Posts

Showing posts from June 26, 2023

ထွန်းမင်းလတ်နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခု ဖျက်သိမ်း

Image
ဇွန် ၂၆ အာဏာသိမ်းစစ်ခေါင်းဆောင်၏ သားသမီးများ အကျိုးစီးပွားပက်သက်နေသည့် လက်နက်ပွဲစား ထွန်းမင်းလတ်၏လုပ်ငန်းစုနှင့် ဆက်နွယ် သော ကုမ္ပဏီသုံးခုအား  စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ပြန်တမ်းများတွင်ဖော်ပြထားသည်။ အဆိုပါ ကုမ္ပဏီသုံးခုသည် ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနှင့် နယ်စပ်ဖြတ်ကျော်ပြစ်မှုများဖြင့် ဖမ်းဆီးတရားစွဲခံထား ရသူ လက်နက်ပွဲစားထွန်းမင်းလတ်ချုပ်ကိုင်ထားသည့် Star Sapphire လုပ်ငန်းနှင့် ဆက်နွယ်နေသည့် Star Sapphire Phoenix co.,Ltd၊ Star Sapphire Dragon co.,Ltd နှင့် Royal Mawtaung Mining Co.,Ltd တို့ဖြစ်ကြသည်။ လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် စစ်အုပ်စုသားသမီးများ အကျိုးစီးပွားဆက်နွယ်နေသည့် ကုမ္ပဏီသုံးခု ဖျက်သိမ်းမှုနှင့် ပတ်သက်ပြီး အရင်းခံအကြောင်းအချက်အား သိရှိနိုင်ရန် ခက်ခဲသော်လည်း ၎င်းတို့အနေဖြင့် လုပ်ငန်းစုတခုလုံးနှင့် လူပုဂ္ဂိုလ်တဦးချင်းစီအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများအား ကြိုတင်ရှောင်တိမ်းရန်ကြိုးပမ်းမှုဖြစ်နိုင်ကြောင်း မြန်မာစစ်အုပ်စု၏ စီးပွားရေးအရင်းအမြစ်နှင့် လက်နက်ရောင်းဝယ်မှုများအပေါ် လေ့လာနေသည့် Justice For Myanmar အဖွဲ့မှ မရတနာမောင်ကပြောသည်။ ၎င်းက “ S