Posts

Showing posts from January 6, 2023

ညစ်ညမ်းဗီဒီယိုရိုက်ကူးသူ၊ ပြည့်တန်ဆာများ၏ အငှားခင်ပွန်းအဖြစ် ဟန် ဆောင် ပေးသူဘ၀မှ ဝီရသူ ၏ အနီးကပ်လုံခြုံရေး ၊ အမျိုးသားရေး အစွန်း ရောက်ဖြစ်လာသူ ညောင်ကန်(ခ) ကိုကိုမောင်

Image
By ဟိဏ်းဝေယံ ခေတ်သစ် အကြမ်းဖက်စစ်တပ်က လက်သက်မွေးပြီး အာဏာသိမ်းဖို့အရေး အသုံးချခဲ့တဲ့ မဘသ အစွန်း ရောက်တွေ၊ အမျိုးသားရေး အမည်ခံကာ ငွေကြေးလုပ် စားသူ တွေ အကြောင်း ပြည်သူများသိရှိနိုင်စေဖို့ ဖော် ထုတ် ရေးသားနေရာမှာ ဒီတစ်ပတ် တော့ ညစ်ညမ်းဗီဒီယိုရိုက်ကူးသူ ၊ ပြည့်တန်ဆာတွေရဲ့ အငှား ခင်ပွန်းဟန်ဆောင်ပေးသူ အဖြစ်ကနေ ဝီရသူရဲ့ အနီးကပ်လုံခြုံရေး ၊ အမျိုး သားရေး အစွန်း ရောက် ညောင်ကန်(ခ) ကိုကိုမောင် အကြောင်း တင်ပြပါ့မယ်။  မဘသ နဲ့ အမျိုးသားရေး အစွန်းရောက်တွေဟာ ငွေကြေးအတွက် စစ်တပ် ထောက်ခံပြီး ငွေကြေး လုပ်စားနေသူတွေပါ။  ဘယ်အလုပ်မှ လက်ကြော မတင်းဘဲ မကောင်းတာမှန်သမျှ အကုန်လုပ် စားခဲ့သူတွေဘ၀ကနေ စစ်တပ်က အလွယ် တကူ ထုတ်ပေးတဲ့ ငွေကြေးကို ရယူကာ တိုင်းပြည်ကို နင်းချေ ဖျက်ဆီးခဲ့ကြတာကို သက်သေတွေနဲ့တကွ ထုတ်ဖော် ရေးသားနေတာပါ။  ညောင်ကန်(ခ) ကိုကိုမောင်ဆိုတာဟာ ဝီရသူ ရဲ့ ရန်ကုန် တရားပွဲတွေနဲ့ နိုင်ငံ ရေး ဟောပြောပွဲတွေမှာ လုံခြုံရေး ယူပေးတဲ့ လုံခြုံရေးခေါင်းဆောင်ဖြစ်ပါတယ်။  ဝင်းကိုကိုလတ် ခေါ် ဖိုးလောင်တီး က ညစ်ညမ်းစာတွေ ရေးသားနေရာက ဝီရသူနဲ့ တွေ့ပြီး အမျိုးသား ရေးသမားဖြစ် လာသလို အခု ညောင်ကန်(ခ) ကိုကိုမောင်ကလည်း အမျိုးသား ရေး

မင်းကင်းမောင်မြင့်၏ပြောကြားချက် ဖရိုဖရဲဖြစ်နေသည့်စစ်တပ်ကို ပြိုကွဲအောင် လှုံ့ဆော်ပေးဟုဆို

Image
6 Jan 2023 by MPA လစ်ဗျားအာဏာရှင် ကဒါဖီ ကျဆုံးခန်းကို ဥပမာပေးကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်သည် စိုးရိမ်စရာကောင်းကြောင်း မင်းကင်းမောင်မြင့်၏ ပြောကြားချက်သည် ဖရိုဖရဲဖြစ်နေသည့်စစ်တပ်ကို ပြိုကွဲအောင် လှုံ့ဆော်ပေးနေကြောင်း အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ပြောသည်။ မင်းကင်းမောင်မြင့်၏ ယင်းသို့သော ပြောဆိုချက် လူမှုကွန်ရက်ပေါ်သို့ ဒီဇင်ဘာ၃၁ရက်နေ့က တက်လာခဲ့ပြီးနောက် စစ်ကောင်စီတပ်အတွင်း ကြီးမားသောရိုက်ခတ်မှုဖြစ်ပေါ်စေခဲ့ပြီး မြန်မာ့အရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မှာ အောက်ခြေအရာရှိနှင့်စစ်သားများကြား ပိုမိုနက်ရှိုင်းလာ ကြောင်း သိရသည်။ “မောင်မြင့်ဆိုတာက သူတို့လူ။ အရင်က ဝန်ကြီးတွေ၊ဒုဝန်ကြီးတွေလုပ်ခဲ့တာဆိုတော့ ပြည်သူတွေက မင်းကင်းမောင်မြင့်ကိုကျပ်မပြည့်ဘူးလို့ သဘောထားကြပေမဲ့ စစ်တပ်ထဲကျတော့ သူ့စကားကို အလေးထားကြတယ်။ တပ်မမှူးလောက်လုပ်လာတဲ့ကောင် ပြောတဲ့စကား အလကားမဟုတ်ဘူးလို့ စစ်တပ်ထဲ မှတ်ယူကြတယ်။ မောင်မြင့်စကားထွက်လာပြီးတော့ စစ်တပ်ထဲမှာ ရှေ့မီနောက်မီတွေကလည်း အရင်သန်းရွှေလက်ထက်တုန်းက လုံခြုံရေးကောင်စီ ဆုံးဖြတ်တာမျိုးမရှိခဲ့တာကို ပြောလာကြတယ်”ဟု ၎င်းကပြောသည်။ ထို့ပြင် မင်းအောင်လှိုင်က

စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အကျဉ်းသားတစ်ဦးသေဆုံး

Image
ယနေ့ (၂၀၂၃၊ ဇန်နဝါရီ ၆)ရက်နေ့ ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများနဲ့ ထောင်ဝန်ထမ်းများ စကားများရန်ဖြစ်တာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အကျဉ်းသားတစ်ဦးသေဆုံးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ (၈)ဦးရှိသည့်အပြင်၊ အကျဉ်းသား (၆၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိထားတဲ့အကျဉ်းသားတွေကိုလည်း အခုချိန်ထိ လက်ပြန်ကြိုးတုပ်ပြီး စစ်ဆေးမေးမြန်းနှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်မှ အကျဉ်းသားတွေအပေါ် လူမဆန်စွာပြုမူနေမှုများအား ကျွန်တော်တို့အားလုံး လက်ပိုက်ကြည့်နေလို့မဖြစ်ပါဘူး၊ အသံတွေကျယ်ကျယ်လောင်လောင်ထွက်ပေးကြဖို့လိုပါတယ်။ ANTS - ပုရွက်ဆိတ်များ Edit text & Shared _ #အေအန်န်အမ်မ်တီ

စစ်ကြောင်းမှူးသီဟသူရဗိုလ်မှူးလက်ပြတ်ကွပ်ကဲခဲ့တဲ့ကြာအင်းဆိပ်ကြီးစခန်းသိမ်...

Image

ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲ အတွင်း သေဆုံး

Image
ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄  ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲ အတွင်း သေဆုံး၊ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ် ရန်ကုန်၊ ဇန်နဝါရီ ၆ ခေတ်သစ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄  ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ပြီး အလောင်းကို စစ်ကောင်စီက ရဟတ် ယာဉ် ဖြင့် သယ်ယူသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။  ဇန်နဝါရီလ ၄ ရက်နေ့ ကြာအင်းဆိပ်ကြီး ခလရ ၃၂ ၊ ခလရ ၂၈၄ ၊ ခလရ ၂၈၃ တပ်များကို တော် လှန်ရေးအင်အားစုများက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း အပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီး စုစုပေါင်း၂၀ နီးပါး  သေဆုံး(သို့မဟုတ်) ပျောက်ဆုံးနေကြောင်း၊ တချို့အရာရှိများ၏ အလောင်းများကို လိုက်လံ ရှာဖွေ ကောက်ယူနေကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။  "ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးမင်းမောင်မောင်ဟိန်းက အရင် ရှမ်းပြည်ဘက်ကနေ ရာထူးတိုးပြောင်းလာတာ။ DSA 46 ကျောင်းဆင်း။  ၂၈၄ ယာယီ တပ်ရင်းမှူး လုပ်နေရင်း ကျဆုံးပါတယ်" ဟု စစ်တပ် သတင်းရင်းမြစ်က ပြောသည်။ 

