Posts

Showing posts from February 2, 2023

ကော့သောင်းမြို့ ၅၉၄ နောက်တန်းတပ်ရင်း၌ စစ်သားမိန်းမများ ညဘက်သေနတ်ကိုင် ကင်းစောင့်နေရသဖြင့် စိတ်ဓာတ်များကျဆင်းနေ

Image
ကိုကိုလေး/ဧရာဝတီတိုင်းမ် (ကော့သောင်း) ဖေဖော်ဝါရီ ၂ ရက် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့အခြေစိုက် အမှတ် ၅၉၄ ခြေမြန်တပ်ရင်း (ခမရ ၅၉၄) နောက်တန်းတပ်ရင်း၌ စစ်သားမိန်းမများ ညဘက် သေနတ်ကိုင်ကင်းစောင့်နေရသဖြင့် စိတ်ဓာတ်များ ကျဆင်းနေကြောင်း အဆိုပါတပ် အသိုင်းအဝိုင်းထံက သိရသည်။ အဆိုပါ ခမရ ၅၉၄ တပ်မှာ ကရင်ပြည်နယ်အတွင်း ရှေ့တန်းထွက်နေရပြီး နောက်တန်းတွင် စစ်သားတို့၏  မိန်းမများမှာလည်း စစ်သင်တန်းများ တက်နေရသလို ညဘက်သေနတ်ကိုင် ကင်းစောင့်ရသဖြင့် စိတ်ဓာတ်များ ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။ "၅၉၄ တပ်အတွင်းထဲမှာ စစ်သားအင်အားနည်းသွားတာတော့ အမှန်ပဲ။ ကျွန်တော်တို့နယ်ဘက်က တပ်ရင်းတွေက ကရင်ပြည်နယ်ဘက်မှာ ရှေ့တန်းထွက်နေရတယ်။ သေကြတာလည်း များတယ်။ အခုလည်း တပ်တွင်းမှာ စစ်သားအင်အားနည်းပါးလာလို့ စစ်သားမယားတွေကို မဖြစ်မနေ စစ်သင်တန်းတွေပေးတဲ့အပြင် ညဘက် သေနတ်ကိုင်ပြီး ကင်းစောင့်ရတာတွေများလာတော့စိတ်ဓာတ်တွေကျနေကြတယ်။ သူတို့မှာ ပင်ပန်းတော့ အတော်စိတ်ပျက်နေကြတယ်။ အခွင့်သာတာနဲ့ ထွက်ပြေးမယ်ဆိုတာချည်းပဲ ပြောနေကြတယ်"ဟု အဆိုပါတပ်ရင်းအနီးနေထိုင်သူ အရပ်သူအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။ ကော့သော

NUG, PDF နဲ့ ပတ်သက်သူတွေကို အရေးယူမယ်လို့ SMS ပေးပို့ကာ စစ်အုပ်စုခြိမ်းခြောက်

Image
ဖေဖော်ဝါရီ ၂  စစ်အုပ်စုက သူတို့အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ NUG, PDF တွေနဲ့ ပတ်သက်သူတွေ၊ အားပေးထောက်ခံသူတွေကို အရေးယူသွားမယ်လို့ ဖုန်းအော်ပရေတာတွေကနေတစ်ဆင့် ပြည်တွင်းရှိ ဖုန်းသုံးစွဲသူ ပြည်သူတွေထံသို့ SMS စာတိုတွေ ပေးပို့ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။  စစ်အုပ်စုလက်အောက်ခံ အဖွဲ့တစ်ခုဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီဆိုတဲ့ (CCCT) က "အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးရာရောက်တဲ့ ဂိမ်းကစားခြင်း၊ ကြော်ငြာထည့်သွင်းခြင်းတွေဟာ ဥပဒေအရ အရေးယူခံရနိုင်တယ်" လို့ ဆိုပြီး ဖုန်းသုံးစွဲသူတွေထံသို့ ဆက်သွယ်ရေးအော်ပရေတာတွေကနေတစ်ဆင့် တိုက်ရိုက်စာတိုမက်ဆေ့တွေ ပေးပို့လာတာဖြစ်တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် "အကြမ်းဖက်မှုနှင့်ဆိုင်သော Post Share, Like, Comment တင်ခြင်းတွေဟာ ဥပဒေအကြောင်းအရ အရေးယူရခံနိုင်တယ်" လို့လည်း စစ်အုပ်စုလက်အောက်ခံ CCCT ဆိုတဲ့အဖွဲ့က SMS စာတိုတွေ ပေးပို့ခြိမ်းခြောက်လာတာဖြစ်ပါတယ်။ "အခုရက်ပိုင်း ဖုန်းတွေကို စာတိုတွေ တောက်လျှောက်ဝင်နေတယ်။ သူတို့ပေးပို့လာတဲ့စာအရ NUG, PDF အဖွဲ့တွေ တော်လှန်ရေးအဖွဲ့တွေနဲ့ မပတ်သက်ဖို့ကို တိုက်ရိုက်ရည်ညွှန်းထားပါတယ်။ ပတ်သက်ရင်

မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေပါလီမန်၌ ပြုလုပ်သည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး

Image
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်၊ လန်ဒန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် ဖေဖော်ဝါရီ (၁) ရက်နေ့က ယူကေနိုင်ငံ၊ လန်ဒန်မြို့တော်ရှိ ယူကေပါလီမန်တွင် All Parties Parliamentary Group (APPG) က ဦးစီးကျင်းပသည့် အစည်းအဝေး၌ အကြမ်းဖက်စစ်အုပ်စုက လက်ရှိမြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများအပေါ် အကြမ်းဖက်လုပ်ရပ်များအား အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စုကြောင့် အတိဒုက္ခရောက်နေကြရရှာသော မြန်မာပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးတို့အတွက်  လိုအပ်သော အကူအညီအထောက်အပံ့များကို အင်္ဂလန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံက ကြီးမှူးချိတ်ဆက်ပြီး နိုင်ငံတကာက အချိတ်အဆက်မိမိ ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းဆွေးနွေးပြောကြားခဲ့ပါသည်။  ထိုအစည်းအဝေးကို All-Party Parliamentary Group (APPG) on Global Health ၏ Co-chair ဖြစ်သူ Lord Nigel Crisp က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ပါလီမန်အမတ်များ၊ လူ့အခွင့်အရေးစောင့်ရှောက်မှုနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆ

စစ်အာဏာသိမ်း ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ထပ်ရှိလာတော့မည်မဟုတ်ဟု အမေရိကန်ပြော

Image
By DVB အမေရိကန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးနဲ့ NUG အစိုးရကို အခုနှစ်မှာပံ့ပိုးကူညီမှုတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး မနှစ်မြို့စရာကောင်းတဲ့ ၃ နှစ်မြောက် အာဏာသိမ်းမှုနှစ်ပတ်လည်နေ့ဆိုတာ ထပ်ရှိလာမှာမဟုတ်တော့ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်လာတော့မယ်လို့ မျှော်လင့်ကြောင့် အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က ပြောကြားလိုက်ပါတယ်။ မြန်မာစစ်အာဏာရှင်တွေ ရက်စက်ကြမ်းကြတ်မှုတွေအပေါ်မှာ တာဝန်ခံမှုရှိစေရေးအတွက် အမေရိကန်ရဲ့ကြိုးပမ်းမှုတွေ၊ မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်ဟာ ဖေဖော်ဝါရီ ၁ ရက်က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာမီဒီယာဆုံမှတ်ကတဆင့် သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို တယ်လီဖုန်းကနေတဆင့် ဖြေကြားရာမှာ ပြောကြားခဲ့တာပါ။ အမေရိကန်အနေနဲ့ မြန်မာစစ်ကောင်စီအပေါ် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေ ပိုမိုများပြားလာအောင် ဆောင်ရွက်ပြီး စစ်ကောင်စီရဲ့ အရည်အသွေးနဲ့ လုပ်နိုင်စွမ်းတွေ လျော့ကျလာအောင် ဆောင်ရွက်နေကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေ

ဒီမြိုနယ်တွေမာရှယ်လောတဲ့

Image
ကယား ~~~~~ ဒီမော့ဆိုမြို့နယ်   ဖရူဆိုမြို့နယ်   ရှားတောမြို့နယ်   ဘော်လခဲမြို့နယ် တနင်္သာရီ ~~~~~~~ တနင်္သာရီမြို့နယ် ပုလောမြို့နယ် မွန် ~~ ရေးမြို့နယ်၊   ကရင် ~~ ကြာအင်းဆိပ်ကြီးမြို့နယ် ကော့ကရိတ်မြို့နယ် ပဲခူး ~~~ ထန်းတပင်မြို့နယ် အုတ်ဖိုမြို့နယ် နတ်တလင်းမြို့နယ် ပေါင်းတည်မြို့နယ် စစ်ကိုင်း ~~~~~ ဂန့်ဂေါမြို့နယ် ထီးလင်းမြို့နယ် ဆောမြို့နယ် ပေါက်မြို့နယ်   ချင်း ~~~ ဖလမ်းမြို့နယ် ကန်ပက်လက်မြို့နယ် မတူပီမြို့နယ် ထန်တလန်မြို့နယ် ဟားခါးမြို့နယ် တီးတိန်မြို့နယ် တွန်းဇံမြို့နယ် စစ်ကိုင်း ~~~~~ အင်းတော်မြို့နယ် ဗန်းမောက်မြို့နယ် ကောလင်းမြို့နယ် ပင်လယ်ဘူးမြို့နယ် မြောင်မြို့နယ် ဆားလင်းကြီးမြို့နယ် ပုလဲမြို့နယ် ယင်းမာပင်မြို့နယ်   ခင်ဦးမြို့နယ် တန့်ဆည်မြို့နယ် ရေဦးမြို့နယ် တိုင်းမှူးတွေအနေနဲ့ဖမ်းမိသူကို စိတ်ကြိုက် သေဒဏ်ပေးခွင့် ထောင်ချခွင့်ပြုထားတယ် အော် သေမှာမကြောက်လို့ ပေတရာလျှောက်ခဲ့တာလို့ ပြန်ရှင်းပြရမလိုဖြစ်နေပြီ များများဖမ်းများများသတ် လေလေ စကစ နေဝင်ချိန် ပိုပြီးမြန်မြန်လာလေပဲဆို တာ ခေါင်းကြီးတို့ အခုထိ မသိရခြင်းအကြောင်းက အစာအိမ်အောက်ခြေက မစင်စုတဲ့နေရာကခေါင်း ထဲမှာသွားရှိနေလို့ပဲ

အလံကိုင် ၁၅၀၀၀ကျပ်၊ ရိုးရိုးလိုက် ၁၀၀၀၀ကျပ်ဖြင့် မြောင်းမြမြို့တွင် လုပ်ဆောင်သည့် တပ် ထောက်ခံပွဲ ဝေစုမတည့်၍ ရန်ဖြစ်

