Posts

Showing posts from February 27, 2023

ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်းပိတ်ပင်ရန်အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ

Image
နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်း ပိတ်ပင်ရန်၊ ဥပဒေ ထုတ်ပြန်၍ တားမြစ် အရေး ယူရန် အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ  ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ခေတ်သစ် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ဖွင့်လှစ်လျက်ရှိသော ပုဂ္ဂလိကိုယ်ပိုင် ကျောင်း များတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုများကို သင်ကြား ခြင်းမပြုရန် နှင့် ဥပဒေထုတ်ပြန်၍ တားမြစ်ဟန့်တား အရေးယူရန် အကြမ်း ဖက် မင်းအောင်လှိုင်က ခိုင်းစေလိုက်ကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ စစ်ကောင်စီ အစည်းအဝေးတွင် အကြမ်း ဖက် မင်းအောင် လှိုင်က ထိုသို့ ပြောဆို ခိုင်းစေညွှန်ကြားခြင်းဖြစ်ပြီး တိုင်းနှင့် ပြည် နယ် များရှိ ပညာရေး ဌာနများသို့ မင်းအောင်လှိုင်၏ ခိုင်းစေချက်ကို ဖြန့် ဝေ ထားကြောင်း သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်၏ ခိုင်းစေချက်တွင် ပုဂ္ဂလိက ပညာရေးဥပဒေကို ရေးဆွဲထုတ်ပြန် ပြီးပါက အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်း သင်ကြားမှုများနှင့် အခြား မလိုလားအပ်သော သင်ကြားမှုများကို ထိရောက် သော ဥပဒေပုဒ်မများဖြင့် ထိရောက်စွာ ဟန့်တား အရေးယူဆောင် ရွက်ရ မည် ဖြစ်ကြောင်း သိရှိ

ရန်ကုန်မြို့တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပထမဦးဆုံး ကျဆုံးခဲ့ သည့် နွေဦးတော်လှန်ရေး သူရဲကောင်း ၄ ဦး ၏ရုပ်ပုံပါ အင်္ကျီများဝတ်ဆင်ကာ လွမ်း ဆွတ်ခြင်း အထိမ်းအမှတ် လှုပ်ရှား

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရန်ကုန်မြို့တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပထမဦးဆုံး ကျဆုံးခဲ့ သည့် နွေဦးတော်လှန်ရေး သူရဲကောင်း ၄ ဦး ၏ရုပ်ပုံပါ အင်္ကျီများကို Yangon Revolution Force - YRF မှ ရဲဘော်များက ဝတ်ဆင်ကာ လွမ်းဆွတ်ခြင်း အထိမ်း အမှတ်အဖြစ် လှုပ်ရှားမှု ပြုလုပ်ကြသည်။ နွေဦးတော်လှန်ရေးအတွင်း ရန်ကုန်မြို့တွင် ပထမဦးဆုံး ကျဆုံးသွားခဲ့သည့် ပြည်သူ ၄ ဦးကို အောက်မေ့ ဂုဏ်ပြုသည့်အနေဖြင့် ၄င်းတို့၏ ရုပ်ပုံ ရိုက်နှိပ် ထား သည့် အင်္ကျီကိုဝတ်ဆင်ကာ သူတို့ကျဆုံးခဲ့သည့်နေရာများအပါအဝင် ရန်ကုန်မြို့ရှိ နေရာအချို့တွင် လွမ်းဆွတ်ခြင်း လှုပ်ရှားမှုကို Yangon Revolution Force - YRF ၏ Soft Strike Community မှ ရဲဘော်များက ဝတ်ဆင် ပြုလုပ်ကြသည်။ စစ်ကောင်စီတပ်သားများ၏ လူမဆန်စွာ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခတ် မှုကြောင့် မောင်ဇင်လင်းထက် (အသက် ၂၀ နှစ်)၊ ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီ (အသက် ၅၉ နှစ်)၊ကိုဟိန်းထွဋ်အောင် (အသက် ၂၃ နှစ်)နှင့် ကိုညီညီအောင် ထက်နိုင် (၂၃ နှစ်) တို့သည် ရန်ကုန်မြို့တွင် ကျဆုံးခဲ့ရသည်။ ၂၀၂၁ ခုနှစ်၏ ယခုလိုအချိန်မျိုးတွင် ပြည်သူများက သတ္တိအပြည့်၊ အားမာန် အပြည့်၊ နာကျည်းချက်အပြည့်၊ ခံယူချက်အပြည့်ဖြင

