ငွေနဲ့မိန်းမကိစ္စ အတွက် ဘာမဆိုလုပ်ရဲသူ အစွန်းရောက် ရှေ့နေအေးပိုင်

ဥပဒေပညာကို တလွဲအသုံးချ တိုင်းပြည် ဖျက်ဆီးရေး ဦးဆောင်ခဲ့သူ အမျိုးသားရေး အစွန်းရောက် ရှေ့နေအေးပိုင်(သို့မဟုတ်)  ငွေနဲ့မိန်းမကိစ္စ အတွက် ဘာမဆိုလုပ်ရဲသူ

By ဟိဏ်းဝေယံ ခေတ်သစ်မီဒီယာ

ဦးသိန်းစိန်အစိုးရခေတ်၊ NLD အစိုးရ ခေတ်မှာ လုပ်ခဲ့တဲ့ တပ်ထောက်ခံပွဲ၊ အမျိုးသားရေးနဲ့မဘသ ပွဲတိုင်းမှာ မပါမဖြစ် ပါဝင်နေတဲ့ ရှေ့နေတစ်ဦးကတော့ အေးပိုင်ဖြစ်ပါတယ်။ ဥပဒေပညာနဲ့ အသက် မွေးသူ ရှေ့နေတစ်ဦးဖြစ်ပေမယ့် လည်း ငွေရလွယ်တဲ့အတွက် အမျိုးသားရေးလောကထဲကို  ဒိုင်ဗင်ထိုး ဝင်လာခဲ့သူလည်းဖြစ်ပါတယ်။ 

ဥပဒေပညာဆည်းပူးခဲ့တယ်ဆိုပေမယ့် ဟောပြောပွဲတွေမှာ သူ့ရဲ့ ဟောပြောမှုတွေက တကယ့်ကို အဆင့်အတန်းမရှိတဲ့ ဟောပြောမှုတွေသာဖြစ်ပါတယ်။ လမ်းဘေးစရိုက်ဆန်ဆန် NLD အပေါ်ကို ပုတ်ခတ်ပြီး စစ်တပ်အကြိုက် အမျိုးသားရေးသမားတွေ အကြိုက် ငွေရှာသူတစ်ဦးဆိုရင်လည်းမမှားနိုင်ပါဘူး။ 

ရှေ့နေလောကမှာတော့ သူလိုက်တဲ့ အမှုမှန်သမျှ ရှုံးတာပါပဲ။ ရှေ့နေ လောက အသက်မွေးလို့ မရတော့ မဘသနဲ့ အမျိုးသားရေး လောကထဲလှည့်လို့ ငွေလာရှာသူလည်းဖြစ်ပါတယ်။ သူရဲ့ ထင်ရှားတဲ့ လုပ်ရပ်တစ်ခုကတော့ အမျိုးစောင့်ဥပဒေတွေ ပေါ်ထွန်းရေးကို ဦးဆောင်ခဲ့တာပါပဲ။ 

ဦးသိန်းစိန်အစိုးရလက်ထက်မှာ အမျိုးစောင့်ဥပဒေ(တစ်လင်တစ်မယားစနစ်)ကို လွှတ်တော်ကနေ အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပါတယ်။ မဘသ အစွန်းရောက် အဖွဲ့ကနေ အမျိုးစောင့်ဥပဒေ ခေါ် တစ် လင် တစ်မယားစနစ် ဥပဒေကို တင်သွင်းခဲ့တာ ဖြစ်ပြီး  ရှေ့နေ အေးပိုင်က အဲဒီမျိုး စောင့်ဥပဒေတွေ ပေါ်ထွန်းဖို့ အဓိက အခရာအဖြစ် ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ကြုံလို့ စကားစပ်လို့ ပြောရရင်တော့  မျိုးစောင့်ဥပဒေတွေ ရေးဆွဲစဉ် ဥပဒေ အကြံပေးအဖြစ် အဓိက ပါဝင်ခဲ့သူ  အမျိုးသားရေးအစွန်းရောက် ရှေ့နေအေးပိုင်ကိုယ်တိုင်က မျိုးမစောင့်နိုင်ခဲ့ပါဘူး။ အိမ် ထောင်ရှိလျက်နဲ့ အငယ် အနှောင်း ကိစ္စတွေ ထားတဲ့ ကိစ္စတွေ ပေါ်ပေါက်ခဲ့လို့  အမျိုးသားရေး လောက ထဲမှာ အရှက်တကွဲ အကျိုးနည်းခဲ့ပါတယ်။ 