Image
 ဖေဖော်ဝါရီ ၂၊ ၂၀၂၃  ဧရာဝတီတိုင်း မြောင်းမြမြို့တွင် တပ်ထောက်ခံပွဲအား အလံကိုင်လိုက်သူအား ၁၅၀၀၀ကျပ်၊ ရိုးရိုးလိုက်သူအား ၁၀၀၀၀ ကျပ်ဖြင့် နေ့စားခခေါ်ကာ ယနေ့ မနက်ပိုင်းတွင် ကျင်းပခဲ့ပြီးနောက် ကြံ့ခိုင်ရေးရုံးအတွင်း နေ့စားခများ ခွဲဝေရာတွင် အဝေမတည့်ခြင်းကြောင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မြောင်းမြမြို့တွင် ယနေ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့ မနက်ပိုင်းတွင် လူအင်အား ၅ရာခန့်ဖြင့် စင်္ကြနန္ဒဘုရားရှေ့မှ စတင်ကာ မြို့မဘောလုံးကွင်းအထိ လမ်းလျှောက်ကာ ကြံ့ခိုင်ရေးပါတီဝင်များ ဦး ဆောင်မှုဖြင့် တပ်ထောက်ခံပွဲ လုပ်ခဲ့ခြင်းဖြစ်သည်။နေ့စားလိုက်ခေါ်တာက ဦးတင်မြင့်တို့ ၊တရုတ်စိုးမြင့်တို့ပါတယ်၊ အလံကိုင်ကတော့ အမူးသမားတွေနဲ့ ကြံ့ခိုင်ရေးက ငပေါတွေကိုင်တာ၊ တစ်ယောက်တစ်သောင်းခွဲနဲ့ လိုက်တာကတော့ ရပ်ကွက်စုံပဲ အောင်သပြေကရော၊ ရွာတွေနဲ့ ကွယ်လွယ်ကရော၊ ပွဲပြီးတော့ ကမ်းနားက ကြံ့ခိုင်ရေးရုံးထဲမှာ နေ့စားခထုတ်ပေးတာမှာ တစ်သောင်းပြောပြီး ငါးထောင်ပေးလို့ ရန်တွေဖြစ်ကြတယ်ဟု မြောင်းမြဒေသခံတစ်ဦးက ပြောသည်။ မအူပင်မြို့တွင်လည်း ယနေ့ တပ်ထောက်ခံပွဲပြုလုပ်ရန်အတွက် တစ်အိမ်တစ်ယောက်မဖြစ်နေ လိုက်ကြရန် အုပ်ချုပ်ရေးမှူးများမှ တ

10 နှစ်နဲ့တောင် အရင်း မကြေမယ့် EV

Image
EV (လျှပ်စစ်) Taxi ကားတွေ ဝင်လာပြီတဲ့  ကားတစ်စီး ပေးရမည့်တန်ဖိုးက 700 ဆိုတော့ 😲 သာမာန်သူတွေမဝယ်နိုင် အရင်းသိန်း700 + ဘဏ်တိုး 5 နှစ် သိန်း 300 = သိန်း 1000  တရုတ်ကားရဲ့ Taxi ဆွဲလျှင် ခံနိုင်မည့် သက်တမ်း  5 နှစ် တစ်နှစ် 365 ရက်  5 နှစ်=1825 ရက် သိန်း1000 ÷ 1825ရက်= 54794 ကျပ် တစ်ရက် ရှာဖွေရမည့်ငွေ အရင်း 54794+ လျှပ်စစ်အားသွင်းခ 1000+ယာဥ်မောင်းကြေး10000=65794ks မြန်မာပြည်မှာ Taxi တစ်စီးတစ်ရက်  65794 ks ရှာနိုင်တဲ့သူ ရှိလား ဒါတောင် Bank နှင့် ချိတ်ဆက်ထားတာမို့ 5 နှစ်အတွင်း ပေးရမည့် ကားအာမခံအတွက် ကုန်ကျငွေ မပါသေးဘူး 5 နှစ်အတွင်း တရုတ်ကားရဲ့ ပြင်ဆင်စရိတ် ပြုပြင်စရိတ် မပါသေးဘူး Taxi ကုမ္ပဏီထောင်မယ်ဆိုရင်  Management လုပ်မည့် ကုမ္ပဏီရဲ့ ရုံးဝန်ထမ်းလစာ မပါသေးဘူး ခုလိုအချိန် လက်ရှိအနေအထားအရတော့ ခိုးထားတဲ့ငွေရှိတဲ့သူတွေမှဘဲ အဆင်ပြေမယ်ထင်ပါတယ်😀 ဒါ့ကြောင့် ဒီအချိန်မှာ EV Taxi ကုမ္ပဏီထောင်တဲ့သူဟာ သေချာတယ် သူခိုးကြီးတွေဘဲ နောက်တစ်မျိုး ထပ်တွက်ကြည့်မယ် Bank ချိတ်ပြီး ဝယ်စရာ မလိုဘူး လက်ထဲမှာ မြန်မာငွေ လိုသလောက်ရှိတယ် ဆိုတဲ့ ကျွန်တော့လို လူတစ်ယောက်က (ဥပမာပြောတာနော် လက်ထဲမှာ တစ်ပြားမှ ရှိဘူး😀) အဲ့ဒီ E

