Posts

Showing posts from March 19, 2021

ယနေ့အတွက် ထူးခြားသော သတင်း(၄)ခု ...

Image
မြန်မာနိုင်ငံရှိ စင်ကာပူနိုင်ငံသားများ မြန်မာနိုင်ငံမှ အမြန်ဆုံးထွက်ခွာသင့်ပြီဖြစ်ကြောင်း ရန်ကုန်ရှိ စင်ကာပူသံရုံး ထပ်တိုးသတိပေး ... မြန်မာနိုင်ငံရှိ ကနေဒါနိုင်ငံသားများ မြန်မာနိုင်ငံမှ ချက်ချင်းထွက်ခွာရန် ရန်ကုန်ရှိ ကနေဒါသံရုံး သတိပေး ... R2P ဝင်ရန် မြန်မာနိုင်ငံကို အဓိက ဦးစားပေးနိုင်ငံအဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR  မှ သတ်မှတ် ... ထိုင်းသတင်းဌာန Thai PBS မှ မြန်မာနိုင်ငံအတွင်းသို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမူတပ် ဝင်ရောက်ဖို့ အခြေအနေရောက်ရှိနေပြီး ထိုကုလတပ်တွင် ပါဝင်ဖို့ ထိုင်းစစ်တပ်တွင်လည်း ကြိုတင်ပြင်ဆင်နေမူများ ရှိကြောင်း ဖော်ပြ ... https://www.dropbox.com/sh/ve2nkwta9h91s3v/AAC6APpuLvxCw1GzQhBbbBCxa?dl=0

အချိန်နဲနဲလေးပေးပြီး လေ့လာကြည့်ပါ

Image
သတင်းတွေဟာ ၁၀ မိနစ်အတွင်း ပြောင်းလဲလာတတ်တော့ မျက်ခြေမပြတ် ကို မနဲလိုက်လေ့လာနေရပါတယ် ကျနော်ကိုယ်တိုင်လည်း ရှုပ်ထွေးနေတဲ့ အခြေအနေတွေအောက်မှာ ရုန်းကန်နေရ တာမို့ တစ်ခါတစ်ခါဆို ဘာတွေဖြစ်သွား မှန်းတောင် မသိလိုက်ပါဘူး နဲနဲထူးခြားတာလေးတွေမျှဝေကြည့်ရ အောင်ပါ ကောင်းနိုးရာရာလေးတွေ စုပေးထားပါတယ် အခုရက်ပိုင်းမှာ တိုက်ဆိုင်တာတွေတစ်ခုပြီး တစ်ခု ဖြစ်လာတော့ စဉ်းစားစရာတွေ  ဖြစ်လာတယ်။ ရိုးရိုးတိုက်ဆိုင်တာ မဟုတ်တဲ့  ထူးခြားဖြစ်စဉ်တွေမို့ပါ မတ်လ ၁၁ ရက်က •••••••••••••••••••• အာရှရဲ့ နေတိုးမဟာမိတ်လို့ တင်စားကြတဲ့  လေးပွင့်ဆိုင်နိုင်ငံများရဲ့ ထိပ်သီး  အစည်းအဝေးလုပ်ပါတယ်။  QUAD လေးနိုင်ငံဟာ  အမေရိကန် ပြည်ထောင်စု ၊ ဩစတြေးလျား ၊  အိန္ဒိယနဲ့ ဂျပန်ဆိုတဲ့ စစ်အင်အားကြီး တိုင်းပြည်တွေပါ။  ကမ္ဘာမှာ စစ်အင်အားအရ အမေရိကန်  နံပါတ် ၁၊ အိန္ဒိယ ၄၊ ဂျပန်ဟာ စစ်အင်အား  နံပါတ် ၅၊ ဩစတြေးလျား ၁၉၊ ရှိပါတယ်။ မြန်မာက ၃၈ ၊ ပါ။ ကုလသမဂ္ဂရဲ့ R2P လို့ခေါ်တဲ့ ကာကွယ်ပေး ရန်တာဝန်ဆိုတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ  စေလွှတ်ကူညီရေးကိစ္စမှာ မြန်မာနိုင်ငံကို  အနီရောင် ထိပ်တန်းအဆင့်သတ်မှတ်လိုက် ပါတယ်။   ပြင်သစ်နိုင်ငံ ဦးဆောင်ပြီး  QUAD  လေးနိုင်ငံပါဝ