Nestle မြန်မာနိုင်ငံက လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်

Image
People's Spring ဆွစ်ဇာလန်အခြေစိုက်စားသောက်ကုန် လုပ်ငန်းကြီး Nestle ရဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တော့မယ်လို့ ကုမ္ပဏီဘက်က ဒီနေ့မှာ ထုတ်ပြောလိုက်တယ်လို့ AFP သတင်းဌာနကဖော်ပြပါတယ်။စစ်တပ်အာဏာသိမ်းမှု အပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအသီးသီးထွက်ခွာချိန်မှာ Nestle လည်းထွက်ခွာတော့မှာပါ။မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးအခြေအနေအရ ရန်ကုန်မှာရှိတဲ့ စက်ရုံနဲ့ ရုံးချုပ် လည်ပတ်မှုကို ရပ်တန့်လိုက်တော့မယ်လို့ Nestle ရဲ့ပြောရေးဆိုခွင့်ရှိသူက AFP ကိုပြောပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ခွာမယ့် အချိန်ကာလသတ်မှတ်ချက်ကိုတော့ Nestle ဘက်က ထုတ်မပြောသေးပါဘူး။Nestle ဟာ မြန်မာနိုင်ငံမှာ အသင့်သောက် ကော်ဖီ ၊ မက်ဂီ ( Maggi) ခေါက်ဆွဲ ၊ မိုင်လို ချောကလက်ဖျော်ရည် တွေကို ဖြန့်ဖြူးရောင်းချနေတာပါ။မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ထိခိုက်နစ်နာသူတွေအတွက် အကောင်းဆုံး ပံ့ပိုးသွားမယ်လို့ Nestle ပြောရေးဆိုခွင့်ရှိသူဆိုပါတယ်။   

ဦးဝင်းထိန် သို့မဟုတ် မင်းအောင်လှိုင် ရင်ဘတ်ထဲက ဆူးတစ်ချောင်း

Image
လုထားသည့် ပလ္လင်ကို လောင်မြိုက်စေသူဟု မင်းအောင်လှိုင် ရည်ညွှန်းသည့် အသက် ၈၀ ကျော် NLD နာယက ဦးဝင်းထိန်သည် ဇရာနှင့် ဝေဒနာကို အန်တုလျက် အကျဉ်းစံဘဝကို ဖြတ်သန်းနေသည်။  ဉာဏ်လှိုင်လင်း Published on Feb 27, 2023 Myanmar now  ကော်လာကတုံး အဖြူရောင်လက်တို၊ ကချင်ပုဆိုးဝတ်ဆင်ထားပြီး အရပ်ပုပြတ်ပြတ်၊ ဝဝဖိုင့်ဖိုင့် ပုံပန်းသဏ္ဌာန်ရှိသည့် အသက် ၈၀ ကျော် အဘိုးကြီးတစ်ဦး သတ္တုဖြင့် လုပ်ထားသည့် ငှက်ခေါင်းပုံ ကွပ်ထားသော သစ်သားတုတ်ကောက်ကို အားပြုလျက် တရွေ့ရွေ့ လျှောက်နေသည်။ ခါးရိုးကို ထိန်းကွပ်နိုင်သည့် ခါးပတ် အမြဲတစေ ပတ်ထားရကာ ရောဂါပေါင်းစုံရှိသည့် ထိုသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးဝင်းထိန်။ အချိန်ကား ၂၀၂၁ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်း။ သာမန်အခြေအနေဆိုလျှင် တစ်ဦးဦးက တွန်းပေးသည့် ဝှီးချဲပေါ်တွင် ပါးစုန့်ကြီးများ မို့အစ် ဖောင်းကားနေသည့် ဦးဝင်းထိန်ကို ထိုင်လျှက် တွေ့ရမည်။ ၅ မိနစ်၊ ၁၀ မိနစ်ထက်ပို၍ အကူအညီမပါဘဲ လမ်းလျှောက်နိုင်သည့် ကျန်းမာရေးအခြေအနေ သူ့တွင် မရှိတော့။ လမ်းကြာကြာလျှောက်လျှင် အမောဖောက်တတ်သည်။ ယခုမူ မြန်မာပြည် ဗြိတိသျှအောက်မှ လွတ်မြောက်ပြီးနောက် ပေါ်ထွက်လာသည့် တတိယမြောက်စစ်အာဏာရှင်

