Posts

Showing posts from February 17, 2023

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

Image
By Prachatai ခေတ်သစ် တရားမဝင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ခရိုနီသဌေး ထွန်းမင်းလတ်နဲ့ စီးပွားရေးဆက်နွှယ်မှုများ မရှိကြောင်း ထိုင်းစစ်တပ် ခန့်အပ်ခံ အထက်လွှတ်တော်အမတ် ဥပကစ် ပချာရီရန်ကွန်းက လူသိရှင်ကြား အကြိမ်ကြိမ်ငြင်းဆိုခဲ့ပေမဲ့ မကြာသေးမီက ထိုင်းလွှတ်တော်ဆွေးနွေး မှုအတွင်းမှာတော့ ၎င်းတို့အကြား စီးပွားရေးဆက်နွှယ်မှုများ ပေါ်ထွက်လို့ လာပါတယ်။ ဒီအကြောင်းတွေတဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ လွှတ်တော်အစည်းအဝေးအတွင်း ထိုင်း Move Forward Party (MFP) အမတ် Rangsiman Rome က ဆွေးနွေးတင်ပြခဲ့တာပါ။ ၄င်းက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာအနေနဲ့ အကျင့်ပျက်ခြစားနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အကျွမ်းတဝင် ဆက်ဆံနေပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောထားတဲ့ သူ့ရဲ့ကတိကို လျစ်လျူရှုခဲ့တယ် လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။  ဥပကစ်ဟာ ထိုင်းအခြေစိုက် Allure Group (P&E) Co Ltd ရဲ့ တည်ထောင်သူလည်းဖြစ် အဓိကရှယ်ယာရှင်တစ်ဦး ဖြစ်ခဲ့သူသာမက၊ ထွန်းမင်းလတ်နဲ့အတူ Myanmar Allure ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ကြောင်း Rangsim

နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်၏ ဝါရှင်တန် ခရီးစဉ်

Image
နိုင်ငံခြားရေး ဝန်ကြီး ‌ဒေါ်ဇင်မာအောင်သည် အမေရိကန် ပြည်ထောင်စု သို့ တပတ်ကြာ ခရီးစဉ် အတွင်း ဘိုင်ဒင် အစိုးရ အဖွဲ့မှ အထက်တန်း အရာရှိကြီးများ၊ ကွန်ဂရက် အမတ်များ နှင့် တွေ့ဆုံ ဆွေး‌ နွေး နိုင်ခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖေါ်ပြလာခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် စစ်အာဏာသိမ်း အဖွဲ့အား ယခုထက် ပိုမိုပြင်းထန်သည့် ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ပေးရန် နှင့် ရံပုံငွေ ထောက်ပံ့ပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ အမေရိကန် နှင့် မဟာမိတ်များက ဇန်နဝါရီ ၃၁ တွင် နောက်ဆုံး ပြဋ္ဌာန်းလာသော စီးပွားရေး ဒဏ်ခတ်မှုများသည် လုံလောက် မှု မရှိသေးဟု ဒေါ်ဇင်မာအောင်က ထုတ်ဖေါ် ပြောဆိုခဲ့သည်။ ထို ပိတ်ဆို့ဒဏ်ခတ်မှု တွင် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းကို တိုက်ရိုက် ရည်ရွယ်ခြင်း မရှိပဲ ထို လုပ်ငန်း တွင် လုပ်ကိုင်နေသူများကိုသာ ထည့်သွင်းခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။ ပြီးခဲ့သည့် အင်္ဂါ‌နေ့တွင် ‌ဒေါ်ဇင်မာအောင် နှင့် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စက် ဝင်ဒီ ရှားမင်း တို့ တွေ့ဆုံ ‌‌‌ဆွေးနွေးခဲ့ကြပြန်သည်။ (ပုံတွင် ရှု)                                              ထို ‌ဆွေးနွေးပွဲ တွင် မစ္စက် ရှားမင်း မှ စစ်အာဏာသိမ်း အဖွဲ့ကို ရှု

လေးစားရတဲ့အမကြီး “မနီလာသိန်း (Nilar Thein)” က ဦးစီးဦးဆောင်တဲ့ ဝရဇိန် လက်နက်⚡️ပါဝင်ကြပါ