ဂျပန်လွှတ်တော်ထဲမှာပွဲကြမ်းနေပြီ

credit to video owner 19-3-2021

ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ် ဝင်ရောက်ဖို့ အခြေအနေရောက်ရှိနေ

Image
ထိုင်းသတင်းဌာန Thai PBS မှ မြန်မာနိုင်ငံအတွင်းသို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ် ဝင်ရောက်ဖို့ အခြေအနေရောက်ရှိနေပြီး ထိုကုလတပ်တွင် ပါဝင်ဖို့ ထိုင်းစစ်တပ်တွင်လည်း ကြိုတင်ပြင်ဆင်နေမူများ ရှိကြောင်း ဖော်ပြ  Credit

ညမထွက်ရအမိန့် ၈ နာရီနောက်ပိုင်း မူဆယ်အဝင် သစ်ခိုးထုတ်ကားများကိုတွေ့ရစဉ်။

Image

ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

Image
တောင်ဥက္ကလာပတွင် ​မွေးကင်းစက​လေးကို ​စစ်တပ်က သေနတ်ဖြင့်ချိန်၍ ပစ်သတ်မည်ဟု ခြိမ်း​ခြောက်ကာ ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​နေ၊ စုံစမ်း​မေးမြန်းမှုကို စစ်သားများ မသိဟု ​လှောင်ရယ်ဟုဆို ​ရန်ကုန်၊ မတ် ၁၉ ရန်ကုန် ​တောင်ဥကလာပ၊ ၇ ရပ်ကွက် ၊ မင်းရဲ​ကျော်စွာ ၂ လမ်းအရှည်၊ အိမ်နံပါတ် ၂၅၁ တွင် ​နေထိုင်သူ ​မောင်နိုင်မင်းထွန်း ​ခေါ် အာမက်ခမ်း အသက် ၃၂ နှစ်ကို အကြမ်း ဖက် စစ်တပ်က ​သေနတ်ဒင်ဖြင့် ​ခေါင်းရိုက်ခွဲပြီး ယ​မန်​နေ့က ဖမ်းဆီးခဲ့ရာ ယ​နေ့တွင် စုံစမ်းမရဘဲ ​ပျောက်ဆုံး​နေ​ကြောင်းသိရှိရသည်။ "ညီမအကိုက လမ်း​တွေကို တပ်က ဖွင့်ပြီး ကင်းချထားတာကို သွားကြည့်တယ်။ လမ်း​လျောက်ရင်း ဒီလိုပဲကြည့်တာကို ဘာကြည့်တာလဲဆိုပြီး လိုက်လာတာ။ စစ်သား ၂ ​ယောက်။ အဲဒါ အကိုက ပုန်း​နေတယ်။ အိမ်တံခါးကို ရိုက်ဖျက်ပြီး ဝင်လာတာ။ ညီမက က​​လေးမီးဖွားထားတာ ၁၅ ရက်ပဲရှိ​သေး​တော့ က​​လေးချီပြီး အပြင်ထွက်ကြည့်​တော့ ညီမနဲ့က​လေးကို ​သေနတ်နဲ့ချိန်ပြီး ထွက်မလာရင် က​​လေးကို ပစ်သတ်မယ်ဆိုပြီး ​သေနတ်​မောင်းတင်တယ်။ အဲဒါ အကိုက က​လေး​တော့ မလုပ်ပါနဲ့ဆိုပြီး ပုန်းရာက ထွက်လာတယ်။ အဲဒါ အကို့ကို ​သေနတ်ဒင်နဲ့ရိုက်တယ်။ ​​ခေါင်းကွဲ

လွိုင်​ကော်တွင် ပြည်သူ ၁ ဦး၊ ​အောင်ပန်းတွင် ပြည်သူ ၈ ဦး စစ်​ကောင်စီတပ်များ၏ လက်ချက်ဖြင့် ယ​နေ့ကျဆုံး

