ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ဥရောပသမဂ္ဂ(EU) က ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရန်ကုန်စီးပွားရေး ဝန်ကြီး မျိုးမြင့်အောင်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီ ၇ ခုကို ထပ် မံ စီးပွားရေးပိတ်ဆို့လိုက်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့ တွင် တရားဝင် သတင်းထုတ်ပြန်သည်။ စစ်အာဏာသိမ်းပြီးနောက် EU က ဒဏ်ခတ်ပိတ်ဆို့များ ဆက်တိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ အရေးယူခံရသူများတွင် စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ၊ စစ်တပ်အတွက် လက်နက်နှင့်နည်းပညာများ ဝယ်ရာတွင် ပါဝင်ခဲ့ကြသည့် စီးပွားရေးသမားများနှင့် စစ်အရာရှိကြီးများ ပါဝင်ေြာကာင်း သိရှိရသည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ၄ ဦးကို သေဒဏ်ပေး ကွပ်မျက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရ စီးပွားရေးဝန်ကြီး မျိုးမြင့်အောင်ကို လည်း EU က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း သိရှိရသည်။ EU က ပိတ်ဆို့မှု ချမှတ်သူ လူပုဂ္ဂိုလ် ၉ ဦးတွင် ၁-ဗိုလ်ချုပ်ကြီး မိုးအောင် ကာကွယ်ရေးဦးစီးချုပ်ရေ ၂-ဗိ...