အပြန်အလှန် ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့ကာ အမျိုးသမီးတဦး ဒဏ်ရာ

Image
စမ်းချောင်းမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး အပြန်အလှန်ဓားထိုးမှုဖြစ်ပွား၊ အမျိုးသားဖြစ်သူ သေဆုံး ဖေဖော်ဝါရီ ၂၇ - ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းထဲက တိုက်ခန်းတခန်းမှာ မနေ့ ဖေဖော်ဝါရီ (၂၆) ရက်၊ ည (၁၁) နာရီခန့်က အပြန်အလှန် ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့ကာ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ စမ်းချောင်းလမ်းအတွင်းရှိ ဘီယာဆိုင်ရှေ့က နေအိမ်တိုက်ခန်း (၆) လွှာမှာ အော်ဟစ်သံတွေ ကြားရတယ်လို့ သတင်းအရ လုံခြုံရေးအဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာမှာ ဒီဖြစ်စဉ်ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ ရောက်သွားတဲ့အချိန် ဓားထိုးမှုဖြစ်တဲ့ တိုက်ခန်းက အတွင်းကနေ ပိတ်ထားလို့ တံခါးဖျက်ပြီး ဝင်ခဲ့ရပါတယ်။ အဲ့ဒီ့မှာ အမျိုးသားတယောက်က ဝမ်းဗိုက်၊ ရင်ညွန့်နဲ့လည်ပင်းမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးနေပါပြီ။ အမျိုးသမီးကတော့ ဓားဒဏ်ရာ အနည်းငယ်ရှိခဲ့တာကြောင့် လိုအပ်တဲ့ကုသမှုတွေ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ အမ

စစ်ကောင်စီတပ် စခန်းမှ စတင်ကာမီးလောင်ပြီး တောမီးလောင်မှု

Image
လေးကေ့ကော်   ဗျူးပွိုင့်တွင်   စခန်းချထားသည့်   စစ်ကောင်စီတပ်   စခန်းမှ   စတင်ကာ မီးလောင်ပြီး   တောမီးလောင်မှု   ဖြစ်ပေါ်ခဲ့ Author  လင်းခိုင် Published on Feb 25, 2023 ကရင်ပြည်နယ်၊   လေးကေ့ကော်မြို့နယ်ရှိ   ဗျူးပွိုင့်တွင်   အထိုင်စခန်းချထားသည့်   စစ်ကောင်စီတပ်   စခန်းမှ   စတင်ကာ   မီးလောင်ပြီး   နောက်   တောမီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း   ကော်ဘရာ   စစ်ကြောင်းမှ   စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ   ညပိုင်းတွင်   လေးကေ့ကော်မြို့နယ်တွင်   မိုင်းများ   ပေါက်ကွဲပြီးနောက်   လေးကေ့ကော်ဗျူးပွိုင်   စစ်ကောင်စီတပ်စခန်းမှ   မီးလောင်ကာ   ၊   လေးကေ့ကော်   ခြောက်ရပ်ကွက်   နှင့်   ပတ်ဝန်းကျင်ရှိ   တောတောင်အများအပြား   မီးကူးစက်ခဲ့ခြင်း   ဖြစ်သည်။ “ ညပိုင်းကြီး   ဒီကောင်တွေ   မိုင်းရှင်းတာနေမယ်။   သူတို့စခန်းကနေ   စပြီးတော့   လောင်တာ၊   အဲ့ကောင်တွေစခန်း အကုန်ပြာကျသွားတယ်။   ပြီးတော့   ခြောက်သွေ့နေတော့   မီးက   အကုန်ကူးပြီးတော့   ကျွန်တော်တို့   စခန်းနှစ်ခုလည်း မီးထဲပါသွားတယ်။  ”  ဟု   ကော်ဘရာ   သတင်းရင်းမြစ်တစ်ဦးက  CJ Platform  သို့ပြောကြားသည်။ ထိုကဲ့သို့   တောမီးလောင်ကျွမ်းမှုကြောင့်   လေးကေ့ကော်ခြောက်ရ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