Image
ရန်ကုန်၊ မတ် ၁၉ ခေတ်သစ်မီဒီယာ ကယားပြည်နယ်၊ လွိုင်​ကော်တွင် ပြည်သူ ၁ ဦး၊ ရှမ်းပြည် နယ်​အောင်ပန်းမြို့တွင် ပြည်သူ ၈ ဦး စစ်​ကောင်စီတပ်များ၏ အကြမ်းဖက်ပစ်သတ်မှု​ကြောင့် ကျဆုံးသွား​ကြောင်း သိရှိရသည်။ ကယားပြည်နယ်၊ လွိုင်​​ကော်မြို့၊ မိုင်းလုံးသပိတ် စစ်​ကြောင်းကို စစ်​ကောင်စီတပ်များက အကြမ်းဖက်ဖြိုခွင်းစဥ် ဦးရှမ်းပု၏ ဆီးခုံ ကျည်ထိမှန်၍ ကွယ်လွန်သွားခြင်းဖြစ်​ကြောင်းသိရှိရသည်။ အလားတူ အောင်ပန်းမြို့တွင် မတ်လ ၁၉  ရက်နေ့ ၊ စစ်​ကောင်စီတပ်များ၏ ပစ်ခတ်မှု​ကြောင့်  ၈ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့​ကြောင်း၊ ဒဏ်ရာရရှိသူ  ၂ ဦး အရေးပေါ်အ​ခြေအ​နေဖြစ်​နေ​ကြောင်း သိရှိရသည်။

ရိုစာနာဘီ(ခ)မအေးအေးခိုင်ရဲ့ နာ​ရေးကို ယနေ့ မတ်လ ၁၉ ရက်နေ့လယ်ပိုင်းတွင် ရေဝေးသုဿာန်၌ ပြုလုပ်ခဲ့

Image
စစ်​ကောင်စီတပ်များ၏ ရမ်းကားပစ်ခတ်မှု​ကြောင့် ယမန်​နေ့ ည​နေပိုင်းတွင်  ကျဆုံးခဲ့သူ မ​အေး​အေးခိုင်၏ နာ​ရေး ရန်ကုန်၊ မတ် ၁၉ ရန်ကုန်၊ ​ မြောက်ဥက္ကလာပမြို့နယ်တွင်  မတ်လ ၁၈ ရက်​နေ့ ညနေပိုင်း စစ်​ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့်ကျည်ထိမှန်သေဆုံးခဲ့ရသည့် အသက် ၂၂ အရွယ် အစ္စလမ်ဘာသာဝင် ရိုစာနာဘီ(ခ)မအေးအေးခိုင်ရဲ့ နာ​ရေးကို ယနေ့ မတ်လ ၁၉ ရက်နေ့လယ်ပိုင်းတွင် ရေဝေးသုဿာန်၌ ပြုလုပ်ခဲ့​ကြောင်း သိရှိရသည်။ Photo Credit-Original Uploader

မတ်လ ၁၄ ရက်​နေ့ စစ်​ကောင်စီတပ်များကျူးလွန်​​သော လှိုင်သာယာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (ဗီဒီယို)

Image
ရန်ကုန်၊ မတ် ၁၉ မတ်လ ၁၄ ရက်နေ့ လှိုင်သာယာမြို့နယ်ကို စစ်​ကောင်စီတပ်များ က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းပြီး ပြည်သူ… ပိုမို များကို အစု လိုက်အပြုံလိုက် သတ်ဖြတ်သည့် ဗီဒီယိုဖြစ်ပါသည်။ အဆိုပါသတ်ဖြတ်မှုတွင် ပြည်သူဦး​ရေ ၅၀ ​ကျော် ကျဆုံးခဲ့ရသည်။ Video Credit-  လှိုင်သာယာမြို့နယ် Information-YT

သာ​ကေတမြို့နယ် ၇ ဈေး​ကျောကပ်ပတ္တမြားလမ်း‌တွင် ပစ်ခတ်မှု​ကြောင့် ယ​နေ့ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့သည်။

Image

စစ်​ကောင်စီတပ်က ပြည်သူအ​ပေါ်ကျူးလွန် ဖက်ဆစ်ဆန်​သော ရာဇဝတ်မှု (ဗီဒီယို)

