စစ်တပ်က ရည်ရွယ်မီးရှို့သဖြင့် ၀ယာနှင့် ယာကြီးကျေးရွာမှ နေအိမ် ၁၀၀ ကျော် ပြာကျ (ရုပ်သံ)

ချောင်းဦးတွင် လေတိုက်နေချိန် ရွာလုံးကျွတ်မီးလောင်

စေရန် စစ်တပ်က ရည်ရွယ်မီးရှို့သဖြင့်  ၀ယာနှင့် ယာ

ကြီးကျေးရွာမှ နေအိမ် ၁၀၀ ကျော် ပြာကျ (ရုပ်သံ)


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာတွင် တပ်စွဲထားသောအကြမ်းဖက်စစ်သား များမီးရှို့

ဖျက်ဆီးမှုကြောင့် ဝယာကျေးရွာနှင့် ယာကြီးကျေးရွာမှ နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ ကြောင်း ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် (Chaung U Revolution Army)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။



ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့လည် ၁၂ နာရီခန့်တွင် ကံကြီးကုန်းရွာတွင် တပ်စွဲထားပြီး ယာကြီး ရွာ မြောက်ဖျားပိုင်းတွင် ကင်းယူထားသော အကြမ်းဖက်စစ်သား များနှင့် ပျူစောထီးအင်အား ၂၀ ခန့်သည် လေတိုက် နေမှုကိုအခွင့်ကောင်းယူပြီး ယာယီရွာမြောက်ပိုင်းမှ စတင်မီးရှို့ရာ ဝယာကျေးရွာ တောင်ပိုင်းအထိ တစ် ဆက်တည်းလောင်ကျွမ်းသွားပြီး နေအိမ် ၁၀၀ ကျော်မီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာကြီးရွာမြောက်ဖျားမှာ ကင်းယူထားတဲ့ ခွေးတွေက အရင်ကတည်း လေးငါးအိမ်အဲလိုမျိုး မီးရှို့ နေကြ။ အခုဟာ လေတိုက်နေတာကို အခွင့်ကောင်းယူပြီး အရှေ့အနောက် အတန်းလိုက်ကြီးရှို့လွှတ် လိုက်တာ၊ မီးအားကအရမ်းများပြီး ဝယာတောင်ပိုင်းအထိ တစ်ဆက်တည်းလောင်သွားတာ၊ နေအိမ် အရေအတွက်ကတော့ အတိအကျမသိရသေးဘူး။ အခုထိ မီးငြှိမ်းသတ်နေရတုန်း၊ မျက်လုံးတွေစပ် နေပြီ။ မနားရသေးဘူး” ဟု ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် - CRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ရှင်းပြသည်။


စစ်သား၊ ပျူစောထီးများ၏ အကြိမ်ကြိမ် မီးရှို့နေမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ရွာသူ၊ရွာသားအားလုံးနေထိုင်နိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှလည်း ဝယာကျေးရွာတောင်ပိုင်းအထိ လုံခြံရေးကင်းယူထားသော်လည်း ပစ်ခတ်တိုက်ပွဲ မရှိပဲ တမည်တကာရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းဖြစ်ကြောင်း၊  အဆိုပါမီးလောင်ကျွမ်းမှုကို ချောင်းဦးမြို့ နယ် တော်လှန်ရေးတပ် - CRA (မုံရွာခရိုင် တပ်ရင်း၁၅ ၊တပ်ခွဲ   တပ်ခွဲ  ၊တပ်ခွဲ  နှင့် ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။



Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း