သီတဂူဗုဒ္ဓ တက္ကသိုလ်မှ ဘွဲ့ရ နာယက ဆရာတော် အရှင်ဂန္ဓသာရ အပါအဝင် လူ ၄ ဦးကို စစ်တပ်က ပစ်သတ်

Image
ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်စီးနင်းပြီး  သီတဂူဗုဒ္ဓ တက္ကသိုလ်မှ ဘွဲ့ရ နာယက ဆရာတော် အရှင်ဂန္ဓသာရ အပါအဝင် လူ ၄ ဦးကို စစ်တပ်က ပစ်သတ်၊ ရွာကို မီးတင်ရှို့  ရန်ကုန်၊ ဇန်နဝါရီ ၆ ခေတ်သစ် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်စီးနင်းပြီး  သီတဂူဗုဒ္ဓတက္က သိုလ် မှ မဟာဘွဲ့ရ  သံဃာတော်တစ်ပါး အပါအဝင် ပြည်သူ ၄ ဦးကို ပစ်သတ်ကာ  ရွာကိုပါ  မီးတင်ရှို့သွားကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။  ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၆ နာရီအချိန် ကြွယ်ပုံပျူစောထီးကျေးရွာမှ ထွက် လာသော စစ်ကြောင်းနှင့်ပျူစောထီးများက ဒီပဲယင်းကွဲကျေးရွာကို ပစ်ခတ် ဝင် ရောက်လာကြောင်း၊ ယင်းနောက် ဒီပဲယင်းကျေးရွာတွင် ယာယီ သီတင်း သုံးနေ သော သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းဆင်း မဟာ ဘွဲ့ရ   သံဃာတော် တစ်ပါးကို လည်း စစ်တပ်က ပစ်သတ်လိုက်ကြောင်း၊ ထို့ပြင် အခြား ပြည်သူ ၃ ဦးကိုလည်း ပစ်သတ်ကြောင်း၊ ယင်းနောက် ရွာကို မီးတင်ရှို့ကြောင်း သိရှိရသည်။  စစ်တပ်က ပစ်သတ်လိုက်သော ဆရာတော်မှာ သီတဂူဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရ ဖြစ်ပြီး   သီတဂူဘွဲ့ရများ နာယက ၁၀ ပါးစာရင်းဝင် ဆရာတော် အရှင် ဂန္ဓသာရ ဖြစ်ကြောင်း သိရှိရသည်။  "ဒီန

သီတဂူ ကျဆုံးမှုသည် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုတစ်ခုဖြစ်သည်

