Posts

Showing posts from March 6, 2022

​ဦးဖြိုးမင်းသိန်းနဲ့ဆက်စပ်သည့် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အမှုမှာ စစ်ကောင်စီဘက်က သက်သေတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိ

မတ်လ ၇ ဦးဖြိုးမင်းသိန်းနဲ့ဆက်စပ်ပြီး စွဲချက်တင်ခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှုမှာ စစ်ကောင်စီဘက်က သက်သေတစ်စုံတစ်ရာ ပြသနိုင်ခဲ့ခြင်းမရှိဘူးလို့ ရှေ့နေအဖွဲ့က လျှောက်ထားခဲ့ကြောင်း တရားရုံးနဲ့နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရပါတယ်။ ပြီးခဲ့သည့်အပတ်ရုံးချိန်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဦးဖြိုးမင်းသိန်းထံက ရွှေနဲ့ ဒေါ်လာများ လက်ခံရယူခဲ့သည့်ဆိုသည့် အဂတိအမှုနဲ့စပ်လျဉ်းပြီး ကြားနာစစ်ဆေးခဲ့စဉ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရှေ့နေအဖွဲ့က လျှောက်ထားခဲ့တာဖြစ်ပါတယ်။ #MyanmaPlatform #News #Domestic

လက်ရှိစစ်ရေးအခြေအနေ သုံးသပ်ချက် (မတ်လ ၆ ရက် ၂၀၂၂)

​ Credit to Myat Tun Oo အများစုက စစ်ရေးအခြေအနေ ဘယ်ကိုရောက်ပြီလဲ သိလိုကြပါတယ်။ NUG က နိုင်နေလား မအလက နိုင်နေလားပေါ့။ ဒီနေရာမှာ စာရေးသူအနေနဲ့ အတွင်းသတင်းအပါအဝင် မြေပြင်သတင်းအပေါ်မူတည်ပြီး အမှန်အတိုင်း သုံးသပ်ပေးပါ့မယ်။ အထောက်အထားနဲ့ ပညာရှင်သဘော ခံစားချက်မပါ ရေးပြပါ့မယ်။ မဆဲပါနဲ့။ ဒီမိုတွေစိုးရိမ်တာက ရွာတွေမီးရှို့ခံရ၊ ပြည်သူတွေထွက်ပြေးနေရ၊ မအလက လေပေါ်ကနေ အသာစီးရလို့ PDF တွေ ရှုံးနေလားလို့ စိုးရိမ်ကြတာရှိပါတယ်။ ယခင်က ခဏခဏ ပြောခဲ့သလို မအလတပ်က လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ လာတိုက်ရတာက ဘာကိုပြသလဲဆိုတော့ ကုန်းလမ်းမှာ သူ့တပ်က လှုပ်ရှားလို့မရတာ နယ်မြေစိုးမိုးမှုမရှိတာကို ပြနေပါတယ်။ အမေရိကန်လဲ အာဖဂန်မြို့တွေကို စိုးမိုးခဲ့ပေမယ့် နယ်ထဲကို မသွားရဲခဲ့ပါ။ သူက ကျူးကျော်သူဖြစ်ပြီး မအလက မိမိနယ်မြေထဲမှာ မိမိမသွားရဲတာပါ။ သူသာ နယ်မြေစိုးမိုးရင် ရန်ကုန်မှာလို စစ်ကားတွေနဲ့ သွားလာပြရမှာပါ။ စစ်ကိုင်းမှာ လုံးဝမသွားရဲအောင်ကြောက်နေပါတယ်။ သူတို့က အရပ်သားကား ဘုန်းကြီးကားတွေကို စီးပြီး သွားပါတယ်။ ဘုန်းကြီးကတော့ မဘသပေါ့။ နမခထဲမှာ ခေတ်သစ်က သေနှုန်းမြင့်လာရင် ဒီနေ့လှည့်ကင်းနားဆိုပြီးတောင် ပြောယူရတဲ့အထိပါ။ နောက်ရဟတ်ယာဉ်ပေါ်