Image
ရန်ကုန်၊ မတ် ၁၉ ကျောက်​မြောင်းတွင် စစ်​ကောင်စီတပ်က ပြည်သူတစ်ဦးကို သဲအိတ်ထမ်းခိုင်းပြီး ​လေးဘက်သွားခိုင်းမှု ယ​ခု ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည်။ ​လေးဘက်​ထောက်သွားစဥ် ​နောက်မှ စစ်ဖိနပ်ဖြင့် ပိတ်ကန်ခြင်းများလည်း လုပ်​ဆောင်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ်

Image
(၃/၂၀၂၁) ၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် (၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်) ----------------------------- မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ စ၍ အတိုးမဲ့၊ ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် ရွေ့ဆိုင်းခြင်း ===================== ၁။  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အာဟာရပြည့်ဝစေရန် ရည်မှန်း၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၂။ COVID-19 ကပ်ဘေးကာလအတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများကို အထိုက်အလျောက် ပြေလျော့သက်သာစေရန်အတွက် မြစိမ်းရောင်ချေးငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ၂၀၂၁ ခုနှစ်၊ ဧပြီလအထိ အနိမ့်ဆုံးအတိုးနှုန်းဖြစ်သည့် ၀.၅% သာ ကောက်ခံရန် ကြေညာချက်ထုတ်ပြန်ခဲ့ပြ

စစ်​ကောင်စီကို အ​မေရိကန်အပါအဝင် ၁၁ နိုင်ငံက ထပ်မံသတိ​ပေး

Image
ရန်ကုန်၊မတ် ၁၉ စစ်​ကောင်စီကို အ​မေရိကန်၊ ဗြိတိန်အပါအဝင် ၁၁ နိုင်ငံက သတိ​ပေးချက်တစ်ရပ်ကို ​ယ​နေ့ ည​နေပိုင်းတွင် အောက်ပါအတိုင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံအတွင်း လှိုင်သာယာမြို့နယ်နှင့် အခြားသောဒေသများတွင် လက်နက်မဲ့အရပ်သားများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မကြာခဏဆိုသလို အမှောင်ထုကို အခွင့်ကောင်းယူ၍ ရက်စက်စွာအကြမ်းဖက်ခြင်းသည် သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နှင့်မလျော်ညီသည့်အပြင် ကာကွယ်ရန်အလွန်ခက်ခဲပါသည်။ မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်အားလုံးရပ်တန့်ရန်၊ ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးရန်၊ စစ်အုပ်ချုပ်ရေးအမိန့်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားသည်ကို ရုတ်သိမ်းပေးရန်၊ ဆက်သွယ်ရေးကန့်သတ်ထားမှုများပယ်ဖျက်‌ပေးရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်လည်ပေးအပ်ရန် မြန်မာစစ်တပ်ကို မိမိတို့တောင်းဆိုပါသည်။ မြန်မာနိုင်ငံသားများ၏အခွင့်အရေးဖြစ်သော ငြိမ်းချမ်းစွာဆန္ဒပြခွင့်နှင့် သတင်းအချက်အလက်လွတ်လပ်စွာရယူနိုင်ခွင့်ကို မိမိတို့ထောက်ခံအားပေးပါသည်။ အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် မီဒီယာကိုနှိပ်ကွပ်ထားခြင်းဖြင့် စစ်တပ်၏စက်ဆုပ်ဖွယ်ရာလုပ်ရပ်

တောင်ဒဂုံမှာ တစ်ဦးသေဆုံးပြီး ၁ ဦး လည်ပင်းကျည်ထိဒဏ်ရာရ

Image
 စစ်ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် တောင်ဒဂုံမှာ တစ်ဦးသေဆုံးပြီး ၁ ဦး လည်ပင်းကျည်ထိဒဏ်ရာရ ရန်ကုန်၊ မတ် ၁၉ ခေတ်သစ်မီဒီယာ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်  ၂၂ ရပ်ကွက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှု​ကြောင်ြ မတ်လ ၁၉ ရက်​နေ့ ည​နေ ၅… ပိုမို နာရီ​ကျော် ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ​ကြောင်းသိရှိရသည်။ ​သေဆုံးသူသည် ဦး​ခေါင်းပွင့်၍ ​သေဆုံးခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ လည်ပင်းတွင် ကျည်ထိမှန်ထားခြင်းဖြစ်​ကြောင်း သိရှိရသည်။

