အိုးဘိုထောင်မှ နိုင်ကျဉ်းအမျိုးသမီး အယောက် ၃၀ အား အဆက်အသွယ်ဖြတ်ထားပြီး ထောင်တွင်းအကြမ်းဖက်မှု ဆိုးရွားနေသဖြင့် ကူညီပေးရန် နိုင်ကျဉ်းများထောင်းဆို

Author လင်းခိုင်

Published on Feb 17, 2023

cjplatform

မန္တလေးတိုင်း၊ အိုးဘိုထောင်မှ နိုင်ကျဉ်းအမျိုးသမီး အယောက်၃၀ ကို အဆက်အသွယ်ဖြတ်ထားပြီး ထောင်တွင်းအကြမ်းဖက်မှု ဆိုးရွားနေသဖြင့် ကူညီပေးရန် အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုထားသည့်စာတစ်စောင် ယမန်နေ့တွင် ထွက်ပေါ်လာသည်။

အိုးဘိုထောင်တွင် ဇန်နဝါရီ  ရက်မှ စတင်ကာ ရေချိုးသည့်အချိန်နှင့် ရေနွေးပေးဝေသည့်အချိန် တိုက်နေသည့်ကိစ္စကြောင့် အကျဉ်းစီးမှ ဝန်ထမ်းများနှင့် နိုင်ငံရေးအကျဉ်းများ စကားများရာမှ အကျဉ်းဦးစီး ဝန်ထမ်းသက်သက်ခိုင်သည် နိုင်ငံရေးအကျဉ်းသားများကို ဆဲဆိုသဖြင့် ပြသနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြသနာဖြစ်ပွားပြီးနောက် အကျဉ်းဦးစီးဌာမှ သုံးပွင့် အမျိုးသမီးဝန်ထမ်း မသွယ်သွယ်ဦးသည် အကျဉ်းသူ မစုနိုင်အား ရိုက်နှက်သည့်အတွက် မစုနိုင်မှ ပြန်လည်ခုခံရာတွင် ဘေးအနားရှိ ဝန်ထမ်းများမှ ပါ မစုနိုင်ကို ရိုက်နှက်ခဲ့ကြောင်း၊ အထက်ပါ ကိစ္စကို အကျ အဆောင်မှူးကို တင်ပြသော်လည်း၊ ဇန်နဝါရီ  နာရီတွင် အချုပ်ဆောင်၊အကျဆောင်၊ ဆေးရုံဆောင်များကို အကျဉ်းဦးစီးဌာနမှ အမျိုးသားဝန်ထမ်းများနှင့် အမျိုးသမီးဝန်ထမ်းများသည်အင်အားအလုံးရင်းဖြင့် နိုင်ငံရေးအကျဉ်းသူများကို ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ကိစ္စကို ဖြေရှင်းပေးရန် အိုးဘိုထောင်ပိုင်ကို တွေ့ဆုံခွင့်ရရန် နိုင်ငံရေးအကျဉ်းသူများမှ တင်ပြသော်လည်း အခြေအနေမထူးခဲ့ကြောင်း၊ ဇန်နဝါရီ  ရက်တွင် ထောင်ပိုင် အောင်မျိုးချွန် ရောက်ရှိလာပြီး နိုင်ငံရေးအကျဉ်းသူ အယောက် ၃၀ ကို လူမရှိသည့် အဆောင်များသို့ ပို့ဆောင်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကဆိုသည်။

အဆိုပါ အမျိုးသမီး အယောက် ၃၀ အား ထောင်ထမင်းဟင်းသာ ကျွေးသော်လည်း ထောင်တွင် ပုံမှန် ကျွေးနေကြဖြစ်သည့် ကြက်သားနှင့် ငါးကို ပေးခြင်းမရှိကြောင်း၊ ရေချိုးရန်အတွက်ကိုလည်း အိမ်သာရေဖြင့်သာ ချိုးခွင့်ပြုပြီး၊ အစာရေစာ ဖြတ်တောက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ထိုကဲ့သို့ အစာရေစာဖြတ်တောက်ခံရသည့် အကျဉ်းသူများသည်၊ မခိုင်သဇင်၊ မရွှေရည်ဝင့်ကျော်၊ မစောဥမ္မာချစ်၊ မဝိုင်းမဒီ၊ မမာလာ၊ မပိုပြည်သူ့၊ မဇင်မြတ်နိုးဦး၊ မငုဝါရွှေရည်ဦး၊ မဝင်းသိမ့်သိမ့်ဇင်၊ မအိမြတ်နိုးဦး၊ မရွှေရည်ဦး၊ မချောစုစုဝေ၊ မကေခိုင်မောင်မောင်၊ မချစ်ဖူးငုံ၊ မပိုးသဉ္ဇာကျော်၊ မအေးငြိမ်းသူဇာ၊ မချယ်ရီစု၊ မစောနွယ်နီ၊ မအေးမြတ်ပိုင်၊ မအေးသန္တာစိုး၊ မသက်ဖူးနိုင်၊ မခင်အေးမော်၊ မနှင်းပွင့်ဝေ၊ မခင်စန္ဒာငြိမ်း၊ ဒလက်  ပြူးပြူး နှင့် ကျန် သုံးယောက်၏ အမည်နာမများ မသိရှိရကြောင်း အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသားများကဆိုသည်။

အစာရေစာဖြတ်တောက်ခံထားရသူများနှင့် လက်ရှိတွင် အဆက်အသွယ်ဖြတ်ထားပြီး သတင်းအမှောင်ချထားကာထောင်တွင်းအကြမ်းဖက်မှု ပိုမိုဆိုးရွားနေကြောင်း၊ အိုးဘိုထောင်အတွင်း တရားခွေ အကျယ်ကြီးဖွင့်ခြင်းနှင့် သီးချင်အကျယ်ကြီးဖွင့်ပါက ထောင်တွင် အကြမ်းဖက်ရိုက်နှက်ခံနေရခြင်းဖြစ်သဖြင့် ကူညီပေးကြရန် နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုထားသည်။

ထို့ကြောင့် ပြည်သူများ၊ ဓမ္မဘက်တော်သားများ၊ PDF များအနေဖြင့် ယခုကိစ္စကို ထိထိရောက်ရောက်ကူညီပေးရန်နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားများက တောင်းဆိုထားသည်။




Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