စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

ဖေဖော်ဝါရီ ၉
စစ်ကိုင်းမြို့၊ တပ်မ ၃၃ ရှေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပေါ် စစ်တပ်အရာရှိကြီးတွေ ထိတ်လန့်နေပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က စစ်ကိုင်းမြို့တပ်မ ၃၃ ရှေ့နားမှာ အကြမ်းဖက်စစ် တပ်နဲ့ PDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
“တပ်မ ၃၃ လို တကယ့်ကို အခိုင်အမာအင်အားရှိတဲ့နေရာရှေ့တောင် လာတိုက်ရဲသေးတော့ တပ်မ ၃၃က တပ်မမှူးနဲ့ အရာရှိကြီးတွေ လန့်သွားတယ်။ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တပ်မ ၃၃ ထဲက အရာရှိကြီးတွေ လုံခြုံရေးအစည်းအဝေးလုပ်တယ်။ တပ်မရှေ့နဲ့ ဘေးပတ်ဝန်းကျင်ကို လုံခြုံရေး တိုးမြှင့်နေတယ်။ လက်နက်ကြီးနဲ့ အတိုက်မခံရအောင် ဘာလုပ်မလဲ ဆိုပြီးတော့လည်း ဆွေးနွေး ကြတယ်လို့ ဖရဲသီးတွေဆီကနေ သိရတယ်”လို့ စစ်ကိုင်းအခြေစိုက် PDF ရဲဘော်တစ်ဦးကပြောပါ တယ်။
အဲဒီသတင်းကို တပ်တွင်းသတင်းရင်းမြစ် ၃နေရာကနေ ထပ်တူသိရတဲ့အတွက် မှန်ကန်တယ်လို့ စိတ် ချလက်ချအတည်ပြုနိုင်ကြောင်း သူကဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့က အမရပူရမြို့နယ် Htet Mobileက ဒလန် ဝေယံအောင်(TKF-AMA အဖွဲ့ဝင်ဟောင်း)ကိုလိုက်လံသုတ်သင်ရာ သူနဲ့ အတူ တစ်ပါတည်းပါလာတဲ့ ကား၂ စီးပေါ်က  စစ်သားတွေနဲ့  စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ ရှေ့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Truth Keeping Force Amarapura v2 ကထုတ်ပြန်ထားပါတယ်။
“PDF တွေမှာ လက်နက်ကြီးတွေ ဒါ့ထက်ပိုအားကောင်းလာရင် ဘာလုပ်ကြမလဲလို့ သူတို့အရာရှိကြီး တွေဆွေးနွေးကြတော့ ဘယ်သူမှ ဘာမှမပြောနိုင်တော့ဘူးလို့ သိရတယ်။ တပ်မ ၃၃ နေရာလည်း မလုံခြုံတော့ဘူးဆိုတာ သူတို့သိလာပြီ”လို့ စစ်ကိုင်းအခြေစိုက် PDF ရဲဘော်ကပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ တိုက်ပွဲမှာ PDF ရဲဘော်တစ်ဦးကျည်ထိမှန်(မစိုးရိမ်)ဒဏ်ရာရခဲ့ပြီး ကျန်အဖွဲ့ဝင်တွေ အထိခိုက်မရှိခဲ့ပါဘူး။ စစ်သား ​ေတွရဲ့ အထိအခိုက်စာရင်းကိုတော့ စုံစမ်းနေဆဲပဲလို့ Truth Keeping Force Amarapura v2 ကထုတ်ပြန်ထားပါတယ်။
~~~~~~~ 
ကိုငြိမ်း
ဓာတ်ပုံ-CJ
#ငွေမောင်းသံ မီဒီယာ



Comments

Popular posts from this blog

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "