ဖားကန့်တွင် ပြည်သူ ၁၀၀ နီးပါးသေဆုံးစေခဲ့သည့် လေတပ် ဗုံးကျဲမှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက တာဝန်ရှိသူ တံတားဦးလေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူး ရာထူးတိုးဖြင့် မြစ်ကြီးနားလေတပ်သို့ ပြောင်း ရွှေ့

ရန်ကုန်၊  ဖေဖော်ဝါရီ ၁၇ ခေတ်သစ်


မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူးသည် ဗိုလ်မှူးချုပ်ရာထူးတိုးဖြင့် မြစ်ကြီးနား လေတပ်သို့ ပြောင်းရွှေ့သွားကြောင်း လေတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

မနေ့ညက လေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူးရဲ့ နှုတ်ဆက်ပွဲ ဟန်ကာမှာ ကျင်းပခဲ့တယ်။ တိုက်ခိုက်ရေးအုပ်၆၂ (531) က ရိပ်သာ  မှာ စားပွဲ သောက်ပွဲ ကျင်းပခဲ့တယ်ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။  

တံတားဦး လေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူးသည် ၂၀၂၂ ခုနှစ်  အောက်တိုဘာလအတွင်း ကချင်ပြည်နယ်၊ဖားကန့်တွင် ပြည်သူ ၁၀၀ နီးပါးသေဆုံးစေခဲ့သည့် လေတပ်ဗုံးကျဲမှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ဖားကန့်ဒေသကို လေကြောင်း အထူးစစ်ဆင်ရေး ဆောင်ရွက်ရန်  တံတားဦး လေတပ်စခန်းမှူး ဗိုလ်မှူးကြီး သိန်းထူး နှင့် အမှတ် ၆၂ အုပ်မှူး  ဗိုလ်မှူး ရဲဇော်နိုင်က လေယာဉ်ပျံသန်းမှုနှင့် ပစ် မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သူ ပိုင်းလော့ များ ရွေးချယ်ခဲ့ကြပြီး  ဗိုလ်မှူးရဲဇော်နိုင် ( Yak-130 တိုက်ခိုက်ရေးအုပ် အုပ်မှူး အပါအဝင် ပိုင်းလော့  ဦးက ဗုံးကျဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ 

တံတားဦးလေတပ်စခန်းသို့ မြိတ်လေတပ်စခန်းမှ စခန်းမှူး ရောက်ရှိမည်ဟု သိရှိရပြီး လတ်တလော အသေးစိတ် မသိရှိရသေးပေ။ 


ဓာတ်ပုံအကြမ်းဖက်စစ်ကောင်စီ၏ လေတပ်စခန်းတစ်ခု။



Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း