Image
မောင်မောင်၊ရဲခေါင်/People’s Spring ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းသို့ ရိက္ခာပို့ဆောင်သည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)က ပြောသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်) နံနက်အစောပိုင်းတွင် ရှားတောမြို့၏ အရှေ့ဖက်(၉)မိုင်ခန့်အကွာရှိ သံလွင်မြစ်ကမ်းခြေ တာတမောစခန်းမှ ရှားတောမြို့ဗျူဟာကုန်းသို့ လူထုပိုင်မော်တော်ယာဉ်ငယ်များဖြင့် သယ်ဆောင်နေစဉ် ရှားတောမြို့နှင့် စလောင်းကျေးရွာအကြား ချောင်းဆုံတနေရာအရောက်၌ ကရင်နီတပ်မတော်(KA) နှင့် KNDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုမှာ ၁နာရီကြာမြင့်ခဲ့ပြီး ရိက္ခာယာဉ်တန်း၌ ပါလာသည့် စစ်ကောင်စီတပ်ဘက်မှ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ စစ်ကောင်စီ၏ လမ်းကင်း လုံခြုံရေးက လက်နက်ကြီးဖြင့် ပစ်ကူပေး၍ ကရင်နီတပ်မတော် စစ်သည်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။ "တာတမောစခန်းက မြစ်ကမ်းဘေးမှာရှိတယ်။ရှမ်းပြည်ဘက်ကနေ မြစ်ကြောင်းအတိုင်း ရိက္ခာတ

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

Image
ယန််းဒီ/People’s Spring ရန်ကုန််မြို့ရှိ ဗြိတိန်သံရုံး၏ ယာယီသံရုံးတာ၀န်ခံအဖြစ် မစ္စတာ Ken O’Flaherty ကို ခန့််အပ်ကြောင်း ယနေ့ ကြေညာသည်။ တရားမဝင််အာဏာသိမ််းစစ်ကောင််စီကို အသိအမှတ်မပြုဘဲ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချထားသည့် နိုင်ငံများထဲတွင် ပါဝင်သော ဗြိတိန်သည်် သံအမတ်အဆင့် ခန့်အပ်ခြင်းမပြုဘဲ ယာယီသံရုံး တာ၀န်ခံသာ ထားရှိခြင်းဖြစ်သည်။ ယာယီသံရုံးတာ၀န်ခံအသစ်က “မြန်မာနိုင်ငံမှာယူကေကို ကိုယ်စားပြုခွင့်ရခြင်းဟာ အခွင့်ထူးပါပဲ။ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ မှန်ကန်တဲ့ ဆန္ဒတွေကို ဆက်လက်ထောက်ခံအားပေးဖို့ မျှော်လင့်နေပါတယ်” ဟု ပြောသည် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏လုပ်ရပ်များအပေါ် တာဝန်ခံစေမှုနှင့် စစ်ကောင်စီအပေါ် ဖိအားများ တိုးမြင့်လာစေရန် ဗြိတိန်က တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ခြင်း၊ မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားလိုက်နာခြင်းအားဖြင့် ဗြိတိန််၏ လုပ်ဖော်ကိုင်ဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် ခိုင်မာစွာ ကတိပြုထားကြောင််း အထက်ပါ ယာယီသံရုံးတာ၀န်ခံက အသိပေးသည််။ မစ္စတာ Ken O’ Flaherty သည် သံတမန်တစ်ဦးဖြစ်ပြီး ယခင််က ပါရီ၊ တိုကျို၊ ရောမနှင့် ဘရပ်ဆဲလ်တို့တွင် တာ

