Posts

Showing posts from February 26, 2022

ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို စစ်တပ်ပြန်ခေါ်သွား

Image
​ နေပြည်တော် လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို သိန်း ၄၉၀၀ သိန်းတန် မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိသော်လည်း  စစ်တပ်ပြန်ခေါ်သွား ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် နေပြည်တော် လေကြောင်းရန် ကာ ကွယ် ရေးတပ်က ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုးတို့ကို ဖေ ဖော် ဝါရီလ ၂၅ ရက်နေ့ ည ၉နာရီ ၁၅ မိနစ်အချိန် လိန်းလီ ကြိုးတံ တား ထိပ် တွင် ငွေကျပ် ၄၉၀၀ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိကြောင်း Myanmar Police CDM Channel က လျှို့ဝှက်ရဲကြေးနန်းကို ဖော်ပြ၍ သတင်း ထုတ်ပြန်သည်။ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးခံရသူ ဗိုလ်မှူး စံမင်းထွန်း နှင့် ဗိုလ်ကြီး ကျော် ပြည့်ဖြိုးတို့သည် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ ထိန်ပင် ကျေးရွာ အုပ်စု၊ ပင်လောင်း-နေပြည်တော်သွားကားလမ်း လိန်းလီကြိုးတံတားထိပ်တွင်  YGN 1K/8755 HONDA FIT အနက်ရောင်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ တင်ဆောင် လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။  ဗိုလ်မှူး စံမင်းထွန်းသည် လေကြောင်းရန်ကာကွယ်ရေးတပ်၊ လကတ ၂၀၃၂ ၊ တပ်ကုန်းမြို့မှ ဗိုလ်မှူးအဆင့်ရှိသူဖြစ်ပြီး လက်နက်စန

​ရုရှား တင့်ကားတွေလမ်းမတွေမှာ အတုံးအရုံး

​ ရုရှား တင့်ကားတွေ ယူကရိန်း ရဲ့ Ivankiv မြို့ အဝင် လမ်းမတွေမှာ အတုံးအရုံး..... Video credit-Shorouk News

​မင်းအောင်လှိုင်တွင် ကိုယ်ရည်သွေးလွန်စိတ်ဝေဒနာနှင့် ဖျက်လို ဖျက်ဆီး စိတ် လက္ခဏာ ရှိနေမှု စိစစ်တွေ့ရှိရ

Image
ရန်ကုန်၊ဖေဖော်ဝါရီ ၂၇  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ် ကောင်စီ၏ အလွတ်သဘော လျှို့ဝှက် အစည်းအဝေးတွင် မင်းအောင် လှိုင်က A 4 စာမျက်နှာ ၃၀ နီးပါး စကားများကို မရပ်မနားပြောဆိုခဲ့ပြီး ယင်း ပြောဆိုမှု များကို သက်ဆိုင်ရာ ပညာရှင်များက လေ့လာမှု စကားဝိုင်း ပြုလုပ်၍ မင်း အောင် လှိုင်၏ လက်ရှိ စိတ်အခြေအနေကို လေ့လာမှု ပြုလုပ်ကြသည်။  မင်းအောင်လှိုင်၏ လျှို့ဝှက် အစည်းအဝေးမှ မှတ်တမ်း စကားများကို လေ့လာ စိစစ်မှု ပြုလုပ် ကြရာတွင် မင်းအောင်လှိုင်တွင် ကိုယ်ရည် သွေးလွန် စိတ်ဝေဒ နာနှင့် ဖျက်လို ဖျက်ဆီး စိတ်လက္ခဏာ ရှိနေကြောင်း လေ့လာမှုများအရ ဖော် ပြနေသည်။  အာဏာရှင်တို့၏ စိတ်ဏ္ဍန် Group Discussion မှ မင်းအောင်လှိုင်၏ လက်ရှိ စိတ် အခြေအနေ စိစစ်တွေ့ရှိရမှု ကောက်နုတ်ချက် အကျဥ်းချုပ်ကို ပြည်သူ များ သိရှိနိုင်စေရန် ပြန်လည် ဖော်ပြလိုက်ပါသည်။   မင်းအောင်လှိုင် စိတ်ဂယောက်ဂယက်အခြေအနေ ============================ ကနဦးလေ့လာချက်အရ အာဏာလုလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် မင်းအောင် လှိုင်သည် ကိုယ်ရည်သွေး အထင်ကြီး လွန်ခြင်း စိတ်ဂယောက် ဂယက်အခြေအနေ (Narcissistic Personality Disorder - NPD) ရှိသည်။  ထို

