Posts

Showing posts from February 23, 2023

နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ဒုံးဖြင့် ပစ်ခတ်ခံရ

Image
နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ဒုံးဖြင့် ပစ်ခတ်ခံရဟု စစ်ဘက်သတင်းရင်းမြစ်များ အတည်ပြု  ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃  နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ယနေ့နံနက်ပိုင်း ဒုံးဖြင့် ပစ်ခတ်ခံရကြောင်း စစ်ဘက်သတင်းရင်းမြစ်များ အတည်ပြု ပြောဆိုသည်။  ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ဒုံး ၂ စင်းဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး တပ်အတွင်း အဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။  "အပစ်ခံရတာမှန်တယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အပစ်ခံရတာ ဟုတ် ပါတယ်။ လူထိလား မထိလား အဲဒါလည်း သေချာမသိရသေးဘူး။ တပ် တွေ မတူ တော့ မေးလို့ မြန်းလို့ မကောင်းဘူး" ဟု စစ်ဘက်သတင်းရင်းမြစ်က ပြော ဆိုသည်။  တော်လှန်ရေးသတင်းရင်းမြစ်များက အရာရှိရိပ်သာဟု ယူဆရသော အဆောက် အအုံတစ်လုံးကို ဒုံးကျည်ထိမှန်ကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှုကို စုံ စမ်းနေဆဲဖြစ်ကြောင်း ပြောဆိုထားသည်။  အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ပတ်ဝန်းကျင်ရှိ ကျေးရွာများ နှင့် အနီးပတ်ဝန်းကျင်တွင် ယနေ့ညပိ

မြောက်ဥက္ကလာရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကိုYUFက ဗုံးပစ်တိုက်ခိုက်၊ ထိခိုက်မှုရှိနိုင်ဟုပြော

Image
ကျော်ဇော/People's Spring  ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Underground Force - YUF က People's Spring သတင်းဌာနသို့ ပြောသည်။ယမန်နေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၁၀ မိနစ်ဝန်းကျင်က မြောက်ဥက္ကလာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ရပ်ကွက်အုပ်ကြီးနှင့် စစ်ကောင်စီတပ်သားအချို့ရှိနေစဥ် လက်ပစ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။"ကျနော်တို့လုပ်တဲ့အချိန် အဲဒီရုံးထဲမှာ စစ်--သုံးကောင်တော့ရှိတယ်။ ဒါပေမဲ့ Stand By(အသင့်အနေ အထား)မရှိတဲ့အတွက် ကျနော်တို့ လုပ်နိုင်ခဲ့တယ်။ အနီးကပ်ပစ်လိုက်တာ။ အနီးကပ်ဆိုတာက ၁၀ ပေအကွာလောက်က ပစ်လိုက်တာ"ဟု YUF မှ တော်လှန်ရေးရဲဘော်တစ်ဦးက People's Spring သို့ ပြောသည်။အဆိုပါ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ချိန်တွင် ရုံးထဲ၌ စစ်က ောင်စီတပ်သားသုံးဦးအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့လည်းရှိနေပြီး ၎င်းတို့ထိုင်နေသည့်ဘေးနားကပ်လျက်သို့ ကျရောက်ပေါက်ကွဲသွားကြောင်း YUF မှရဲဘော်က ဆက်ပြောသည်။ ယင်းအုပ်ချုပ်ရေးမှူးရုံး ဖော

စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ခုရှိလာ

Image
မ​ဇ္စျိမ။ ။ စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေအရ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် ပြန်လျှောက်ထားသည့် နိုင်ငံရေးပါတီ ရှစ်ခု အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ယခင်က ကြံ့ခိုင်ရေးပါတီအပါအဝင် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ငါးပါတီရှိပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့က ထပ်မံလျှောက်ထားလာခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီကမူ နိုင်ငံရေးပါတီအသစ်အဖြစ် တည်ထောင်ရန် လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ ပါတီများတွင် ကြံ့ခိုင်ရေးပါတီက မှတ်ပုံတင်ခွင့်ကို အစောဆုံးလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP)၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တို့က အသီးသီး လျှောက်ထားခဲ့ကြခြင်းဖြစ်သည်။ လက်ရှိ မှတ်ပုံတင်ခွင့် ပြန်လျှောက်ထားသည့် ပါတီများတွင် ၂၀၂၀ ပြည့်နှစ်အထွေထွေ

