ရန်ကုန်တိုင်း ၈ မြို့နယ်တွင် လူဦးရေ၏ ၄ ပုံ ၁ ပုံ လစာဝင်ငွေမရှိဘဲ နေထိုင်နေရ



DVB | 17 February, 2023

ရန်ကုန်မြို့က ဆင်းရဲနွမ်းပါးသူ လူဦးရေအများဆုံးနေထိုင်တဲ့ မြို့နယ်  မြို့နယ်ရဲ့ လူဦးရေ လေးပုံတပုံလောက်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ဝင်ငွေမရှိဘဲနေရတဲ့ အခြေအနေကို မကြာခဏ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က စစ်တမ်းထုတ်ပြန်ပါတယ်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒဂုံဆိပ်ကမ်း၊ ဒလမြို့နယ်၊ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ သန်လျင်မြို့နယ်တို့မှာစစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ဒီအခြေအနေတွေက အဲဒီမြို့နယ်တွေမှာရှိတဲ့ အိမ်ထောင်စုတွေရဲ့ ကျန်းမာရေးနဲ့လူမှုစီးပွား အခြေအနေတွေကို ခြိမ်းခြောက်နေတယ်လို့ UNDP က ဆိုပါတယ်။

အိမ်ထောင်စုဝင်တွေဟာ ဝင်ငွေလျော့နည်းလာမှုကို အစာလျှော့စားတာ၊ ပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို ခွဲခြမ်းရောင်းချတာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ မခံယူတာ၊ ကလေးသူငယ်တွေကို ပညာသင်ကြားမှုက ရပ်ဆိုင်းပြီးအလုပ်လုပ် ဝင်ငွေရှာစေတာ စတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

UNDP ရဲ့ စစ်တမ်းအရ မြို့နယ်  မြို့နယ်ကအိမ်ထောင်စု

 ၂၇ ဒသမ  ရာခိုင်နှုန်းဟာ ဝင်ငွေကျဆင်းလာမှုကြောင့် လွန်ခဲ့တဲ့ ၁၂  အတွင်းမှာ အာဟာရပြည့်ဝလုံလောက်စွာ မစားသုံးနိုင်ခဲ့ဘူးလို့ ဖြေဆိုခဲ့ကြပြီး ၃၅ ဒသမ ရာခို

င်နှုန်းကျော်ကတော့ ဝင်ငွေမရှိတာကြောင့် အစားလျှော့စားခဲ့ရတယ်လို့ ဖြေဆိုခဲ့ကြောင်း UNDP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျန်းမာရေးပိုင်းမှာလည်း ပြည်သူ့ကျန်းမာရေးစော

င့်ရှောက်မှုစနစ်တွေ ဆုတ်ယုတ် အားနည်း လာတာနဲ့အမျှ ပြည်သူတွေဟာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကိုပဲ အား

ထားနေရပြီး ဝင်ငွေကျဆင်းလာတာကြောင့် လူအများစုကကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်လှမ်းမီ ရရှိဖို့လည်း အလွန်ခက်ခဲလာကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလေ့လာတွေ့ရှိမှုတွေက လူပေါင်း ၃၀,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူထားချက်ကနေ ကောက်နုတ်ထားတာဖြစ်ပြီး UNDP, UN Women နဲ့ UN-Habitat တို့ပူးပေါင်းပြီး အဲဒီ  မြို့နယ်မှာရှိတဲ့ မြို့ပြပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့UNDP က ဆိုပါတယ်။

UNDP ဌာနေကိုယ်စားလှယ် တီတွန်မီထရာက ရန်ကုန်ရဲ့ မြို့ပြဆင်းရဲနွမ်းပါးမှုနှုန်းဟာ သိသိသာသာ မြင့်တက်နေပြီး အလုပ်လက်မဲ့ဖြစ်ခြင်းနဲ့ ဝင်ငွေလျော့နည်းခြင်းတွေကလည်း တနေ့တခြား ပိုမိုများပြားလာကြောင်း၊ ဒီအ

ခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တည်ငြိမ်တဲ့ အလုပ်အကိုင်နဲ့ လူတွေကို ဝင်ငွေပိုမိုရရှိအောင် ပံ့ပိုးပေးခြင်းနဲ့ လူတွေရဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝကို တိုး

တက်စေတဲ့ ရေရှည်တည်တံ့တဲ့ နည်းလမ်းတခုကိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ က စတင်ခဲ့တဲ့ စီးပွားရေးကျဆင်းလာမှုနဲ့ ၂၀၂၂ မှာ သိသိသာသာ မြင့်တက်လာတဲ့ ဆင်းရဲနွမ်းပါးမှုရဲ့နောက်ဆက်တွဲ အကျိုးဆက်တွေကို ရန်ကုန်မြို့ရဲ့ ဧရိယာတွေမှာ တွေ့ကြုံခံစားနေရတာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ နိုင်ငံအတွင်းက ထွက်ခွာသွားတဲ့အပြင် ကုန်ထုတ်လုပ်တဲ့စက်ရုံတွေ ပိတ်သိမ်းသွားတာနဲ့အတူအလု

ပ်လက်မဲ့နှုန်းတွေ မြင့်တက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာခဲ့တာလို့ UNDP က ထောက်ပြထားပါတယ်။

ဒါ့အပြင် လောင်စာဆီဈေးနှုန်းတွေနဲ့ အခြေခံစားသော

က်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားမှုကအိမ်ထောင်စုတွေရဲ့ လူမှုစီးပွားအခြေအနေကို ပိုမိုဆိုးရွားစေခဲ့တယ် လို့လည်း UNDP က ထောက်ပြထားပါတယ်။

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

(NUG)People's government has right to stand in the world

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

UNHCR ဘယ်လိုလျှောက်ကြမလဲ

ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ

ထောက်ပို့ရဟတ်ယာဉ် ၁ စီး ကျည်မှန်ပြီး သုံးမရ

NDAA အပေါ် သူတို့အမြင်