Image
ဒီ  # ဝရဇိန် ⚡️  project  ကို ကျုပ်တို့အားလုံးရဲ့   သူရဲကောင်း   အကိုကြီး   ကိုဂျင်မီ   ရဲ့   ချစ်ရပါသော   ဇနီး၊ ကျုပ်တို့   လေးစားရတဲ့အမကြီး  “ မနီလာသိန်း  (Nilar  Thein)”  က   ဦးစီးဦးဆောင်တာ   ဖြစ်ပြီး၊ “  ဒို့   ကမ်ပိန်း  ”  အဖွဲ့သားတွေက   အားဖြည့်ဝန်းရံပြီး   နိုင်ငံတကာအသီးသီးက  fundraiser  ညီကိုမောင်နှမ တွေကကူညီပေးကြမှာ   ဖြစ်ပါတယ် … ရန်သူအကြောက်ရဆုံးဟာကိုယ့်အတွက်   အားအကိုး ရဆုံး၊အတောင့်တင်းဆုံး   လက်နက်ဖြစ်တယ်   အဲ့ဒါကြောင့် …. သိကြားမင်း   ရဲ့  # ဝရဇိန်   လက်နက် ⚡️ လိုပဲ မိစ္ဆာကောင်တွေ   သွားရာ   လိုက်ပြီး မိုးကြိုးတွေ   အတောင့်လိုက်ပစ် ⚡️ ၊   လျှပ်စီးတွေ   အကွင်းလိုက်   လက် 💥 ချမယ့် Fixed Wing  ဒ - ရုန်းတွေကို   ဖန်တီးတပ်ဆင်ပေးမယ့်  “Project  ဝရဇိန် ”  ကို   အားလုံးရဲ့   ရှေ့မှောက်ကို   သယ်ဆောင်လာခဲ့ပါပြီ …. ငွေပမာဏ   နည်းများမဆို   ပါဝင်နိုင်မှာပါ …  ⏳ ကမ်ပိန်းအချိန်ကတော့   ဖေဖော်ဝါရီ   ၁၈   ရက်က နေ - မတ်လ   ၅  .. ( ၂   ပတ်ပါ ) SMS CB  မှာလာရောက်ဆက်သွယ်ထောက်ပို့ကြပါ လို့မေတ္တာရပ်ပါတယ် ပြည်သူရှေ့ကမားမားရပ်ရင်းမတရားသတ်ဖြတ်ခံရ တဲ့   ကိုဂျင်မီ   ကိုဇေယျာသော်နဲ့တကွ   အားလုံးသော က

ရန်ကုန်မှာ Bus ကားစီးမယ်ဆိုရင် 🚌🚎

မင်္ဂလာစျေးကို ရောက်တဲ့ နံပါတ်တွေ ၃၊ ၇၊ ၈၊ ၂၅၊ ၂၇၊ ၃၃ ယုဇနပလာဇာကို ရောက်တဲ့နံပါတ်တွေ ၃၊ ၉၊ ၂၀၊ ၂၅၊ ၂၇၊ ၃၃ အောင်မင်္ဂလာအဝေးပြေးဝင်း ကိုရောက်တဲ့နံပါတ်တွေ ၂၊ ၁၇၊ ၁၈ ပါရမီလမ်းကိုရောက်တဲ့နံပါတ်တွေ ၁၀၊ ၁၂၊ ၁၈၊ ၃၂ ပါရမီကိုရောက်တဲ့နံပါတ် ၃၀ နတ်မောက်လမ်းကို ရောက်တဲ့နံပါတ် ၈ မြေနီကုန်းကိုရောက်တဲ့နံပါတ်တွေ ၁၁၊ ၂၀၊ ၂၁၊ ၃၅၊ ၃၇၊ ၃၉ လှည်းတန်းကိုရောက်တဲ့နံပါတ်တွေ ၂၁၊ ၃၅၊ ၃၇၊ ၃၉ ယာဉ်လိုင်း အမှတ် ၁ မှ ၆၀ အောက်ပါခရီးစဉ်လမ်းကြောင်းများပေါ်ရောက်ရှိနိုင်သော ယာဉ်လိုင်း အမှတ်များဖြစ်ပါတယ်။ ယာဉ်အမှတ် ဆုံပွိုင့်များဟာယာဉ်လိုင်းအမှတ်တစ်ခုမှအခြားတစ်ခုသို့ပြောင်းစီးနိုင်မယ့် transit point များဖြစ်ပါတယ်။ လှည်းကူးဈေးရှေ့ 1,45 တာဆုံ 1,43,44 ဒရယ်ဖို 1 ပေါက်ကုန်း 1 ရဲမွန် 1 စီအိုတီ 1 ဇရပ်ကွင်း(တာဆုံ) 1 အင်းတိုင် 1 တရုတ်ကုန်း 1 သနပ်ပင် 1,51 သင်္ဃန်းကျွန်း 1 ရွာသာကြီး(စီးပွားရေးတက္ကသိုလ်) 1,46 တောင်မြောက်လမ်းဆုံ 1,2,3,6,7,24,25,46,60 စံပြဈေး 1,1,3,6,7,24 ဇဝန 1,7,10,18,24,32 သုမင်္ဂလာ 1 ရတနာလမ်း(သင်္ဃန်းကျွန်း) 1,14,26,27,42,60 မြင်သာ(ကညန) 1 ယုဇန(ခိုင်ရွှေဝါလမ်း) 2 ပြည်ထောင်စုလမ်း 2,7,15,24,25,26,27,29,30 လှော်ကားလမ်း 2,6