ဩစတြေးလျသတ္တုကုမ္ပဏီက စစ်တပ်အဆက်အနွှယ်မှတစ်ဆင့် ငွေကြေးလွှဲပြောင်း

Image
ထူးအောင် Published on Feb 23, 2023myanmar-now ရှမ်းပြည်နယ်မှ လုပ်ငန်းရောင်းရငွေ လွှဲပြောင်းရာတွင် စစ်တပ်နှင့် ဆက်စပ်နေသူကို အသုံးချခြင်းမှာ ငွေကြေးခဝါချမှု အန္တရာယ် ရှိနိုင်သည်ဟု စောင့်ကြည့်အဖွဲ့တစ်ခုက ပြောသည်။ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ပြီးနောက် ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီက ရှမ်းပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုကို ရောင်းထုတ်ရာမှ ရမည့် ဒေါ်လာ ၁၀ သန်းကျော်ကို စစ်တပ်အဆက်အနွှယ် စီးပွားရေးသမားတစ်ဦး ပိုင်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) မှတစ်ဆင့် လွှဲပြောင်း ရယူလျက်ရှိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဘော်တွင်းသတ္တုတွင်းစီမံကိန်းတွင် ပြည်တွင်းမှ ဝင်းမြင့်မိုရ်၊ East Asia Power (EAP) တို့နှင့် အကျိုးတူ လုပ်ကိုင်နေသည့် ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီ Mallee Resource (Myanmar Metals) သည် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာမည်ဖြစ်ကြောင်း ၂၀၂၁ ဧပြီလတွင် ကြေညာခဲ့သည်။ ထို့နောက် ၎င်း၏ကုမ္ပဏီခွဲကို ဝင်းမြင့်မိုရ်ထံ ဒေါ်လာ ၁၂ ဒသမ ၀၆ သန်းဖြင့် ၂၀၂၁  ဩဂုတ်လတွင် ရောင်းချခဲ့ရာမှ ငွေကြေးလွှဲပြောင်းရန် အခက်အခဲရှိသည်ဆိုကာ ကော်မရှင်ခ ၁၅ ရာခိုင်နှုန

စစ်အုပ်ချုပ်ရေးကြေညာပြီး မြေပြင်စစ်ကြောင်းအပြင် လေကြောင်းဖြင့်ပါ တိုက်နေ

Image
ခင်ရီရီဇော်Published on Feb 23, 2023myanmar-now အရာတော် အပါအဝင် စစ်ကိုင်းတိုင်းရှိ ၃ မြို့နယ်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့သည်။ တစ်နိုင်ငံလုံးရှိ မြို့နယ်ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း အာဏာသိမ်းခေါင်းဆောင်က ဝန်ခံပြောဆိုပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာသည့် မြို့နယ်ပေါင်း ၄၀ ရှိပြီဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်း ရွာစဉ်လှည့် မီးရှို့နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ယမန်နှစ်အတွင်းက တွေ့ရစဉ်။ စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ အရာတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းအပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေကြောင်း ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။ အရာတော် အပါအဝင် စစ်ကိုင်းတိုင်းရှိ ၃ မြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) တွင် စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့သည်။ အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ယမန်နေ့မှစ၍ အင်အားရာဂဏန်းရှိ မြေပြင်စစ်ကြောင်းအပြင် စစ်လေယာဉ်များဖြင့်ပါ တိုက်နေခြင်း ဖြစ်သည်။ ယမန်နေ့တွင် စစ်လေယာဉ်တစ်စီးသာ လာရောက်သော်လည်း ယနေ့ (ဖေဖော်ဝါရီ ၂၃) တွင် အရာ