အနည်းဆုံး ပိုင်ဆိုင်ခဲ့သူတွေဟာ အများဆုံးစွန့်ဝံ့ခဲ့ကြ

Image
​ ရွာတွေကို မီးရှို့တာဟာ စစ်ခွေးတွေရဲ့ ဗျူဟာပဲ။ PDF တွေ ရှိနေလို့ ငါတို့ရွာတွေ မီးရှို့ခံရတာ။ PDF တွေကြောင့် ငါတို့အခုလိုဖြစ်ရတာလို့ တွေးမိအောင် လုပ်ဆောင်နေတာ။  ဒါပေမယ့် တကယ်တမ်းဖြစ်လာတာက ပြည်သူတွေဟာ ပိုပိုနာကျည်းလာတာ။ နောက်မှာ ကျောပဲကျန်တော့တဲ့ အခြေအနေတွေဟာ ဒီခွေးတပ်ကို အမြစ်ဖြတ်ဖို့ ဘာပဲရင်းရရင်းရဆိုတဲ့ ခံစားချက်တွေ ဖြစ်လာစေတာ။  ဒီနေ့ မီးခိုးတွေ ဝေနေတဲ့ နေရာတွေဟာ ဒီနာကျည်းချက်တွေကြောင့်ပဲ လွတ်လပ်ပန်းတွေ ပွင့်ရာမြေတွေ ဖြစ်လာလိမ့်မယ်။  အနည်းဆုံး ပိုင်ဆိုင်ခဲ့သူတွေဟာ အများဆုံးစွန့်ဝံ့ခဲ့ကြတယ်။ (ပန်ဆယ်လို)

မကာကွယ်ပေးဘူးဆိုရင် သူကို့ နောက်ဆုံးမြင်ရမှာလို့

Image
​ လက်တလော မျက်မှောက်အခြေအနေအရတော့ ရုရှားက အသာစီးရနေတယ်... ယူကရိန်းမြို့တော် ကိဗ်(Kyiv) ဆင်ခြေဖုံးမှာ ရုရှားနဲ့ ယူကရိန်းတပ်တွေ မြေပြင်တိုက်ပွဲ ထိုးနေကြပြီ...  စစ်အင်အား၊ လက်နက်အင်အားကွာတဲ့အခြေအနေမှာ ယူကရိန်းသမ္မတကိုယ်တိုင် ရှေ့တန်းကို ဆင်းပြီး ကြီးကြပ် ကွပ်ကဲနေသလို USနဲ့ EU မဟာမိတ်နိုင်ငံတွေကိုလည်း ရုရှားရဲ့ကျူးကျော်မှုကို မကာကွယ်ပေးဘူးဆိုရင် သူကို့ နောက်ဆုံးမြင်ရမှာလို့ Video Conferncing မှာ ပြောလိုက်တယ်... " ကိုယ်တိုင် မီးထဲတိုးဝင်နေပြီ " ရုရှားကတော့ UNSCမှာ statements ထုတ်တာကို veto နဲ့ ပယ်ချပြီး ယူကရိန်းကို သိမ်းမယ်လို့ ဟစ်ကြွေးထားတယ်... ပြီးမှ ရုပ်သေးအစိုးရကို တင်ပြီး စားပွဲခုံပေါ်မှာ ဆွေးနွေးညှိနှိုင်းမယ်လို့ ထုတ်ပြန်ထားတယ်... သည်အနေအထားကပဲ Putin ဟာ NATO Allience dilemma ကို ဖောက်ထွက်မယ်လို့ မိုက်မိုက်ကန်းကန်း ဆုံးဖြတ်လိုက်ပုံပေါ်တယ်... NATO မဟာမိတ်တွေ သူ့ခြံစည်းရိုးနား ကပ်လာတာကတစ်ပိုင်း၊ သူကိုယ်တိုင်ကလည်း ယူကရိန်းအသားတစ်ကြီးကို ကိုက်ချီလိုတဲ့ဆန္ဒက ပိုလွန်ကဲ တာမို့ သဲတရှပ်ရှပ်ဖြစ်နေတာကို မမြိုသိပ်နိုင်ဘူး... အသားတစ်ထဲမှာ အဆိပ်ထည့်တာကိုတောင် သူ့မှာဖြေဆေး(Nu Code)နဲ့ ဖြေလိ