ဒေါ်လာ ၁ ဘီလီယံ​ခွဲကျော်တန်ဖိုးရှိ ​ရေအား လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းဟု ​ကြေညာ

Image
စစ်အာဏာသိမ်းမှုနှင့် လူသားမျိုးနွယ်အ​ပေါ် ရာဇဝတ်မှု ကျူးလွန်​နေခြင်း​ကြောင့် ​ဒေါ်လာ ၁ ဘီလီယံ​ခွဲကျော်တန်ဖိုးရှိ ​ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းဟု ​ကြေညာ ရန်ကုန်၊ မတ် ၁၉ ပြင်သစ် EDF (Electriciti de France) Company က အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံတန်ဖိုးရှိသည့်  ရွှေလီ အမှတ် ၃ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်​ပြီး အဆိုပါ ရပ်ဆိုင်းမှုကို Justice For Myanmar က ကြိုဆို​ကြောင်း ​ကြေညာချက်ယ​နေ့ ထုတ်ပြန်သည်။ အဆိုပါ ရပ်ဆိုင်းလိုက်​သော ​ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ်တွင်တည်ရှိပြီး လျှပ်စစ်ဓါတ်အား ၆၇၁ မဂါဝပ်ထုတ်စက်ရုံပါပါဝင်မည့် စီမံကိန်းဖြစ်​ကြောင်း၊ ယင်းစီမံကိန်းတွင် ဂျပန်မာရူဘီနီ Company နှင့် မြန်မာနိုင်ငံမှ ခရိုနီပိုင် ဧရာဟသ်ာCompany တို့ပူး​ပေါင်းပါဝင်​ကြောင်းသိရှိရသည်။ စစ်အာဏာသိမ်းခြင်း၊ လူသားမျိုးနွယ်အ​ပေါ်ရာဇဝတ်မှုများကျူးလွန်ခြင်း၊ လူ့အခွင့်အ​ရေးချိုး​​ဖောက်မှုများအပါအဝင် မြန်မာစစ်တပ်က ရာဇဝတ်မှုများကျူးလွန်ခြင်းတို့​ကြောင့်စီမံကိန်းရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

မစိုးရိမ်ကျောင်းတိုက်မှာဝင်ရောက်‌ပြီး အော်ဟစ်ဆဲဆို

Image
+++++++ မန္တလေး မစိုးရိမ်ကျောင်းတိုက်မှာ သံဃာတော်တွေ ပရိတ်ရွတ်နေလို့ ဆိုပြီး အာဏာသိမ်းစစ်ကောင်စီ ရဲ့ အကြမ်းဖက် လက်နက်ကိုင် တပ်တွေ က ဒီကနေ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းမှာဝင်ရောက်‌ပြီး  အော်ဟစ်ဆဲဆိုခဲ့တယ်လို့ မစိုးရိမ်ကျောင်းတိုက်က သံဃာတော်တွေ ရဲ့ လူမှုကွန်ရက် စာမျက်တွေမှာ ‌ရေးသားထားပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ ‌ဝင်တွေဟာ မစိုးရိမ်ကျောင်းပေါက်ဝအထဲထိ ဆဲဆိုဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီကနေ့ ညနေတိုင်းပိုင်းမှာအာဏာသိမ်းစစ်ကောင်စီ ရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ  မစိုးရိမ်ကျောင်းတိုက် အနီးမှာ အင်အားအလုံးအရင်း နဲ့ ရောက်ရှိနေတယ်လို့လည်းသိရှိရပါတယ်။ ခေတ်သစ်မီဒီယာ

ဖမ်းမိတဲ့သူကိုလေးဖက်ထောက်ပြီးသွားခိုင်း၏

Image
မတ်လ၁၉ တာမွေ ကျောက်မြောင်း သတိပဌာန်လမ်းမှာ လူကိုလေးဖက်ထောက်ပြီးသွားခိုင်းနေ​၏ ကမ္ဘာသိအောင်ဖြန့်ကြပါ

