စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

17 February 2023

ဧရာဝတီ

ရန်ကုန်တွင် ဖေဖော်ဝါရီလ  ရက်နေ့က နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲအခမ်း

အနားသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်စဉ် / Cincds


မြန်မာစစ်ကောင်စီနှင့် ရုရှားတို့ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းအတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုအပတ်အတွင်း ပြောသည်။


မြန်မာက ဖိနှိပ်တဲ့ စစ်ကောင်စီကို နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ရုပ်ပိုင်းဆိုင်ရာ ထောက်ခံမှုတိုးချဲ့ဖို့ ရုရှားက စိတ်အားထက်သန်နေတာကို ကျနော်တို့ အလေးအနက် စိုးရိမ်ပူပန်ပေမယ့် မအံ့သြဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက VOA သို့ ပေးပို့သည့် ဖေဖော်ဝါရီလ ၁၄ နေ့ အီးမေးလ်တွင် ဖော်ပြထားသည်။ရုရှား၏ လုပ်ရပ်သည် အင်ဒို-ပစိဖိတ်ဒေသတွင် မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များ၊ မဟာမိတ်များနှင့်အတူငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးကို အားပေးရန် မိမိတို့၏ လုပ်ဆောင်မှုများကို ခြိမ်းခြောက်နေသည့်အကျပ်အတည်းတခုကို ပိုမိုရှည်ကြာစေသည်” ဟုလည်း ထိုအီးမေးလ်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံပိုင် အနုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM နှင့် စစ်ကောင်စီတို့သည် နျူကလီးယား စွမ်းအင်အသုံးပြုရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး အစိုးရချင်း သဘောတူညီချက်ကို ဖေဖော်ဝါရီလ  ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ဒီသဘောတူညီချက်ဟာ နျူကလီးယား ဓာတ်အားပေးစက်ရုံ အသေးစားအတွက်သာမက နျူကလီးယား နည်းပညာကို နယ်ပယ်စုံမှာ အသုံးပြုဖို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး နိုင်ငံရဲ့ လူမှုစီးပွားတိုးတက်မှုကိုအထောက်အကူပြုမှာ ဖြစ်တယ်” ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်တွင် ဖေဖော်ဝါရီလ ရက်နေ့က အသစ်ဖွင့်လှစ်လိုက်သည့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာတွင် ပြုလုပ်သည့်အခမ်းအနားတွင် ပြောသည်။

နှစ်နိုင်ငံ နျူကလီးယား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဟာ ရုရှား-မြန်မာဆက်ဆံရေး သမိုင်းကြောင်းမှာ အခန်းကဏ္ဍသစ်တခုကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်တယ်” ဟု ROSATOM ညွှန်ကြားရေးမှူးချုပ် အလက်ဆီ လီခါချက်ဗ်က ထိုလက်မှတ်ရေးထိုးပွဲတွင် ပြောသည်။ “နျူကလီးယား နည်းပညာ အသုံးပြုခြင်းအားဖြင့် မြန်မာ နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနဲ့ စီးပွားရေးတို့တွင် များစွာ အကျိုး ဖြစ်ထွန်း စေမယ်” ဟုလည်း သူကပြော

သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရုရှားနှင့် နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုကို အလျင်အမြန် တိုးချဲ့လုပ်ကိုင်သည်။ ရုရှား၏ အကူအညီဖြင့် မြန်မာသည် နျူကလီးယား ဓာတ်ပေါင်းဖို အသေးစားတခု တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA သို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြောသည်။

ရုရှားနျူကလီးယား ကျွမ်းကျင်သူများ၏ အကူအညီဖြင့် အသေးစား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန်သင့်တော်သည့် နေရာများကို မြန်မာနျူကလီးယား ကျွမ်းကျင်သူ

များ ရှာဖွေနေကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းကVOA မြန်မာပိုင်းသို့ ပြောသည်။

နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ တနိုင်ငံလုံးက နေရာအများအပြားမှာ ဖြစ်နိုင်ခြေဆန်းစစ်မှုတွေလုပ်မယ်။ အခုလောလောဆယ်တော့ နေရာမရွေးရသေးဘူး။ အန္တရာယ်ကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချနိုင်ဖို့

