စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ပူးဂင်ကမ်းလျန်အစား ဒေါက်တာမှုထန်အား အစားထိုးခန့်အပ်
Zahlen
အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ZCD ပါတီအထွေထွေအတွင်းရေးမှုး ပူးဂင်ကမ်းလျန်အစား ချင်းပြည်နယ်၊ ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဒေါက်တာမှုထန် ကို အစားထိုးခန့်အပ်လိုက်တယ်လို့ ယနေ့ဖဖော်ဝါရီ ၁၇ ရက်ကထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ZCD ပါတီအထွေထွေအတွင်းရေးမှုး ပူးဂင်ကမ်းလျန်ကို ခန့်အပ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီကထုတ်ပြန်ခဲ့ပေမယ့် ကာယကံရှင်က ကြိုတင်မရှိခဲ့ဘူးလို့ပြောပါတယ်။
၎င်းအစားခန့်လိုက်တဲ့ ဒေါက်တာမှုထန်ဟာ ထန်တလန်မြို့ကဖြစ်ပြီး ၂၀၁၅-၂၀၂၀ ကြားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူလည်းဖြစ်ပါတယ်။
Comments