ASEAN အတွက် ခက်ခဲနေသည့် မြန်မာ့အရေး အမေရိကန် ဦးဆောင်ရမည်

Image
Irrawaddy ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို မြန်မာတနိုင်ငံလုံး ဆန့်ကျင်တိုက်ခိုက်မှုများ ပြေလည်မည့် အလားအလာမရှိဘဲ တတိယနှစ်အတွင်း ရောက်လာသော်လည်း နိုင်ငံတကာ အသိုက်အဝန်းသည် ထိုအကျပ်အတည်းကို ကူညီအဆုံးသတ်ပေးရန် လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် သေနင်္ဂဗျူဟာ မရှိဘဲ ဖြစ်နေသည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များသည် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးနှင့် ညှိနှိုင်းအဖြေရှာရေး ဆွေးနွေးပွဲများ စတင်ရေးအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို အဆိုပြုပြီး နိုင်ငံတကာတုံ့ပြန်မှုအား ဦးဆောင်ရန် ကြိုးစားခဲ့သည်။ သို့သော် စစ်ကောင်စီ၏ တင်းမာသော သဘောထားနှင့် အခြေခံအားဖြင့် အပြတ်ချေမှုန်းရေးစစ်ပွဲတွင် အပေးအယူလုပ်ရန် မည်သည့်ဆွေးနွေးပွဲမျှ မဖြစ်နိုင်ဆိုသည့် သံသယများကြောင့် ထိုဘုံသဘောတူညီချက် ၅ ချက်သည် မွေးဖွားစဉ်ကပင် အသက်ပါမလာခဲ့ပေ။ မြန်မာ့အရေးတိုးတက်မှုရှိစေရန် ဘုံသဘောတူညီချက် ၅ ချက်သည် အကောင်းဆုံးဖြစ်ကြောင်း ဆက်လက် အားပေးစေကာမူ တိုးတက်မှုမရှိခြင်းအတွက် စိတ်ပျက်ကြောင်း ယခုလအတွင်း ဂျကာတာတွင် ကျင်းပသည့် ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖော်ပြကြသည်။ ထက်

မြောက်ပိုင်း ၇ ဖွဲ့နှင့် တရုတ်အထူးကိုယ်စားလှယ် ဘာတွေဆွေးနွေးခဲ့လဲ

Image
By ဧရာဝတီ 23 February 2023 ၂၀၂၃ ဖေဖေါ်ဝါရီ ၂၀ရက်နေ့က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျင်း မိုင်းလားမြို့သို့ ရောက်ရှိလာကာ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျင်း (Deng Xijun) သည် ယခုတပတ်အတွင်းက တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ သွားရောက်ကာ တရုတ်နိုင်ငံ၏ သဘောထားများကို ဆွေးနွေးသွားကြောင်း သိရသည်။ ယင်းတရုတ်ကိုယ်စားလှယ်သည် မိုင်းလား၊ ပန်ဆန်းနှင့် လိုင်ဇာမြို့များသို့ သွားရောက်ကာ မြောက်ပိုင်း မဟာမိတ် EAOs များဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် – မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင် လက်ရှိ မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခများတွင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် မပါဝင်

တရုတ်အထူးသံသစ် မိတ်ဆက်လာရောက်ခြင်းဖြစ်၊ အန်ယူဂျီရုံး ကိစ္စမပြောဘူးလို့ ကေအိုင်အိုပြော