ကော့သောင်းတွင် ပျူစောထီး ဒုခေါင်းဆောင်တစ်ဦး ရှင်းလင်းခံရပြီး လက်နက်နှင့် ကျည်များ သိမ်းဆည်းရမိ

Image
  တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ပျူစောထီး ဒုတိယ ခေါင်းဆောင် ဆိုသူတစ်ဦးကို ရှင်းလင်းခဲ့ပြီး ၎င်းထံမှ လက်နက်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲ မာရမ်းကျေးရွာရှိ ပျူစောထီး ဒုခေါင်းဆောင်ဆိုသူ ဦးဆန်းတင်ကို ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်မနက်၆ နာရီခန့်မှာ ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ကာ ဓားဖြင့် ရှင်းလင်းခဲ့တာပဲ ဖြစ်သည်။ ထိုသို့ ဝင်ရောက် ရှင်းလင်းခဲ့မှုအတွင်း ဦးဆန်းတင်မှာ သေဆုံးသွားပြီး ၎င်း ထံမှ M16 A1 သေနတ် ၂ လက် ၊ကျည်ဘောက်တစ်ခု၊ ကျည်၂၈ တောင့်နှင့် ဓားမြှောင် ၃ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ “နေအိမ်တွင်းမှာပဲ ဓားနဲ့ ဝင်ခုတ်ရှင်းလင်းခဲ့တာပါ ၊ဓားနဲ့၂ချက်၃ချက် ထိုးပီး ဆွဲခွဲလိုက်တာပါ ပြီးမှပစ္စည်းအချို့ သိမ်းယူခဲ့တာပါ သူ့ကိုရှင်းပြီးတော့ စခတွေအင်အားနဲ့ ဆင်းလာတော့ လမ်းကနေဖြတ်ပြီး မိုင်းထပ်ဆွဲလိုက်တာ အထိနာသွားတယ်”ဟု ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ပြောသည်။ ထို့နောက် ထိုနေ့ မနက်၁၁ နာရီခွဲခန့်မှာလည်း မာရမ်းကြီးကျေးရွာဘက်သို့ ခမောက်ကြီ

ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို PDFများ စီးနင်းသိမ်းပိုက်ထား

Image
CJ Platform စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ကြောင်း ခန္တီးခရိုင် အမှတ်(၁)တပ်ရင်း -ဟုမ္မလင်းနှင့် HPDF 124တို့မှ ထုတ်ပြန်ထားသည်။ ရွှေပြည်အေးမြို့သစ်မှာရှိသည့် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်စွဲထားသည့် စခန်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၁ရက်နေ့ မနက်ပိုင်းမှစတင်ကာ HPDFနှင့် မဟာမိတ်အဖွဲ့များမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။ အဆိုပါတိုက်ပွဲကို ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း ၊HPDF-124 ၊ HPDF ၊ HPDF- မိုးကြိုး စသည့် မဟာမိတ် တပ်ပေါင်းစုများအဖွဲ့မှ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပေမယ့် တပ်ပေါင်းစုဘက်မှ လက်ရှိအချိန်အထိ ရွှေပြည်အေးမြို့အား သိမ်းပိုက်ထားနိုင်ဆဲ ဖြစ်ကြောင်း အသိပေးထားသည်။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး HPDF 124တပ်ရင်း တာဝန်ရှိသူထံ ဆက်သွယ် မေးမြန်းရာမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းကိုသာ အတည်ပြုပြောကြားထားပြီး စစ်ရေးအခြေအနေများ တင်းမာနေဆဲ ဖြစ်တာကြောင့် အသေးစိတ် ဖြေကြားခြင်း မပြုနိုင်သေးကြောင်းသာ ဖြေကြားထားသည်။ ထို့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ‌၂၇ ရ

