လောကထဲလှည့်လို့ ငွေလာရှာသူလည်းဖြစ်ပါတယ်။ သူရဲ့ ထင်ရှားတဲ့ လုပ်ရပ်တစ်ခုကတော့ အမျိုးစောင့်ဥပဒေတွေ ပေါ်ထွန်းရေးကို ဦးဆောင်ခဲ့တာပါပဲ။  ဦးသိန်းစိန်အစိုးရလက်ထက်မှာ အမျိုးစောင့်ဥပဒေ(တစ်လင်တ

ရုရှားထံမှ ရေငုပ်သင်္ဘော တိုက်ရိုက် ထပ်မံ ဝယ်ယူနိုင်ရေး ကြိုးပမ်းနေပြီး တော်ပီဒိုစက်ရုံ ကိစ္စပါဝင်ဖွယ်ရှိ

Image
ရန်ကုန်၊ ဒီဇင်ဘာ ၂၆  ခေတ်သစ်မီဒီယာ အကြမ်းဖက်စစ်ကောင်စီက  ရုရှားထံမှ ရေငုပ်သင်္ဘောတစ်စီး ထပ်မံ ဝယ် ယူ နိုင် ရေး ဆွေးနွေးမှု များရှိနေပြီး တော်ပီဒို စက်ရုံ ကိစ္စများလည်း ရုရှားနှင့် မြန် မာ အကြား ဆွေးနွေးမှုများ ရှိနိုင်ကြောင်း ရေတပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။  မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှား ဒုရေတပ်စစ်ဦးစီးချုပ်  Vice Admiral Igor MUKHAMETSHIN နှင့်အဖွဲ့သည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ် ကောင် စီ ၏ ရေတပ် ဦးစီးချုပ် မိုးအောင်တို့အဖွဲ့က တွေ့ဆုံပြီး နှစ်နိုင်ငံ ရေ တပ်ချင်း ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေးကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။  ဆွေးနွေးမှုများတွင် နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည် ရေးခရီးစဉ်များ လေ့လာလည်ပတ်နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအ ကြား ခရီး စဉ်များ အပြန်အလှန် လေ့လာလည်ပတ်နိုင်ရေး၊ စစ်ကောင်စီတပ်က ရုရှား သို့ သင်တန်းသားများ စေလွှတ်သင်ကြားလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ ရေတပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေးနွေးကြောင်း စစ်တပ်ဘက်က သတင်း ထုတ်ပြန်ထားသည်။  ရန်ကုန်ခေတ်သစ်၏‌ ရေတပ်သတင်းရင်းမြစ်တချို့က စစ်ကောင်စီက

စဆရကများ စာ၊ကဗျာ ကလောင်စွမ်းတွေနဲ့ ပျောက်နေရာမှ ပြန်ပေါ်လာပါမည်

Image
#အကြားအမြင်ဟောစာတမ်း လာမည့် နှစ်ထောင့်နှစ်ဆယ်သုံးမှာ...(၂၀၂၃) ၁။ FB ပေါ်ကနေ ပျောက်နေသူတွေ ပြန်ပေါ်လာပါမည်။ ၂။ စာပေလောကမှ စဆရကများ စာ၊ကဗျာ ကလောင်စွမ်းတွေနဲ့ ပျောက်နေရာမှ ပြန်ပေါ်လာပါမည်။ ၃။ တို့က လပ်တီးမျိုးမို့ ရင်ထဲကပန်း ပေါ်ပေါ်တင်တင် ပွင့်မရလို့ပါဆိုပြီး အငိုမျက်လုံးအပြုံးမျက်နှာနဲ့ အကယ်ဒမီရှော့တွေ များပြီး Photo Profile တွေ ချိန်းချိန်းတက်လာပါမည်။ ၄။ တို့တွေက သားသမီး၊မြေးမြစ်တွေနဲ့ ငဲ့ နေရလို့ပါ ခိုးခိုးပြီး လျှို့ဝှက် လှူကူပါတယ် ဆိုပြီး... ဒရမ်မာတွေ ခင်းကြပါလိမ့်မည်။ ၅။ တို့တွေရဲ့ သွေးက အမြဲနီပါတယ်၊ ဆိုပြီး သူများသွေးက မနီသလို၊ ဒေါင်းယောင်ဆောင်တဲ့ မြွေပွေးတွေ ဒေါင်းယောင်ဆောင်တဲ့ မြေခွေးတွေ အရေခွံလဲ ပါလိမ့်မည်။ ၆။ ရှေ့ကာလ၊နှစ်၊လ တွေမှာ.. အစားမပျက်၊အသွားမပျက်နဲ့ ပျော်စားလည်ပတ်နေပြီး လာမည့်နှစ်တွင် ခံဝန်ဖြင့် မသွားမဖြစ်လို့ပါဆိုတဲ့ အကြောင်းပြချက် မုသားများ FB ပေါ်မှာ ရေးတင်ပါလိမ့်မည်။ ၇။ သူတပါးချွေးနည်းစာ အပူစာများကို လိမ်စား ခွထိုင်များ.. ခွချက် ချက်ရင်း... မျောက်သစ်ကိုင်းလွတ်သလို တောင်ကပ် မြောက်ကပ်နဲ့ စူပါဂလူးသုံးလာပါလိမ့်မည်။ ၈။ တို့တွေက တို့တွေကနဲ့... နေရာလုပွဲများ များလာပါဦးမည်။