Image
လိုင်ဇာ ၂၃ ဖေဖော်ဝါရီ ၂၀၂၃BBC တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ထံ သွားရောက်ခဲ့တဲ့ တရုတ်အထူးသံတမန်သစ် မစ္စတာ တိန့်ရှီကျွင်း ကချင်လွတ်လပ်ရေးအဖွဲ့ - ကေအိုင်အိုဌာနချုပ်ကိုလည်း လာရောက်ခဲ့တာဟာ သံတမန်သစ်အနေနဲ့ မိတ်ဆက်လာရောက်ခဲ့ခြင်း ဖြစ်တယ်လို့ ကေအိုင်အိုဗဟိုက ပြောခွင့်ရသူက ပြောပါတယ်။ ဒါ့အပြင် သူ့ခရီးစဥ်နဲ့ ပတ်သက်လို့ သတင်းတချို့ မှာ ဖော်ပြနေတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ရုံးဖွင့်ထားတာနဲ့ပတ်သက်ပြီးတော့ သံအမတ်အနေနဲ့ တစ်စုံတရာ ဆွေးနွေးပြောဆိုတာမျိုး မကြားမိဘူးလို့ လည်း သူက ပြောပါတယ်။ “သံအမတ်အသစ်ဖြစ်နေလို့ရယ်၊ ဒီနယ်စပ်ဒေသမှာရှိနေတဲ့ မိတ်ဆွေတွေပေါ့နော်၊ အဲ့ဒါတွေကို လာတွေ့တဲ့ မိတ်ဆက်သဘောပေါ့နော်၊ အဲဒါတစ်ချက်ပါတယ်။ ဒုတိယအချက်ကတော့ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ နယ်စပ်ဒေသတွေမှာ ဘယ်လိုအခြေအနေရှိတယ် ဂိတ်တွေဖွင့်လို့ရသလား မရသေးဘူးလားဆိုတာရယ် ” ပြောခဲ့တယ်လို့ ကေအိုင်အို ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ “ကျန်တဲ့ဟာကတော့ လိုင်ဇာမှာရှိတဲ့ စစ်ရှောင်စခန်းက လူတွေ ဘယ်လိုနေတာလဲ သူတို့ရဲ့ ကျန်းမာရေးတွေ စားဝတ်နေရေးတွေ ဘ

မန္တလေးက ဓာတ်ပုံဆရာတစ်ဦးကို ဖမ်းသွားပြီး နာရီပိုင်းအကြာ အလောင်းလာယူခိုင်း

Image
မန္တလေးမှာ စစ်ကားတစ်စီးမြို့တွင်းလှည့်လည်နေစဥ် (ပုံအဟောင်း) ဓာတ်ပုံ ရင်းမြစ်, CJ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဓာတ်ပုံဆရာတစ်ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးသွားခဲ့ပြီး နာရီပိုင်းအကြာမှာအလောင်းပြန်လာယူခိုင်းတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ အဖမ်းခံရသူဟာ ဘုရားကြီး မြောက်မုဒ် ၈၁x၈၂လမ်းကြား ၄၄လမ်းက ဦးအောင် ဆိုသူဖြစ်ပြီး နေအိမ်မှာ စစ်ကောင်စီက ဖေဖော်ဝါရီ (၁၉ရက်နေ့က သေနတ်ပစ်ဖောက်ပြီး ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။ဖမ်းဆီးခေါ်ဆောင်ခံရပြီး နာရီပိုင်းအကြာမှာ သေဆုံးလို့ ရဲစခန်းကနေ မိသားစုကို အလောင်းယူခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဖမ်းဆီးခံရပြီး သေဆုံးတာနဲ့ပက်သက်လို့ စစ်ကောင်စီဘက်က သီးခြားထုတ်ပြန်ထားတာ မရှိသလို သူ့ကို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာနဲ့ ပတ်သက်လို့လည်းမသိရသေးပါဘူး။ ဓာတ်ပုံဆရာ ဦးအောင်ဟာ အသက် ၅၄ နှစ်အရွယ်ဖြစ်ပြီ သွေးတိုးကလွဲလို့ တခြားရောဂါမရှိကြောင်းနာရီပိုင်းအတွင်းသေသွားရအောင် ဘယ်လိုနှိပ်စက်မှုမျိုးကြုံခဲ့ရတယ်ဆိုတာကို မတွေးတတ်အောင်ဘဲလို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။မန္တလေးမြို့မှာ ဗုံးပေါက်ကွဲတာ၊ ဒေသခံတချို့ ဖမ်းဆီးခံရတာ၊ ရပ်