အညာဒေသ၌ စစ်ကောင်စီတပ်ဖွဲ့၏ရန်ကြောင့်မွေးမြူထားသည့် နွားများကို ရရာစျေးဖြင့်ရောင်းချနေရ ဟုဆို

Image
မဇ္စျိမ။   ။စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးခြင်းခံရသော ကျေးရွာများရှိ ဒေသခံများ မွေးမြူထားသောနွားများအားရသည့်စျေးဖြင့်ရောင်းချနေကြရကြောင်း ဒေသခံများထံမှ သိရသည်။ “စကစ(စစ်ကောင်စီတပ်ဖွဲ့တွေသတ်စားမှာကြောက်လို့၊ နွားတွေကိုရတဲ့စျေးနဲ့ရောင်းနေရတယ်ရတဲ့စျေးဆိုတာက ပွဲစားပေးတဲ့စျေးအတိုင်းရောင်းလိုက်ရတာကိုဆိုလိုတာပါပေါက်စျေးမရဘူးလေအားလုံးနီးပါးကပွဲစားကိုပဲရောင်းနေရတာ” ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။ နွားတစ်ကောင်လျှင်ပျမ်းမျှပေါက်စျေးကျပ်၁၂သိန်းရှိသော်လည်း၊ ပွဲစားပေးသည့် ၁၀ သိန်းကျပ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြရကြောင်း သိရသည်။ “ခိုင်းနွားနှစ်ကောင်လောက်ပဲထားပြီးကျန်တာအကုန်ရောင်းပစ်တယ်မရောင်းဘဲထားပြန်ရင်လည်းစစ်အုပ်စု (စစ်ကောင်စီတပ်ဖွဲ့ဝင်)က လာဖမ်းပြီးသတ်စားတယ်၊ ရွာမှာနွားဝက်ကြက်ဘာမှမွေးလို့မရဘူးဟုကန့်ဘလူဒေသခံတစ်ဦး ကပြောသည်။ အာဏာမသိမ်းမီကာလက အညာဒေသရှိကျေးရွာများတွင်တစ်အိမ်လျှင်ခိုင်းနွားအပါအဝင် အနည်းဆုံး နွားငါးကောင်ခန့် မွေးမြူလေ့ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းဒေသတွင်းစစ်ကြောင်းထိုးခံရမှုများကြောင့် နွားမွေးမြူခြင်းရှားပါးလာကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ စာတည်း။

နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများ တာဝန်ခံရမည်ဖြစ်၍ အခက်တွေ့နေ