Image
ဘာသာရေးအသုံးချ၍ ကြီးပွားချမ်းသာလို၊ သြဇာထူထောင်လိုခြင်းကို လက်မခံသည့် ယဉ်ကျေးမှုကို ဒီမိုကရေစီတော်လှန်ရေးနှင့်အတူ ထူထောင်မှသာလျှင် နောင်သီတဂူများ မပေါ်ပေါက်အောင် တားမြစ်နိုင်မည်။  ဆွေဝင်း Published on  Jan 5, 2023 ၂၀၀၀ ခုနှစ်ခန့်ကဖြစ်သည်။ ကျွန်တော်သည် မြန်မာပြည်အလယ်ပိုင်း မြင်းခြံထောင်ထဲရှိ အကျဉ်းခန်းငယ်တစ်ခု၏ တံခါးသံတိုင်များကြားထဲသို့ နားရွက်ကို ရသမျှတေ့ပြီး လေထဲတွင် လွင့်လာသော သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ တရားတစ်ပုဒ်ကို အတင်းနားစွင့်၊ နားထောင်နေမိသည်။ ၎င်းဟောပြောနေသည့် အကြောင်းအရာမှာ ဖခင်ကို သတ်ဖြတ်ပြီး ထီးနန်းလုခဲ့သော အဇာတသတ်သည် ညစဉ် အိပ်မပျော်နိုင်ဘဲ ပူဆွေးနောင်တရနေသောကြောင့် ဂေါတမဗုဒ္ဓထံသို့ ချဉ်းကပ်တရားနာကြားခဲ့ပုံဖြစ်သည်။ လူတစ်ဦးသည် ၎င်းကျုးလွန်ခဲ့သော အပြစ်အတွက် နောင်တရရုံမျှမက၊ ထိုအပြစ်ကို ဝန်ခံခြင်း၊ ထိုအပြစ်မျိုး နောက်ထပ်တစ်ဖန်မကျူးလွန်ခြင်းဖြင့် အပြစ်ဆေးကြောရပုံကို အဇာတသတ်ဖြစ်ရပ် အကြောင်းပြု၍ ဟောကြားနေခြင်းဖြစ်သည်။ ဆရာတော်၏ အာဝဇ္ဇန်းရွှင်ရွင်ဟောပြောမှု၊ ဗုဒ္ဓဝင်ဇာတ်နိပါတ်များကို ၏၊ သည်မရွေး ပြန်လည်ဟောခြင်းမဟုတ်ဘဲ ပုဂ္ဂလဓိဋ္ဌာန်ဖြင့် အတန်အသင့် ပြန်လည်ပိုင်းခြားသုံးသပ်ပြီး ဟောကြ

ဝမ်ပေါင်ကုမ္ပဏီစောင့် ရဲတပ်ရင်းကို လက်နက်ကြီး အလုံး၁၀၀ဖြင့် ပစ်ခတ်တိုက်ခိုက်

Image
ကောင်းချစ်အောင် ဇန်နဝါရီ ၅၊ ၂၀၂၃။     ယင်းမာပင်မြို့နယ်အတွင်းရှိ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီကို‌ စောင့်ကြပ်ပေးနေသည့် ရဲတပ်ရင်း (၂၈)ကို ယနေ့ နံနက်တစ်နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ လက်နက် ကြီးအလုံးရေ ၁၀၀ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အဆိုပါရဲတပ်ရင်းတွင်ခန့်မှန်းခြေအင်အား၂၀၀ ဝန်းကျင်ရှိပြီး မဟာမိတ်တပ်ဖွဲ့၇ဖွဲ့ပူးပေါင်းကာ ညသန်းခေါင်ကျော်အချိန်တွင် လက်နက်ကြီးအလုံးရေ ၁၀၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု National Revolutionary Guards (NRG)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ "ရဲတွေအိပ်မောကျနေချိန် တိုက်ခိုက်တာဆိုတော့ ထိခိုက်မှုများနိုင်တယ်"ဟု ၎င်းကပြောသည်။ မဟာမိတ်တပ်ဖွဲ့များပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည်ထိရောက်မှုရှိပြီး အဆောက်အဦးများအပေါ် အများကြီးကျရောက်ခဲ့ကြောင်း၊ တပ်ရင်းအတွင်း ငိုယိုသံတွေကြားရကြောင်း မြေပြင်ရဲဘော်တစ်ဦးကပြောသည်။       "ခေါင်မိုးပေါ် လက်နက်ကြီးကျသံတွေ ငိုယိုသံတွေ ဆူညံနေတာပဲ"ဟု အဆိုပါရဲဘော်ကပြောသည်။ ထို့အပြင်ရဲတပ်ရင်းအတွင်းမှ ပြန်လည်ပစ်ခတ် သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင

စစ်တပ်အရာရှိအမိန့် အာဏာရှင်ဆန်သည်ဟုခန့်စည်သူပြောပြီ

Image

လျှို့ဝှက်စာတွေ ပေါက်ကြားနေပြန်လို့ ပြည်နယ်/တိုင်း ညွှန်ကြားစာတွေမှာ အသားတံဆိပ်တွေ ထည့်သွင်းခိုင်းပြန်