မြန်မာ အရေး အာဆီယံ မတတ်နိုင်တော့ဟု ဆို

Image
​ *********************** ထိုင်း နိုင်ငံ တွင် ရောက်ရှိနေသော မလေးရှား ဝန်ကြီးချုပ် အစ္စမေး သည် ထိုင်း ဝန်ကြီးချုပ် နှင့် ဆွေးနွေးအပြီး ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။ မြန်မာတို့ ငြိမ်းချမ်းရေး လိုလားပါက မိမိတို့ ပြဿနာကို မိမိတို့သာ ဖြေရှင်းရန် ကျန်တော့ကြောင်း၊ ထို့အတွက် အာဆီယံ၏ မူငါးချက်ကိုသာ ချက်ခြင်းလက်ငင်း အကောင်အထည် ဖေါ်ဖို့ လိုအပ်လာကြောင်း၊ အာဆီယံသည် အခြားနိူင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကျင့်သုံး သည့် အတွက် မြန်မာပြည်သူများ၏ အကျိုး အတွက် မိမိတို့ အချင်းချင်း ချစ်ကြည်စွာ ဖြေရှင်းရမည် ဟု ဆိုသည်။ သို့သော် မလေးရှားဝန်ကြီးချုပ်က ရိုဟင်ဂျာ အရေး သည် ဒေသတွင်း နှင့် နိုင်ငံတကာ ပြဿနာ ဖြစ်သည်ဟု ပြောဆိုသွားပြန်သည်။ မြန်မာပြည်တွင်း တွင်တော့ စစ်အာဏာရှင်များအား ဆန့်ကျင်တွန်းလှန် တိုက်ခိုက်နေမှုများက နှစ်ပေါင်း ၆၀ အတွင်း တခါမျှ မကြုံဖူးအောင် ပြင်းထန်လာလျက် ရှိနေပြီ ဖြစ်သည်။ စစ်ကောင်စီ ဖက်မှ တပ်ရင်းမှုး အဆင့်ရှိသူ ဒုတိယ ဗိုလ်မှုးကြီး တဦး ပြည်သူ့ တော်လှန်ရေး အင်အားစုများထံ ခိုလှုံလာခဲ့ပြီ ဖြစ်သည်။ ယခု အရေးသည် တိုင်းရင်းသား လူမျိုးစု များ နှင့် ဖြစ်ပွားနေသည့် အဆင့်မှ စစ်တပ်အ

ဥရောပသို့ အမေရိကန် တပ်ဖွဲ့ဝင် ၇၀၀၀ စေလွှတ်မည်

Image
​ ■ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး မြေပြင်စစ်ပွဲကို ရင်ဆိုင်နေရသော ဥရောပတိုက်သို့ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၇၀၀၀ စေလွှတ်ရန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အမိန့်ထုတ်ပြန်လိုက်ကြောင်း New York Times သတင်းတစ်ရပ်၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဖော်ပြထားသည်။ ရုရှားကျူးကျော်စစ်အား ယူကရိန်းအစိုးရကို “ဖြုတ်ချရန်” အတွက် မြင်သာသောရည်ရွယ်ချက်တစ်ခု အဖြစ် ပင်တဂွန်ကဖော်ပြခဲ့ပြီးနောက် ဝန်ကြီး လွိုက်အော်စတင်က ယခုကဲ့သို့ တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းဖြစ်သည်။ မတည်မငြိမ် ဖြစ်နေသည့် အရှေ့ဥရောပရှိ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) မဟာမိတ်နိုင်ငံများကို အာမခံပေးနိုင်ရန်အတွက် သံချပ်ကာတပ်မဟာ တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ကို ဂျာမနီသို့ စေလွှတ်ရန် ပင်တဂွန်က အမိန့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြန်ကြားရေးအရာရှိ ဂျွန်အက်ဖ်ကာဗီက ပြောကြားသည်။ အမေရိကန်သည် ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ထားခြင်းမရှိသော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကသာ မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့ဝင်နိုင်ငံ တစ်ခုခုကို ထိပါးလာမည်ဆိုပါက အရေးယူဆောင်ရွက်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်းကို ယခုလုပ်ရပ်က သတိပေးခြင်း ဖြစ်သည်ဟု အမေရိကန် စစ်

