အိုးဘိုထောင်မှ နိုင်ကျဉ်းအမျိုးသမီး အယောက် ၃၀ အား အဆက်အသွယ်ဖြတ်ထားပြီး ထောင်တွင်းအကြမ်းဖက်မှု ဆိုးရွားနေသဖြင့် ကူညီပေးရန် နိုင်ကျဉ်းများထောင်းဆို

Author လင်းခိုင်

Published on Feb 17, 2023

cjplatform

မန္တလေးတိုင်း၊ အိုးဘိုထောင်မှ နိုင်ကျဉ်းအမျိုးသမီး အယောက်၃၀ ကို အဆက်အသွယ်ဖြတ်ထားပြီး ထောင်တွင်းအကြမ်းဖက်မှု ဆိုးရွားနေသဖြင့် ကူညီပေးရန် အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုထားသည့်စာတစ်စောင် ယမန်နေ့တွင် ထွက်ပေါ်လာသည်။

အိုးဘိုထောင်တွင် ဇန်နဝါရီ  ရက်မှ စတင်ကာ ရေချိုးသည့်အချိန်နှင့် ရေနွေးပေးဝေသည့်အချိန် တိုက်နေသည့်ကိစ္စကြောင့် အကျဉ်းစီးမှ ဝန်ထမ်းများနှင့် နိုင်ငံရေးအကျဉ်းများ စကားများရာမှ အကျဉ်းဦးစီး ဝန်ထမ်းသက်သက်ခိုင်သည် နိုင်ငံရေးအကျဉ်းသားများကို ဆဲဆိုသဖြင့် ပြသနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြသနာဖြစ်ပွားပြီးနောက် အကျဉ်းဦးစီးဌာမှ သုံးပွင့် အမျိုးသမီးဝန်ထမ်း မသွယ်သွယ်ဦးသည် အကျဉ်းသူ မစုနိုင်အား ရိုက်နှက်သည့်အတွက် မစုနိုင်မှ ပြန်လည်ခုခံရာတွင် ဘေးအနားရှိ ဝန်ထမ်းများမှ ပါ မစုနိုင်ကို ရိုက်နှက်ခဲ့ကြောင်း၊ အထက်ပါ ကိစ္စကို အကျ အဆောင်မှူးကို တင်ပြသော်လည်း၊ ဇန်နဝါရီ  နာရီတွင် အချုပ်ဆောင်၊အကျဆောင်၊ ဆေးရုံဆောင်များကို အကျဉ်းဦးစီးဌာနမှ အမျိုးသားဝန်ထမ်းများနှင့် အမျိုးသမီးဝန်ထမ်းများသည်အင်အားအလုံးရင်းဖြင့် နိုင်ငံရေးအကျဉ်းသူများကို ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ကိစ္စကို ဖြေရှင်းပေးရန် အိုးဘိုထောင်ပိုင်ကို တွေ့ဆုံခွင့်ရရန် နိုင်ငံရေးအကျဉ်းသူများမှ တင်ပြသော်လည်း အခြေအနေမထူးခဲ့ကြောင်း၊ ဇန်နဝါရီ  ရက်တွင် ထောင်ပိုင် အောင်မျိုးချွန် ရောက်ရှိလာပြီး နိုင်ငံရေးအကျဉ်းသူ အယောက် ၃၀ ကို လူမရှိသည့် အဆောင်များသို့ ပို့ဆောင်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကဆိုသည်။

အဆိုပါ အမျိုးသမီး အယောက် ၃၀ အား ထောင်ထမင်းဟင်းသာ ကျွေးသော်လည်း ထောင်တွင် ပုံမှန် ကျွေးနေကြဖြစ်သည့် ကြက်သားနှင့် ငါးကို ပေးခြင်းမရှိကြောင်း၊ ရေချိုးရန်အတွက်ကိုလည်း အိမ်သာရေဖြင့်သာ ချိုးခွင့်ပြုပြီး၊ အစာရေစာ ဖြတ်တောက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ထိုကဲ့သို့ အစာရေစာဖြတ်တောက်ခံရသည့် အကျဉ်းသူများသည်၊ မခိုင်သဇင်၊ မရွှေရည်ဝင့်ကျော်၊ မစောဥမ္မာချစ်၊ မဝိုင်းမဒီ၊ မမာလာ၊ မပိုပြည်သူ့၊ မဇင်မြတ်နိုးဦး၊ မငုဝါရွှေရည်ဦး၊ မဝင်းသိမ့်သိမ့်ဇင်၊ မအိမြတ်နိုးဦး၊ မရွှေရည်ဦး၊ မချောစုစုဝေ၊ မကေခိုင်မောင်မောင်၊ မချစ်ဖူးငုံ၊ မပိုးသဉ္ဇာကျော်၊ မအေးငြိမ်းသူဇာ၊ မချယ်ရီစု၊ မစောနွယ်နီ၊ မအေးမြတ်ပိုင်၊ မအေးသန္တာစိုး၊ မသက်ဖူးနိုင်၊ မခင်အေးမော်၊ မနှင်းပွင့်ဝေ၊ မခင်စန္ဒာငြိမ်း၊ ဒလက်  ပြူးပြူး နှင့် ကျန် သုံးယောက်၏ အမည်နာမများ မသိရှိရကြောင်း အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသားများကဆိုသည်။

အစာရေစာဖြတ်တောက်ခံထားရသူများနှင့် လက်ရှိတွင် အဆက်အသွယ်ဖြတ်ထားပြီး သတင်းအမှောင်ချထားကာထောင်တွင်းအကြမ်းဖက်မှု ပိုမိုဆိုးရွားနေကြောင်း၊ အိုးဘိုထောင်အတွင်း တရားခွေ အကျယ်ကြီးဖွင့်ခြင်းနှင့် သီးချင်အကျယ်ကြီးဖွင့်ပါက ထောင်တွင် အကြမ်းဖက်ရိုက်နှက်ခံနေရခြင်းဖြစ်သဖြင့် ကူညီပေးကြရန် နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုထားသည်။

ထို့ကြောင့် ပြည်သူများ၊ ဓမ္မဘက်တော်သားများ၊ PDF များအနေဖြင့် ယခုကိစ္စကို ထိထိရောက်ရောက်ကူညီပေးရန်နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားများက တောင်းဆိုထားသည်။




Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်