ရန်ကုန်မြို့တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပထမဦးဆုံး ကျဆုံးခဲ့ သည့် နွေဦးတော်လှန်ရေး သူရဲကောင်း ၄ ဦး ၏ရုပ်ပုံပါ အင်္ကျီများဝတ်ဆင်ကာ လွမ်း ဆွတ်ခြင်း အထိမ်းအမှတ် လှုပ်ရှား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရန်ကုန်မြို့တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပထမဦးဆုံး ကျဆုံးခဲ့ သည့် နွေဦးတော်လှန်ရေး သူရဲကောင်း ၄ ဦး ၏ရုပ်ပုံပါ အင်္ကျီများကို Yangon Revolution Force - YRF မှ ရဲဘော်များက ဝတ်ဆင်ကာ လွမ်းဆွတ်ခြင်း အထိမ်း အမှတ်အဖြစ် လှုပ်ရှားမှု ပြုလုပ်ကြသည်။ နွေဦးတော်လှန်ရေးအတွင်း ရန်ကုန်မြို့တွင် ပထမဦးဆုံး ကျဆုံးသွားခဲ့သည့် ပြည်သူ ၄ ဦးကို အောက်မေ့ ဂုဏ်ပြုသည့်အနေဖြင့် ၄င်းတို့၏ ရုပ်ပုံ ရိုက်နှိပ် ထား သည့် အင်္ကျီကိုဝတ်ဆင်ကာ သူတို့ကျဆုံးခဲ့သည့်နေရာများအပါအဝင် ရန်ကုန်မြို့ရှိ နေရာအချို့တွင် လွမ်းဆွတ်ခြင်း လှုပ်ရှားမှုကို Yangon Revolution Force - YRF ၏ Soft Strike Community မှ ရဲဘော်များက ဝတ်ဆင် ပြုလုပ်ကြသည်။ စစ်ကောင်စီတပ်သားများ၏ လူမဆန်စွာ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခတ် မှုကြောင့် မောင်ဇင်လင်းထက် (အသက် ၂၀ နှစ်)၊ ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီ (အသက် ၅၉ နှစ်)၊ကိုဟိန်းထွဋ်အောင် (အသက် ၂၃ နှစ်)နှင့် ကိုညီညီအောင် ထက်နိုင် (၂၃ နှစ်) တို့သည် ရန်ကုန်မြို့တွင် ကျဆုံးခဲ့ရသည်။ ၂၀၂၁ ခုနှစ်၏ ယခုလိုအချိန်မျိုးတွင် ပြည်သူများက သတ္တိအပြည့်၊ အားမာန် အပြည့်၊ နာကျည်းချက်အပြည့်၊ ခံယူချက်အပြည့်ဖြင့် အကြမ်းဖက် စစ်ကောင် စီကို အနိုင် တိုက်ထုတ် ရမည်ဆိုသည့် ခံယူချက်တွေ ခိုင်မာခဲ့ကြောင်း၊ သူရဲ ကောင်း ၄ ဦးအပါအဝင် အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ချက်ဖြင့် ကျဆုံး ခဲ့ကြရသည့် ပြည်သူများ၊ တော်လှန်ရေးသူရဲကောင်းများ အတွက် ရရာနည်း လမ်းဖြင့် ဆက်လက် တော်လှန်ကြရန်၊ တော်လှန်ရေးကို အားဖြည့်ကြရန် ပြည်သူအားလုံးကို YRF က တိုက်တွန်းထားသည်။ Khit Thit Media, [2023-02-27 9:38 PM]

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