ဦးကျော်မိုးထွန်းကို မအလ စကစက နိုင်ငံသားဖြစ်ခွင့်မှရုတ်သိမ်းတယ်

​ မြန်မာပြည်ကိုယ်စားပြု ကမ္ဘာ့ကုလသမဂ္ဂ UN ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးကျော်မိုးထွန်းကို မအလ စကစက နိုင်ငံသားဖြစ်ခွင့်မှရုတ်သိမ်းတယ်ဆိုတော့...  ဒီပွဲက ကြည့်လှပြီပေါ့လေ...  ဦးကျော်မိုးထွန်းကဘယ်နိုင်ငံကိုကိုယ်စားပြုသလဲဆိုတာ UN ရဲ့နောက်ထပ်ပြုလုပ်လာမဲ့အစည်းအဝေးတွေမှာ မြင်တွေ့ရပါတော့မယ်...  အကယ်၍များ ...  UN က ဦးကျော်မိုးထွန်းရဲ့ထိုင်ခုံမှာ မြန်မာပြည်ကိုယ်စားပြုသူအဖြစ် MYANMAR ဆိုတဲ့အမည်နာမကြီးရှိနေဆဲဆိုရင် ယခု မအလ စကစ ကြေငြာချက်ကြီးကစောက်ရူးစောက်ပေါအဆင့်အလိုလိုရောက်သွားပါလိမ့်မယ်...  ရှင်းအောင်ပြောရရင် ...  အခုလိုဒင်းတို့ထပြီးပြောချင်ရာပြော လုပ်ချင်ရာလုပ် ကြေငြာချင်သလိုကြေငြာနေတာတွေဟာ နိုင်ငံတော်နဲ့ မြန်မာပြည်သူလူထုကိုကိုယ်စားပြုနေတာမဟုတ်ဘူးလို့ အလိုလိုအဓိပ္ပါယ်သက်ရောက်သွားစေပါတယ်...  ဒင်းတို့စစ်သူပုန်အုပ်စု၏ ဗရမ်းဗဒါပြောချင်ရာပြောနေတာကို ကမ္ဘာကဘာတစ်ခုမှအသိအမှတ်မပြုပါ လို့လဲ ထင်ရှားသွားစေပါတယ်...  ဒါပါဘဲ... နောက်ဆုံးတော့ လှုပ်လေမြုပ်လေဆိုတဲ့စကား မအလ စကစ  တို့အတွက် တမင်များထားခဲ့လေသလား 😊😁 Sua Sponte... Sitt Naing Aung

မုံရွာ ဒလန်မိသားစုကို ရပ်ကွက်မှနှင်ထုတ်

Image

အမျိုးသမီးဆောင် အခန်းတည့်တည့်ကို CCTV ထားကာ ဓာတ်ပုံရိုက်ယူ‌ပြီးနောက် ၃ပုံ ၅ထောင်ဖြင့် ပြန်ရောင်းစား

​ ❗MDY❗ အိုးဘိုထောင်ထဲတွင် မတ်လ ၃ရက်နေ့ တရားရုံးထွက်မည့် ၅၀၅လူငယ် တစ်ယောက်သည် ရုံးမထွက်ခင် အိမ်သာတက်နေသောကြောင့် ရုံးထွက် နောက်ကျခဲ့ရသဖြင့် အခြား အမှုရင်ဆိုင်နေသော အကျဉ်းသား ၃ ယောက်မှ ၎င်းအား လက်သီးဖြင့် ဝိုင်းထိုးကြရာ ထိုလူငယ်မှ ပြန်ထိုးခဲ့သည် ထို့အတွက် ပြစ်ဒဏ်ပေးရာ အခြားအမှုအကျဉ်းသားများကို ပြစ်ဒဏ်မပေးပဲ ထိုလူငယ်ကို ဒေါက်ခတ်ပြီး တိုက်ပိတ်ခဲ့ပါသည် ထိုးကြိတ်နေချိန်အတွင်း အခြားဆိုဒ်မှ ၅၀၅သမားများက ဝိုင်းအော်ကြရာ ထိုအထဲမှ ၅၀၅သမား တစ်ယောက်ကိုပါ ဒေါက်ခတ်ပြီး တိုက်ပိတ်လိုက်‌ေကြာင်းသိရ ထိထိရောက်ရောက် ဆေးကုသပေးတာမျိုး မရှိပဲ ပါရာစီတမော ပါရာကက် လောက်ပဲတိုက်ကြောင်း အမျိုးသမီးအဆောင်ဘက်တွင်လည်း မနက်၁၀ နာရီမှ ည၈နာရီထိ ရေမလာကြောင်း ရေစက်ပျက်နေလို့ အလှူငွေတောင်းကာ ထည့်လိုက်ရသော်လဲ ရေက မလာကြောင်း  ရေမရတဲ့အတွက် အိမ်သာ အခက်အခဲမှာ အဓိကဖြစ်ပြီး ဆီးချုပ် ဝမ်းချုပ် ဖြစ်နေကြရကြောင်း ယားနာတွေ ပေါက်နေကြကြောင်း ပဲဟင်းရည် ထဲတွင် ပိုးလောက်လန်းပါ ပါကြောင်း အရင်ထောင်ပိုင်ထက် ယခု ထောင်ပိုင်က ပို တင်းကြပ်ကြောင်း CCTV မှ စောင့်ကြည့်ပြီး ၎င်းဝန်ထမ်းများကို တရားခွင်တွေထိ လိုက်လံ စောင့်ကြည့်နေကြောင်း ရှေ့နေ နဲ့ စကားပြော