🇷🇺 ပူတင်ရဲ့ ဘေးထွက် အိမ်စာ 🇷🇺

​ လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းက ယူကရိန်းရဲ့ အခြေအနေပါ။  ယူကရိန်းရဲ့ လမ်းတွေမှာ လူသူကင်းမဲ့နေပါတယ်။ ယူကရိန်းဟာ ရက်ပိုင်းအတွင်း ထိတ်လန့်တကြား အေးခဲသွားတယ်..။ ရုရှားတို့ ယူကရိန်းကို ကျူးကျော်ခဲ့တာ ၃ ရက်…ရုရှား စစ်သားထောင်နဲ့ ချီပြီး သေခဲ့ပြီ…။ ယူကရိန်းက ညီတယ်။  ခုခံမှု အားကောင်းတယ်။ သူတို့ ရှရှားတို့ လက်အောက်မှာနေပြီး ဘဝမှာ အခါခါမသေလိုတော့ပါ..။ 🇷🇺 ပူတင် ဂရုမစိုက်ပါ။  ယူကရိန်းဘက်က စေ့စပ်ညှိနှိုင်းရေးကို ထပ်ပြီးပယ်ချလိုက်တယ်။  ဒီနေ့ သူတို့ စစ်ဆင်ရေး အစီအစဉ်ကို ကဏ္ဍပေါင်းစုံက အရှိန်မြှင့်ဖို့ အမိန့်ပေးထားလို့ Igor Konashenkov က ပြောတယ်။ 🇷🇺 ရုရှားက ယူကရိန်းလေပိုင်နက်ကို ထိန်းချုပ်ဖို့ကြိုးစားပေမယ့်မရသေးပါ။ နိုင်ငံ အတော်များများက ရုရှားလေယာဉ်တွေမဖြတ်သန်းနိုင်အောင် သူတို့ရဲ့ လေပိုင်နက်တွေကို ပိတ်ထားပေးတယ်။ ရုရှား တပ်ဖွဲ့ဝင်အများအပြားက ယူကရိန်း မြို့တော်ဖြစ်တဲ့ ကိယက်ဗ်မြို့ကို ချီတက်နေတယ်။ 🇷🇺 ရုရှားက ယူကရိန်းကမြို့တွေကို ညနေပိုင်းမှောင်တော့မှ လေကြောင်းနဲ့ ဒုံးကျည်တွေနဲ့ စပစ်တယ် .. ညပိုင်းအထိ အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်တယ်။ 🇷🇺 ပူတင်က ယူကရိန်းအကြောင်းဆို ဟိုးကတည်းက သိ

Yak-130 တိုက်လေယာဉ် ၁၈ စီးကို မောင်းနှင်သော ပိုင်းလော့များ

Image
​ မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများကို ဗုံးကျဲတိုက်ခိုက်နေသော Yak-130 တိုက်လေယာဉ် ၁၈ စီးကို မောင်းနှင်သော ပိုင်းလော့များ By Operation Spitfire အကြမ်းဖက် စစ်ကောင်စီက ရုရှားထုတ် Yak-130 တိုက်လေယာဉ်များကို ဝယ် ယူထားပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်း စျေးပေါက်ကြောင်း၊ မြန် မာ နိုင်ငံတွင် Yak-130တိုက်လေယာဉ် ၁၈ စီးရှိကြောင်း သိရှိရသည်။  Yak-130 တိုက်လေယာဉ်များကို လက်ရှိ တိုင်းရင်းသားဒေသများကို ဗုံးကျဲ တိုက် ခိုက်ရာတွင် အကြမ်းဖက် စစ်ကောင်စီက အသုံးပြုလျက်ရှိကြောင်း၊ Yak-130 တိုက်လေယာဉ်များကို မင်းအောင်လှိုင်လက်ထက်တွင် မှာယူရန် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပထမ ၃ စီး ရောက် ရှိလာ‌ ကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ဝယ်ယူထားသော Yak-130 လေယာဉ် ၁၈ စီး ရောက်ရှိကြောင်း သိရှိရသည်။  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ကရင်ပြည်နယ်များကို ဗုံးကျဲ တိုက်ခိုက်နေသော Yak-130 လေယာဉ်မောင်းများမှာ- ဒုတိယဗိုလ်မှူးကြီးရဲဦး ဒုတိယဗိုလ်မှူးကြီးဇော်မြင့်ထွန်း ဗိုလ်မှူးရဲဇော်နိုင် ဗိုလ်မှူးခင်ဇော် ဗိုလ်မှူးရန်နိုင်စန်း ဗိုလ်မှူးနေဝင်းကျော် ဗိုလ်ကြီးသိန်းဇော်မြင့် ဗိုလ်ကြီးဇေယျာ