10 နှစ်နဲ့တောင် အရင်း မကြေမယ့် EV


EV (လျှပ်စစ်) Taxi ကားတွေ ဝင်လာပြီတဲ့ 

ကားတစ်စီး ပေးရမည့်တန်ဖိုးက 700 ဆိုတော့ 😲 သာမာန်သူတွေမဝယ်နိုင်

အရင်းသိန်း700 + ဘဏ်တိုး 5 နှစ် သိန်း 300 = သိန်း 1000 

တရုတ်ကားရဲ့ Taxi ဆွဲလျှင် ခံနိုင်မည့် သက်တမ်း  5 နှစ်

တစ်နှစ် 365 ရက်  5 နှစ်=1825 ရက်

သိန်း1000 ÷ 1825ရက်=
54794 ကျပ်

တစ်ရက် ရှာဖွေရမည့်ငွေ အရင်း
54794+ လျှပ်စစ်အားသွင်းခ 1000+ယာဥ်မောင်းကြေး10000=65794ks

မြန်မာပြည်မှာ
Taxi တစ်စီးတစ်ရက် 
65794 ks ရှာနိုင်တဲ့သူ ရှိလား

ဒါတောင် Bank နှင့် ချိတ်ဆက်ထားတာမို့ 5 နှစ်အတွင်း ပေးရမည့် ကားအာမခံအတွက် ကုန်ကျငွေ မပါသေးဘူး

5 နှစ်အတွင်း တရုတ်ကားရဲ့ ပြင်ဆင်စရိတ် ပြုပြင်စရိတ် မပါသေးဘူး

Taxi ကုမ္ပဏီထောင်မယ်ဆိုရင် 
Management လုပ်မည့်
ကုမ္ပဏီရဲ့ ရုံးဝန်ထမ်းလစာ မပါသေးဘူး

ခုလိုအချိန်
လက်ရှိအနေအထားအရတော့
ခိုးထားတဲ့ငွေရှိတဲ့သူတွေမှဘဲ အဆင်ပြေမယ်ထင်ပါတယ်😀

ဒါ့ကြောင့် ဒီအချိန်မှာ EV Taxi ကုမ္ပဏီထောင်တဲ့သူဟာ သေချာတယ် သူခိုးကြီးတွေဘဲ

နောက်တစ်မျိုး ထပ်တွက်ကြည့်မယ်

Bank ချိတ်ပြီး ဝယ်စရာ မလိုဘူး လက်ထဲမှာ မြန်မာငွေ လိုသလောက်ရှိတယ် ဆိုတဲ့ ကျွန်တော့လို လူတစ်ယောက်က (ဥပမာပြောတာနော် လက်ထဲမှာ တစ်ပြားမှ ရှိဘူး😀)

အဲ့ဒီ EV Taxi ကားကို
သိန်း 700 နဲ့ လက်ငင်းပေးဝယ်လိုက်မယ်

Taxi မောင်းမည့်သူကို
ကားတစ်စီး တစ်ရက် 20000ks နှင့် အငှား ပေးမယ်ဆိုရင်တစ်လ 6 သိန်း  ရမယ်

1နှစ် 12 လဆိုတော့ 72 သိန်းလောက်ရမယ်

10 နှစ်လောက်ရှိမှ သိန်း  720 ရမယ်

အဲ့လို့ဆိုတော့ 10 နှစ်နဲ့တောင် အရင်း မကြေသေးဘူး

10 နှစ်အတွင်း ကုန်ကြမည့် ကားအာမခံ
ပြင်ဆင်စရိတ်
ကားတာယာ
နှစ်စဥ်ပေးဆောင်ရမည့်အခွန်
မော်တော်ယာဥ်သက်တမ်းတိုး ကုန်ကျစရိတ် 

အဲ့လိုဆိုတော့
လက်ထဲငွေရှိတဲ့ 
ဘောစီတွေတောင် မကိုက်သေးဘူး

ခုချိန်မှာတော့
ခိုးထားတဲ့ငွေရှိမှဘဲအဆင်ပြေမှာပါဆို 😀😀

Credit 😂

(သတင်းတပုဒ်မှာ အေးနေဝင်းမိသားစုက
တင်ဒါရထားတယ်တဲ့)

Comments

Popular posts from this blog

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

​ရန်ကုန်မြို့နယ်အတွင်း ထပ်မံသတိထားဖွယ်ရာများ

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်