အ​မေရိကန်လေတပ်သည် ထိုင်ဝမ်ကျွန်းကို တရုတ်တပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်ခြင်းမှ ဟန့်တားရန် ကြိုးပမ်း

​အမေရိကန်လေတပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို တရုတ်တပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်ခြင်းမှ ဟန့်တားရန် ကြိုးပမ်းမှုအသွင်အနေဖြင့် မတ်လ ၁ ရက်က ဂျပန်နိုင်ငံရှိ ၎င်း၏ လေတပ်စခန်းတစ်ခုတွင် စစ်လေယာဉ် ၂ ဒါဇင်ထက်မနည်းကို ခင်းကျင်းကာ ၎င်း၏ စစ်အင်အားကို ပြသခဲ့သည်။


ယူကရိန်းကို ရုရှားကျူးကျော်လိုက်ခြင်းက ထိုင်ဝမ်အပေါ် တရုတ်၏ ကျူးကျော်မှု ဖြစ်နိုင်ခြေအပေါ် မေးစရာဖြစ်နေချိန်တွင် သမ္မတဘိုင်ဒင်က ထိုင်ဝမ်ကို ထောက်ခံမှုပြသသည့်အနေဖြင့် အကြီးတန်း ကာကွယ်ရေး ဝန်ထမ်းဟောင်းများစွာကို စေလွှတ်ပြီးနောက် ၂ ရက်အကြာတွင် Kadena လေတပ်စခန်း၌ စစ်ရေးအင်အား ပြသမှု ပြုလုပ်ခဲ့သည်။


စစ်လေယာဉ်အများအပြား ပျံတက်ခြင်းမပြုမီ အနီးကပ် ဖြည်းဖြည်းချင်းမောင်းနှင်နေသော ပုံစံကို ညွှန်းဆိုသည့် 'Elephant Walk' တွင် F-15 တိုက်လေယာဉ် ၂ ဒါဇင်နှင့် HH-60 Pave Hawk ရဟတ်ယာဉ် ၁ ဒါဇင်ပါဝင်သော လေယာဉ်အုပ်စုကို တွေ့မြင်ရပြီး စုပေါင်းတန်ဖိုးအားဖြင့် ဒေါ်လာ ၁ ဘီလီယံကျော် ရှိသည်။


ရုရှားတပ်များ ယူကရိန်းကို ကျူးကျော်သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် တရုတ်လေယာဉ် ၉ စီးက ထိုင်ဝမ်လေကြောင်းပိုင်နက်ကို ဝင်ရောက်မှုအပါအဝင် ထိုင်ဝမ်ကို ဦးတည်သည့် တရုတ်၏ ရန်စမှုများ လနှင့်ချီ တိုးမြှင့်လာပြီးနောက် ထိုသို့အင်အားပြသမှု ထွက်ပေါ်လာခြင်းဖြစ်သည်။


ရုရှား၏ ယူကရိန်းကျူးကျော်မှုအပြီးတွင် ဘိုင်ဒင်သည် ကြိုတင်အသိပေးခြင်းမရှိဘဲ တိုင်ပေသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့သည်။


“အမေရိကန်က ဘယ်သူ့ကိုပဲလွှတ်ပါစေ ထိုင်ဝမ်ကို ထောက်ခံကြောင်းပြတဲ့ ကြိုးပမ်းမှုဟာ အချည်းအနှီးဖြစ်လိမ့်မယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေပင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကောင်းမြတ်လင်း



'တရုတ်လူမျိုးများသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန် ခိုင်မာစွာ သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်” ဟုလည်း ဝမ်က ပြောကြားသည်။


တရုတ်အနေဖြင့် ရုရှား၏လုပ်ရပ်ကို ‘ကျူးကျော်မှု’ ဟု ယူဆခြင်း ရှိ/ မရှိနှင့်ပတ်သက်ပြီး ဝမ်က ဖြေဆိုရန် ငြင်းဆိုခဲ့သည်

Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