တစ်ပတ်တိတိ လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဟု စစ်ကောင်စီက ကြေညာ

Image
​ နိုင်ငံတစ်ဝန်း မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်တိတိ လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဟု စစ်ကောင်စီက ကြေညာ ရန်ကုန်၊ မတ် ၆  လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ  တစ်ပတ် လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာသည်။  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊‌ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့တွင်းများမှ သဘာ၀ဓာတ်ငွေ့အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ် ထုတ်လုပ်နေကြောင်း၊ ထပ်မံ တွေ့ရှိရသည့် သဘာ၀ဓာတ်ငွေ့တွင်း သစ် ၂ ခုမှ ဓာတ်ငွေ့များကို ဓာတ်အားထုတ်လုပ်နိုင်ရေး ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သဘာ၀ဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နေမှုတချို့ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊  ထို့ကြောင့် လျှပ်စစ်ဓာတ်အားကို မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း အချို့သောနေရာများတွင် ၂၄ နာရီ မီးပြတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။  လက်ရှိတွင် LNG ဓာတ်အားပေးစက်ရုံများတွင် LNG စျေးနှုန်းမြင့်တက်မှုကြောင့် မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ထားကြောင

ရုရှားစစ်သားများယူကရိန်းမိစဉ်😅

Image

​စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ

Image
ဧရာဝတီ 4 March 2022 စစ်ကိုင်းတိုင်းအတွင်း “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့် ကျေးရွာများကို မီးရှို့ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအားရှင်းလင်းရန် နေပြည်တော်ရှိ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ပိုင်းများက ကြံစည်နေကြောင်း ဧရာဝတီက စုံစမ်းသိရသည်။ မကြာခင်ရက်ပိုင်းက စစ်ဘက် အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် လာမည့် မတ်လ ၂၇ ရက်၊ တပ်မတော်နေ့ မတိုင်မီ ကာလအတွင်း စစ်ကိုင်းတိုင်းကို အပြီးရှင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ အတွင်း သတင်းရင်းမြစ်များထံမှတဆင့် ဧရာဝတီက ရရှိခဲ့သည်။ ပုလဲမြို့နယ်ထဲမှ PDF ခေါင်းဆောင် ဗိုလ်နဂါးကတော့ မတ်လ ၂၇ ရက်မတိုင်မီကာလအတွင်း စစ်ကိုင်းတိုင်းအတွင်း ရှိ PDF များအား အပြီးချေမှုန်းပစ်ရန် စစ်ကောင်စီဘက်က စီစဉ်နေကြောင်း ကြားရသော်လည်း တကယ် စစ်ကြောင်းထိုးလာမည်၊ မလာမည်ကို ယတိပြတ်မပြောနိုင်ဘဲ စောင့်ကြည့်ထားသည်ဟုဆိုသည်။ ဗိုလ်နဂါးက “သေချာတာကတော့ ကျနော်တို့ စစ်ကိုင်းတိုင်းအနေနဲ့က လွတ်မြောက်ရေးကိစ္စမှာ တတိုင်းလုံးနီးပါးမှာ ရှိတဲ့လူတွေက နာကျည်းချက်က ပေါက်ဖွားလာတယ်။ အဲဒါက လျော့ပါးသွားမှာတော့မဟုတ်ဘူး။ တတိုင်းလုံးမှာရှိတဲ့ လူဦးရေပမာဏရဲ့ ၈၀ ရာခိုင်နှုန်းက နာကျင်မှုတ

စစ်သားတွေ မီးရှို့နေမှုနှစ်ကုန်အထိရပ်ဆိုင်းရန်အစီအစဥ် ရှိ/ မရှိ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုသတင်းထောက်မေးမြန်း