ကောင်းဆုံး အလုံခြုံဆုံး ပတ်ဝန်းကျင်နဲ့ အကောင်းဆုံးနေရာမှ လုပ်မှာဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အရှေ့ဖျား စီးပွားရေးဖိုရမ် တက်ရောက်ရန်အတွက် ယမန်နှစ်စက်တင်ဘာလက ရုရှားသို့ သွားရောက်ခဲ့ပြီး မြန်မာတွင် မိုဂျူလာ ဓာတ်ပေါင်းဖို အသေးစားတခုအကောင်အ

ထည်ဖော်ရန် ဖြစ်နိုင်ခြေအပါအဝင် နျူးကလီးယား ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကိုသဘောတူခဲ့သည်။

ထိုလမ်းပြမြေပုံသည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းကို လမ်းညွှန်ပေးမည်ဖြစ်ကြောင်း ROSATOM က ထုတ်ပြန်သည့် ကြေ

ညာချက်တွင်ဖော်ပြထားသည်။ ထို့ပြင် နှစ်နိုင်ငံလုံးမှ ကျွမ်းကျင်သူများသည် မြန်မာတွင် ရေသွက်အသုံးပြု နျူကလီးယားဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန်ဖြစ်နိုင်ခြေများကို လေ့လာကြမည်ဟုလည်း ဖော်ပြထား

သည်။

၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ယခင်စစ်အုပ်စုသည် နျူးကလီးယား ဓာတ်ပေါင်းဖို စီမံကိန်းအတွက် ရုရှားနှင့် ညှိနှိုင်းမှုများ စတင်ခဲ့ပြီး ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် နျူကလီးယားသုတေသန ဓာတ်ပေါင်းဖိုတခု တည်ဆောက်မည့် ၎င်းတို့၏ စီမံချက်များကို ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုခဲ့သည်။


အတိတ်က နျူကလီးယား အားထုတ်မှုများ


မြန်မာသည် နျူကလီးယား လက်နက်များရရှိရေးကို အတိတ်က လုပ်ဆောင်ခဲ့ဖူးသည်ဟု သံသယ ရှိခံရသည်။

မြန်မာစစ်ကောင်စီ၏ နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်းသည် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA)  နောက်ဆက်တွဲ စည်းကမ်းချက်များနှင့် ညီ မညီ IAEA သို့ VOA က မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

မြန်မာနိုင်ငံသည် အဓိကကျသည့် နျူကလီးယား မပြန့်ပွားရေး သဘောတူစာချုပ်တစောင်ဖြစ်သည့်နောက်ဆက်တွဲ စည်းကမ်းချက်များကို ၂၀၁၃ ခုနှစ်တွင် IAEA နှင့် လက်မှတ်ရေးထိုးထားသည်။ ထိုသဘောတူညီချက်အရ IAEA သည် မြန်မာမှ နျူကလီးယားလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ နေရာများကို သိရှိ၊ သွားရောက်ခွင့်ရှိသည်။

သို့သော် မြန်မာတွင် နျူကလီးယားဓာတ်အားပေး စက်ရုံတရုံကို ဘေးကင်းစွာ လည်ပတ်ရန် လိုအပ်သောလုပ်ထုံး

လုပ်နည်းနှင့် စီမံခန့်ခွဲမှုစနစ်များ မရှိသောကြောင့် နိုင်ငံ

တကာ သုတေသီများ စိုးရိမ်ကြသည်။

ဒီလို (ရေသွက်သုံး နျူကလီးယားဓာတ်ပေါင်းဖိုတွေဟာ စနစ်တကျ တင်းတင်းကျပ်ကျပ် ထိန်းသိမ်းစောင့်ရှောက်မှု မလုပ်နိုင်ရန် အချိန်တခုကြာတဲ့အခါ ယိုစိမ့်မှုဖြစ်စေနိုင်တယ်” ဟု မစ္စစ္စပီတောင်ပိုင်းတက္ကသိုလ်မှ မြန်မာသိပ္ပံ

ပညာရှင် ရူပဗေဒ ပါမောက္ခ ဦးခင်မောင်မောင်က VOA သို့ ပြောသည်။ “စနစ်တကျ ထိန်းသိမ်းမှုကအရေးအကြီးဆုံးပဲ။ ကျနော်သိသလောက်တော့ မြန်မာမှာ ဘယ်စက်ရုံကိုမှ စနစ်တကျ မထိန်းသိမ်းနိုင်သေးဘူး” ဟုလည်း ၎င်းကပြောသည်။