မဘသလက်အောက်ခံ အမျိုးသားရေးအစွန်းရောက်အသင်း မျိုးချစ်သွေးဓမ္မကွန်ယက်မှ အောင်လင်းနဲ့ ကျနော်တို့ကိုယ်တိုင် ရှေ့နေအေးပိုင် အငယ်အနှောင်းကိစ္စအတွက် ယိုသူမရှက် မြင်သူရှက် တည်းခိုခန်း ဝင်တာကို မျက်မြင် တွေ့ခဲ့ရပါတယ်။ ဒါကိုလည်း အမျိုးသားရေး အစွန်းရောက်တွေ အားလုံး သိကြပါတယ်။ 

အခြားဘာသာဝင်နှင့် အခြားသောသူများကိုသာ မကောင်းပြောတိုက်ခိုက်ကြသူတို့ရဲ့ ထုံးစံအတိုင်း  ကိုယ့် မျက် ချေး ကိုယ်မမြင်တဲ့ပုံစံနဲ့ ဖုံးဖိပေးထားကြပါတယ်။ မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေး ဦးဆောင် သူကြီးကိုယ် တိုင်က အငယ် အနှောင်းကိစ္စများစွာနဲ့ နာမည်ပျက်ရှိနေတာဟာ မဘသနဲ့ အမျိုးသား ရေး လောကအတွက် အရှက်ရစရာမို့ အားလုံးက ၀ိုင်းဝန်း ဖုံးဖိနေခဲ့ကြတာ လည်း ဖြစ်ပါတယ်။ 

ရှေ့နေ အေးပိုင်က ဝီရသူ စီစဉ်တဲ့ ဥပဒေ ပညာပေး သင်တန်းတွေမှာလည်း နယ်လှည့်ပြီး  ဥပဒေ ပညာရပ်နှင့် ပုဒ်မတွေအကြောင်း လိုက်လံသင်ကြားပေးပါတယ်။ ဒါ့အပြင် စစ်တပ်ထောက်ခံပွဲ  သာသနာရေးဝန်ကြီး သူရဥိးအောင်ကို ဖြုတ်ချရေးပွဲ နှင့် အခြားသော မဘသ အစွန်းရောက် ပွဲတွေ တိုင်းမှာ စစ်တပ်မှ ငွေကြေးစပွန်ဆာ ဟောပြောခယူကာ  ဥပဒေ ကြောင်း ကနေ လိုက်လံ ဟောပြော နေသူသာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်းမှာ  အဆိုတော်ချစ်သုဝေနဲ့ ဖခင် ဦးဇော်ဝင်းကို  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားရေးဆွဲမှုမှာ သာသနာ ညိုးနွမ်း စေတယ်ဆိုပြီး  တရားစွဲဖို့အတွက်  သင်္ဃန်းကျွန်းတရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်က NLD အစိုးရ လက်ထက်ဖြစ်တာမို့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အမှုကို ပလပ်ခဲ့ပါတယ်။ 

အဲဒီလို အဆိုတော်ချစ်သုဝေနဲ့ ဖခင်ဖြစ်သူကို တရားစွဲဖို့အတွက် ကြံ့ဖွတ်နဲ့စစ်တပ်ဆီက အမှုလုပ်ဖို့ ငွေကြေးအမြောက် အမြားတောင်း ယူခဲ့တယ်လို့ သိရပေမယ့် ပမာဏကိုတော့ မသိခဲ့ရပါဘူး။ 

မျိုးစောင့်ဥပဒေတွေ ပေါ်ထွန်းရေးအတွက် ဦးဆောင်ခဲ့တဲ့ အကြံပေး ရှေ့နေအေးပိုင်ဟာ တိုင်းပြည်ကို ငွေကြေး တစ်ခုတည်းအတွက် ဖျက်ဆီးခဲ့ရုံမက ငွေရဖို့နဲ့ နဲ့ မိန်းမကိစ္စအတွက် ဘာမဆိုလုပ်မယ့် တိုင်း ဖျက် ပြည်ဖျက် ရှေ့နေတစ်ဦးအဖြစ် သမိုင်းမှတ်တမ်းဆိုး ရှိနေခဲ့ပြီဖြစ်ပါတယ်။




Comments

Popular posts from this blog

KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော

ဘုရား ကျောင်း ရဟန်း ဒါယကာကြီး KTV မှာအသတ်ခံရ

သပွတ်အူနိုင်ငံတော်

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ဗန်ကူးဗားမှာဟန်လေးရဲ့ fundraising ပွဲ

လေတပ် နှစ်ပတ်လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