မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေပါလီမန်၌ ပြုလုပ်သည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး




၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်၊ လန်ဒန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် ဖေဖော်ဝါရီ (၁) ရက်နေ့က ယူကေနိုင်ငံ၊ လန်ဒန်မြို့တော်ရှိ ယူကေပါလီမန်တွင် All Parties Parliamentary Group (APPG) က ဦးစီးကျင်းပသည့် အစည်းအဝေး၌ အကြမ်းဖက်စစ်အုပ်စုက လက်ရှိမြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများအပေါ် အကြမ်းဖက်လုပ်ရပ်များအား အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စုကြောင့် အတိဒုက္ခရောက်နေကြရရှာသော မြန်မာပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးတို့အတွက်  လိုအပ်သော အကူအညီအထောက်အပံ့များကို အင်္ဂလန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံက ကြီးမှူးချိတ်ဆက်ပြီး နိုင်ငံတကာက အချိတ်အဆက်မိမိ ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းဆွေးနွေးပြောကြားခဲ့ပါသည်။ 

ထိုအစည်းအဝေးကို All-Party Parliamentary Group (APPG) on Global Health ၏ Co-chair ဖြစ်သူ Lord Nigel Crisp က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ပါလီမန်အမတ်များ၊ လူ့အခွင့်အရေးစောင့်ရှောက်မှုနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆောင်ရွက်မှုအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များက တက်ကြွစွာ ပါဝင်ဆွေးနွေး၍ စစ်ဘေးသင့် မြန်မာပြည်သူများ၏ လတ်တလောကြုံတွေ့နေရသော ဒုက္ခများကို ကယ်ဆယ်နိုင်ရေး၊ တော်လှန်ရေးအလွန်ကာလတွင် လိုအပ်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ လူ့အခွင့်အရေးချိုးဖောက်မှုခံရသူများကို ပြန်လည်ကုစားပေးရေးလုပ်ငန်းများ အစရှိသည်တို့ကို ရင်းနှီးနွေးထွေးစွာ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြပါသည်။ 

By-ဇော်ဝေစိုး

Comments

Popular posts from this blog

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ်

ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

​ပူတင်က သူ့မိသားစုကို လျို့ဝှက် "မြေအောက်ဘန်ကာ" ထဲ ပုန်းခိုင်းထား

မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)