Image
ထွန်းမောင် မဇ္ဈိမ။ ။.နိုင်ငံကူးလက်မှတ် (Passport)စာအုပ်ပြုလုပ်ရာတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် ကိုယ်ပို့ဆောင်ပေးမည့်သူကို တာဝန်ခံရမည်ဖြစ်သည့်အတွက် အခက်တွေ့နေကြောင်း သိရသည် ။ နိုင်ငံကူးလက်မှတ် (Passport )စာအုပ်များကို ရက်အကန့်အသတ်မရှိရပ်နားထားပြီးနောက်၊ ယခုအခါ ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် မိမိကုမ္ပဏီမှ တာဝန်ယူပို့ဆောင်မည့်သူများ၏ အလုပ်ခေါ်စာနှင့်ပတ်သက်ပြီး အစစအရာရာတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး မှားယွင်းမှုရှိပါက ကုမ္ပဏီကိုပိတ်သိမ်းသည်အထိ အရေးယူခံရနိုင်သည့်အတွက် အခက်တွေ့နေရကြောင်းသိရသည်။ Passport စာအုပ်လျှောက်ထားရာတွင်လည်း ပြည်ပအလုပ်ခေါ်စာပါကုမ္ပဏီတွင်သာလုပ်ကိုင်ရမည်ဖြစ်ပြီး တခြားကုမ္ပဏီများကို ပြောင်းရွေ့လုပ်ကိုင်ခွင့်မရှိဘဲ အကယ်၍ ပြောင်းရွေ့လုပ်ကိုင်သည်ကိုတွေ့ရှိရပါက စာအုပ်လျှောက်ပေးသည့် အလုပ်အကိုင်အေဂျင်စီကို အရေးယူမည်ဟုလည်းသိရသည်။ ‘’အခု Passport စာအုပ်လုပ်လို့ရလားဆိုတော့ လုပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်ကုမ္ပဏီကမှ တာဝန်ယူပြီးလုပ် မပေးတော့ဘူး။ ဘာကြောင့်လည်းဆိုတော့ အကယ်၍ကုမ္ပဏီတစ်ခုကတာဝန်ယူပြီးPassportစာအုပ်လျောက်ပေး လို့ တစ်ခုခုအပြစ်တွေ့တယ်ဆိုပါတော့၊ အဲဒီကုမ္ပဏီကို န

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားများ၏ ဘွဲ့အမည် တည်သည့်ခုနှစ်နှင့် လှူဒါန်းသူ အမည်များအား ကောက်ယူထားရန် မင်းအောင်လှိုင် ညွှန်ကြား

Image
ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်အသီးသီးမှကျေးရွာများတွင်တည်ထားကိုးကွယ်သည့်ဘုရားစေတီများ၏ ဘွဲ့အမည် တည်သည့် ခုနှစ်နှင့် လှူဒါန်းသူ ဘုရားဒကာ၊ ဒကာမများ၏ အမည်များအားကောက်ယူကာ ပြန်လည်တင်ပြရန်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှညွှန်ကြားထားကြောင်းစစ်ကောင်စီလက်အောက်ခံ သာသနာရေးဝန်ကြီးဌာနရှိ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောသည်။ရှေးအစဉ်အဆက်တည်ထားကိုးကွယ်ထားသည့် ဘုရားစေတီများအပြင် ကျေးရွာများအလိုက်တည်ထားကိုးကွယ်နေသည့် ဘုရားစေတီအားလုံးအား ဘုရားများတည်နေရာ၊ဘွဲ့အမည်၊ အလှူရှင်အမည်ကို အမည်စာရင်း ပုံများနှင့်တကွ စာရင်းပြုစု တင်ပြရန်ခိုင်းစေထားခြင်းဖြစ်ကြောင်း သိရသည်။ “ဘာလို့ကောက်ခိုင်းလဲဆိုတာတော့ မသိဘူး၊ ဒါတွေက အရင်ထဲက စာရင်းတွေက ရှိပါတယ်၊ညွှန်ကြားချက်အရ အသစ်ထပ်ကောက်ယူရတာ၊ လူဦးစာရေးကောက်လို့ပြီးတော့ ဘုရားစာရင်းပါထပ်ကောက်ခိုင်းတဲ့ သဘောလား မသိဘူး”ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောသည်။ ထို့အပြင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ထွေအုပ်စာရေးများမှဦးဆောင်ကာ အပတ်စဉ် ဘုရားများအား သန့်ရှင်းရေးလုပ်ဆောင်ရန်၊ ယင်းသို့လုပ်ဆောင်နေမှုများအား ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ပြန်လည်တင်ပြရန်လည်းခိုင်း

စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ပူးဂင်ကမ်းလျန်အစား ဒေါက်တာမှုထန်အား အစားထိုးခန့်အပ်