Image
​ ယခုနှစ်ကုန်အထိအပစ်ရပ်ထားကြောင်း နစကအစိုးရကကြေငြာနေသော်လည်း ကျေးရွာလူနေအိမ်များကို နစက စစ်သားတွေ မီးရှို့နေမှုနှစ်ကုန်အထိရပ်ဆိုင်းရန်အစီအစဥ် ရှိ/ မရှိ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုသတင်းထောက်မေးမြန်း ၂၀၂၂ နှစ်ကုန်အထိ စစ်ကောင်စီက တိုင်းရင်းသားမျိုးနွယ်စုများနှင့် အပစ်ရပ်ထားကြောင်း နစကအစိုးရကကြေငြာနေသော်လည်း ကျေးရွာလူနေအိမ်များကို နစက စစ်သားတွေ မီးရှို့နေမှုနှစ်ကုန်အထိရပ်ဆိုင်းရန်အစီအစဥ် ရှိ/ မရှိ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုသတင်းထောက်မေးမြန်းမှု့အပေါ်. ,,. ခင်ဗျားက ဘာသဘောနဲ့မေးတာလဲ၊ ပြောစမ်းပါ....  ခင်ဗျားတို့ ဘာဖြစ်ချင်လဲ ဟုဒေါသဖြင့်ပြောဆိုပြီး မြန်မာ့တပ်မတော် ဆိုတာ အသားလွတ်မီးရှို့လူ thartနေတဲ့အဖွဲ့အစည်းမဟုတ်ဘူး၊ PDF တွေစုဖွဲဲ့ပြီးနေတဲ့နေရာတွေကို ရှင်းလင်းရေးလုပ်တဲ့အနေနဲ့ မီးရှို့ဖျက်ဆီးနေရတာပဲရှိတယ်၊ ခင်ဗျားတို့ နောက် နောင် သတင်းစာရှင်းလင်းပွဲတွေမှာ တပ်မတော်ကို စော်ကားထိခိုက်တဲ့စကားအသုံးအနှုနှ်ုး မျိုးမပြောမိအောင်ဆင်ခြင်ပြီးမေးပါ။ ကျွန်တော် ဒါလောက်ပဲပြောချင်တယ်ဟု သတင်းပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုသည်။🤣🤣🤣💩 #သတင်းပြန်ကြားရေး #ရပ်ရွာတွေမီးလိုက်ရှို့ #မြန်မာ့တပ်

ယူကရိန်းကို ရုရှားကျူးကျော်မှု - မတ်လ ၆ ရက်၊ ယူကရိန်းမှာ သိရှိရသမျှ

Image
​ ယူကရိန်းကို ရုရှားကျူးကျော်မှု - မတ်လ ၆ ရက်၊ ယူကရိန်းဒေသစံတော်ချိန် မနက် ၆ နာရီ၊ ၂၅ မိနစ်မှာ သိရှိရသမျှ  - ယူကရိန်းသမ္မတ ဇလန်းစကီးက သူနဲ့အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့စကားပြောဆိုထားပြီး ယူကရိန်းကို ပိုထောက်ပံ့ဖို့ အမေရိကန်ကွန်ဂရက်စ်လွှတ်တော်ကနေ လုပ်ဆောင်နေတယ်လို့လည်း ပြောတယ်လို့ဆိုပါတယ်။  - ယူကရိန်းသမ္မတဇလန်းစကီးက သူ့နိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ အမေရိကန်လွှတ်တော်အမတ် ၃၀၀ နီးပါးနဲ့ ဗီဒီယိုကနေ တဆင့်တွေ့ဆုံချိန်မှာ ထပ်လောင်းတောင်းဆိုလိုက်ပြန်ပါတယ်။ အမေရိကန်ပါဝင်တဲ့ မြောက်အတ္တလတ္တိတ်စာချုပ်အဖွဲ့(နေတိုး) ကတော့  ရုရှားနဲ့ ထိပ်တိုက်တွေ့ဆုံလာနိုင်တဲ့ ဒီလိုသတ်မှတ်မှုမျိုးကို ငြင်းထားပါတယ်။  - ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းနိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန်သတ်မှတ်မှုမှန်သမျှကို စစ်ရေးဖော်ဆောင်မှုတစ်ခုအဖြစ်မှတ်ယူမယ်ဆိုပြီး ပြောထားပါတယ်။  - တစ်ချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံအနောက်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး အဲဒီက တောင်ပိုင်းမြို့ မာရီယူပူးလ်နဲ့ အရှေ့ပိုင်းမြို့ကြီးတွေဖြစ်တဲ့ ခါကိခ်နဲ့ဆူ့မိမြို့တွေကိုလည်း ရုရှားက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပါတယ်။ - ယူကရိန်းအရေးနဲ့ပတ်သ