Image
ရန်ကုန်၊ ဇန်နဝါရီ ၆ ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်နေတဲ့ လျှို့ဝှက်စာတွေ ပေါက်ကြားမှု မဖြစ်စေဖို့ ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ပေမယ့်လည်း အခု အချိန်အထိ မထိန်းနိုင်တာမို့ ထပ်မံပြီး ပြည်နယ်/တိုင်း အသားတံဆိပ်တွေ စာတွေမှာ ထည့်သွင်းဖို့ ညွှန်ကြားပြန်ပါတယ်။  နေပြည်တော်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်နယ်/တိုင်းစစ်ကောင်စီ တွေ ကို လျှို့ဝှက် ညွှန်ကြားချက်တွေ ပေးပို့ရာမှာ စာတွေ မထိန်းနိုင်ဘဲ ပေါက် ကြားမှု တွေရှိနေတာလည်းဖြစ်ပါတယ်။ မူလက တိုင်း/ပြည်နယ်နဲ့ ဝန်ကြီး ဌာန ညွှန်ကြားတွေမှာ ကုတ်နံပါတ် ဂဏန်းတွေ လျှို့ဝှက် ထည့်သွင်း ပေးပို့ပေ မယ့် အဲဒီလို လျှို့ဝှက်ဂဏန်းတွေ ထည့်သွင်းခိုင်းတယ်ဆိုတဲ့ သတင်းကလည်း ပေါက်ကြားခဲ့ပါတယ်။  ခေတ်သစ်သတင်းဌာနက  သတင်းဖော်ပြခဲ့တဲ့ လျှို့ဝှက်ပေါက်ကြားစာတွေမှာ  လျှို့ဝှက်ကုတ်ဂဏန်းတွေကို ဖယ်ရှားပြီး တင်ပြခဲ့တဲ့နောက်ပိုင်းမှာ အခုလို အသားတံဆိပ် ထည့်သွင်းဖို့ ညွှန်ကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။  လျှို့ဝှက်ညွှန်ကြားစာတွေမှာ ညွှန်ကြားခံရတဲ့ ပြည်နယ်/တိုင်း အသားတံဆိပ် ထည့်သွင်းခြင်းက ပေါက်ကြားတဲ့ ပြည်နယ်/တိုင်းစစ်ကောင်စီဌာနတွေကို ခြေရာခံနိုင်အောင်ဖြစ်တယ်လို

တိုက်လေယာဉ် အတက်အဆင်း သ တင်း များပေါက်ကြား၍ လေကြောင်းစစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့

Image
အမှတ် ၆၂ YAK-130 တိုက်ခိုက်ရေးအုပ်မှ ပိုင်းလော့များ၏လျှို့ဝှက် အမည် များကို ယက္ခ မှ စစ်မင်း ဟု ပြောင်းလဲ၊ တိုက်လေယာဉ် အတက်အဆင်း သ တင်း များပေါက်ကြား၍   လေကြောင်းစစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့    ပြောင်းရွှေ့  ရန်ကုန်၊  ဇန်နဝါရီ ၆ ခေတ်သစ်မီဒီယာ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တိုင်းရင်းသားနယ်မြေများနှင့် စစ်ကိုင်း၊ မကွေး၊ ပဲခူးကဲ့သို့သော တိုင်းဒေသကြီးများကို အဆက်မပြတ် ဗုံးကျဲ နေသည့် အမှတ် ၆၂ Yak-130 တိုက်ခိုက်ရေးလေယာဉ်အုပ်စုမှ ပိုင်း လော့များ ၏ လျှို့ဝှက် အမည်များကို ယက္ခမှ စစ်မင်းသို့ ပြောင်းလဲ လိုက်ကြောင်း သိရှိရ သည်။  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ Yak-130 လေယာဉ်မှူးများ၏ အမည်များကို ယက္ခဟု ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှို့ဝှက် အမိန့်စာ ပေါက်ကြားခဲ့သဖြင့် ယက္ခ အမည်ဝှက်များကို စစ်မင်း အမည်ဝှက်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။  ထို့ပြင် တံတားဦးလေတပ်၊ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ Yak-130 မှ ပိုင်း လော့များကို ယခင်က မှော်ဘီသို့ စစ် ဆင် ရေးအဖြစ် လအလိုက် အလှည့် တာဝန်ရွှေ့ပြောင်းထမ်းဆောင်းခိုင်းရာမှ ယခုရ