စစ်ခေါင်းဆောင်တွေက နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ရည်မှန်းချက်နဲ့ ဆန္ဒရှိတယ်ဆိုတာ သံသယ ဖြစ်စရာမလိုဘူး။ ဘယ်လောက်ပဲသေးတဲ့ ဓာတ်ပေါင်းဖိုဖြစ်ဖြစ် ရရှိဖို့က အဲဒီဘက်ကိုသွားမယ့် ခြေလှမ်းတခုပဲ” ဟုပါမောက္ခ ဦးခင်မောင်မောင်က ပြောသည်။



ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ

 ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် / RFM


ROSATOM က ၎င်းတို့သည် မြန်မာသို့ သန့်စင်ပြီး ယူရေနီယမ် ၁၀ တန်ပေးမည်ဟု ပြောကြားခဲ့ပြီး ထိုပမာဏသည်နျူကလီးယားလက်နက်တခု ထုတ်လုပ်ရန် လုံလောက်သော ပမာဏာဖြစ်ကြောင်း ပါမောက္ခ ဦးခင်မောင်မောင်ကပြောသည်။ မြန်မာသည် ယူရေနီယံကို လက်နက်အဆင့် ပစ္စည်းထုတ်လုပ်ရန် နည်းပညာအဆင့် မရှိသေးသော်လည်း ဓာတ်ရောင်ခြည်ကြွဗုံး ပုံစံမျိုး ထုတ်လုပ်နိုင်ဖွယ်ရှိနေသည်။


ဒီလောက်များတဲ့ နျူကလီးယားလောင်စာတွေ ရသွားရင် သန့်စင်ပြီး လက်နက်ထုတ်ဖို့တောင် မလိုတော့ဘူး။မြန်မာစစ်တပ်နဲ့ ပတ်သက်လာရင် ဖြစ်နိုင်ခြေအားလုံးကို ဂရုတ

စိုက် စဉ်းစားသုံးသပ်ဖို့လိုတယ်” ဟုလည်း သူကပြောသည်


ရုရှားများ မြန်မာသို့လာရောက်


လွန်ခဲ့သော ဒီဇင်ဘာလတွင် ဗိုလ်မှူးကြီးချုပ် ကင် အလက်ဆီ ရိုစတီဆလာဗိုဗစ် ဦးဆောင်ပြီး အဆင့်မြင့် စစ်အရာရှိ တဒါဇင်ခန့်ပါသော ရုရှားကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ လာရောက်ခဲ့သည်။ မြန်မာနိုင်ငံပိုင် သတင်းမီဒီယာက ထိုကိုယ်စားလှယ်များနှင့် စစ်ကောင်စီသည် စစ်တပ် နှစ်ခုအကြား ကာကွယ်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြီး ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်အကျိုးပြုမည်ဖြစ်ကြောင်း ဖော်ပြသည်။

သို့သော် ရုရှားသည် ယူကရိန်းကို ကျူးကျော်ခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပြီး မြန်မာစစ်တပ်သည် အာဏာသိမ်းခြင်းနှင့် အရပ်သားများကို သွေးချောင်းစီး နှိမ်နင်းခြင်းဖြင့် နိုင်ငံမှ ဒီမိုကရေစီစနစ်ကို ဖယ်ရှားပစ်ခဲ့သည်။

မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုမြန်မာစစ်ကောင်စီက ကျူးလွန်နိုင်စေမည့်” လက်နက်များကို ရုရှားက မြန်မာစစ်ကောင်စီကို ထောက်ပံ့နေသည် ဆိုသည့် ခိုင်လုံသော သတင်းများရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

ရုရှားက စစ်ကောင်စီကို ထောက်ခံနေခြင်းသည် ပိုမိုကျယ်ပြန့်သော ဒေသတွင်းတွင်ပါ တည်ငြိမ်မှုကိုထိ

ခိုက်စေသည်” ဟုလည်း VOA သို့ နိုင်ငံခြားရေးဝန်ကြီး

ဌာနက ပေးပို့သည့် အီးလ်မေးတွင် ဖော်ပြထားသည်။စစ်အာဏာသိမ်းမှုနှင့် မြန်မာစစ်ကောင်စီကို ထောက်ခံ လက်နက်ထောက်ပံ့နေသူများ အပါအဝင် စက်ဆုတ်ဖွယ်အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို အရေးယူရန် အမေရိကန် ပြည်ထောင်စုသည် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်” ဟုလည်း ထိုအီးမေးလ်တွင် ဖော်ပြထားသည်။

(VOA သတင်း US Worried by Myanmar Junta, Russia Expanding Nuclear Cooperation ကိုဘာသာပြန်သည်။)

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️