ကရင်နီတွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲ

Image
ကရင်နီတွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲသဖြင့် ရှမ်းပြည် ဘက်မှ ဝင်ရောက် ရိက္ခာပို့ရန် ကြိုးပမ်း၊ ရှားတောတွင် စစ် ရိက္ခာသယ် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတိသစ် ကရင်နီပြည်နယ်တွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲသဖြင့် ရှမ်းပြည်ဘက်မှ ဝင်ရောက်ပြီး ကရင်နီပြည်နယ်အတွင်းရှိ စစ်စခန်းများကို  ရိက္ခာပို့ရန် ကြိုးပမ်း လျက်ရှိရာ ရှားတောမြို့နယ်တွင် စစ် ရိက္ခာသယ် ယာဥ်တန်း ကြားဖြတ် တိုက် ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။  ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကယားပြည်နယ်၊ ရှားတောမြို့တွင် အိမ်စီးကားများဖြင့် ရိက္ခာ သယ်နေသည့် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးကြောင်း ၊ ယ မန် နေ့ နံနက် ၃ နာရီ ၄၅ မိနစ်တွင် ရှားတောမြို့၊ သံလွင်မြစ်ကမ်း​ခြေ တာတမောစခန်းမှ ရှားတောမြို့ ဗျူဟာကုန်းကို ပြည်သူပိုင် ကားများဖြင့် ရိက္ခာသယ်ဆောင်နေသည့် ယာဥ်တန်းကို ရှားတောမြို့နှင့် စလောင်းရွာ အကြား ချောင်းဆုံးတစ်နေရာတွင် ကရင်နီတပ်မတော် KA

မုံရွာမြို့တွင် PDF သတင်းစုံစမ်းနေသော စစ်မှုထမ်းဟောင်း ဒုတပ်ကြပ် သန်းနိုင် ကို ပစ်ခတ်ခံရပြီး သေဆုံး

Image
  ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်တွင် စစ်တပ်အတွက် ရိက္ခာထောက်ပို့နှင့် သတင်းပေးနေသူ၊ PDF သတင်းများ စုံစမ်းနေသူ စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်သန်းနိုင် ပစ်ခတ်ခံရပြီး  သေဆုံးသွား ကြောင်း ဗန္ဓုလနှင့်အဖွဲ့ သားများ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်အချိန် မုံရွာမြို့တွင်းတစ်နေရာတွင် ဒုတပ်ကြပ်သန်းနိုင်ကို ဝင် ရောက် ဖမ်းဆီးပြီး သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ရာမှ သေဆုံးသွား ကြောင်း၊ ၎င်းထံမှ မှတ်ပုံတင် အချက်အလက်များ၊ ၉ မမ ကျည်နှစ်တောင့်၊ လက်ပစ်ဗုံးသီးတစ်လုံး နှင့် ဖုန်းတစ်လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ “မြို့ထဲဝင်ဖမ်းပြီး ကျည်နှစ်တောင့်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာ၊ စစ်ခွေးတွေက သန်းနိုင်ရဲ့ အလောင်း ကို အရင် လာမသယ်ဘဲ သူ့(သန်းနိုင်)ရဲ့မိသားစုကို နမခတပ်ထဲ အရင်ပို့ပြီးမှ လာသယ်သွားတယ်၊ ပစ်ခတ် ရှင်းလင်းတဲ့နေရာမှာပဲ အလောင်းကို ထားပေးခဲ့ပါတယ်” ဟု ဗန္ဓုလနှင့်အဖွဲ့သားများ PDF မှတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်သန်းနိုင်

မြင်းခြံတွင် အင်အား ၆၀ ပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ကားတစ်စီး ပျက်စီး

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အင်အား ၆၀ ပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး ကားတစ်စီး ပျက်စီးသွားကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့  - မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်  မြင်းခြံမြို့နယ် နဘူးအိုင်ရွာဘက်သို့ စစ်အင် အား ၆၀ ခန့်ပါ ကား ၄ စီးနှင့်ဆိုင်ကယ် ၁၁ စီးပါ စစ်ယာဉ်တန်းကို  နဘူးအိုင်ရွာ‌ တောင်ဘက်၊ မြောက်ပင်လယ်ဆည်ဘောင်အနီး  မိုင်းကွင်းထဲ အရောက်တွင် နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က  ပဒေသာနှစ်ဆင့်မိုင်း ၁၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီးကို တည့်တည့်မှန်သွားခဲ့ကြောင်း သိရှိရသည်။   မိုင်းဆွဲတိုက်ခိုက်မှုကြောင့်  စစ်သား ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း၊ စစ်ယာဉ် တန်းတွင် ပါဝင်သော မတ်တူး ကားတစ်စီး လုံးဝသုံးမရအောင်အထိ ပျက်စီးသွားပြီး မိုင်းကွင်းထဲတွင် ထားရစ်ခဲ့ကြောင်း သိရှိရသည်။