ရုရှား-ယူကရိန်းစစ်ပွဲ ဘာကြောင့်အလှည့်အပြောင်းဖြစ်နေသလဲ

Image
​ ရုရှားဘက်ကမူလမျှော်မှန်းထားသလို၇၂နာရီအတွင်းယူကရိန်းမြို့တော်သိမ်းပိုက်ပြီး သမ္မတဇီလန်စကီးအစိုးရဖြုတ်ချအစိုးရအသစ်တင်ရေး ပျက်ပြယ်ဖို့များသွားပါပြီ။ သို့ပေမယ့်ရုရှားဘက်က၁၅၂မမအမြှောက်ကြီးတွေဖျက်အားပြင်းအမြှောက်ဒုံးလက်နက်ဆက်တိုက်ပို့ဆောင်နေပါတယ်။ ရုရှားဘက်လေကြောင်းအရေးသာမှုလဲရှိနေပါတယ်။ ယူကရိန်းဘက်မှာပြောက်ကျားစစ်အလွန်အားကောင်းလာပြီး လှည်းနေလှေအောင်းမကျန်ပြည်သူပါဝင်မှုနဲ့အတူအပြင်းထန် ခုခံတိုက်ခိုက်မှုကြောင့် ရုရှားတင့်သံချပ်ကာအများအပြားပျက်ဆီးကုန်ပါပြီ။ တာဝေးပစ်လက်နက်လေတပ်ပိုင်းရုရှားကသာပြီး မြေပြင်ထိုးစစ်မှာယူကရိန်းဘက်ကရုရှားတပ်တွေကိုဖျက်ဆီးနိုင်ပါတယ်။ ဒါ့ထက်ထူးတာစစ်ပွဲရေချိန်အလှည့်ပြောင်းအဖြစ် အနောက်နိုင်ငံတွေရဲ့လက်နက်ခဲယမ်းစက်သုံးဆီငွေကြေးပုံအောထောက်ပံ့မှုတွေပါ။ အခုနောက်ဆုံး ယူကရိန်းသမ္မတရဲ့ဖိတ်ခေါ်ချက်အရ နိုင်ငံတကာ ဘော်လန်တီရာတိုက်ခိုက်ရေးသမားတွေပါလာနိုင်ပါတယ်။ ဒါ့ကြောင့်ဒီစစ်ပွဲဆွေးနွေးခြင်းဖြင့်အဆုံးသတ်သို့မဟုတ်ရုရှားဘက်ကမြန်မြန်မဖြတ်နိုင်ရင်စစ်နွံနစ်ပြီးနှစ်ဖက်အကြီးကျယ်ထိခိုက်တော့မှာဖြစ်ပါတယ်။ ဒီအလှည့်ပြောင်းဘာကြောင့်ဖြစ်တာလဲ........ ပူတင်မျှော်မှန်းသလိုဘာလို့ဖြစ်မလာတာလဲ........ အဖ

မြန်မာနှင့်ရုရှား နှိုင်းယှဉ်မှု

Image
​ ယူကရိန်းကို ရုရှားကျူးကျော်မှုနဲ့ မြန်မာနိုင်ငံတွင် စစ်အကြမ်းဖက်အုပ်စုနှင့် ဒီမိုအင်အားစုများကြားတိုက်ပွဲကို နှိုင်းယှဉ်ဖော်ပြရာတွင် စာရေးသူ၏ပရိသတ်များ၏ အမြင်များကို ဖတ်ပြခြင်းအပိုင်းက ရှည်လျားသွားသောကြောင့် စာရေးသူပြောချင်သည့်လိုရင်းကို မသိရှိနိုင်ဘဲ ဖြစ်သွားခြင်းအတွက် အောက်တွင်မြန်မာနှင့်ရုရှား နှိုင်းယှဉ်ထားမှုကို အချက်လိုက် ဖော်ပြလိုက်ပါသည်။ ဤအချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် ချုံရေးပြီး မြန်မာနိုင်ငံကို လက်နက်များ ပံ့ပိုးပေးရန်အနောက်နိုင်ငံများသို လူဖြူလူညိုလူဝါမခွဲခြားဘဲ လုပ်ဆောင်ဖို့လိုကြောင်းပေးပို့သွားရန်ရည်ရွယ်ထားပါသည်။  လေးစားစွာဖြင့် ထွန်းအောင်ကျော် (၇၄ မျိုးဆက်) ကျနော့် ပထမနှိုင်းယှဉ်ကြည်မှုက ရုရှားနဲ့ မြန်မာဖြစ်ပါတယ်။ ရုရှားက အရင်က အရှေ့ဥရောပနိုင်ငံတွေအားလုံးကို သူရဲ့သံကွန်ခြာအောက်မှာ ထားအုပ်ချုပ်ခဲ့ တဲ့ဆိုဗီယက်ယူနီယံလို့ခေါ်တွင်တဲ့ ကမ္ဘာအင်အားကြီး ကွန်မြူနစ်နိုင်ငံကြီး ဖြစ်တဲ့အတွက် အနောက်ဒီမိုကရေစီနိုင်ငံတွေနဲ့ စစ်အေးကာလမှာ အဓိကပြိုင်ဖက်နိုင်ငံကြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း တိုင်းရင်းသားလူမျိုးစု ပြည်နယ်တွေကို သိမ်းပိုက်အုပ်ချုပ်ထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ပြည်ထောင