Image
Zahlen အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ZCD ပါတီအထွေထွေအတွင်းရေးမှုး ပူးဂင်ကမ်းလျန်အစား ချင်းပြည်နယ်၊ ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ  ဒေါက်တာမှုထန် ကို အစားထိုးခန့်အပ်လိုက်တယ်လို့ ယနေ့ဖဖော်ဝါရီ ၁၇ ရက်ကထုတ်ပြန်လိုက်ပါတယ်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ZCD ပါတီအထွေထွေအတွင်းရေးမှုး ပူးဂင်ကမ်းလျန်ကို ခန့်အပ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီကထုတ်ပြန်ခဲ့ပေမယ့် ကာယကံရှင်က ကြိုတင်မရှိခဲ့ဘူးလို့ပြောပါတယ်။  ၎င်းအစားခန့်လိုက်တဲ့ ဒေါက်တာမှုထန်ဟာ ထန်တလန်မြို့ကဖြစ်ပြီး ၂၀၁၅-၂၀၂၀ ကြားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူလည်းဖြစ်ပါတယ်။

စာရင်းစစ်ချုပ်ရုံးတွင် CDM ပြုလုပ်သူများနှင့် ထွက်ပြေးသူများရှိသောကြောင့် ဒုစာရင်းစစ်မှူးရာထူးလစ်လပ်နေရာ ၄၄၆ နေရာအတွက် ၀န်ထမ်းများခေါ်ယူနေရ

Image
ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၇ ရက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် လစ်လပ်နေသည့် ဒုစာရင်းစစ်မှူးရာထူး ၄၄၆ နေရာအတွက် လာရောက် လျှောက်ထားကြရန် စစ်ကောင်စီမှ ထုတ်ပြန် ကြေညာထားသည်။ စာရင်းစစ်ချုပ်ရုံးတွင် CDM ပြုလုပ်သွားကြသူများနှင့် တပ်တွင်းသတင်းပေးများရှိသောကြောင့် နေရာမှ ဖယ်ရှားမှုများကြောင့် အဆိုပါ လစ်‌လပ်နေရာအတွက် အသစ်ခန့်ထားရန် ခေါ်ယူနေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံမှ သိရှိရသည်။ "တပ်တွင်းမှာ ပြေးတဲ့သူတွေပြေး၊ ရုံးမတက်တဲ့သူတွေ မတက်ကြတော့ နေရာတွေ လစ်လပ်နေတာများ ကြီးပဲ။ ခုဆိုလည်း စာရင်းစစ်ချုပ်ရုံးမှာ လူမရှိတော့ ခေါ်စာထုတ်ထားတယ်။ နေရာလစ်လပ်နေတာတွေက ရာချီရှိတယ်"ဟု စာရင်းစစ်ချုပ်ရုံးနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီမှ ဒုစာရင်းစစ်မှူးရာထူးအတွက် လစာ ၂၁၆၀၀၀ မှ ၂၂၆၀၀၀ အထိသတ်မှတ်ပေးမည်ဖြစ်ပြီး နေရာ ၄၄၆ နေရာအတွက် သတ်မှတ်အရည် အချင်းများဖြင့် လာရောက်လျှောက်ထားရန် ခေါ်စာကို ယမန်နေ့ ဖေ​ဖော်ဝါရီလ ၁၆ ရက်နေ့ကထုတ်ပြန်ထားပြီး မတ်လ လယ်ပိုင်းတွင်နောက်ဆုံးထားလျှောက်ထားရန် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း နေပြည် တော်ရှိ စစ်ရုံးချုပ် လက်အောက်