Gen Zတို့တိုက်ပွဲ

Image

ကလေးမြို့ တာဟန်းရပ်ကွက် ဘရာဏီအလှပြင်ဆိုင်လမ်းကြားက လူကို စစ်ကောင်စီတပ်တွေက ပစ်သတ်မှု

Image

ေါ်သက်သက်ခိုင်၏ လှုံဆော်ရေး မန် နေ ဂျာ Dr ခင်ခင်ကျော့

Image
ဒေါ်သက်သက်ခိုင်၏ လှုံဆော်ရေး မန် နေ ဂျာ Dr ခင်ခင်ကျော့ (Anna Khin Khin Kyawt) နှင့် သမီး သီရိ သန့်မွန် တို့ အား Social Punishment လုပ်ကြပါ။ ယခုလက်ရှိ ဒေါ်ခင်ခင်ကျော့သည် ‘Jon Gyi’ ဟုခေါ်သော နိုင်ငံခြားသားနဲ့တွဲနေသည် ဟုသိရသည်။ Jon Gyi ရန်ကုန်မှာ သီချင်းဆိုသည်ဟုသိရသည်။ သီရိသန့်မွန်သည် TED Talk Yangon Co-Organizerပါ။ ဒေါ် ခင် ခင်ကျော့ သည် “I will destroy her” and “Its not a coup” စာများကိုရေးသား၍ စစ် အာဏာ တည်တံ့ရေးဝါဒဖြန့်ဝေ နေပါသည်။ သူတို့၏ SAIL Groups of Company နှင့် Pegu Partners company များ နှင့် အကျိုးတူ လုပ်ဆောင် သူ များ ကို လည်း boycott လုပ်ကျပါ။ ဒေါ်ခင်ခင်ကျော့ http://www.advertising-myanmar.com/executive_team https://agency-innovators.typepad.com/.../dr-anna-khin... https://instagram.com/kyawtkhinkhin?igshid=1vuicb5792qzf https://ujongyi.com/front-page/press/ သီရိသန့်မွန် https://mm.linkedin.com/in/thirithantmon https://www.ted.com/profiles/4308890/about crd

မစိုးရိမ်ကျောင်းတိုက်ဆရာတော်များပရိတ်ရွတ်ဖတ်ပူဇော်၊မေတ္တာပို့

Image
  မန္တလေး ၁၉ - ၃ - ၂၁ " ဦးတင်ပါ၏အရှင်ဘုရား " မစိုးရိမ်ကျောင်းတိုက်ဆရာတော်များ သံဃသမဂ္ဂစစ်ကြောင်းဆရာတော်များ ပရိတ်ရွတ်ဖတ်ပူဇော်၊မေတ္တာပို့  

ရေလယ် ကျောက်တန်း ကမ်နားစျေးက ငှက်ပျောသီးတွေကို လုယူနေစဥ်။

Image

အောင်ပန်းမြို့အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ

Image
■ အောင်ပန်းမြို့တွင် ယနေ့ မတ်လ ၁၉ ရက်၊ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များမှ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ . #KBZTai #Shan #AungBan . www.kanbawzatainews.com . လွတ်လပ်၍ အမှီအခို ကင်းသော မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး ထောက်ပံ့မှုများ ပြုလုပ်လိုပါက https://www.kanbawzatainews.com/p/blog-page_6.html

မ/ဥ ဒလန်တွေလည်းပါလာပါတယ်

Image
၁၉.၃.၂၀၂၁ ၁၀:၀၅ Ycdcမှ ဝန်ထမ်းတွေကို သဲအိတ်ရှင်းဖို့ခေါ်ပြီးမနိုင်တော့ ရပ်ကွက်ထဲကလူတွေပါခေါ်ရှင်းခိုင်းတာ ပုန်းသည့်နေရာနှင့် တော်တော်ဝေးသောနေရာများဖြစ်သောကြောင့် zoomဆွဲထားပါသည်။ တချို့ဒလန် အကြီးစားတွေက ရိုက်ရန်မြင်ကွင်းမရှင်းပါ