ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

အေးခဲထားသို စားသောက်ကုန်လုပ်ငန်းတွေ ရပ်ဆိုင်း


#အေးခဲစားသောက်ကုန်လုပ်ငန်း

#MilitaryCoupInMyanmar

#DeltaNewsAgency


ရန်ကုန်မြို့တော်အတွင်း အေးခဲထားသိုရတဲ့ စားသောက်ကုန်လုပ်ငန်းတွေဟာ ရပ်ဆိုင်းနေပြီလို့ သိရပါတယ်။


ရေခဲမုန့်၊ ရေခဲချောင်း၊ အဖျော်ယမကာ၊ ငါးပုစွန်အေးခဲလုပ်ငန်းစတာတွေဟာ လျှပ်စစ်မီးမရခြင်းနဲ့ လောင်စာဆီ ဈေးကြီးတာကြောင့် ရပ်ဆိုင်းနေကြပြီလို့ လှိုင်မြို့နယ်၊ဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်က ပြောပါတယ်။


‘ကျွန်မဆိုင်တွေကို အအေးနဲ့ပတ်သက်တာ ဘယ်သူမှလည်းလာမပို့တော့ဘူး။ ကျွန်မတို့လည်း မီးစက်ဆီဖိုး မတတ်နိုင်လို့ လာပို့လည်း မရောင်းတော့ဘူး။ မင်းအောင်လှိုင်လက်ထက် မီးပျက်တာ မဆလခေတ်ထက်ဆိုးနေပြီ’ လို့ သူက ပြောပါတယ်။


ရန်ကုန်မြို့တော်အတွင်း စံချိန်တင်မီးပျက်နေသလို ရန်ကုန်စက်မှုဇုန်တွေထဲ လျှပ်စစ်မီးလာတဲ့အချိန်တွေမှာလည်း ဝပ်အားမပြည့်တဲ့အတွက် အအေးခန်းစက်ရုံတွေ ရပ်နားထားရကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အအေးခန်းစက်ရုံအရာရှိတစ်ဦးက ပြောပါတယ်။


‘ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ။ ရေခဲစက်တွေကျတော့ ငါးပုစွန် ရေခဲရိုက်တာတွေနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ မဖြစ်မနေသုံးနေရတော့ ဆက်လည်ပတ်နေပေမဲ့ ရေခဲဈေး၂ ဆကျော်တက်သွားတယ်’ လို့ သူကပြောပါတယ်။


ရေခဲပေါင် ၃၀၀ တစ်တုံးကို အရင်ကကျပ် ၇၀၀၀ ဝန်းကျင်ရှိခဲ့ရာကနေ အခုအခါ ကျပ် ၁၅၀၀၀ ဝန်းကျင်အထိ စျေးနှုန်း နှစ်ဆကျော် မြင့်လာကြောင်း သူကဆက်ပြောပါတယ်။


လှိုင်မြို့နယ် ၂ ရပ်ကွက်အတွင်းရှိ အရက်၊ ဘီယာအရောင်းဆိုင်ဝန်ထမ်းတစ်ဦးက ‘ကျွန်တော်တို့ဆိုင်ဆို ရေခဲမရောင်းတော့ဘူး။ ဘီယာကို အအေးမခံထားနိုင်တော့ဘူး။ မအေးတဲ့ဘီယာ ဝယ်ချင်တဲ့လူ ဝယ်၊ မီးစက်ဆီဖိုးနဲ့က မကိုက်ဘူး’ လို့ ဆိုပါတယ်။


အသေးစား မုန့်လုပ်ငန်းတွေမှာလည်း လျှပ်စစ်မီးမရခြင်းနဲ့ မီးစက်မသုံးနိုင်တာကြောင့် မီးလာတဲ့အချိန်သာ အလုပ်လုပ်နေကြကာ မုန့်မှာသလောက် မပို့ပေးနိုင်တော့ဘူးလို့ ဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်က ဆိုပါတယ်။


Delta News Agency YouTube Link - https://youtube.com/c/DeltaNewsAgency

Delta News Agency Website Link - https://deltanewsagency.com/


Comments

Popular posts from this blog

ဗုံးခွဲခံရတဲ့ ​Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ

ရန်ကုန်မှာ အဖမ်းအဆီးတွေ ပြန်များလာ

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်

တိုက်လေယာဉ် အတက်အဆင်း သ တင်း များပေါက်ကြား၍ လေကြောင်းစစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့

(NUG)People's government has right to stand in the world