အကျဉ်းဦးစီးဌာန၏ အကြမ်းဖက် တိုက်ခိုက် ခံရသည့် နိုင်ငံရေးအကျဉ်းသူများ

Image
အဆက်အသွယ်လည်းမရ၊ လော်စပီကာနဲ့ တရားခွေတွေ အကျယ်ကြီး ဖွင့်ထားတယ် ။ ပစ္စည်းလည်းမပေးဘူး ။ ထောင်ထမင်းဟင်းပဲ ကျွေးတယ်။ ဒါတောင် ထောင်က တရားဝင်ကျွေးတဲ့ ငါးနဲ့ကြက်သားလုံးဝမပေးဘူး ။ ရေချိုးဖို့ခွင့်မပြုဘဲ အဝတ်၃စုံနဲ့ စောင်ပဲပေးတယ် ။ ရေချိုးချင်ရင် အိမ်သာရေနဲ့ ချိုးကြရတယ် ။ ရိုက်နှက်နှိပ်စက်တာ အားမရလို့ အစာရေစာပါဖြတ်ထားကြသေးတယ် ။   ခေတ်သစ်မီဒီယာ အကျဉ်းဦးစီးဌာနရဲ့ အကြမ်းဖက် တိုက်ခိုက်မှု ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကတော့- ၁-မခိုင်သဇင်  ၂-မရွှေရည်ဝင့်ကျော်  ၃-မစောဥမ္မာချစ်  ၄-မဝိုင်းမဒီ  ၅-မမာလာ  ၆-မပိုပြည့်သူ  ၇-မဇင်မြတ်နိုးဦး  ၈-မငုဝါရွှေရည်ဦး  ၉-မဝင်းသိမ့်သိမ့်ဇင်  ၁၀-မအိမြတ်နိုးဦး  ၁၁-မရွှေရည်ဦး  ၁၂-မချောစုစုဝေ  ၁၃-မကေခိုင်မောင်မောင်  ၁၄-မချစ်ဖူးငုံ  ၁၅-မပိုးသဉ္ဇာကျော်  ၁၆-မအေးငြိမ်းသူဇာ  ၁၇-မချယ်ရီစု   ၁၈-မစောနွယ်နီ  ၁၉-မအေးမြတ်ပိုင်  ၂၀-မအေးသန္တာစိုး  ၂၁-မသက်ဖူးနိုင်  ၂၂-မခင်အေးမော်  ၂၃-မနှင်းပွင့်ဝေ  ၂၄-မခင်စန္ဒာငြိမ်း  ၂၅-ဒလက်   ၂၆- ပြူးပြူး တို့ဖြစ်ကြပြီး ကျန်တဲ့သူတွေကတော့ နာမည် မသိရသေးပါဘူး။  လက်ရှိမှာ နိုင်ငံရေးအကျဉ်းသူတွေ အကုန်လုံးကို အားလုံးနဲ့အဆက်အသွယ်ဖြ

ခင်ဦး လက်ပံလှရွာကို စစ်ကောင်စီတပ် မီးရှို့မှုအတွင်း အသက် ၇၀ အရွယ် သီလရှင်တစ်ပါး မီးလောင်သေဆုံး

Image
Author  ခေတ်နီ Published on Feb 17, 2023 CJFORM စစ်ကိုင်းတိုင်း   ခင်ဦးမြို့နယ်   လက်ပံလှကျေးရွာကိုစစ်ကောင်စီတပ်   မီးရှို့ဖက်ဆီးမှုအတွင်း   အသက်   ၇၀အရွယ် သီလရှင်တစ်ပါး   မီးလောင်သေဆုံးခဲ့ကြောင်း   ခင်ဦးသတင်းမှန်ပြန်ကြားရေးမှ   ထုတ်ပြန်ထားသည်။ အဆိုပါ   လက်ပံလှကျေးရွာကို   စစ်ကောင်စီတပ်နှင့်   မကျည်းတုံရွာမှ   ပျုစောထီးများမှ   ပြီးခဲ့သည့်ဖေဖော်ဝါရီလ   ၁၃   ရက်နေ့တွင်   ဝင်ရောက်ကာ   မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ်သည်။ ထိုသို့   မီးရှို့မှုအတွင်း   စစ်ကောင်စီတပ်မှ   မီးလောင်ဗုံများ   ရေနံ့ဆီ   မီးစာများအသုံးပြု   မီးရှို့ခဲ့တာဖြစ်ပြီးအဆိုပါကျေးရွာရှိ   ကျန်းမာရေးမကောင်းသည့်အသက်၇၀   အရွယ်   သီလရှင်   တစ်ပါးကိုလည်း   နေအိမ်အတွင်း   မီးရှို့သတ်ဖြတ်ခဲ့သည်။ “ ဆရာလေးက   ဝတ်တာမကြာသေးဘူး   နေမကောင်းလို့   သူ့အိမ်မှာပြန်ပြီး   သီတင်းသုံးနေတာ   စစ်ကြောင်းဝင်တော့ မပြေးနိုင်ပဲ   ကျန်ခဲ့တာ   ကျန်နေခဲ့တာကို   ဒီကောင်တွေက   ရက်ရက်စက်စက်ပဲ   သတ်ဖြတ်သွားတာ ” ဟု   ဒေသခံတစ်ဦးက   ပြောသည်။ ထိုသို့   စစ်ကောင်စီတပ်မှ   မီးရှို့ဖျက်ဆီးမှုကြောင့်   လက်ပံလှကျေးရွာရှိ   နေအိမ်   ၂၅၀   ခန့်   ပျက်စီးခဲ့ရပြီး   အဆိုပါ