မအလနဲ့မဘသ အပျော်ခရီး

Image
သံတွဲကစျေးဆိုင်တွေ၂ရက်ပိတ်ခိုင်းတာ မအလက ပြည်သူပိုင်လေကြောင်းနဲ့ မဘသ တွေ တင်သွားပြီး Beach မှာရေကသိုင်းရှူ့ခိုင်းထားတာကိုး

ရွေး ကောက်ပွဲကို စိတ်လည်း မ၀င်စားဘူး။ ဘယ်သူတွေဆိုတာလည်းမသိဘူး

Image
စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ပြန်လည် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၉ ခုရှိပြီး   ကြံ့ခိုင်ရေးပါတီမှ စည်းရုံးရေးများ စတင်လုပ်ဆောင်နေ ဧရာ၀တီတိုင်းမ် ဖေဖော်ဝါရီ ၂၇ ရက် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC)မှ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဆိုင်ရာ နည်းဥပဒေများကို အတည်ပြုကြေညာခဲ့ပြီးနောက် မှတ်ပုံတင်ရန်နှင့် ပါတီထူထောင်ခွင့်လျှောက်ထားသည့်ပါတီ ၉ ခုရှိကြောင်း UEC မှထုတ်ပြန်ထားသည်။ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ပြဌာန်းထားသည့် ပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပထမဦးဆုံးလျောက်ထားသည့်ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဖြစ်သည်။ USDP သည် ယခုလက်ရှိတွင် ပါတီစည်းရေးရုံး အနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ လူငယ်များနှင့်တွေ့ဆုံခြင်း၊ ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်နေပြီး ယမန်နေ့က MCC ခန်းမတွင် လူငယ် ၃၀၀၀ ကျော်နှင့် တွေ့ဆုံခဲ့ကြောင်း USDP က ထုတ်ပြန်ထားသည်။ USDP ပါတီဥက္ကဋ္ဌဦးခင်ရီက "လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအနေနဲ့ မဲဆန္ဒနယ်အားလုံးမှာ ၀ငျရောကျ ယှဉ်ပြိုင်အရွေးခံသွားမယ်" ဟု တွေ့ဆုံပွဲတွင် ပြောကြားထားသည်။ ထို့ပြင် ဒီမို

CDMများ၏ ဆန္ဒကိုထည့်သွင်းစဉ်းစားပြီး အကူအညီများရရေးကြိုးပမ်းရန် ပြည်ထောင်စု ဝန်ကြီးချုပ်ပြော

Image
သက်ဝေ/People’s Spring အာဏာဖီဆန်ရေးလှုပ်ရှားမှ(CDM) မူဝါဒ အသက်ဝင်အောင်လုပ်ဆောင်ရန်နှင့် CDMများ၏ ဆန္ဒကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန်နေ့က ကျင်းပသည့် CDM အောင်မြင်ရေးကော်မတီအစည်းအဝေး၌ ပြောကြားခဲ့သည်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် နွေဦးတော်လှန်ရေးကြီးကို အရှိန်အမြင့်ဆုံးရောက်ရှိသွားပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုရရှိနိုင်ခဲ့သည်အထိ တော်လှန်ရေးကိုအားကောင်းအောင်မောင်းနှင်ပေးခဲ့ကြောင်း၊ ယင်းလှုပ်ရှားမှုတွင် ပါဝင်ပြီး ယနေ့အထိ အားမလျှော့စတမ်း တိုက်ပွဲနေသည့် CDMများသည် နိုင်ငံ့ဂုဏ်ဆောင်များဖြစ်ပြီး လေးစားချီးကျူးထိုက်သူများ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။  "တိုင်းပြည်ရဲ့ အနာဂတ်အတွက် မိမိတို့ရဲ့ ဘဝတွေ အသက်တွေစတေးပြီးယုံကြည်စွာနဲ့ ရှေ့ဆက်နေကြတဲ့အတွက် အခုလိုနှစ်နှစ်ကျော်ကြာတဲ့အထိ တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ စစ်အာဏာရှင်အကြမ်းစစ်တပ်ကို ဆက်လက်ပြီး အားကောင်းစွာဖိအားပေးတုံ့ပြန်လျက်ရှိပါတယ်။ ဒီစိတ်ဓါတ်တွေနဲ့ ဆက်လက် တိုက်ပွဲဝင်နေကြတဲ့အတွက်ကြောင့်ဘဲ အခုဆိုရင် ကမ္ဘာကြီးက မျက်နှာလွှဲထားလို့မ