NUG အစိုးရကို ထောက်ခံအားပေးဖို့ အမေရိကန်အမတ်တွေတိုက်တွန်း

Image
■ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို လိုအပ်တဲ့ အထောက်အပံ့တွေ ကူညီပံ့ပိုးပေးဖို့ အမေရိကန်အစိုးရကို အမေရိကန်လွှတ်တော်အမတ်တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ ဒီမိုကရက်လွှတ်တော်အမတ် Ben Cardin၊ Jeff Merkley နဲ့ ရီပါဘလစ်ကန်လွှတ်တော်အမတ် Todd Young နဲ့ Susan Collins တို့လေးဦး စုပေါင်းပြီး စစ်အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုတာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ Burma Act လို ဥပဒေတွေ ပြဋ္ဌာန်းပြီး မြန်မာပြည်သူတွေကို ကူညီပေးဖို့၊ စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းထပ်တိုးချမှတ်ဖို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ပေါင်းပြီး မြန်မာ့အရေး ပိုတိုးလုပ်ဆောင်ဖို့နဲ့ တရားမျှတမှုနဲ့ စစ်ခေါင်းဆောင်တွေ တာဝန်ခံမှုရှိလာအောင် အမေရိကန်အစိုးရအနေနဲ့ လုံခြုံရေးကောင်စီမှာ ရထားတဲ့အခွင့်အာဏာကို အသုံးချဖို့လိုကြောင်းလည်း ထောက်ပြထားပါတယ်။ စစ်တပ်က ကျင်းပမယ့် ဘယ်ရွေးကောက်ပွဲကိုမဆို အသိအမှတ်မပြုဘဲ ကန့်ကွက်ရှုတ်ချဖို့လည်း အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။ မြန်မာစစ်တပ်အ

နယူးယောက် ကုလသမဂ္ဂရုံးအဆောက်အအုံ နံရံပေါ်တွင် မီးဆလိုက်ထိုး၍ ဆန္ဒပြ

Image
ဖေဖော်ဝါရီ ၂  မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန် နယူးယောက် ကုလသမဂ္ဂရုံးအဆောက်အအုံ နံရံပေါ်တွင် မြန်မာ့အရေးဖိအားပေး တောင်းဆိုမှုများကို မီးဆလိုက်ထိုး၍ ဆန္ဒပြကြကြောင်း သိရှိရသည်။ ( Credit to original uploader)

“မင်းအောင်လှိုင်ရဲ့ သဒ္ဓါကရေစီကို မျှော်နေကြသေးတာလား”

Image
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် မ ၄၂၅ အရ စစ်ကောင်စီထံသို့ အာဏာ ခြောက်လ ထပ်မံ ပေးကြောင်း စစ်တပ်ထိန်းချုပ်ထားသည့် နိုင်ငံပိုင် မီဒီယာများကထုတ်ပြန်ကြေညာလာသည်။ အဆိုပါ ပုဒ်မ၌ “ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီသည် ပြည်ထောင်စု လွှတ်တော် သက်တမ်း ကုန်ဆုံးသွားချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ် အချိန်ကာလ တိုးမြှင့် ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမာန်အားဖြင့် တစ်ကြိမ်လျင် ခြောက်လအထိ နှစ်ကြိမ် တိုးမြှင့် ပေးနိုင်သည်” ဟု ဖော်ပြထားသည်။ ယမန်နေ့က စစ်ကောင်စီတို့ ဘက်မှ ကာလုံခေါ်ခဲ့ပြီး NLD ၏ တိုင်းရင်းသား အမတ် ဖြစ်ခဲ့သူ ဦးဟင်နရီ ဘန်ထီးယူက အစည်းအဝေး မတိုင်မီလေး နေအိမ်တွင် ချော်လဲပြီး ဆေးရုံရောက်သွားသဖြင့် ခွင့်တိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကာလုံ ဟု ခေါ်သည့် အစည်းအဝေးသည် ခြေဥ အရ ဆိုကာ သက်တမ်း အကြိမ်ကြိမ် တိုးခဲ့ပြီး ဖြစ်သည့် စစ်ကောင်စီ၏ အာဏာသိမ်း သက်တမ်း သက်တမ်းနှစ်နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်သည့် အစည်းအဝေးတစ်ခု လည်း ဖြစ်သည်။ သို့သော် ယခု သက်တမ်းတိုးခြင်းသည်ကား ၂၀၀၈ ခြေဥသည် စစ်ခေါင်းဆ