ကျုပ်တို့အလှည့် ကျန်သေးတယ်လေဗျာ

Image
​ အရိုးကင်ဆာကြောင့်ဖြစ်စေ ရိုးတွင်းချဥ်ဆီ ပြဿနာကြောင့်ဖြစ်စေ လောကထဲက အလျင်စလိုမထွက်သွားပါနဲ့ဦး လေ။ လူဆိုတာ ကိုယ်လုပ်ခဲ့တာ​တွေအတွက် ထိုက်တန်သော ပြစ်ဒါဏ်ကိုတော့ ကိုယ်တိုင် မုချ ခံယူရမယ်။ မပြီးသေးဘူး ကျုပ်တို့အလှည့် ကျန်သေးတယ်လေဗျာ။ (ဆြာသွန်း)

​အနောက်အုပ်စုနိုင်ငံတွေကို သမ္မတပူတင် စိန်ခေါ်ပြောဆို

Image
ရုရှား အပေါ်  နိုင်ငံတကာ ပိတ်ဆို့မှုတွေ ချမှတ်တာဟာ စစ်ကြေညာတဲ့ သဘောပဲ ဆိုပြီး ရုရှား သမ္မတ ပူတင်က ပြောပါတယ်။ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေ အတွက် နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေ အပေါ်  ရုရှားသမ္မတက သူ ဘယ်လို သဘောထားသလဲ ဆိုတာကို  အပြင်းထန်ဆုံး ပြောလာတာ ဖြစ်ပါတယ်။ ဒါ့အပြင်၊ ယူကရိန်း ဝေဟင်ထက်မှာ လေယာဥ် မပျံသန်းရ ဇုန်နယ်မြေ ဖော်ဆောင် သတ်မှတ်မယ် ဆိုရင် စစ်ပွဲဟာ ပိုပြီးတော့ ကျယ်ပြန့် လာမယ် ဆိုပြီးတော့လည်း အနောက်အုပ်စုနိုင်ငံတွေကို သမ္မတပူတင်က သတိပေးပါတယ်။  ဒါဟာ ယူကရိန်း သမ္မတ ဇယ်လင်စကီးက အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကို ဗီဒီယို ကနေ တဆင့် ပြောတဲ့ မိန့်ခွန်းထဲ လေယာဥ်မပျံရ ဇုန်နယ်မြေ ဖော်ဆောင်ဖို့ ထပ်မံ တိုက်တွန်းခဲ့တဲ့နောက် ရုရှား သမ္မတဘက်က အခုလို ပြောဆို သတိပေးတာ ဖြစ်ပါတယ်။  ရုရှားပြည်တွင်း အခြေအနေနဲ့ ပတ်သက်ပြီး သမ္မတပူတင် ပြောတာကတော့ လောလောလတ်လတ်မှာတော့ ရုရှားမှာ မာရှယ်လော စစ်အုပ်ချူပ်ရေး ကြေညာမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ “စစ်အုပ်ချုပ်ရေး ကြေညာတယ်ဆိုတာ ဥပဒေနဲ့ အညီ လုပ်ရတာ ဖြစ်တယ်။ ပြည်ပရန်လိုမှုတွေ ကြီးမားလာတဲ့ အခါမျိုးနဲ့ တိုက်ပွဲတွေ ပေါ်ပေါက်နေတဲ့ ဒေသတွေမှာ သမ္မတက အမိန့်ထု