ကော့သောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရသူများပြား

Image
Published By DVB | 23 February, 2023 တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် ရှမ်းကိုးရွာအုပ်စုရှိ ဝိုင်ဒင်းကျေးရွာမှာ ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ယောက်သေဆုံးကာ ၅၀ လောက် ဒဏ်ရာရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်‌ရေးတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က အဆိုပါ ရှမ်းကိုးရွာအုပ်စုထဲက ဝိုင်းဒင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ပြီး အင်အား ၁၇ဝ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့နဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒေသခံပြည်သူတဦးက “လက်ရှိအခြေအနေကတော့ ငြိမ်သက်နေပါပြီ။ ဝိုင်ဒင်းရွာသားတွေကတော့ ထိုင်းနိုင်ငံဘက်ကို ရှောင်တိမ်းနေရတယ်ဗျာ။ ရွာသားတွေ ထိခိုက်မှုမရှိဘူး။ လောလောဆယ်တော့ ထိုင်းဘက်မှာ တိမ်းရှောင်နေကြတုန်းပဲ” လို့ ပြောပါတယ်။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စ

အွန်လိုင်းဘွတ်ကင် စနစ်အသစ်ဖြင့် ပြုလုပ်ရမည့် ပတ်စ်ပို့ ငွေကုန်ကြေးကျများနိုင်

Image
Published By DVB | 23 February, 2023 နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လျှောက်ထားရာမှာ အွန်လိုင်းဘွတ်ကင် စနစ်အသစ်နဲ့ ပြုလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေပေမဲ့ အခက်အခဲတွေရှိနိုင်ပြီး ငွေကုန်ကြေးကျလည်းပိုများနိုင်တယ်လို့ ပတ်စ်ပို့အကျိုးဆောင်တွေနဲ့ ပတ်စ်ပို့လျှောက်ထားသူတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်က စတင်ပြီး နိုင်ငံကူးလက်မှတ်တွေကို အွန်လိုင်းဘွတ်ကင် စနစ်သစ်နဲ့ လျှောက်ထားနိုင်မယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၂ ရက်မှာ ကြေညာထားတာဖြစ်ပါတယ်။ အွန်လိုင်းဘွတ်ကင် စနစ်အသစ်ကို ရန်ကုန် ပတ်စ်ပို့ရုံးမှာပဲ လျှောက်ထားနိုင်မှာဖြစ်ပြီး ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ရုံးခွဲတွေမှာတော့ အရင်လျှောက်နေကျ ပုံစံအတိုင်း တိုကင်ယူ၊ ရက်ချိန်းအတိုင်း လာရောက်လုပ်တဲ့ပုံစံနဲ့ ပြုလုပ်ရမှာပါ။ လျှောက်ထားရာမှာ ဘယ်သူမဆို လွယ်လွယ်ကူကူ လျှောက်ထားနိုင်ဖို့ စီစဉ်ထားတာဖြစ်လို့ ကြားခံပွဲစားတွေနဲ့ အခကြေးငွေပေးဆောင် မလျှောက်ကြဖို့လည်း အသိပေးထားပါတယ်။ အွန်လိုင်းစနစ်သစ်နဲ့ လုပ်ခွင့်ပေးလိုက်ပေမဲ့ ပတ်စ်ပို့ပြုလုပ်ခ စျေးနှုန်းတွေဟာ သိန်းဂဏန်း ပေါက်စျေးရှိနေပြီး ပွဲစားကတဆင့် ပြုလုပ်ရတဲ့ အခြေအနေတွေ ရှိနေပါတယ်။ ပတ်စ်ပို့ပြုလုပ်သူ တဦးကတော့ ကိုယ်တိ

ငါန်းဇွန်နယ် ဂျပန်ကျွန်းအား သုံးရက်အတွင်း နှစ်ကြိမ်မီးရှို့ခံရ၍ တစ်ရွာလုံးနီးပါးပြာကျ

