ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

ထန်တလန်နှင့် ဟားခါးမြို့နယ်တို့တွင်   ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ  စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင် 
 
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ခေတ်သစ်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊  ခြေလျင်တပ်ရင်း (ခလရ) ၂၆၉ မှ စစ်ကောင်စီတပ်သား ၂ ဦး သေနတ် ၂ လက်၊ ကျည် ၆၀၀ ကျော်၊ ဗုံး ၇ လုံးဖြင့် အလင်းဝင်မှု ငွေကျပ် သိန်း ၃၀ စီ ချီးမြှင့်ပြီး လုံခြုံရာပို့ဆောင်လိုက်ကြောင်း CDF ဟားခါးတပ်ဖွဲ့ သတင်းထုတ်ပြန်သည်။ 

ထန်တလန်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၉ မှ စစ်သား ၂ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDF-Hakha ထံသို့ အလင်း၀င်လာခဲ့ကြောင်း ၊ စစ်သား ၂ ဦးက  MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး ၄လုံးနဲ့ ၆၀မမ ဗုံးသီး ၃ခု ယူဆောင် အပ်နှံလာကြောင်း၊ ထို့ကြောင့် အလင်းဝင်လာသူ စစ်သား ၂ ဦးကို ငွေကျပ် သိန်း ၃၀ စီး ချီးမြှင့်ပြီး လွတ်မြောက်ရာ ပို့ဆောင်လိုက်ကြောင်း CDF ဟားခါးတပ်ဖွဲ့ က ဆိုသည်။ 

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်  ချင်းပြည်နယ်၊ ဟားခါးမြို့တွင်တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သားနှစ်ဦး လက် နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း CDF–Senthangက သတင်းထုတ်ပြန်သည်။ 

ဟားခါးမြို့နယ်၊ ခလရ ၂၆၆ မှ စစ်သား ၂ ဦးသည် MA 2 သေနတ် တစ်လက်၊ ကျည်ဆံ၊ ဗုံးသီး၊ နင်းမိုင်းနှင့် ထောင်မိုင်းများဖြင့် အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။

 




Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