Image
စန္ဒီ/People's Spring မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အနောက်ခြမ်းရှိ ဂျပန်ကျွန်းအား စစ်ကောင်စီတပ်က သုံးရက်အတွင်း နှစ်ကြိမ်တိုင် မီးရှို့ခဲ့၍ တစ်ရွာလုံးနီးပါး ပြာကျခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၅ နာရီခန့်က စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့နယ်၊ မရိုးကုန်းရွာ ကျွန်းကျောင်းအတိုင်း အင်အား ၂၅ဦးခန့်ဖြင့် ဂျပန်ကျွန်းသို့ သွားရောက်ကာ ညနေ ၆နာရီသာသာတွင် ဂျပန်ကျွန်းပေါ်ရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်)နံနက် ၉ နာရီ မိနစ် ၂ဝ ခန့်တွင်လည်း စစ်ကောင်စီတပ်က ဂျပန်ကျွန်းပေါ် ထပ်မံရောက်ရှိလာပြီး လက်နက်ကြီးဖြင့်ပြည်သူများရှိနိုင်မည်ထင်သည့်နေရာများအချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ ထို့နောက် ဂျပန်ကျွန်းအား မီးထပ်မံရှို့ခဲ့ရာရွာအိမ်ခြေကုန်လုနီးပါး လောင်ကျွမ်းခဲ့ကြောင်း ​ဒေသခံများက ပြောသည်။"ဂျပန်ကျွန်းကတော့ တစ်ရွာလုံးပြာဖြစ်သွားတယ်။မီးရှို့ပြီးတော့ ကံသာရွာကို ဆက်ပြီးဝင်မွှေနေတယ်"ဟု နယ်ခံတစ်ဦးက ပြောသည်။ ဂျပန်ကျွန်းတွင် လူနေအိမ် ၁၀၀ခန့်ရှိပြီး ရွာသူ၊ ရွာသားများလည်း ထွ

အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ်က မင်းအောင်လှိုင်ကို ကိုင်တွယ်နိုင်ပါ့မလား

Image
   အင်ဒိုနီးရှားက အာဆီယံကို အလှည့်ကျ ဦးဆောင်ရန် ၉ လ ကျန်ချိန်တွင် မြန်မာအာဏာသိမ်းခေါင်းဆောင်စိုးရိမ်မည့် အလုပ်ကို လုပ်ဆောင်ခြင်း မရှိသေးပေ။ သုတဇော် Published on Feb 23, 2023 Myanmar Now စစ်ကိုင်းတိုင်းအတွင်း အိမ်မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကိုင်တို့၏ရန်မှဆက်လက်တိမ်းရှောင်နေရသော ဒေသခံများ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံ စတင်ထမ်းဆောင်နေသည်မှာ ၂လနီးပါး ရှိလာပြီဖြစ်သော်လည်း မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်ရန် လက်တွေ့ကျသော ခြေလှမ်းကိုတိတိပပ မတွေ့ရှိသေးပါ။ အင်ဒိုနီးရှားသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် နယ်မြေအကျယ်အဝန်း၊ လူဦးရေ၊ စီးပွားရေး၊ စစ်ရေးအရအင်အားအကြီးဆုံးနိုင်ငံဖြစ်သလို အာဆီယံအဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့သော နိုင်ငံများထဲတွင်အဓိကကျသော နိုင်ငံဖြစ်သည်။ အာဆီယံ၏ အရေးကြီးသော ကာလများတွင် အင်ဒိုနီးရှား၏ဦးဆောင်မှုကို အထင်အရှား တွေ့ရတတ်သည်။ ထို့ကြောင့် အင်ဒိုနီးရှားကို အာဆီယံဒေသတွင်း ဦးဆောင်နိုင်ငံအဖြစ် ရှုမြင်ထားကြပြီး၊ သမ္မတ ဂျိုကိုဝီ (Jokowi)သည် အလှည့်ကျဥက္ကဋ္ဌဩဇာသုံးပြီး၊ အဖွဲ့ဝင် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် မင်းအောင်လှိုင်၏ကိုယ့်ပြည်သူကိ